၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွက်

တနင်္ဂနွေသားသမီးများ

ခရီးသွားရန်ကြံစည်ပြီးမှ အဆင်မပြေဘဲ ရက်ရွေ့ဆိုင်းရတတ်ပါသည်။ ဝင်ငွေ ကောင်းနေပါသည်။ အကုန်အကျမများစေရန် ဒိဝါတပတိဂါထာကို အဓိဋ္ဌာန်ပုတီများ စိပ်ပါ။ အိမ်၊ ခြံ၊ မြေ ကိစ္စများ အကျိုးပေးနေမည်။ ကြီးကဲသူတချို့ထံမှ ကူညီထောက်ပံ့မှုများ ရရှိမည်။ စက်ပစ္စည်းဝင်လာလျှင် စိတ်တိုင်းမကျသော ပစ္စည်းမျိုး ဖြစ်တတ်ပါသည်။ လုပ်ငန်းခွင်အတွင်း အောင်မြင်မှုများ ရရှိမည်။ အလုပ်အကိုင် ရှာဖွေနေသူများ ထိုက်တန်သောနေရာ၊ အလုပ်များ ရရှိပါတော့မည်။ ကျန်းမာရေး ကောင်းနေစေရန် မတည့်သော အစားအစာများ ဆင်ခြင်ပါ။ အိမ်တွင်းရေးများ စိတ်ချမ်းသာမှုရှိစေရန် စကားပြောဆင်ခြင်ရပါမည်။ ယခုလတွင် တနင်္ဂနွေနံသင့်လုပ်ငန်းများ၊ ဗုဒ္ဓဟူးနံသင့် လုပ်ငန်းများ အကျိုးပေးမည်။ ကြာသပတေးနံသင့် လုပ်ငန်းများ အဖျားရှုးတတ်သည်ကို သတိပြုပါ။ ကျန်နံသင့် လုပ်ငန်းများ ခက်ခဲနေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ နိုင်ငံခြားခရီးကံများ ကောင်းစေရန် တဟိံ တဟိံ အစချီသော ဂါထာကို အဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်ပါ။ ပညာရေးကံများ ကောင်းနေသော်လည်း ပို၍ ပို၍ ဝီရိယစိုက် ကြိုးစားပါက အောင်မြင်မှုပန်းတိုင် ရောက်သွားမည်။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာများ စိတ်ချမ်းသာမှုရှိစေရန် ခိုလေးများကို ပဲကျွေးပါ။ ယခုလ အကျိုးပေးသော နံသင့်သူများမျာ တနင်္ဂနွေနာမည်ရှင်၊ တနင်္ဂနွေသားသမီးများ ဖြစ်ပါသည်။ အနီရောင် အင်္ကျီများ ဝတ်ဆင်အကြံပြုပါ။ ထီထိုးရန်အတွက် လှည်းနှင့်ရောင်းသော ထီသည်များထံမှ (၁) ဂဏန်းနှင့် စသော ထီလက်မှတ်များကို ရွေးချယ်ကံစမ်းထားပါ။ သီလဆောက်တည် နေထိုင်ခြင်းဖြင့် ကံကောင်းပြီး လာဘ်ပွင့်လာပါမည်။

ယတြာ။ ။ မကြာခဏ ဆေးလှူပါ။

 

