အတွေ့ အကြုံ လေး တစ်ခု ကို ရေးပြချင်လို့ title ကို Generation gap လို့ ပေးလိုက် မိပါသည် ။ ခေါင်းစဉ်နှင့် အကြောင်းအရာ နှင့် မတိုက်ဆိုင် ခဲ့ပါက သည်းခံ တော်မူကြပါကုန် ။  ကျွန်တော် မောင်ပေ တွင် ခင်မင်ရပါသော ငွေရေးကြေးရေး မကြွယ်ဝ သူ ၊ ကြွယ်ဝ သူ မိတ်ဆွေအပေါင်းအဖော် သူငယ်ချင်းများ ရှိကြပါသည် ။ အမြဲတစ်လို တွေ့ ဆုံ  အာလူးပေး ကြရင်း ပြောဖြစ်ခဲ့သည့် အလာပ သလာပ လေးတစ်ခု ကို ရေးပြချင်ပါသည် ။ တစ်ရက်ကပေါ့နော်…လဘက်ရည်သောက်ကြ ရင်း အိမ်ထောင်ကြပြီးသူ ( ကလေး တစ်ယောက် ရပြီး ၊ နောက်ထပ် ကလေး တစ်ယောက်ယူရန် အသင့်ပြင်နေသူ ၊ ငွေကြေး တတ်နိုင်သူ အမျိုးသား သူငယ်ချင်း၊ အသက် ၃၀ ) ကို ကြိုးစားလှချီလား ဟု ချီးကျူးစကား ဆိုလိုက်မိသည် ။ ကျွန်တော် မောင်ပေ က တော့ လူပျို တစ်ယောက်ပါ ၊ အိမ်ထောင်ပြု ရန်ကြိုးစား အားထုတ်နေသူ ( ဤကား စကားချပ် ) ။ သူ ရှင်းပြသည် မှာ သူ့ အသက်အရွယ်နှင့် ယခုအရွယ်တွင် ကလေး ယူ ထားမှ သင့်လျော်မည် ဖြစ်ကြောင်း ၊ သူ အသက် ၂၆ နှစ် တွင် အိမ်ထောင် ကြ ပြီး ၂၈ နှစ် တွင် ကလေး စ ရကြောင်း ။ သူ အသက် ၄၀ အရွယ်တွင် ကလေးက ၁၂ နှစ် ပြည့်မည် ဖြစ်ကြောင်း ၊ သူ အသက် ၄၈ နှစ် ဆိုလျှင် ကလေး က အသက် ၂၀ ပြည့်အရွယ် ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော အရွယ် သို့ ရောက်မည် ဖြစ်ကြောင်း ၊ အကယ်၍ ကလေး သည် မိဘ ကျေးဇူး ကို သိတတ်၍ မိဘ ကို ပြန်လည် လုပ်ကိုင်ကျွေးမွေးမည် ဆိုပါက အသက် ၄၈ နှစ် အရွယ် တွင် စိတ်အေးလက်အေး နှင့် အေးဆေး နားနိုင်မည် ဖြစ်ကြောင်း သူ ၏ အယူအဆ ကို ပြောပြပါသည် ။ အကယ်၍ ကလေး က မသိတတ်သော ဆို ဆုံးမ မရသော အစားကလေး ဖြစ်ခဲ့မည် ဆိုလျှင် လည်း သူ့ အနေဖြင့် မူစရာ မလိုသေးသည့် အရွယ်ဖြစ်သေးသဖြင့် ထပ်မံ ကြိုးစား၍ ရနိုင်ကြောင်း ပါ ထပ်ပြောပါသည် ။ ( ကျွန်တော် တို့ စကားဝိုင်း သည် လူလတ်ပိုင်း စကားဝိုင်း ဖြစ်သဖြင့် စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး အကြောင်းအရာများကို သာ ပြောဖြစ်ပါသည် ။ ကွေးသောလက် မဆန့် မှီ ဆန့် သောလက် မကွေးမှီ ဟူသော ခေါင်းစဉ် ကို မပြောဖြစ်ကြသေးပါ ) ထို အခါ မှ ကျွန်တော် မောင်ပေ လည်း စဉ်းစားမိပါသည် ။ ကျွန်တော့် မိတ်ဆွေပြောသော သူ၏ စီမံကိန်းကို စဉ်းစား မိသော အခါ လုပ်သင့်သည် ဟု ထောက်ခံ မိသည် ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော် မောင်ပေ သည် လူပျိုကြီး ဘဝ ကို ချွတ်ရန် အသင့်ပြင်နေသူ တစ်ဦး ဖြစ်သောကြောင့် ။ သားသမီး နှင့် မိဘ သည် အရွယ် မကွာလေ ကောင်းလေ ဟု စဉ်းစားမိသည် ။ သို့ မှသာ စီးပွားတစ်ဘက် ရှာရင်း ကိုယ့် သားသမီး  ကို ကိုယ် ပဲ့ပြင်ဆုံးမ လမ်းကြောင်း နိုင်မည် မဟုတ်ပါလော ။ အကယ်၍ အသက် ၃၅ လောက် မှ အိမ်ထောင်ကြ ပြီး အသက် ၃၇ လောက်မှ ကလေး စ ရ ခဲ့မည် ဆိုလျှင် ၊ အသက် ၅၀ တွင် ကလေး က ၁၃ နှစ် ။ အသက် ၅၇ တွင် ကလေး က အသက် ၂၀ ။ ပင်စင်ယူရမည့် အရွယ် လောကီ ကိစ္စများ မှ အနားယူသင့်သည့် အရွယ်ကြ မှ အသက်၂၀ သားသမီး ကို လိုက်လံ ထိန်းကျောင်း နေရမည် ဆိုလျှင် ။ တွေးကြည့်မိပါသည် ။ အကယ်၍ သားသမီး က လိမ်လိမ်မာမာ နှင့် ကိုယ် ဖြစ်စေချင်သော လမ်းကြောင်း အတိုင်း တည့်တည့်မတ်မတ် နှင့် အသားကျ ခဲ့ လျှင် အသက် ၅၇ မက ၆၀ ကျော်ကျော် ပြဿနာ မရှိနိုင် ။ အကယ်၍ သားသမီး က မလိမ်မာ ခဲ့လျှင် ကိုယ် ဖြစ်စေချင် သလို မဖြစ်ခဲ့ လျှင် အသက်ကြီးမှ ဗျာများနေရမည့် အဖြစ် ။ တွေးရင်း..စဉ်းစား ရင်း အိမ်ထောင် မကြ သေးသူ ကျွန်တော် မောင်ပေ ရင်မော လာပါသည် ။ ကျွန်တော် သည် လည်း ၃၀ နား ကပ်နေပြီ ။ နောက်ပြီး ကျွန်တော် တို့ ယောက်ျားဆိုသော အမျိုးများသည် အိမ်ထောင်ပြု ပြီးပြီးချင်း ကလေးယူချင်ကြသေးသူများ မဟုတ်ပါလော ။

About မောင် ပေ

မောင် ပေ has written 396 post in this Website..