သူကြီးမင်းသို့ပေးစာ

အာဂJune 16, 20111min28826

သို့။
မန္တလေးဂေဇက် အယ်ဒီတာအဖွဲ့ မှတစ်ဆင့်
သူကြီးမင်း ကိုခိုင်။

အကြောင်းအရာ။ ။ အကြံပြုဆွေးနွေးခြင်း

သူကြီးခင်ဗျာ…။
ကျွန်တော်အကြံတစ်ခုပေးချင်ပါတယ်။ အခုဆိုဒ်ပုံစံပြောင်းသွားတဲ့အခါမှာ ။အရင်ကလို ပိုစ်ရဲ့ ခေါင်းစဉ်ရော စာအမြည်းလေးပါ မဖတ်ရတော့ပါဘူး နောက် ဓာတ်ပုံအမြည်းလည်း မမြင်ရတော့ပါဘူး။ အဲဒီအတွက် ပြသနာက ဘာလဲဆိုတော့ အခုတစ်လော ပုံတစ်ပုံ (အနှစ်သာရရှိတဲ့ပုံဆိုရင်မပြောလိုပါ)။ စာတစ်ကြောင်း၊ခေါင်းစဉ်တစ်ခုနှင့် ပိုစ်များ ခပ်များများတွေ့လာရပါတယ်။ ဒီလိုတွေ့လာလို့ တင်တဲ့လူတွေ ကို လည်းအပြစ်မပြောပါဘူး။ဒါကသူ့အပိုင်းပါ။ ကျွန်တော်တို့ဖတ်တဲ့ လူဘက်အပိုင်းကျတော့ ဘာဖြစ်လာလဲဆိုတော့ အရင်လိုအမြည်းလေး မမြင်ရတော့ ကွန်မကောင်းရတဲ့အထဲ ခေါင်းစဉ်ဆန်းတဲ့ ပိုစ် ကိုရွေးနိုပ်ရတဲ့အခါမှာ စောစောကပြောသလို ၁ပုံ(အနှစ်သာရရှိသောပုံမဟုတ်သော)၊၁စာ(အဓိပ္ပယ်ကင်းမဲ့ပြီး ပုဂ္ဂိုလ်ရေးဆန်သော)၊ အရသာမဲ့ စာပုံများ တက်လာသောအခါ ကုန်သွားသောအချိန်အတွက်များစွာ စိတ်မကောင်းဖြစ်မိရပါတယ်။ ဒါကြောင့် သူကြီးအနေဖြင့်တက်နိုင်ရင် Home page ပေါ်ကပိုစ်ဘေးမှာ Words(….) စာလုံးရေဘယ်လောက်ရှိတယ် ဆိုတာလေးများ ထည့်သွင်းပေးနိုင်ရင် စာဖတ်သူအနေနဲ့ စာအနည်းအများသိနိုင်ပြီး အဆိုပါ ပိုစ့်များ အား မှားနိုပ်မိခြင်းဒဏ်မှ လွတ်ကင်းနိုင်မှာဖြစ်လို့ ကူညီထည့် သွင်းပေးဖို့အကြံပြုလိုက်ပါတယ်။

လေးစားစွာဖြင့်
သင့်ရဲ့ ရွာသား
မစ္စတာမောင်အာဂ

26 comments

  • MaMa

    June 16, 2011 at 11:48 am

    ရွာသားပေမို့ပဲ မစ္စတာ ဆိုပါလား။ အကြံပြုချက်လေးကတော့ ကောင်းပါတယ်။

    • R Ga

      June 16, 2011 at 11:54 am

      မစ္စတာမောင်မှိုင်းကိုအားကျလို့လေ..။နောက်ဆိုရင် သာဂိ ၊ သာလှ တို့ သာဝ တို့ နာမည်များ ပေးရန်စဉ်းစားထားပါကြောင်း…..ပါခင်ဗျ။

  • ဆူး

    June 16, 2011 at 11:58 am

    ပုံနဲ့ စာအမြည်းပါတော့ အကြမ်းဖျင်း ဖတ်ရရင် ပို အဆင်ပြေတယ် ပိုစ်တိုင်း လိုက်ဖတ်ရတာ ဖွင့်ရတာ သိပ်အဆင်မပြေလှဘူး။

