မန်းလေးပိုလှလာအောင်

unclegyi1974June 17, 20111min714

ကျွန်တော် မန်းလေးရောက်တော့၁၉၇၅
ဘယ်သွားသွားစက်ဘီးလေးနဲ့လျှောက်သွားရတာ
အလုပ်သွားလည်းစက်ဘီး အလုပ်ပြန်လည်းစက်ဘီး
ဥပုဒ်ပိတ်ရက်လျှောက်လည်းချင်လည်းစက်ဘီး
မန်းလေးတောင် နန်းတွင်းရေကူးကန် ဘီအီးရေကူးကန်
ဘယ်သွားချင်လည်းစက်ဘီး
ကားကလည်းနည်း ဆိုင်ကယ်ကလည်းပေါ်ကာစ
ဘီအက်စ်အေ ဂျာဝါးဆိုင်ကယ်တွေပြောတာမဟုတ်ဖူးနော်
ဂျပန်ဆိုင်ကယ်တွေပြောတာ ဆို်င်ကယ်စီးသူကလည်းနည်း
ယာဉ်ထိန်းကလည်းနည်း နည်းဆို၂ဝ ၃ဝလောက်ရှိမှတ်ပါတယ်
ဘယ်သွားသွားစက်ဘီးဆိုတော့ယာဉ်ထိန်းနဲ့ကလည်းပတ်သက်စရာမရှိ

၁၉၉ဝလောက်ရောက်တော့ဆိုင်ကယ်ကတော်တော်များလာပြီ
များလာပြီဆိုသော်လည်းယခုခေတ်များသလိုတော့များဖူးပေါ့လေ
ကိုယ်လည်းဆိုင်ကယ်စီးနေပြီ လိုင်စင်မေ့ကျန်ခဲ့ရင်ယာဉ်ထိန်းနဲ့စကား
ပြောနေရပြီ မပြေလည်ရင်ဒါဏ်ငွေဆောင်နေရပြိ တမှု ၅၀ဝ မှတ်ပါတယ်

ဟောသားတို့ခေတ်ရောက်ပါပြီ ၂၀၁၀
ဝင်လာလိုက်တဲ့တရုပ်ဆိုင်ကယ်တွေ လိုင်စင်မဲ့တွေ တောလမ်းကဆင်းလာ
ကုန်ကားကြီးတွေထဲစောင်ခြုံပြီးဝင်လာ တောကောမြို့ကောစီးလိုက်ကြတဲ့
ဆိုင်ကယ် ဟိုးအရင်ကျွန်တော်မန်းလေးရောက်စ စက်ဘီးအားကိုး
နေရတဲ့မန်းလေး အခုတော့လည်းစက်ဘီးတောင်စီးသူနဲပြီး
အိမ်တိုင်းလိုလိုဆိုင်ကယ်နဲ့ဖြစ်ကုန်ပါလေရော တိုးတက်ခြင်းလို့ပြောမလား

ဆို်င်ကယ်တွေပေါ ကားတွေပေါနဲ့မန်းလေးမြို့ကြီးစည်ကားလာလိုက်တာ
နေ့ချင်းညချင်း ယာဉ်ထိန်းတွေလည်းထိန်းလို့မနိုင် အင်အားတွေတိုးလိုက်တာ
ရာကျော်တွေဖြစ် စည်းမဲ့ဆိုင်ကယ်တွေယာဉ်တွေစီမံချက်နဲ့အဖွဲ့လိုက်
ရှောင်တခင်စစ်ဆေးမှုတွေလုပ် ဒါဏ်ငွေတွေရိုက်နဲ့စည်းကမ်းထမ်းသိမ်း
ရေးတွေလုပ်ရတာအမော ရလိုက်တဲ့ဒါဏ်ငွေတွေလည်းအများကြီး
တယကစီမံချက်ဆိုပြီး ဖမ်းမိရင်ဒါဏ်ငွေ၁၁၅၀ဝ ဆောင်စေ
၁၀၀၀ဝ က တယက ရံပုံငွေတဲ့ ဒါလည်း ဆိုင်ကယ်စီးရင်ဦးထုပ်
မဆောင်းတဲ့သူတွေကအများကြီး

