လာမဲ့ စနေနဲ့ တနင်္ဂနွေ နေ့တွေမှာ ဖက်တီး city mart မှာရှိမယ်

fattyJune 17, 20111min21647

စနေ တနင်္ဂနွေတိုင်း မြေနီကုန်း city Mart ကော်ဖီဆိုင်မှာ ထိုင်နေကြပါ။
၁၂ နာရီ ခွဲကစပြီးရှိမယ် … ကြုံရင်ဝင်ခဲ့ကြပေါ့ … ဖောရအောင် ..။
အဲ … ထမင်းလေးဘာလေးစားပြီးမှလာနော် … ကော်ဖီဘဲတိုက်နိုင်မှာ။

47 comments

  • bigcat

    June 17, 2011 at 2:47 am

    ဇယားလေးတွေပါ ခေါ်ထားပေးမလား…..

  • fatty

    June 17, 2011 at 3:15 am

    ထစ်ကနဲဆို အတော်အထာပေါက်တာဘဲကိုး …..
    နောက်တာထင်နေပါအုံးမယ် …..
    ဖက်တီးမှန်းသိအောင်ရှေ့မှာ ခွက်ကလေးချထားမယ် … အဲ ကင်မရာအိတ်ပြောတာပါ။

  • လုပ်ပြန်ပြီ.. တစ်ကယ်ရှိရင် မရောက်ရောက်အောင်လာမှာနော်
    ဒါနဲ့ မြေနီကုန်း City Mart မှာ ကော်ဖီဆိုင်ထိုင်တာ ဘယ်ဆိုင်တုန်းဗျ?
    နောက်ပြီး ဘယ်လိုရှာရမှာတုန်း? သေသေချာချာပြောပါဦး.. လူမချောင်းချင်တော့လို့

  • fatty

    June 17, 2011 at 3:21 am

    ကိုယ့်လူက ချောင်းကောင်းတုန်းကိုး … ကျနော်တို့ကတွေ့တောင်ပြိးနေပြီ
    ကော်ဖီဆိုင်က တဆိုင်ဘဲရှိပါတယ်။ လာသာလာခဲ့ပါ။

  • etone

    June 17, 2011 at 4:12 am

    လူစိမ်း ။ ။ ဦးဖက်တီးဆိုတာလား ။
    ဦးဖက် ။ ။ ဟုတ်ပါတယ်… ကျွန်တော်ပါပဲ .. ။
    လူစိမ်း ။ ။ ကျွန်တော်တို့ နဲ့ ခဏလိုက်ခဲ့ပါ … ။
    ဦးဖက် ။ ။ ဘယ်ကိုလည်း ခင်ဗျားက ရွာထဲကလား … ။
    လူစိမ်း ။ ။ ဟုတ်ပါတယ် ကျွန်တော်လဲ ရွာထဲကပါပဲ .. . ကျွန်တော်တယောက်ထဲမဟုတ်ပါဘူး …. ဟိုမှာ ရွာထဲက တခြား လူတွေလည်း ပါပါတယ် .. ကားပေါ်မှာပါ လိုက်ခဲ့ပါ… ။
    ဦးဖက် ။ ။ ကျွန်တော်သိပ်မအားဘူး ဗျ အချိန်မရလို့ … ။
    လူစိမ်း ။ ။ မကြာပါဘူး အန်ကယ်ကြီးရဲ့ … အလွန်ဆုံ းနှစ်ရက်လောက်ပေါ့ … 😛 😛

    • Yin Nyine Nway

      June 17, 2011 at 1:56 pm

      မိုက်တယ်ဟေ့…
      ပေါက်ပေါက်ရှာရှာ စဉ်းစားဖို့ဆို အိတုံ ကတတ်တယ်

  • windtalker

    June 17, 2011 at 4:30 am

    အရင်တုန်းက မြန်မာ့ အသံ မှာ ကွမ်းသီး ရယ် ကျော်သက် ရယ် ချစ်ချစ်အတွက် စလင်းဘတ် ဆိုတဲ့ ဇါတ်လမ်းတို လေး တစ်ပုဒ် လွှင့်ဖူးတယ် ။ မင်းသမီးအသစ် တစ်ယောက်ပါသေးတယ် ၊ နာမည် မမှတ်မိတော့ပါ ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး ဇါတ်လမ်းလေး ပါ ။ လူကူး မျဉ်းကျား က ဖြတ်ကူးကြဖို ့ပညာပေး ဇါတ်လမ်းလေး ထဲ မှာ လူကူး မျဉ်းကျား က မကူးတဲ့ ကွမ်းသီး ကို မော်တော်ပီကယ် တွေ က ” ညီလေး ကားပေါ ်တက် ” လို ့ဆိုလိုက်တော့ ” အကိုကြီး ၊ ညီလေး ကားမစီးချင်သေးဘူး ခင်ဗျ ” တဲ့ ။

