သွေးစစ်ဋ္ဌါန အကျင့်ပျက် လာဘ်စား ဖယ်ရှားရန်သင့်ပြီ……..

တာတီးJune 16, 20111min517

(၂၈.၄.၂၀၁၁) နေ့ တောင်ကုတ်မြို့ သင်ပန်းချုံ ရွာမှ
ဒေါ်ရွေသောင်းရီ သည် အတွင်းလူနာအဖြစ် ဆေးရုံတက်
ဆေးကုသနေစဉ် သွေးလိုအပ်ပါသဖြင့် သံတွမြို့ လင်းသာ
ရွာနေ ကိုအောင်ကျော်စိုး မှ လှုူဒါန်း ခဲ့ပါသည်။
ထိုသို့သွေးလှုူဒါန်းရာတွင် သွေးလှုူဒါန်းသူထံမှ သွေးစစ်ခ
၁၀၀၀(တစ်ထောင်ကျပ်) နှင့် သွေးစစ်ကရိယာ အတွက်ဟူ
၍ ၄၀၀၀(လေးထောင်ကျပ်) စုုစုပေါင်း ၅၀၀၀(ငါးထောင်)
ကိုဓါတ်ခွဲမှုးဦးသန်းဝင်းမှ တောင်းယူခဲ့ပါသည်။
သွေးစစ်ရာတွင် အသုံးပြုသည့် ကရိယာများမှာလည်း ယူနီ
ဆက် မှ လိုလေသေးမရှိ လှုူဒါန်း ထားကြောင်းသိရှိရပါ
သည်၊
၎င်းဓါတ်ခွဲမှုး ဦးသန်းဝင်းမှာ အထက်ပါအတိုင်းတောင်း
ရမ်းစားသောက်နေသည်မှာ (၁၀) နှစ်ကျော်ခန့်ကြာမြင့်
နေခဲ့ပြီဖြစ်ပါသည်၊ ၎င်းးမှာ မတရားလာဘ်ငွေ တောင်း
ရမ်းငွေများဖြင့် ကိုယ်ပိုင်ဆေးခန်းများဖွင့်၊ အိမ်များတစ်
အိမ်ပြီး တစ်အိမ်ဆောက်၊ သူ၏ခန္ဒာကိုယ်စားဗိုက် ကြီး
မှာ တစ်နေ့တစ်ခြား ဖေါင်းပွ လာပါ၍ အဂတိ လိုက်စား
သူ ဦးသန်းဝင်းအား တာဝန်မှ ရပ်ဆိုင်းဖယ်ရှား နိုင်စေ
ရန် နှင့် အများပြည်သူများ သိရှိစေရန် တင်ပြလိုက်ရါပါ
သည် ခင်ဗျား။
ထိုသို့ဓါတ်ခွဲမှုး ဦးသန်းဝင်း ၏ မတော်လေါဘ လုပ်စား
မှုကြောင့် သံတွဲမြို့ခရိုင်ဆေးရုံကြီး အပေါ် ပြည်သူလူထု
အကြည်ညိုပျက်လျက်ရှိကြပြီး စိတ်မချမ်းမြေ့မှုများဖြစ်
ပေါ်နေကြသည့်အခြေအနေသို့ဆိုက်ရောက်နေကြောင်း
တင်ပြအပ်ပါသည် ခင်ဗျား။
တစ်ဆက်တည်းဖေါ်ပြရပါသော် စာရေးကြီး ဦးတင်
အောင် မှလည်း ယူနီဆက်မှပေးလှုူခဲ့၍ ရရှိသော
နိုင်ငံခြား အဆင့်မြင့်ဆေးများကို ရန်ကုန်သို့လက်လွှဲ
ရောင်းစားပြီး စီးပွါးရေးဖြောင့်တန်းလျက်ရှိနေပါကြောင်း
သိရှိရပါသည်၊ ပြီးလျင် ၎င်း ဆေးများအတွက် တရုပ်
ဆေးများဝယ်ယူ၍ အစားထိုးကာ ပြည်သူလူထု အား
ဒုက္ခပေးလျက်ရှိနေပါကြောင်းနှင့် ၎င်းတရုပ်ဆေးများ
ကိုလည်း တန်ဖိုးကြီးမြင့်စွာနှင့် မဝယ်မနေရ စည်းကမ်း
ချက်များဖြင့် ရောင်းချ ကာ စီးပွါးရှာနေခြင်းကိုလည်း
အများပြည်သူများသိရှိပါစေရန် တင်ပြလိုက်ရပါသည်
ခင်ဗျား။
နိဂုံးချူပ်ရသော် အဂတိလိုက် လာဘ်ငွေတောင်းစားသူ
ဦးသန်းဝင်းနှင့် ဦးတင်အောင် ဆိုသူတို့အား သက်ဆိုင်
ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်စေလိုကြောင်းပါ။