တနင်္လာသားသမီးများ

ခရီးတစ်ခု ထွက်ဖြစ်မည်။ မျှော်လင့်နေသော သတင်းကောင်းများ ကြားရမည်။ စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများ ရရှိမည်။ အနုပညာနှင့်ဆိုင်သော စက်ပစ္စည်းများ ဝင်မည်။ လူမျိုးကွဲ အကျိုးမပေးသောလ ဖြစ်သည်။ လုပ်ငန်းခွင်အတွင်း ထစ်ငေါ့မှုများရှိတတ်၍ စိတ်ရှည်သည်းခံရပါမည်။ ရွတ်ဖတ်သရဇ္ဈာယ် ကျင့်ကြံအားထုတ်မှုများဖြင့် ဘာမဆို အောင်မြင်သွားမည်။ စက်ဘီး၊ ဆိုင်ကယ်၊ ကားများ မမျှော်လင့်ဘဲ ဝင်မည်။ ကျန်းမာရေး ကောင်းစေရန် အချို၊ အဆိမ့်များ လွန်ကဲစွာ မစားပါနှင့်။ ကိုယ်လက်လှုပ်ရှားမှုများဖြင့် ကျန်းမာရေး ကောင်းမွန်နေပါလိမ့်မည်။ ယခုလတွင် သောကြာနံသင့် လုပ်ငန်းများ အကျိုးပေးမည်။ တနင်္လာနံသင့် လုပ်ငန်းများ ပြန်လည်ဦးမော့လာမည်။ အင်္ဂါနံသင့် လုပ်ငန်းများ ထစ်ငေါ့ပြီးမှ အောင်မြင်တတ်သည်။ တခြားနံသင့်လုပ်ငန်းများ ခက်ခဲနေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ နိုင်ငံရပ်ခြား ခရီးသွားမည့်သူများ ယခုလ ထွက်ခွာဖြစ်ပါမည်။ ပညာရေးအတွက် ကြိုးစားနေသူများ ဇွဲ၊ လုံ့လ၊ ဝီရိယကြောင့် အောင်မြင်သွားမည်။ ငယ်ရွယ်သူတို့၏ ချစ်ရေးချစ်ရာများ စိတ်ပျော်ရွှင်ကြည်နူးရမည့်ကာလ ဖြစ်ပါသည်။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ သောကြာနာမည်ရှင်၊ တနင်္လာနာမည်ရှင်များ ဖြစ်ပါသည်။ အဖြူရောင် ပုလဲပေါက် အဆင်ဒီဇိုင်း အင်္ကျီများ ဝတ်ဆင်အသုံးပြုပါ။ ငွေကုန်ကြေးကျ မများစေရန် နံနက်စောစော ဘုရားရှင်အား မျက်နှာသစ်တော်ရေများ ကပ်လှူပူဇော်ပြီး ဒီဝါတပတိဂါထာတော်ကြီးကို ပုတီးနှစ်ပတ်၊ သုံးပတ်စိပ်၍ ပူဇော်ပါ။ ထီထိုးရန်အတွက် ခရီးသွားရင်း လမ်းမှာတွေ့သော ထီဆိုင်လေးများတွင် ဂဏန်းမရွေးဘဲ ချက်ချင်းထိုးလိုက်ပါ။