    • nature

      June 19, 2011 at 10:36 am

      မိုက်တယ်နော်၊ ကားကိုမဝယ်ပဲစီးရတယ်။ ဒရိုင်ဘာတောင်အဆစ်ပါသေးတယ်။ 🙂

  • Shwe Tike Soe

    June 17, 2011 at 4:59 am

    အဲဒီ City Mart ကို မသွားတာကြာပြီ
    အဲဒီသွားရင် ဘယ်လောက်လျော့ဝယ်ဝယ် တစ်သောင်းအောက်မရောက်လို. ဟိဟိ…

  • fatty

    June 17, 2011 at 5:28 am

    မကြောက်ပါနဲ့ … လာသာလာခဲ့ပါ ဖက်တီးတို့က မပိုင်ရင် မလုပ်ဘူး … ဒါဆိုသဘောပေါက်။
    ကြောက်မွှေးပါရင် ဇာဂနာနဲ့နှုတ်ခဲ့ …အဲ လောလောဆယ် သူတော့မရှိဘူး ..။

    ကျနော်ထိုင်နေကြမို့ပါ ။ ဘယ်သူလာလာ မလာလာ ကျနော်က အဲဒီအချိန်ဆိုထိုင်ပြီး
    ဈေးလာဝယ်တဲ့ကောင်မလေးတွေကို ရှိုးနေကျ။

    • nature

      June 19, 2011 at 9:00 am

      ဇာဂနာရှိမှနှုတ်ပြီးလာခဲ့မယ်နော်၊ ခုတော့ဇာဂနာရှာနေတုန်းနို့ခဏစောင့်….။

    • nature

      June 19, 2011 at 10:24 am

      ကျနော်က ကြောက်ကြောက်နဲ့ နေရတာပါ၊ ချမ်းသာပေးပါ(ထီထိုးပါ)။ 🙂

  • cobra

    June 17, 2011 at 7:44 am

    ကိုဖက်တီးဂွင်ကမိုက်လှချည်လား…။
    မြေနီကုန်းcitymart ဆိုတော့ကောင်မလေးတွေကလန်းတယ်…။
    ကိုကြောင်ကြီးပြောတာလည်းကောင်းတယ်
    ခေါ်ထားပေးပါလား..။

  • king

    June 17, 2011 at 8:04 am

    ကိုဖက်ကို အပျိုဖက်လို့
    အကူအညီလိုရင် ဖောနော အဲ ပြောနော်ဗျ
    😛

  • fatty

    June 17, 2011 at 8:15 am

    အကူအညီကတော့လိုတယ်ဗျ …..။
    ကျနော့ကို တုံမမ ကားတင်ပြေးဖို့ကြိုးစားနေတယ် …..
    ကူကြပါအုံး ………..။

    • etone

      June 17, 2011 at 9:24 am

      ဒါပေါ့ … အကြံကောင်းရင်တချက်လေ …။ ပြီးမှ ဒယ်ဒီဖက်ရဲ့ သားလေးကို လူလာရွေးခိုင်းရမယ်… ။ 😛 😛 ။

      • king

        June 17, 2011 at 11:12 am

        သူ့မှာသားရှိဝူး
        သမီးပဲ ရှိတယ်
        အဲ သမက်တော့ ရှိတယ်
        ဘယ်သူလဲ မှန်းကြည့်ကြနော် ….
        😛

      • nature

        June 19, 2011 at 10:40 am

        ရွာထဲမှာဆိုမာလီကပင်လယ်ဓမြရောက်နေတယ်ထင်တယ်။

        • king

          June 19, 2011 at 10:45 am

          ဟုတ်တယ် ဟုတ်တယ်
          အသားမည်းမည်းနဲ့ လက်မောင်းမှာ ကြောင်ရုပ်ထိုးထားတဲ့
          ထမိန်စကတ်ဝတ်တဲ့ မိန်းမ ဓါးပြ
          ကျွန်တော်ပြောတာ မသိစေနဲ့နော်
          😛 😀 🙂

        • nature

          June 19, 2011 at 3:13 pm

          ပင်လယ်ဆိုတော့ ကြယ် တိုက် လေ။

        • etone

          June 20, 2011 at 8:13 am

          မင်းဂျီးတော်ကိုပဲ ကြောင်ရုပ်ထိုးခိုင်းလိုက် ။

  • manawphyulay

    June 17, 2011 at 8:26 am

    ရှိုးရအောင် အဲကော်ဖီဆိုင်ထိုင်နေရင် အပြင်က လာတာတွေသိပ်မမြင်ရဘူးရှင့်။ မုန့်ကော ကျွေးမှာလား။ 😛

  • esz88

    June 17, 2011 at 10:00 am

    ဦး ဖက်တီး ပို့စ် က ရှည်လိုက်တာနော် ။

    • Yin Nyine Nway

      June 19, 2011 at 2:28 pm

      ဒါတောင် 2ညလောက်ရေးလိုက်ရတယ်ပြောတယ်
      ကော်နတ်ရှင်မကောင်းလို့ ဟီ….