7 comments

  • unclegyi1974

    June 16, 2011 at 4:52 pm

    ဆေးရုံဆိုတာ ဆေးရုံအုပ်ရှိပါတယ်
    သူကရောမသိဖူးလား
    သိသိကြီးနဲ့ဘာမှပြောတာလား

    • etone

      June 17, 2011 at 2:06 am

      ဝေစား
      မျှစား
      ပေါင်းစား
      အလုံးရင်းနဲ့ စား အကုန်စားနေတာကြောင့် မမြင်ချင်ယောင်ဆောင်နေတာဖြစ်မယ်။

  • Gipsy

    June 16, 2011 at 5:01 pm

    ဒီအဖြစ်ပျက်တွေကတော့ ကြာလွန်းလို့ဆွေးမြေ့နေပါပီဗျာ…….
    ဆေးရုံမှာရှိတဲ့ တာဝန်ကျ ဒေါက်တာကိုကို..ဒေါက်တာမမ တွေကလဲ..မျက်နှာမွဲဆိုရင် လှည့်တောင်မကြည့်
    ချင်ကြဘူးလေဗျာ…….
    ဆေးရုံကိုသတင်းမေးစရာရှိလို့သွားမိရင်လဲ…စိတ်ဆင်းရဲစရာတွေနဲ့ပဲ ..ဆုံရတာပါပဲ…..
    ခရိုင်ဆေးရုံဆရာဝန်ကြီးက အစ အောက်ဝန်ထမ်းငယ် အဆုံး နည်းအမျိုးမျိုးနဲ့…စီးပါွးရှာနေကြတာပါ….

  • redbull

    June 16, 2011 at 5:16 pm

    ဆေးရုံအုပ်လား သူလဲပြောရဲဘူးလေဗျာ..
    သူတို့တွေက အဖွဲ့ဖွဲ့ထားကြတာကလား..
    ဟိုးအရင် ခရိုင်ဆရာဝန်ကြီးတစ်ယောက်က ကြည့်မကောင်းလို့ဝင်ပြောဘူးပါရဲ့…
    စုပေါင်းတိုက်ကွက်နဲ့ ပြသနာတွေနဲ့ရင်ဆိုင်ရပြီးအမြန်ဆုံး ပြောင်းပြေးသွားရရှာတယ်ဗျာ..
    ဦးသန်းဝင်း ဆိုသူကလဲ သွေးအလိုရှိသူလူနာရှင်တွေ သွေးလှုူသူတွေအပေါ်မှာ အပေါက်ဆိုးပါ့ဗျာ..
    သံတွဲရောက်စက စက်ဘီးလေးတောင်မစီးနိုင်ရှာတဲ့ သူက ခုတော့ တိုက်အိမ်တွေ၊ ဆေးရုံအသေးစား
    ( ဆေးခန်းကြီး) ၊စီးတဲ့ဆိုင်ကယ်ဆိုရင်လဲ ယိုးဒယား လိုင်စင်ဘီး Viva အမျိုးအစားမှ..
    စဉ်းစားသာကြည့်ပါတော့..