ယတြာ။ ။ ဘုရားစေတီများတွင် လျှပ်စစ်မီးများ ပူဇော်ပါ။

အင်္ဂါသားသမီးများ

အလုပ်နှင့်လက် မပြတ်သောကာလမျိုး ဖြစ်ပါသည်။ လုပ်သလောက် အကျိုးရှိပါလိမ့်မည်။ လူမျိုးကွဲ အကျိုးပေးမည်။ ထီကံကောင်းသောကာလ ဖြစ်ပါသည်။ လက်ဝတ်ရတနာ မမျှော်လင့်ဘဲ ဝင်မည်။ စကားပြော မလောပါနှင့်။ ငွေကြေးကိစ္စများ ထစ်ငေါ့မနေစေရန် နံနက်စောစော အိပ်ရာမှထ၍ ဒိဝါတပတိဂါထာတော်ဘကီးကို ပုတီး (၃)ပတ်ရအောင် စိပ်ပါ။ လာဘ်ရွှင်လာမည်။ ကျန်းမာရေး စိုးရိမ်စရာ မရှိပါ။ ကိုယ်နှင့်မတည့်သော အစားအသောက်များ ရှောင်လိုက်ပါ။ စားချိန်၊ အိပ်ချိန်များ အချိန်မှန်ဖို့ လိုပါသည်။ ယခုလတွင် တနင်္ဂနွေနံသင့် လုပ်ငန်းများ၊ စနေနံသင့် လုပ်ငန်းများ ကောင်းမည်။ ဗုဒ္ဓဟူးနံသင့် လုပ်ငန်းများ မမျှော်လင့်ဘဲ အောင်မြင်မှု ရရှိမည်။ အခြား နံသင့်လုပ်ငန်းများ ခက်ခဲနေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံခြားခရီးထွက်ရန် စီစဉ်နေသူများ ယခုလ နှစ်ကြိမ်၊ သုံးကြိမ် ဆောင်ရွက်ပြီးမှ အဆင်ပြေသွားမည်။ ပညာရေးအတွက် ကြိုးစားနေသူများ ပညာရေးကံများ ကောင်းလာစေရန် ဘုရားစေတီများတွင် ညလုံးပေါက် လျှပ်စစ်မီးလှူပါ။ ငယ်ရွယ်သူတို့၏ နှလုံးသားရေးရာများ စိတ်ချမ်းသာမှုရှိစေရန် ခို၊ ကျီး၊ ခွေးလေးများကို မကြာမကြာ အစာကျွေးပါ။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ တနင်္ဂနွေနာမည်ရှင်၊ ဗုဒ္ဓဟူးနာမည်ရှင်များ ဖြစ်ပါသည်။ အရောင်ရင့်ရင့် အင်္ကျီလေးများကို ဝတ်ဆင်အကြံပြုပါ။ မိမိမွေးနေ့တွင် အသားစားရှောင်ပါ။ သီလဆောက်တည် နေထိုင်ပြီး ကောင်းမှုကုသိုလ် တစ်ခုခု ပြုလုပ်ပေးပါ။ အညံ့များလျော့နည်းသွားပြီး ဆန္ဒများ ပြည့်လာပါလိမ့်မည်။ ထီထိုးရန်အတွက် တနင်္ဂနွေနေ့တွင် တနင်္ဂနွေနံထီဆိုင်မှာ (၁) ဂဏန်းနှင့် စသော ထီလက်မှတ်လေးများကို နိုင်သလောက် ထိုးပေးပါ။

ယတြာ။ ။ ကျီး၊ ခိုလေးများကို မကြာခဏ အစာကျွေးပါ။

 

ဗုဒ္ဓဟူးသားသမီးများ

ငွေကြေးကိစ္စများအတွက် စိတ်ပူစရာမလိုပါ၊ အဆင်ပြေနေပါလိမ့်မည်။ ခရီးတစ်ခု ထွက်ဖြစ်ပါလိမ့်မည်။ မင်္ဂလာရှိသော သတင်းစကားများ ကြားရမည်။ လူမျိုးကွဲကြောင့် စိတ်ကသိကအောက် ဖြစ်ရတတ်သည်။ ငွေကုန်ကျစရာကိစ္စ ပေါ်လာတတ်ပါသည်။ ငွေမမြဲတတ်သောကြောင့် လုပ်ငန်းထဲတွင် ရင်းနှီးမြှုပ်နှံထားပါ။ စက်ပစ္စည်း အကျိုးမပေးသောကာလ ဖြစ်ပါသည်။ စက်ပစ္စည်းဝင်လာလျှင် စိတ်တိုင်မကျသော ပစ္စည်းမျိုး ဖြစ်နေမည်။ မိတ်ဆွေများ၏ အခက်အခဲများကို ကူညီရတတ်သည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးများ စိတ်ချမ်းသာမှုရှိစေရန် မိသားစုကို နွေးထွေးစွာ ဆက်ဆံပြောဆိုပါ။ ကျန်းမာရေး ကောင်းမည်။ ယခုလတွင် သောကြာနံသင့် လုပ်ငန်းများ အကျိုးပေးမည်။ တနင်္လာနံသင့် လုပ်ငန်းများ ပြန်လည် ဦးမော့လာတတ်သည်။ တနင်္ဂနွေနံသင့် လုပ်ငန်းများ အသင့်အတင့် ကောင်းနေမည်။ ကြာသပတေးနံသင့် လုပ်ငန်းများ ထစ်ငေါ့ပြီးမှ အောင်မြင်တတ်ပါသည်။ အခြားနံသင့်လုပ်ငန်းများ ခက်ခဲနေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံခြားခရီးထွက်ရန် စီစဉ်နေသူများ အနည်းငယ် ထစ်ငေါ့ပြီးမှ ထွက်ခွာဖြစ်ပါမည်။ ပညာရေးကံများ ကောင်းနေစေရန် နေ့စဉ်ဖတ်သော စာအုပ်များကို တစ်အုပ်စီ ခေါင်းအုံးအောက်ထားအိပ်ပါ။ အချစ်ရေးကံများ ကောင်းနေပါသည်။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ သောကြာနာမည်ရှင်၊ သောကြာသားသမီးများ ဖြစ်ပါသည်။ ပုလဲပေါက်အဆင်လေးများ ဝတ်ဆင်အကြံပြုပါ။ ထီထိုးရန်အတွက် ခရီးသွားမည့်သူများနှင့် လူကြုံမှာ၍ ထိုးပါ။ ဂဏန်းရွေးမနေပါနှင့်၊ ကြိုက်ရာထိုးလာပါစေ။

