မထသ လိုင်ကားများ ကားလိုပြောရအောင် မကိုက်ညီပါလား

ကိုမောင်June 16, 20111min20915

မနေကရန်ကုန်မှာမိုးအရမ်းရွာတာနှင်ကျနော်အိမ်ကကားကိုမယူဘဲတခါတလေပေါလိုင်းကားစီပြီးတရုပ်တန်းဖက်ကိုထွက်ခဲ့ပါတယ် ကျနော်အိမ်းကနေကားဂိတ်ကို၃မိနစ်လောက်လမ်းလျှောက်ရပါတယ် ဒါနဲမိုးကဖွဲဖွဲရွာနေပါတယ် သိတ်မစောင့်လိုက်ရပါဘူးလိုင်ကားရောက်လာပြီးတက်စီးလိုက်ပါတယ် မိုးကလဲအတော်သဲလာတောပါတယ်၎င်းလိုင်ကားမှာဂျပန်ကျအဟောင်းဖြစ်ပေမဲ့တော်လေးကိုအခြေမဲနေပါတယ် အဲဒီလိုမိုးသဲတောခရီသည်အမျိုးသမီတယောက်ကပြူတင်ပေါက်မှန်ချပေးပါလားပြောတော့ ယဉ်နောက်လိုက်ကမရပါဘူးပြောရင်းကျနော်ထိုင်နေတဲ အမိုးအပေါကလေထွက်ပေါက်ကနေမိုးရေယိုကျလာတောမသက်တာနဲကျနော်ထီးကိုဖွင်စောင်းရပါလေရောဗျာ။ဪကျနော်တိုခရီးသည်တွေကိုလူမထင်သေးရဲလားလိုတွေမိပါတယ်နောက်ပြီးထိုင်တွေကလဲမစုံကုန်ကုန်ပြောရရင်ယဉ်မောင်းနှင့်ယဉ်နောက်လိုက်တို့ကငပိငချဉ်သိတ်သလိုလူများများတင်နိုင်အောင်ဖြုတ်ထားသည်အတွက်ကားအင်ဂါရပ်နှင့်မတူးဘဲဘိန်လေးဘီးတပ်လှည်ကြီးပေါမှာကျနော်တို့ခရီးသည်တွေထိုင်ရပ်လိုက်ကြပါပေတောသည်၊ ၎င်းယဉ်ကိုတနှစ်တခါဘယ်လိုလိုင်စင်ဝင်သည်ကိုကျနော်သိချင်လိုက်ပါဘိ။ တာဝန်ရှိသည်မထသလူကြီးများလဲကြည်ကြပါအုံးလိုကိုတွေကားပေါမှာထီဆောင်ရခဲ့တဲကျနော်အဖြစ် အဲ ငပိ ဖြစ် ဘဝလေးပါ

အားလုံးငပိအဖြစ်မှာဝေးကွာကြပါစေ၊

15 comments

  • ဆူး

    June 16, 2011 at 3:44 pm

    ဘစ်ကား ပေါ်မှာ နေပူတဲ့ အခါ မိုးရွာတဲ့ အခါ ထီး ဆောင်းသွားတာ မြင်ဘူးပါတယ်။

  • redbull

    June 16, 2011 at 4:14 pm

    ဘဝအမောလေးတွေ အမြန်ဆုံးပြေပျောက် နိုင်ကြပါစေဗျာ..။

  • noob

    June 16, 2011 at 4:54 pm

    KIMURA ရေ စာကြောင် တွေက ညာဘက်ကို လျှမ်ထွက်နေတယ် ဂျ

  • naungnaung

    June 16, 2011 at 5:09 pm

    အင်း..တော်တော်ဆိုးနေပြီပဲ ဗျ…. ဟိုအရင်တုန်းက လို စစ်ကျန် ချက်ပလက် ဂီယာကို တုတ်ထောက်မောင်းတာ တွေ့ပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်က ဆင်းပြေး သလိုမျိုး ပြန်ဖြစ်အုံးမယ်… နောက်ပြီးတော့ တချို့ကားတွေ ဘရိတ်ဆီ အစား ချောင်းလျှော်ရည်(shampo)တွေကို ရေဖျော်ထည့်နေတာလည်း ကြာပြီ… 🙁