စီမံချက်နဲ့ဖမ်းတာများလာတော့အဖမ်းများတဲ့နေရာတွေအနားမှာ
စီးပွားရေးမျက်စိရှိသူတွေက
ဆိုင်ကယ်ဦးထုပ်ဆိုင်တွေဖွင့်လာလိုက်တာအတော်စီးပွားရေးဖြစ်ကုန်ကြပါရောစစ်ဆေးရေးရှိရင်ဦးထုပ်မပါတဲ့ကလေးတွေက၁၅၀ဝ တန် လောက်
မြန်မာဖြစ်ပေါပေါပဲပဲဦးထုပ်ကလေးတွေဝယ်ဆောင်းလို်က်ကြပါရော
ဒါဏ်ဆောင်ရတာထက်အများကြီး သက်သာတယ်မဟုတ်လား
ဦးထုပ်ခိုင်တာမခိုင်တာ အန္ဒရာယ်ကင်းတာမကင်းတာနောက်

ဟော အခုတိုင်းဒေသကြီးတွေလည်းဖြစ်ကုန်ရော
စစ်ဆေးရေးတွေလည်းစစ်တာပါပဲ
ဖမ်းမိတာတွေလည်းဒါဏ်ဆောင်ရတာပါပဲ
သို့သော် ဆောင်ရတဲ့ဒါဏ်ငွေကကွာခြားသွားပါရော
တု်ိင်းဒေသကြီးမဖြစ်ခင်ကကောက်ခဲ့တဲ့ တယက ရံပုံငွေဆိုတာပျောက်
ဒါဏ်ကြေးသီးသန့် ၁၅၀ဝ ပါတဲ့
ဘယ်လောက်ကောင်းလိုက်ပါသလဲ
ဆိုင်ကယ်စီးတဲ့သူတွေဝမ်းသာလိုက်ကြတဲ့ဖြစ်ခြင်း

ဝမ်းမသာနိုင်သူတွေရှိလာပြန်ပါရော
ဘယ်သူတွေလည်းမမေးနဲ့လေ
ဆိုင်ကယ်ဦးထုပ်ရောင်းတဲ့ဆိုင်တွေလေ
ဦးထုပ်ကလည်း ၁၅၀ဝ အိမ်မှာလည်းပုံနေပြီ
မဝယ်တော့ဖူး ဒါဏ်ငွေ ၁၅၀ဝ ပဲဆောင်တော့မယ်

၁ဝတန်းအောင်ရင်တက္ကသိုလ်ဆက်တက်ရတာကိုး
မန်းလေးမှာကပြောခဲ့သလိုဆိုင်ကယ်ကတအိမ်တစီးလောက်ရှိနေတော့
ကျောင်းသားတွေကျောင်းသွားရင်ဆိုင်ကယ်နဲ့ပဲသွားကြတာပါပဲ
ခက်တာက အခုခေတ်ကျောက်သားတွေ
၁ဝ တန်းအောင်ပါရဲ့အသက်က ၁၆ နှစ်
ယာဉ်မောင်းလိုင်စင် ဥပဒေအရလို်င်စင်လုပ်လို့မရ
ကျောင်းသွားတော့ဆိုင်ကယ်နဲ့သွား
ယာဉ်ထိန်းနဲ့တွေ့တော့ဆောင်ပေတော့ဒါဏ်ငွေ

တင်ပြခဲ့သလိုကျောင်းသားတွေရဲ့အခက်အခဲကလည်းရှိပြန်
အသက်ကလည်းမပြည့် ၁၆ နှစ်
၁ဝ တန်းအောင်တဲ့အသက်တွေကအများစုက ၁၆နှစ် ပြင်လို့မရ
ဒီတော့ပြင်လို့ရတဲ့ ကညန ဥပဒေကိုနဲနဲလောက်အကြံပေးရရင်
၁၆ နှစ်ဆိုဆိုင်ကယ်လိုင်စင်လုပ်လို့ရစေ
၁၈ နှစ်ပြည့်မှယာဉ်မောင်းလိုင်စင်လုပ်လို့ရစေ
အဲဒါဆိုကျောင်းသားတွေလည်းလိုင်စင်မရှိလို့ဒါဏ်ကြေးဆောင်နေရတဲ့
ဒုက္ခကလွတ် လိုင်စင်ကိုလည်းစံနစ်တကျထုတ်ပေး ယာဉ်စည်းကမ်း
လမ်းစည်းကမ်းတွေလည်းစံနစ်တကျသင်ပေး ဆိုယာဉ်တိုက်မှုတွေလည်း
လျော့နည်းလာမလားလို့တွေးမိပါတယ်