  • esz88

    June 16, 2011 at 12:00 pm

    လောဘ ဒေါသ မောဟ မနာလိုစိတ် တွေ ကင်းဝေကြပါစေ။

    စိတ်လျှော့ စိတ်လျှော့

    • R Ga

      June 16, 2011 at 12:21 pm

      “ဘုရား တရား သံဃာ ” ဖြစ်လေစွ ဖြစ်လေစွ အဆွေတော်ကို ရည်ညွန်းရေးသားထားခြင်းလည်း မဟုတ်။ မနာလိုုစရာ အကြောင်း အဘယ်သို့မှလည်းမရှိပါ။ ဆွေတော် တစ်နေ့တည်း သို့မဟုတ် တစ်ထိုင် တည်း ကြိုက်သလောက် ပိုစ့် များ ကိုတင်နိုင်ပါသည်။ ကြိုက်သလောက် အဿပြာပှိုင့် များလည်း ကြိုက်သလို ယူ၍ ကြိုက်သလောက် ပိုင်စားစေနိုင်ပါသည်။ ကျွန်ုပ်၏ ဘဏ္ဍာတော် အဿပြာများထွက်သွားခြင်းမဟုတ် ၍ မည်သို့မှမဖြစ်ပါ။ ကျွန်ပ် ကြုံတွေ့နေရသော လောကအခက်အခဲကိုသာ တင်ပြဖြေရှင်းခြင်းမည်ပါသည်။ ဤသို့ ကျွန်ုပ်ရေးသားမိ၍ အဆွေတော် အကျိုးစီးပွား ပျက်စီးမည်ဆိုက ကျွန်ုပ်အလေးအနက်ထားတောင်းပန်အပ်ပါသည် အဆွေတော် နောက်နောင်များတွင်လည်း အဆွေတော်အနေဖြင့် တစ်ပုံ၊တစ်စာ၊ များ အမြောက် များရေးသားနိုင်ပါစေလို့ လည်း ဆုမွန်ကောင်းခြွေလိုက်ပါသည် အဆွေတော်။ ကျွန်ုပ်၏ အခက်အခဲ ကိုသာတင်ပြခြင်းသာဖြစ်ပြီး အဆွေတော်နှင့်တစ်ကွ အခြားသောမည်သူ တစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါကြောင်း ဤသစ္စာစကားမှန်ကန်ပါက ဘဝဆက်တိုင်း လူပြောသူပြောခံဘေးမှကင်းလွတ်ရပါစေသတည်း ဟု ကျွန်ုပ် မောင်အာဂ မဟာပထဝီမြေကြီး အားပိုင်စိုးသော ဝဿုန်သနြေနတ်မင်းအား တိုင်တည်သစ္စာဆိုအပ်ပါသည် အဆွေတော်.။ အဆွေတော် ကျန်းမာ၊ချမ်းသာပြီး ပုံများများတင် စာများများရေးသားနိုင်ပါစေသတည်း။

  • fatty

    June 16, 2011 at 1:07 pm

    စာမြည်းလေးတင်ဖို့ သူကြိးကိုတော့အကြံပြုဘူးပါတယ် ….
    သူကြီးမင်း မအားသေးဘူးနဲ့တူတယ် ….။

  • shweminthar

    June 16, 2011 at 1:28 pm

    အခုဓါတ်ပုံတစ်ပုံလောက်တင်မလို့တောင် လက်တွန့်သွားတယ်။
    ဘယ်လိုဘဲဖြစ်ဖြစ် အများသဘောပေါ့ လက်ခံရမှာပေါ့….

