မျက်မမြင်လေးရဲ့ ချစ်ပုံပြင် (Love Story of Blind Boy)

mnoeJune 16, 20111min3169

တစ်ခါတုန်းက မျက်စေ့မမြင်ရှာတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ သူဟာ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိတယ်။ တစ်နေ့တော့ ကောင်မလေးက မေးတယ် …
“ရှင် ကျွန်မကို လက်ထပ်မှာလား”
“အင်း ဒါပေမဲ့ ကိုယ်မင်းကို မြင်နိုင်ခွင့်ရတဲ့အခါမှ လက်ထပ်မယ်” လို့ ကောင်လေးက ပြန်ပြောတယ်။
ရက်နည်းနည်းကြာတဲ့အခါ ကောင်လေးအတွက် မျက်စေ့အလှုရှင်ပေါ်လာတယ်။ သူဟာ သူ့ချစ်သူကောင်မလေးကို မြင်ရတော့မှာမို့ အလွန်ပျော်နေတာပေါ့။ ဒါပေမဲ့ သူ့ချစ်သူကောင်မလေးဟာလည်း မျက်မမြင်တစ်ယောက်ဆိုတာ သိလိုက်ရတဲ့အခါ သူဟာ ကောင်မလေးကို လက်ထပ်ဖို့ ငြင်းဆန်လိုက်တယ်။
ကောင်မလေးဟာ သူထွက်မသွားခင် စကားတစ်ခွန်းပြောခဲ့တယ်
“မောင့်သဘောအတိုင်းပါပဲကွယ် ဒါပေမဲ့ ကျွန်မတစ်ခုတော့ပြောခဲ့ချင်ပါတယ်
ကျွန်မရဲ့ မျက်လုံးလေးတွေကိုတော့ ဂရုစိုက်ပါကွယ်…”

(နှစ်သက်မိလို့ ဘာသာပြန်ပြီးတင်လိုက်မိပါတယ်။ ချစ်သူတွေ ဖြူစင်စွာချစ်နိုင် ပေါင်းနို်င်ကြပါစေ။)

Source: http://smsread.com/blog/love-story-of-blind-boy.html

မှတ်ချက်။ ။ ရွာသားတွေသိပြီးသား ဆိုက်လေးဖြစ်ချင်ဖြစ်မှာပါ။ အဲဒီ http://smsread.com ထဲက ပို့စ်လေးတွေ အရမ်းဖတ်လို့ကောင်းလို့။ အတွေးလေးတွေလည်း အများကြီးရတယ်။ ရွာသားတွေ စိတ်ဝင်စားရင် အပျင်းပြေ အမောပြေ သွားကြည့်လို့ရအောင်ပါ။ သိပြီးသားဆိုရင်လည်း ခွင့်လွှတ်နော်။

9 comments

  • mnoe

    June 16, 2011 at 9:44 am

    စာကလေ တင်နေလေ့မရှိတော့ မလုပ်တတ်လုပ်တတ်နဲ့ တစ်ဝက်တစ်ပျက်တက်တက်သွားလို့ အရင်ဆုံးလာဖတ်သွားပေးသူများကို တောင်းပန်ပါတယ်နော်။ mnoe ရဲ့ အားနည်းချက်များကို သည်းခံဖတ်ရှုပေးကြတာ ကျေးဇူးတင်ပါတယ်။ ရွာသားများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။

  • နီလေး

    June 16, 2011 at 10:17 am

    ဖတ်ပြီးသားပါ ဒါပေမယ့် ထပ်ဖတ်ရတော့လဲ ကောင်းတာပေါ့

  • esz88

    June 16, 2011 at 11:40 am

    “မောင့်သဘောအတိုင်းပါပဲကွယ် ဒါပေမဲ့ ကျွန်မတစ်ခုတော့ပြောခဲ့ချင်ပါတယ်
    ကျွန်မရဲ့ မျက်လုံးလေးတွေကိုတော့ ဂရုစိုက်ပါကွယ်…” ဘာအဓိပ္ပယ်လဲ နားမလည်းလို့ ရှင်းပြပါဦး ။

    • nature

      June 16, 2011 at 2:57 pm

      တကယ်ဆိုမျက်လုံးတစ်လုံးပဲလှူလိုက်ရင် အဆင်ပြေသွားနိုင်တယ်။

  • nature

    June 16, 2011 at 1:14 pm

    ရှင်းနေတာပဲ၊ ကောင်မလေးရဲ့မျက်လုံးကို ကောင်လေးကိုလှုလိုက်လို့ပေါ့။

  • apulay

    June 16, 2011 at 1:38 pm

    မျက်လုံးအလှူရှင်က ကောင်မလေးလေ ။ ကောင်လေးကိုမျက်လုံးတွေလှူလိုက်တဲ့အတွက် သူကမျက်မမြင်ဖြစ်သွားရတာ။

  • etone

    June 17, 2011 at 3:22 am

    ဒီလို အချစ်မျိုးက နားလည်ရခက်ပါတယ်… ။ ပေးဆပ်ရလျှင်လည်း သူမသိပဲ ဆိတ်ဆိတ်နေတာထက် သိပြီးမှ ပေးဆပ်လျှင် စေတနာရောင်ပြန်ဟပ်မှာပေါ့ .. ။

  • bluerose

    February 4, 2012 at 12:20 pm

    ဒါဟာယောကျာင်္းလေးတွေရဲ့သစ္စာမရှိမှုကိုဖော်ထုတ်တဲ့ပြကွက်တခုပါပဲ
    သူမမြင်နိုင်ပဲရှိတဲ့ကာလတွေတုန်းကအနစ်နာခံချစ်ခဲ့မိတဲ့ကောင်မလေးအတွက်
    ဝမ်းနည်းစရာမှတ်တမ်းတခုပါပဲလူတယောက်ကမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေ
    ကြားသည်ဖြစ်စေမကြားသည်ဖြစ်စေအချစ်ဆိုတာတကယ်ရှိနေမယ်ဆိုရင်
    ချစ်သူနှစ်ယောက်ကြားမှာဘယ်အရာမှမလိုအပ်ပါဘူးခုတော့
    ကောင်လေးဘက်ကအချစ်တွေကမစစ်လို့နေမှာပေါ့
    ကောင်မလေးအတွက်စိတ်မကောင်းဖြစ်မိပါတယ်

  • သနားစရာလေးပါလား။အော်သိပ်ချစ်ကြတာဘဲလားဗျာ။တကယ်လက်တွေ ့မှာ
    အဲလောက်သစ္စာရှိတဲ့ ချစ်သူမျိုးရှိပေါ့မလား။

Leave a Reply