၁၆နှစ်သားကျောင်းသားတွေကိုလိုင်စင်နဲ့တရားဝင်မောင်းနှင်ခွင့်ပေးသလို
ဦးထုပ်မဆောင်းတဲ့သူတွေ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာသူတွေကို
လည်းဥပဒေအရပြတ်ပြတ်သားသားအရေး
ယူမှုတွေလည်းလုပ်ဆောင်သင့်ပါပြီ
ဆေးရုံကြီးကိုရောက်လာတဲ့ယာဉ်တိုက်မှုတွေမှာအများဆုံးထိခိုက်ဒါဏ်ရာ
ရလာတာဦးခေါင်းပိုင်းပါ ဆိုင်ကယ်စီးရင်းဦးထုပ်မဆောင်တဲ့
ရလဒ်တွေပါ ကားမောင်းသူ ဆိုင်ကယ်စီးသူ လမ်းပေါ်လမ်းလျှောက်သူ
ကိုယ်စီကိုုယ်စီ စည်းကမ်းကလေးတွေရှိကြမယ်ဆိုရင်ဖြင့်
ယာဉ်တိုက်မှုတွေလည်းလျော့နည်း ထိခို်က်ဒါဏ်ရာရသူတွေလည်း
လျော့နည်းပြီး မန်းလေးမြို့ကြီးလည်းပိုပြီးလှပလာမယ်လို့ယုံကြည်ကြောင်း
ပါခင်ဗျာ

4 comments

  • parlayar46

    June 17, 2011 at 5:03 pm

    ဒီရွာထဲမတော့ မန္တလေးသား အတော်များသားပဲ
    ကျုပ်လဲပဲ ကိုယ့်ကိုယ်ကို မန္တလေးသားလို့ထင်သွားမိအောင်ကို မန္တလေးမှာ အနေကြာခဲ့ဘူးတယ်။
    အခုနောက်ပိုင်းမှာ ပြန်သွားလည်ချင်ပေမယ့် အချိန်စီစဉ်လို့မရတာရယ် အသက်ကြီးလို့ ကပ်စီးကုပ်လာပြီး ခရီးစရိတ် စဉ်းစားနေတာ ရယ်ကြောင့်ကို မသွားဖြစ်သေးဘူး။ တခါတရံ ကိုပေါက် (မန္တလေး) တင်တဲ့ ဓါတ်ပုံလေးတွေများ ကြည့်ရရင် စိတ်ထဲ မရိုးမရွနဲ့။

    အပေါ်ကဟာက ရောဂါဟောင်းထတာပါ။ ကွန်မင့်က အခုမှစမှာ..။
    တကယ်အရွယ်ရောက်တဲ့ လူငယ်များဟာ အသက်၁၅ နှစ်လောက်ဆို ဆိုင်ကယ်လောက် မောင်း(စီး)ဘို့ လောက်တော့ ကောင်းကောင်းအဆင်သင့်ဖြစ်ပါပြီ။ ပြီးတော့ ဥပဒေကခွင့်ပြုပြုမပြုပြု ဆိုင်ကယ်စီးမှာပါပဲ။

    ပြောချင်တာက ၁၈ နှစ်ပြည့်ပြီးမှ ယာဉ်မောင်းလိုင်စင်ယူပြီးမှ ဆိုင်ကယ်စီးရမယ် ဆိုတဲ့ဥပဒေဟာ (သူ့ဟာသူကောင်းကောင်း မကောင်းကောင်း) ဒီနိုင်ငံမှာ လူမလိုက်နာတဲ့ ဥပဒေဖြစ်နေပါပြီ။

    ဆိုင်ကယ်စီးတာလောက်ကို အသက်ပြည့်အောင်စောင့်ရရင် မတော် နိုင်ငံကြီး တဟုန်ထိုးတိုးတက်သွားလို့ အာကာသလွန်းပျံယာဉ် မောင်းဘို့ကြုံလာရင် ဘယ်အထိစောင့်ရမှာလဲ။
    (ဒါကတော့ သက်သက်ဘုတောတာပါ)