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 16, 2011 at 3:02 pm

    ဒါကတော့ ကျွန်တော့်ရဲ့အမြင်ကို ကိုယ့်ကိုယ်ကိုယ်
    ဘုရားလူကြီးတစ်ယောက်လိုသဘောထားပြီးပြောတာပါ
    မစ္စတာအာဂ ( မစ္စတာထည့်တဲ့နောက်တော့ မောင်မထည့်နဲ့တော့လေကွယ် ကိုယ့်နာမည်က အာဂဘဲဟာပဲ )
    ပြောသလိုပါဘဲ
    ( လီဗာနည်းနည်းတင်မယ်နော် ) တစ်ချို့ပုံတွေကြတော့ တော်တော်စောက်ချိုးမပြေဘူး
    စောက်ရေးမပါတဲ့ပုံတွေကိုပြပြီး ဘာကိုနားလည်ရမှာလည်း
    ကိုယ့်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကိုလဲမပြောဘဲနဲ့
    ဥပမာ ဟင်းတစ်မျိုးရဲ့ပုံကိုပြပြီးဘာကိုဆိုလိုတာလဲ
    ဒီဟင်းလေးကိုဒီလိုချက်တယ်ဘာညာမဟုတ်ဘဲနဲ့
    လာရှိုးတော့
    ဟင်းခွက်တွေဘဲဗျာ ဘာများထူးဆန်းလို့လဲ
    အွန်လိုင်းထဲမှာ ပိုပြီးတောင် စားချင်းစရာ ဟင်းအမယ်ပုံတွေအများကြီး
    ဒီဂျားထဲ ဝင်ပြီးသရေကျတဲ့လူကရှိလိုက်သေးတယ်
    အပြစ်ပြောတာမဟုတ်ဘူးနော်
    စောက်ဖြစ်လာမသဲနဲ့
    စောက်ပျော်လုပ်ခြင်ရင် စောက်ပျော်နဲ့တူအောင်ရေး
    တစ်ချို့ အဓိပ္ပါယ်ရှိတဲ့ပုံတွေကြတော့ ဘာမှမဖြစ်လောက်ပါဘူး ( ကိုယ့်ရဲ့အမြင်ပါ )
    ရိုက်ချက်သဘောမျိုးတွေနဲ့ကိုယ်ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေ တင်တာကတော့
    သတင်းဆိုက်ဘဲဗျ တင်လို့ရလောက်ပါတယ်
    သူများပုံတွေဖြစ်နေရင်တောင် အများလက္ခံနိုင်တဲ့ပုံတွေဆိုရင်လည်း
    ရလောက်ပါတယ် ( ဒါတွေက ကိုယ့်အထင်ကိုပြောတာနော် )

    ဒါကြောင့် များပြောခြင်တာက
    လုပ်ခြင်လုပ်ကြပါ
    လူလိုလုပ်ကြပေါ့……………..လို့

  • unclegyi1974

    June 16, 2011 at 3:05 pm

    ကောင်းတဲ့ပုံလေးတွေဆိုလည်းတပုံတည်းတင်လည်း
    ရသပေးစွမ်းပါတယ် အာဂါရေ
    မြန်မာ နက်ကသိတဲ့အတိုင်းပုံတင်ဖို့အရေးလွယ်မှတ်လို့
    ဘ တို့ဆိုဘာပုံမှမတင်နိုင်တာကြာပ
    တင်နိုင်သူကပုံတွေအများကြီးတင်လည်းဖွင့်ကြည့်တဲ့အခါ မေ့နေရော့
    ဘာပြောပြောအာဂကိုထောက်ခံကြောင်း
    စာမြည်း ပုံမြည်း ရရင်ပိုကောင်းမည်ဟုထင်မြင်ပါကြောင်း
    သို့သော်ရွာရောက်ရင်သူကြီးအာဏာကအတည်ဖြစ်တယ်ဆိုတာကို
    လည်းလက်ခံပါကြောင်း

  • ဆူး

    June 16, 2011 at 3:15 pm

    http://myanmargazette.net/52085/creative-writing
    လင့် ကို ဝင် ဖတ်ကြည့်လိုက်ကြပါအုန်း။
    ရွာထဲက ရွာသားတွေ အချင်းချင်း ရင်းနှီးတဲ့ သဘောနဲ့ သာစေ နာစေ မဟုတ်ပဲ နောက်ပြောင်တာနဲ့ လုံးဝ မတူပါဘူး။ နာမည်တွေသာ ယူသုံးနေတာ ယောကျား လား မိန်းမ လား မှန်းတောင် မှန်အောင် တောင် မသိဘူး
    ((( ။ဘော်ဒါအရင်း ခေါက်ခေါက်ကြီးတွေကို အမှတ်တရဖြစ်အောင် မင်းသား မင်းသမီး လူကြမ်း ဇာတ်ပို့ အဖြစ်သုံး ထားပါသည်။ )))
    အဲဒီ စာဖတ်လိုက်ရင် မိတ်ဟောင်းဆွေဟောင်းများ ဖြစ်နေမလား တွေးနေမိအောင် ညာဖြီး ရေးထားသေးတယ်။
    ကြီးမှန်း မသိ ငယ်မှန်း မသိ တရွာလုံးက လူတွေ ကို မိုက်ရိုင်း စော်ကားနေတယ်။

