ယနေ့ခေတ်မင်္ဂလာပွဲသို့တခေါက်

fattyJune 16, 20111min12412

ကဲ ဒီပိုစ်တင်တာ ၅ ခါရှိသွားပြီ ……..
ဓါတ်ပုံမှာတစ်နေတာ ..။
တလောကပါ မင်္ဂလာပွဲ တခုရောက်သွားလို့
အဲဒီပွဲမျိုး မရောက်တာ နှစ်နဲ့ချီနေပြီ
ထု့းစံအတိုင်း ပွဲမထွက်ခင် ထိုင်နေတုန်း စားပွဲနားကို ရေနွေးငွေ့ ထောင်းထောင်းထနေတဲ့ပုံးကြီးလာချတယ်။
တခါမှမတွေ့ဘူးဘူးလေ။
နောက်ပြီး အထုတ်တစ်ထုတ်လာချတယ်။ ကျနော်နဲနဲတော့လန့်ပြီ။

လူကြီးတွေလဲတက်တာကိုး … မတော်ဗုံး များဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ ကျနော်ခေါ်မေးရတယ်။
အဲဒါမီးခိုးလွှတ်ဖို့ပါတဲ့။ ဟိုတုန်းကတော့ stage show တွေမှာဘဲ လွှတ်တာလေ။

ဓာတ်ပုံကြိုးစားပြိးတင်ကြည့်မယ် ၅ ခါရှိပြီနော် ….။

ကျနော် ဒီရောက်တုန်း ဟိုတယ်ထဲက ပန်းချီကားတွေ .. အလှအပတွေတင်မလို့ပါ ဒါပေမဲ့သိပ်ခက်တယ် နောက်မှ တင်ပါအုံးမယ်။

12 comments

  • ဆူး

    June 16, 2011 at 5:13 pm

    အခင်းအကျင်းက အဲဒါ စီဒိုးနား ဖြစ်လိမ့်မယ်။

  • parlayar46

    June 16, 2011 at 5:56 pm

    နံရံတွေ မျက်နှာကျက်တွေကတော့ ဆီဒိုးနားနဲ့ သိပ်မတူသလိုပဲ။ မရောက်တာလဲကြာပါပြီ။

    မင်္ဂလာဆောင်တွေမှာ အဲသလိုအငွေ့တွေလွှတ်တာ ဘာသဘောလဲမသိဘူးနော်။
    ပြီးတော့ အဲဒါတွေရှုမိရင် ဘာမှမဖြစ်ဘူးလား ? အဲဒါ ကာဗွန်ဒိုင်အောက်ဆိုက် တွေပဲမဟုတ်လား။

  • လင်းငယ်

    June 16, 2011 at 6:22 pm

    ကြည့်နေရင်းနဲ့တောင် နှာမွှန်ချင်သလို ဖြစ်လာတယ်။

  • bigcat

    June 16, 2011 at 11:20 pm

    ခြင်ကိုက်မှာ စိုးလို့နေမှာပေါ့…. 😎

  • fatty

    June 17, 2011 at 2:05 am

    တယ်ကျွမ်းပါလား ….. စီဒိုးနားမှာ …။
    ကျနော်လဲအဲလိုထင်တာ ခြင်ကိုက်မှာစိုးလို့ ..လို့
    ဒါပေမဲ့ သူတို့ပြောတယ် အောက်ပိုင်းမီးခိုးလွှတ်တော့ ဖိနပ်မမြင်ရတော့ဘူး .. ဖိနပ်ဖိုးသက်သာအောင်
    လုပ်ပေးတာတဲ့ …။ နောက်ဆို အပေါ်ပိုင်းတွေပါလွှတ်မယ် .. အကျင်္ ီ လုံချည် .. အဝတ်အစားဖိုးတွေ
    လဲသက်သာမယ် … သတိုးသားသူတို့သမီး ပါမမြင်ရင် ခင်စန်းဝင်းတို့ စီးပွါးရေး .. ပြဿနာဘဲ။