  • etone

    June 17, 2011 at 2:17 am

    ကိုယ်တော်ချောက အခုမှ လိုင်းကားစီးရတဲ့ ဒုက္ခကြုံဖူးတာမို့လား ကျုပ်တို့က ဒါမျိုး ကြုံနေတာ နေ့တိုင်း နီးပါးပဲ ။ ဒါတောင် ကားကြပ်တဲ့ ပြသနာ ၊ မှတ်တိုင်မှာ အကြာကြီး ရပ်တဲ့ပြသနာ ၊ ဘေးကလူက ချွေးစော်နံနေတဲ့ ပြသနာ၊ ဘေးကလူ မူးပြီး အန်တဲ့အခါ ကိုယ်နဲ့ မလွတ်တာတွေ ၊ ကလေးတွေနဲ့ ဗလုံးဗထွေးတက်လာတဲ့ မိသားစုတွေနဲ့ ကြုံရတဲ့ ပြသနာ ၊စပယ်ယာ အဟောက်ခံရတဲ့ ပြသနာ၊ အခွင့်ရေးယူတဲ့ လူတွေနဲ့ ကားအတူစီးမိတဲ့ ပြသနာ… ပြောရမယ်ဆိုလျှင်တောင် စုံစိနေတာပါပဲ … ။

    ဒါနဲ့ … စာလုံးပေါင်းတွေနည်းနည်းမှားနေတာနဲ့ အောက်ကမြစ်၊ ဝစ္စနှစ်လုံးပေါက်လေးတွေ ကျန်ခဲ့တယ်နော် ။

  • Shwe Tike Soe

    June 17, 2011 at 5:24 am

    အော် မအိတုံ က ဘစ်ကား experience တော်တော်ရှိပုံရတယ်
    လုပ်ပါအုံး အတွေအကြုံးလေး ပို.စ်တင်ပေးပါအုံး…

    • etone

      June 17, 2011 at 7:22 am

      အိပ်ယာထနောက်ကျတဲ့နေ့ ဖယ်ရီမမှီရင် လိုင်းကားစီးပြီး သွားရတာ…တလမှာ သုံးလေးရက်ပဲ ဖယ်ရီမှီတယ်လေ… ။ အထူးကား အမည်ခံ ကားတွေကလည်း စပေါ်ခါစတော့ ခုံအပြည့်ပဲ တင်တယ် ဘာညာနဲ့ နောက်ပိုင်း ငပိအိုးသိပ်သလို ကြပ်ပိတ်အောင်တင်တယ်… ။ မှတ်တိုင်မဟုတ်ပဲ ကားတားစီးလို့ကတော့ ဆယ့်ရှစ်နှစ်အရွယ်လောက် ငယ်ငယ်လေးတွေဆိုရပ်ပေးတယ်… ကျွန်မတို့လိုအရွယ်ဆို တင်ရမှာစိုးလို့ မောင်းပြေးတာပဲ … ။ အိပ်ယာထကလည်း နောက်ကျ ပိုသီဖတ်သီနဲ့ အတော် ဆိုးတယ်… ။ ထမင်းချိုင့်ဆွဲ …အိတ်ဆွဲပြီး ပြေးရတာ … ဒီအထဲ သုံးစားလို့ မရတဲ့ ဖုန်းကို စက်ရုံက အရေးတကြီးအလုပ်ကိစ္စပေါ်မှာစိုးလို့လေ အိတ်ထဲထည့်ထားရင် မမိလို့ ကိုင်ထားရသေးတယ်…… ကလေးများလို လည်ပင်းတောင် ချိတ်သွားချင်တယ် ပေါတောတောဖြစ်မှာစိုးလို့ … ။ စိတ်မကြည်တဲ့ အချိန်စပယ်ယာက လာဟောက်လျှင် အဲ့ဒီနေ့တော့ အကုသိုလ်ဝင်တာပဲ … သူတပြန်ကိုယ်တပြန် စကားကတော့ များရပြ ီ… အဲ့ဒီအချိန်ကားပေါ်မှာ အသိပါလာမလားလည်း မတွေးတော့ပဲ စပယ်ယာတွေ နာအောင်ကို ပြောတော့တာပဲ …။ ပြန်ဆင်းလျှင် ခြေထောက်ပါ ကြိတ်ပြီးသားပဲ … ။ ဘေးကလူ အိပ်ငိုက်တာက တမျိုးနဲ့ ဆိုးလွန်းပါတယ်… ။ အဲ့ဒီအချိန်နောင်တရတယ်…နောက်နေ့ ဖယ်ရီမှီအောင် သွားမယ်လို့ … ။ နောက်နေ့ကျတော့လည်း နောက်ကျမြဲ နောက်ကျတာပါပဲ… ။