    • meelay

      June 17, 2011 at 4:32 am

      ရွာသူ ရွာသားတွေနဲ့ ရင်းနှီးအောင် ရေးချင်တယ်ဆိုရင် တခြားပျော်ရွှင်စရာ ဇာတ်လမ်းတွေ ဆင်ပြီး ရေးလို့ရပါတယ် … အဲဒီပို့စ်ရေးထားတာက အဖေအရွယ်မှန်းမသိ ဘာမှန်းမသိ၊ အများပြည်သူ ဖတ်တဲ့နေရာမှာ အဲလို မဟုတ်တရုတ်ဇာတ်လမ်းတွေ မရေးသင့်ဘူးလို့ ထင်ပါတယ် …
      ကိုအာဂပြောတာကို ထောက်ခံပါတယ် … ကွန်မကောင်းတဲ့အတွက် စာမြည်းလေးထည့်ထားပေးတော့ မဖတ်ချင်တဲ့ အကြောင်းအရာဆို ကျော်ဖတ်သွားလို့ရတာပေါ့ ….

  • စာမြည်းပါတယ်ဆိုရင် ပိုကောင်းပါတယ်။
    မြည်းကြည့်လို့မကြိုက်ရင် မဖတ်ဘဲနေရုံပါဘဲ၊
    ဒါဆိုရင် ရေးသူဖတ်သူ နှစ်ဖက်လုံးအတွက်မျှတပါတယ်။
    ရေးသူကလဲ သူစိတ်ထဲ နှစ်သက်တာကိုရေးပါလိမ့်မယ်။
    ဖတ်သူကလဲ သူကြိုက်တာသူရွေးဖတ်ပါလိမ့်မယ်။
    သူကြီးရေ အရင်လို စာမြည်းလေးပြန်ထည့်ပေးစေချင်ပါတယ်။

  • redbull

    June 16, 2011 at 4:22 pm

    လွတ်လပ်စွာ တွေးခေါ်မျှော်မြင် တဲ့ ဘဝမျိုးကို တောင့်တ နှစ်သက်မိပါတယ်၊
    ကျွန်တော်လဲ ကြိုက်မယ်ထင်တဲ့ posts ကိုမှ ရွေးဖတ်တတ်သူပါ၊
    မကြိုက်တဲ့ posts တွေကို မဖတ်ပါဘူးခင်ဗျာ၊
    ကျွန်တော် ရေးချင်တဲ့ အကြောင်းအရာတွေကတော့ ပြည်သူ့အော်သံ ပါပဲခင်ဗျာ၊
    ကြိုက်နှစ်သက်ရာများကို ရွေးချယ်ဖတ်ရှု ခြင်းဟာ အကောင်းဆုံးလို့ထင်မိပါရဲ့…။

  • padonmar

    June 16, 2011 at 4:33 pm

    စာမြည်းလေးပါတာ ကြိုက်တယ်လို့ ထောက်ခံမဲ ဝင်ပေးပါရစေ။အချိန်ကုန် သက်သာစေဘို့ပါ။

  • naungnaung

    June 16, 2011 at 4:42 pm

    စာမြည်း ထည့်ပေးထားရင် connection မကောင်းတဲ့ နေရာကသူတွေအတွက် ရွေးချယ် ရတာပို လွယ်သွားမှာပါ…စာလုံးရေ ပါ ထည့်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ ်ခင်ဗျာ….

  • parlayar46

    June 16, 2011 at 6:10 pm

    ဝင်မဲပေးဦးမှထင်တယ်။

    ပြည်တွင်းပရိတ်သတ်တွေမှာလဲ ပိုစ့်တိုင်းဝင်ဖတ်ကြည့်ဘို့ ကွန်နက်ရှင်အခက်အခဲရှိပါတယ်။
    ပြည်ပ ပရိတ်သတ်တွေဆိုဦးတော့ ကိုယ်မကြိုက်လောက်တာကို အချိန်ကုန်ခံပြီး ဖွင့်မကြည့်ချင်လောက်ပါဘူး။
    ပိုစ့်ပိုင်ရှင်အဖို့လဲ သူတင်တာ ဘယ်လောက်စိတ်ဝင်စားမှုရတယ်ဆိုတာ မှန်မှန်ကန်ကန် သိနိုင်ရင်ကောင်းပါတယ်။

    သူကြီးမင်း အဆင်ပြေတဲ့တနေ့မှာ ရွာသားတွေရဲ့ဆန္ဒကို ဖြည့်ဆည်းမယ်လို့ယုံကြည်ရင်း ….
    လောလောဆယ်တော့ စာရေးသူအမည်ကိုသာ ရွေးဖတ်ရန်ရှိပါကြောင်း….။