  • maungmoenyo

    June 17, 2011 at 12:49 am

    အထူးသဖြင့်နယ်ဆေးရုံတွေမှာ ဓါတ်ခွဲခန်း၊ သွေးလှူဒါန်းမှုဆိုင်ရာကိစ္စတွေမှာ၊ အကျင့်ဖေါက်ဖျက်တာရာစုတဝက်ကျော်လောက်ရှိနေပါပြီ။ ဝန်ထမ်းစည်းကမ်းဖေါက်ဖျက်မှု က ထိပ်ဆုံးကစတာမို့ ဆရာမနိုင်ကိစ္စဖြစ်နေပါတယ်။ ဆေးကုသရေးနဲ့ပါတ်သက်တဲ့ကိစ္စတွေမှာ အကျင့်ပျက်မှုတွေဟာ လူနာကိုထိခိုက်စေတာဝမ်းနဲစရာပါဘဲ။
    ဘယ်သူ့အပြစ်ရှိလဲ? ဘယ်သူ့တာဝန်လဲ?
    ဒီဒုက္ခတွေခံစားရသူတွေထဲမှာ ဆရာဝန်တွေရဲ့မိသားစုတောင်မကျန်တာ ယုံကြပါ။
    ဥိးတဲ့သူကဆော်တဲ့ခေတ်ကြီးဖြစ်နေပါတယ်။

  • Shwe Tike Soe

    June 17, 2011 at 5:16 am

    မန္တလေးဂေဇက်တွင်ဖေါ်ပြရန် မြန်မာပြည်၏ ဆေးလောက၊ ဆေးရုံ၊ဆေးခန်းများနှင့် ပါတ်သက်သော သတင်းဆောင်းပါးတပုဒ် ၂၂ဒေါ်လာနှင့်ဝယ်ယူလိုပါသည်။

    အဲဒီမှာ ဆောင်းပါရေးပေးလိုက်ပေါ့… ဆေးရုံးဆေးခန်းကတော့မပြောနေတော့ဘူး စိတ်ကုန်လို.

  • Endless

    June 17, 2011 at 7:20 am

    မန်းလေး ဆေးရုံကြီးမှာလည်း ကိုယ့် သွေးကို စစ်ဖို့ (A,B,C) ပိုက်ဆံပေးရပါတယ်….နေရာဒေသ ကွာရင် အနည်းနဲ့ အများနဲ့ တော့ ကွာခြားမှူ ရှိနိုင်ပါတယ်…. လှူလိုက်တဲ့ သွေးတိုင်း သုံးလို့ မရပါဘူး… ပိုက်ဆံ ပေးရတိုင်း အပြစ်တင်ဖို့ မဖြစ်နိုင်ပါဘူး … ကိုယ်တင်လိုက်တဲ့ ပိုစ့်က သတင်း အချက် အလက် အမှန်ပေါ်မှာ အခြေခံထားတာ ဖြစ်ဖို့ အရေးကြီးပါတယ်… ဦးသန်းဝင်းကိုလည်း မသိပါဘူး သူ့ဘာသာ ရိုးရိုးသားသား လုပ်စားပြီး ချမ်းသာနေတာလဲ ဖြစ်နိုင်ပါတယ်…… အဲဒီ့ သွေးစစ်တဲ့ ပိုက်ဆံ လောက်နဲ့ တော့ ကျွန်တော် မျှမျှတတ သုံးသပ်ကြည့်ရင် မဖြစ်နိုင်ဘူးပဲ ထင်ပါတယ်……. ဒါပေမယ့် ကိုယ် ကြောင့် တစ်ဖက်သားထိခို်က်တာမျိုး မဖြစ်သင့်ဘူးလို့ ထင်ပါတယ် …

Leave a Reply