      • etone

        June 17, 2011 at 7:30 am

        ကျမတို့ စက်ရုံသွားတဲ့လမ်းတဲ့ GTC ကလေးတွေ သွားတဲ့လမ်းက တူနေလို့ သူတို့ကလည်း လိုင်းကားစီးပါတယ်.. ။ နားမလည်နိုင်တာ ကျောင်းသား / သူ အတော်များများ မနက်စောစောမှာ ကြပ်သိပ်နေတဲ့ကားကို စီးပြီး ကျောင်းသွားတာပါပဲ… ဖယ်ရီစရိတ်ကပဲ ပိုကြီးလို့လား ဖယ်ရီမထားပေးတာလား မတွေးတတ်တော့ဘူး … ။

  • နွယ်ပင်

    June 17, 2011 at 5:40 am

    လိုင်းကားစီးရတဲ့ ဒုက္ခကတော့ နေစဉ်ကြုံနေရပါ ကားပေါ်မှာ ဒုက္ခရောက်တာကတစ်မျိုး ကားပေါ် မတက်ခင်
    အပြေးလေးကျင့် နေရတာကတစ်မျိုး အဟုတ်ပဲ ကားတွေက မှတ်တိုင်မှာ မရပ်ပဲကျော်ရပ်လို့ ပြေးရတဲ့ ဒုက္ခ ကျော်မရပ်ပဲ မှတ်တိုင်မရောက်ခင် ရပ်လို့ပြေးရတဲ့ ဒုက္ခ ဟူးးးးးးးးးးးး မလွယ်ပါဘူးနော် ….

  • စုံ စုံ

    June 17, 2011 at 6:22 am

    ဘတ်စ်ကားစီးရတဲ့အကြောင်းပြောရရင်
    ဝတ္ထုတိုတစ်ပုဒ်စာတောင်ရေးလို့ရနိုင်ပါရဲ့
    ဟိုနေ့ကဆိုမိုးတနေကုန်ရွာနေတယ်လေ
    မနက်ပိုင်းရုံးအလာကားမှတ်တိုင်မှာကားစောင့်နေတုန်း
    ဘေးကဘစ်ကားတစ်စီးဖြတ်မောင်းသွားလို့ယူနီဖောင်းမှာရွံတွေစင်ကုန်တယ်
    ဪ.အဲ့ဒိညနေဘဲရုံးကပြန်တော့လဲကားမှတ်တိုင်မှာကားရပ်စောင့်တုန်း
    ဘစ်ကားတစ်စီးထပ်ပြီးဖြတ်မောင်းသွားပြန်လို့ယူနီဖောင်းမှာရွံတွေ
    ထပ်စင်ပြန်တယ်
    အဲ့ဒိနေ့ကတော့စုံစုံတို့ကံမကောင်းတဲ့နေ့ပေါ့

    • king

      June 17, 2011 at 7:11 am

      စုံ စုံ နဲ့ မ မ က ကျောချင်းကပ် အမွှာလားမသိ
      😛 😀 🙂

  • စုံ စုံ

    June 17, 2011 at 7:21 am

    မဟုတ်ပါဘူး king ရဲ့
    စုံစုံက စုံစုံပါ
    မမက မမပါ
    ၂ယောက်ပေါင်းရင်တော့စုံမမစုံဖြစ်မှာပေါ့:D

  • online.hkk

    June 18, 2011 at 2:34 pm

    အခုတော့အဲလိုမဟုတ်တော့ပါဘူး ရန်ကုန်တမြို.လုံး
    အဆင့်မြင့် Air Con အထူးကားတွေပြေးဆွဲနေပါပြီ
    ရုံးတတ်ရုံးဆင်းချိန်ကလွဲရင် ကျန်တဲ့အချိန်ခုံအပြည့်ပဲ
    တယ်တယ်

    • online.hkk

      June 18, 2011 at 2:38 pm

      အခုတော့အဲလိုမဟုတ်တော့ပါဘူး ရန်ကုန်တမြို.လုံး
      အဆင့်မြင့် Air Con အထူးကားတွေပြေးဆွဲနေပါပြီ
      ရုံးတတ်ရုံးဆင်းချိန်ကလွဲရင် ကျန်တဲ့အချိန်ခုံအပြည့်ပဲ
      တင်တယ်

Leave a Reply