  • windtalker

    June 17, 2011 at 5:41 pm

    ကျွန်တော် ဆိုင်ကယ် စ စီးတုန်းက အသက် က ၁၆ နှစ် ကျော်ကျော် ။ မော်တော်ပီကယ် ဖမ်းခံ ရလို ့ယာဉ်ထိန်းရုံး ကို ဒဏ်ငွေ သွားဆောင်တော့ မိဘ ခေါ ်လာပါဆို လို ့ အမေ ကို ပြန်ခေါ ်ရတယ် ဗျာ ။ တရားသူကြီး မက ကိုယ့်ကလေး ကို နိုင်အောင် မထိန်းဘူးလား လို ့အမေ့ ကို တစွတ်စွတ် မေးလို ့ဒေါသ ဖြစ်လိုက်ရတာ ကိုးဗျာ ။ နောက်တစ်ခါ ကြ ကညန မှာ ။ ဆိုင်ကယ် သက်တမ်း ကုန် သွားလို ့သက်တမ်းသွားတိုး တော့ နာမည်ပေါက် ဖောက်ရမယ်တဲ့ ။ ဒါနဲ ့ဖောက်မယ် လုပ်တော့ အသက် ၁၈ နှစ် မပြည့်သေးပဲ နာမည် ပေါက် ဖောက်မယ် ဆိုရင် မိဘ သဘောတူညီချက် ပါရမယ် ဆိုလို ့အမေ့ကို ပြန်ခေါ ် ၊ လက်မှတ်ထိုးခိုင်းရတယ် ။ အရင်တုန်းက ဆိုင်ကယ် ကား နဲတုန်းက မန်းတလေး မှာ ဘယ်သူ က ဘာစီးတယ် ဆိုတာ မျက်မှန်းတမ်း မိကြတော့ မဟုတ်တာ သိပ်မလုပ်ရဲ ကြဘူး ။ အခု ဆိုင်ကယ်တွေ ပေါများလာ တာ ကောင်းပါတယ် ။ သို ့သော် လိုင်စင်မဲ့ ဆိုင်ကယ် များ ကို မနေ ့တစ်နေ ့က မှ အမွေရလို ့ချဲပေါက် လို ့ထမောင်းတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားမလည်သူ အနည်းငယ် ကြောင့် မန်းတလေး မြို ့သူ မြို ့သားများ အနေ နဲ ့လမ်းထွက်ရင် ဘုရားတ နေရာတာတော့ အမှန်ပါပဲ ဗျို ့။

  • Shwe Tike Soe

    June 18, 2011 at 2:30 am

    ဟုတ်ပဗျာ မန္တလေးမှာ ဆိုုင်ကယ်တွေများလာလိုက်တာ အရမ်းလဲအဆင်ပြေသလိုအရမ်းလဲအန္တရာယ်များလာတယ်
    ကျွန်တော်တို.ကျောင်းတက်တုန်းက ဒဏ်ငွေက ၁၀၅၀ဝ နဲနဲ ကိုကြီးကလည်းဘာဖြစ်တယ်ညာဖြစ်တယ် ကျွန်တော်တို.က ကျောင်းသာ တတ်နိုင်ဘူးဘာညာလုပ်လိုက်တော့ ၅၀၀၀၊၃၀၀ဝ လောက်နဲ.အိုကေသွားရော…
    အဲဒီ မော်တော်ပီကယ်တွေနဲ. စိန်ပြေးလိုက်တမ်းဆော့တာ … မန္တလေးက မြို.သူမြို.သားတွေကလဲ မော်တော်ပီကယ်ဆို တော်တော်ချစ်ကြတာ… ရှေ.တစ်ပြ လောက်မှာ ဆပ်ပလိုင်းချက် ရှိလို.ကတော့ လမ်းဘေးက ပြောင်းဖူးရောင်းတဲ့ ခေါင်းရွက်ဈေးသယ်က စ ရှေ.မှဖမ်းနေတယ်ဖမ်းနေတယ်ဆိုပြီး အော်နေတော့တာပဲ အဲလိုဆိုလို.ကတော့ ပြန်လှည့်ပေတော့
    မလှည့်လို.ကတော့ သွားပြီးကျောင်းမုန်.ဖိုး… အခုတော့ ဒဏ်ငွေနဲသွားတော့ ဖောက်လိုက်ကျမဲစည်းကမ်း ဟဟဟ..
    ပြောနေရင်းတောင် ပြန်ချင်လာပြီး အဟင့်ဟင့်

  • ဒဏ်ငွေနည်းလည်းစည်းကမ်းဖောက်တာဘဲ။
    များလည်းဖောက်တာဘဲ။
    ဦးထုပ်မဆောင်း
    လူလေးယောက်တင်
    လမ်းပြောင်းပြဝင်
    အချက်မပြဘဲကွေ့။
    မျဥ်းဖြူးတာထားလဲ ကွေ့ ဆိုတာတွေကအမြဲ့ထာဝရတွေ့နေရတာပါ
    ယာဉ်သာမောင်းနေတာ စည်းကမ်းက နကန်းတစ်လုံးမှနားမလည်တာဗျာ။

    လူတွေက စည်းကမ်းမရှိတာကို ဗျ။
    လိုင်စင်ရှိရှိ မရှိရှိ မောင်းကြတာပါဘဲ။
    မန်းလေးပိုလှလာအောင် မန်းလေးမှာနေသူအားလုံးက စည်းကမ်းတကျရှိမှလှလာမယ်ထင်ပါရဲ့။

Leave a Reply