  • parlayar46

    June 16, 2011 at 6:13 pm

    တခါက တယောက်ယောက်ပြောဘူးသလို ဖတ်သူက ပိုစ့်ကိုပါ like/dislike လုပ်နိုင်ရင် ပိုကောင်းမယ်လို့ ထင်မြင်ပါကြောင်း။

    • etone

      June 17, 2011 at 6:16 am

      etone အဲ့ဒီတုန်းက သဂျီးကိုပြောဖူးသေးတယ် သူက နှာစေးနေတယ်ထင်ပါ့ ..။

  • windtalker

    June 16, 2011 at 6:22 pm

    အပေါင်းအနုတ် ရွေးခွင့် ပေးထားတာက like / dislike သဘော မျိုး နဲ ့တူမယ် လို ့ထင်ပါတယ်

    • parlayar46

      June 17, 2011 at 2:25 am

      အခုက comment ကိုပဲ အပေါင်းအနှုတ် လုပ်လို့ရနေတာလေ။
      post ကိုသာ like / dislike လုပ်လို့ရရင် တကယ်ကြိုက်တဲ့ /မကြိုက်တဲ့ အရေအတွက်ကိုသိရမယ်။
      ဥပမာ – like =45 / dislike=40 ဆိုပါတော့
      အပေါင်းအနှုတ်နဲ့ အဖြေထုတ်ရင် “ကြိုက်တာ ငါးယောက်တောင်ရှိတယ်” လို့ ခံစားရတယ်။
      like/dislike နဲ့ပြရင်တော့ ဆဲချင်တဲ့သူ “လေးဆယ်တောင်..ဟေ့..။” လို့
      ခံစားရမယ်ထင်တယ်။ 🙂

  • မင်းပြည့်ရှိန်

    June 16, 2011 at 7:01 pm

    ရတနာပုံနေပြည်တော်သတင်းစာသည် အလွန်ကောင်းပါသည်..
    ထို့ထက် ပို၍ကောင်းစေချင်ပါသည်…
    မစ္စတာ အာဂ ၏ အကြံပြုတင်ပြချက်အား..
    လေးစားစွာ ထောက်ခံပါသည် သူကြီးမင်း..

  • ဆူး

    June 17, 2011 at 3:53 pm

    ရွာထဲမှာ ပြသနာ တက်ရင် သဂျီး ငှက်ဖျား တက်နေလို့ စောင်ခေါင်းမူးခြုံ ကွေးနေပါတယ်။
    ပြသနာ ပြီး ခါနီးမှ အဖျားကျတတ်ပါတယ်။ အဲဒါ ထုံးစံပါပဲ။
    အဖျားကျပြီး နေကောင်းသွားတဲ့ အခါ ရွာထဲ ဆင်းပြီးတော့..
    ရွာသူရွာသား အပေါင်းတို့ အမိန့်တော် မှတ်မယ်.. *^&%%$$%^&* နာခံကြ ဆိုပြီး လွယ်မယောင်နဲ့ ခက်ပြအောင် အမြဲ လုပ်ပါတယ်။