  • etone

    June 17, 2011 at 2:59 am

    အရင်က အဲ့ဒီလို မဟုတ်ဘူး … အ ခုနောက်ပိုင်းမင်္ဂလာဆောင်တွေမှာ မီးခိုးတွေ လွှတ်ပေးတယ်… ။
    ကျမညီမလေး မင်္ဂလာဆောင်တုန်းကပေါ့ …သူက အနံကြီးကွင်းကျယ်လေ…အ ခုမှ ဆရာဝန်ဖြစ်ခါစမို့ နည်းနည်းလည်း ဘဝင်မြင့်နေပါတယ်… မပြည့်တဲ့ အိုးဘောင်ပင်ခတ်တာပါ ….. ရတဲ့ ယောကျာ်းကလည်း ဘယ်ကုမ္ပဏီက ဘာဆိုလားပဲ … ဖိနပ်တောင် နိုင်ငံခြားက ကိုယ်တိုင်းနဲ့ ကြိုပြီး အော်ဒါမှာရတာတဲ့ ….. ။ ဝတ်စုံဆိုလျှင်တောင် ဘယ်နှစ်သိန်းဆိုလားပဲ …. ကြွားတာလည်းပါချင်ပါမှာပေါ့ … ။မင်္ဂလာဆောင် လုပ်တဲ့နေ့က အစစအရာရာ အဆင်ပြေပေမဲ့ လျှောက်လမ်းကနေ ပွဲထွက်တော့မီးခိုးတွေ မှုတ်ပြီး မီးရောင်စုံထွန်းတာ အတော်တော့ လှတယ် … ဝူခုံးကားထဲက နတ်ပြည်ရောက်နေသလိုလိုပဲ 😛 ခက်တာက သူနိုင်ငံခြားက အော်ဒါမှာထားတဲ့ ဖိနပ်နဲ့ သူ့ရဲ့ ထိုင်မသိမ်းရေသီနားကို ဘယ်လို ဒီဇိုင်းဖော်ချုပ်ထားတဲ့ နေရာက မီးခိုးတွေ ဖုံးနေတာနဲ့ ဗွီဒီယိုထဲမှာရော… ဓါတ်ပုံမှာပါ မပေါ်လိုက်ပါဘူး .. ထို့အတူ… မီးခိုးကြားထဲမှာ ပွဲလာတဲ့ဘယ်ဧည့်သည်ကမှ သူ့ ဟာတွေကို သတိမထားလိုက်မိပါဘူးတဲ့လေ… ။

  • cobra

    June 17, 2011 at 8:19 am

    အဲဒီအငွေ့တွေကပါးစပ်ထဲဝင်ရင်ဘယ်လိုကြီးလဲမသိဘူး။
    ခါးသလိုလိုနဲ့..။

  • esz88

    June 17, 2011 at 10:01 am

    အားကျလို့တင်ထားတာ ဖြစ်မယ်။ အားကျရင် မင်္ဂလာဆောင်ရင် ငါကိုဖိတ်လေ ။ ကားအိပ်ဇော က မီးခိုးတွေ့ လွတ်ပေးမယ် ။ လှသွားအောင်လို့

  • နီလေး

    June 17, 2011 at 10:34 am

    ခြင်ကိုက်မှာစိုးလို့နေမှာ မီးခိုးလွတ်တာက ဒါမှမဟုတ် ဖြုတ်ကိုက်လို့ပဲနေမယ် ဒါမှမဟုတ် အစားအစာတွေကို အပြိုင်ခိုးစားလို့ရအောင်လား ဒါမှ အစားပုတ်တာသူများမသိမှာလေ

  • akswe

    June 17, 2011 at 10:36 am

    ွအဲဒီ မီးခိုး ငွေ့တွေကို ရေခဲခြောက် ( dry ice) ကနေလုပ်တာပါ။ CO2 ကာဗွန်ဒိုင် အောက်ဆိုဒ် ကို ခဲအောင်လုပ်ထား ပြီး
    ရေနွေး ပူထဲကို ထည်.လိုက်ရင် ဒီလို အခိုးအငွေ့တွေ ထွက်လာပါတယ်။

  • ဆူး

    June 17, 2011 at 2:44 pm

    စီဒိုးနား က အစားအသောက် ဟင်းပွဲတွေက စပ်တယ် အငန် နည်းနည်း စူးတယ်။
    နောက်ဆုံး ရေခဲမုန့်နဲ့ ဝေဖာ လာရင် ဝေဖာ က တော့ စားကောင်းတယ် ရေခဲမုန့်က အရသာ ပေါ့တယ်။

  • naywoonni

    June 17, 2011 at 2:52 pm

    ဘယ်လိုပဲမင်္ဂလာဆောင်ဆောင် ဒါဟာ ဒါပါပဲ နော်…။ လူကြားကောင်းအောင် မင်္ဂလာဆောင်တယ်ပြောတာပါ…။ တစ်ကယ်က………. ဟင်းးးးးး သိကြတဲ့ အတိုင်း………….

Leave a Reply