ယတြာ။ ။ ဘုရားရှင်အား သစ်သီးဆွမ်းများနှင့် မပြတ်ပူဇော်ပါ။

ကာသပတေးသားသမီးများ

မမျှော်လင့်ဘဲ စက်ပစ္စည်းတစ်မျိုး ဝင်လာမည်။ လူမျိုးကွဲ အကျိုးပေးမည်။ ထီကံကောင်းနေပါသည်။ ထီထိုးထားပါ။ စာအုပ် လက်ဆောင်ရမည်။ အကျင့်စရဏ ပိုရမည့်ကာလ ဖြစ်ပါသည်။ ကျင့်ကြံအားထုတ်မှုများဖြင့် အညံ့များ ကင်းစင်သွားပါလိမ့်မည်။ စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်နေမည်။ လုပ်ဖော်ကိုင်ဖက်များက ကူညီပေးပါလိမ့်မည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးများ သာယာနေစေရန် မိသားစုများအပေါ် နားလည်မှုများဖြင့် နွေးထွေးစွာ ဆက်ဆံပြောဆိုပါ။ ကျန်းမာရေး ကောင်းနေစေရန် လွန်စွာ အိပ်ရေးပျက် မခံပါနှင့်။ အချို၊ အဆိမ့်များ လျှော့စားပါ။ ယခုလတွင် စနေနံသင့် လုပ်ငန်းများ အကျိုးပေးမည်။ ဗုဒ္ဓဟူးနံသင့် လုပ်ငန်းများ မမျှော်လင့်ဘဲကောင်းနေမည်။ အင်္ဂါနံသင့် လုပ်ငန်းများ ထစ်ငေါ့ပြီးမှ အောင်မြင်တတ်သည်။ သောကြာနံသင့် လုပ်ငန်းများ ကောင်းလိုက်၊ မကောင်းလိုက် ဖြစ်နေမည်။ တခြား နံသင့်လုပ်ငန်းများ ခက်ခဲနေပါက အကျိုးပေးသော နံသင့်သူများနှင့် တိုင်ပင်ပြုလုပ်ပါ။ နိုင်ငံခြားခရီးထွက်မည့်သူများ နှစ်ကြိမ်၊ သုံးကြိမ် ကြိုးစားပြီးမှ အောင်မြင်တတ်သည်။ ပညာရေးအတွက် ကြိုးစားနေသူများ ဇွဲမလျှော့ပါနှင့် ဘာသာရေးနှင့်ယှဉ်ပြီး ကြိုးစားပါ၊ အောင်မြင်ပါလိမ့်မည်။ နှလုံးသားရေးရာ ကိစ္စများ အဆင်ပြေစေရန် ခို၊ ကျီး၊ ခွေးလေးများကို အစာကျွေးပါ။ ယခုလ အကျိုးပေးသော နံသင့်သူများမှာ စနေနာမည်ရှင်၊ အင်္ဂါနာမည်ရှင်၊ ဗုဒ္ဓဟူးနာမည်ရှင်များ ဖြစ်ပါသည်။ အရောင်ရင့်ရင့်လေးများ ဝတ်ဆင်အကြံပြုနိုင်ပါသည်။ စနေနံထီဆိုင်တွင် (၇)ဂဏန်း များစွာပါသော မင်္ဂလာစုံတွဲများကို နိုင်သလောက်ထိုးထားပါ။

ယတြာ။ ။ ရေသတ္တဝါလေးများကို ဘေးမဲ့လွှတ်ပေးပါ။

About z @

@ z has written 37 post in this Website..