  • captainamerica

    June 17, 2011 at 4:51 pm

    လွတ်လပ်စာွပို(စ်)တင်လို.ရတယ်။ပြောချင်တာပြောလို.ရတယ်လို.
    တော့ထင်မိတယ်။တရားဝင် Media site တစ်ခု ကိုယ် Feel လာသလိုလုပ်လို.ရတယ်။ဒါပေမဲ့သာမန်ဆိုရှယ်ဆိုဒ်
    တစ်ခုလိုတော့မထင်ကြပါနဲ.။မန္တလေးဂေဇတ်ကြီးကိုသံယောဇဉ်ရှိလို. တိုးတတ်စေချင်လို.အမုန်းခံပြိးဝင်မန်းတာ။ဗမာပြည် connection ကိုလည်းထည့်စဉ်းစားကြအုန်း။ဗမာပြည်ထဲ
    မှာတင်မြို့ပေါင်းစုံကဝင်ဖတ်နေကြတာ။ကိုယ်ဘာသာကိုယ် ဟီးဟီးဟားဟားစိတ်ကူးကိုခေါင်းစဉ်ဆန်းတွေပေးပြီးပို(စ်)တင်တော့ဖတ်ကြတော့မှာပေါ့။(1)အချက်စာဖတ်တဲ့သူတွေအတွက်အချိန်ကုန်တယ်။(2)အချက် အရေးမပါတာတွေနဲ.ငြင်းခုံနေရတော့အခင်အမင်ပျက်ရတယ်။
    ကျွန်တော်လည်းဒီဆို(ဒ်)မှာ Member ဝင်ထားတာမကြာသေးဘူး။ ဒါပေမဲ့ ၁နှစ်နီးပါးလောက်ဖတ်ပြီးတော့မှ
    Member ဝင်တာ။ဒီက Senior ကျတဲ့သူတွေရဲ.စာတွေကိုဖတ်ကြည့်ရင်သူတို.စိတ်နေစိတ်ထားကိုပါဖတ်လို.ရတယ်။ဘယ်လိုလဲဆိုတာ
    ဒီဆို(ဒ်)ကိုတကယ်သိက္ခာရှိရှိ အများပြည်သူလက်ခံနိုင်တဲ့ဆို(ဒ်)တစ်ခုဖြစ်အောင်ကြိုးပမ်းနေတဲ့ဒီထဲမှာလူတွေတစ်ပုံကြီး။ကိုယ်ဝင်ထားတဲ့ဆို(ဒ်)ဟာ ဟီးဟီးဟားဟားလုပ်စရာဆို(ဒ်)လားဆိုတာတော့စဉ်းစားပေါ့။အမုန်းခံပြီးဝင်ပြောမိပြန်ဗီ။ခက်တော့နေပြီ။

  • kai

    June 17, 2011 at 5:23 pm

    လောလောဆယ်… ရွေးချယ်စရာသိပ်မရှိဘူး..။
    frontpage မှာ.. ခေါင်းစီးတွေချည်းမဟုတ်ပဲ..စာမြည်းထည့်ရင်… ရှေ ့မှာပေါ်နေတဲ့.. စာပုဒ်အရေအတွက်လည်း လျှော့ချရလိမ့်မယ်..။
    အခုက.. ခေါင်းစီးပဲထားတာကြောင့် အခု ၃ဝထည့်လို့ရတယ်..။
    စာမြည်းပါရင်.. အပုဒ်ရေ ၁၅-၂ဝပဲရလိမ့်မယ်…။
    ဘာလို့လည်းဆိုတော့.. ဆာဗာက.. ထိန်းထားလို့ပါ..။
    ဝယ်ကတည်းက.. ဆာဗာမှာ.. စိပီယူ၊မီမိုရီ စသဖြင့်ဘယ်လောက်အမျိုးအစားဝယ်ရမယ်ဆိုတာ ပါပြီးသားမို့ဖြစ်ပါတယ်..။
    ( အခုတေ့ာ..မအားတာမို ့..ဆာဗာလည်း ၂ခုစာပေးဝယ်ထားပြီး ..ဝက်ဘ်ဆိုက်ကိုမရွေ ့နိုင်သေးပါဘူး..။)
    ရွာသားတွေထဲ.. ကျွမ်းကျင်သူရှိရင်.. နည်းပညာပိုင်းဆိုင်ရာ… အကြံညဏ်တောင်းချင်ပါတယ်..။
    ကျုပ်ဆီ… ဆက်သွယ်ပေးပါလား..ခင်ဗျ..။ 🙂

    • R Ga

      June 18, 2011 at 11:45 am

      စာလုံးအရေအတွက်ရော….ထည့်ပေးလို့ရမလား..။ ကျွန်တော်ပြောထားသလိုလေ

  • မြစပဲရိုး

    June 18, 2015 at 8:19 pm

    ဂဂ ရဲ့ တောင်းဆိုချက် လေးနှစ် တိတိ (နီးပါး) မှာ
    ဒီရက်ပိုင်းအတွင်း တစ်ယောက်ယောက် သည် တစ်ခုခု ကို ပြောင်းလဲဖို့ လုပ်နေခြင်း ကို ဖြတ်ကနဲ ဖြတ်ကနဲ မြင်နေရသည်။
    ဒီလိုလုပ်ဖို့ နည်းပညာ ပိုင်းရော၊ ဘတ်ဂျက်ပိုင်းပါ လိုတာမို့ သူကြီးမင်း အတွက် နဲနဲနောနော စွန့်စားမှု တော့ ဟုတ်မယ်မထင်။
    ရွာကို ချစ်ပုံများ။ အိုး လာ လားးးးးးး:
    lol:-)))))

Leave a Reply