  • Members

    June 17, 2011 at 11:01 am

    မောင်ဖက်တီး ဆီးချိုတက် လို့ ခက်နေအုံးမယ်။
    အလန်း လေးတွေကိုချည်း မျက်စေ့ စားပွဲထိုင်နေတာနဲ့ မျက်မှန်ကြီးတောင်ထူလာပြီ။
    ကူညီပါရစေ တွေရောက်လာလို့ တစ်ဝိုင်းစာအပြည့် ကူညီလိုက်ရမှ ဟုတ်ပါ့ ဖြစ်နေအုံးမယ်။
    ကားနဲ့ ခေါ်တိုင်းလည်း လိုက်မသွား နဲ့အုံး။
    ချိန်းထား ပြီးတစ်ကယ် ရောက်လာတဲ့ သူတွေက ဝိုင်းဩဘာပေးနေအုံးမယ်။
    ငယ်ငယ်က အကျင့်တွေ ဖျောက်တော့ ။ ။

  • MaMa

    June 17, 2011 at 12:25 pm

    ထမင်းစားပြီး tea time အတွက် ဒကာ ရှာတွေ့ပြီ။ လာမယ့် စနေ၊ တနင်္ဂနွေတိုင်း လို့ ရေးထားတာ နော်။ ပညာပေးရန် အစီအစဉ်တော့ မဟုတ်လောက်ပါဘူး နော်။ ခံရတာတွေ များနေလို့ မယုံနိုင်ဘူး ဖြစ်နေတယ်။ 😛

  • fatty

    June 17, 2011 at 2:07 pm

    ကျနော့ပိုစ်က ရှည်ဆို …. သူကြီးအလစ်မှာ လုပ်စားရတာလေ ..။

    အရိယာများတောင် အကျင့်မဖျောက်နိုင်သေးတော့ ကျနော် ပုထုဇဉ် မောင်ဖက်တီး မည်သို့ရှိမည်နည်း။

    စနေ တနင်္ဂနွေ တိုင်းထိုင်နေကြပါ။ သိုသော် MG က ဆရာ ဆရာမများအတွက်က မနက်ဖန်နှင့်
    သဘက်ခါသာ အာမခံပါသည်။

    ကူညီပါရစေ ဆိုတဲ့ စေတနာရှင်များ၏အပေါ်မှာ ကျနော် ရှိနေပါသည်။

    MG အကြောင်းမှလွဲပြီး အခြားအကြောင်းများ ဆွေးနွေးမည်မဟုတ်ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 17, 2011 at 2:14 pm

    ဦးဖက် နဲ့ ကိုကြောင်ကြီး က
    ဟို
    ဘီလူးဆိုတဲ့ဘီလူးကို ဝိုင်းဗျင်းဘို့အစီစဉ်ရှိတယ်ဆို ?
    ရွာထဲမှာတော့ တော်တော်ဟော့နေတယ်ဦးလေးရဲ့
    သတိတော့ထားစေခြင်ပါတယ်ခင်ဗျ

  • pooch

    June 17, 2011 at 4:41 pm

    လေးဖက်အနော်က မန်းလေးကနေ ရန်ကုန်ထိလာဖို့ စရိတ်မရှိလို့မလာတော့ဘူးနော် ;p

  • padonmar

    June 18, 2011 at 4:00 pm

    ွှTaxi ခ မတတ်နိုင်လို့ မလာတော့ပါ။

    • ဆူး

      June 18, 2011 at 4:11 pm

      အငှားကား စရိတ်မတတ်နိုင်ရင် ကုန်းကြောင်း လျှောက်ကြမယ်လေ။ အန်တီ ပဒုမ္မာ အိမ်ကို ဆူး လာခေါ်မယ် ပြီးတော့ လမ်းလျှောက်ကြမယ်။ လမ်းလျှောက်ရင် ၃ ၄ နာရီလောက်တော့ ဆက်တိုက် လျှောက်နိုင်ပါတယ်။ အန်တီ ဘယ်လိုလဲ အဆင်ပြေလား။

  • padonmar

    June 18, 2011 at 4:22 pm

    ပြေဘာဒယ်။ပြေဘာဒယ်။ဟောဟဲဟောဟဲ။

  • ချစ်သောတူလေး ဘစ်ကက်
    မင်းအလစ်ဖက်ချင်လို့ ကြံစည်နေသော
    ခပ်ချောချောငါ့တူမ(သွားလေးနည်းနည်းခေါတာကလွဲရင်)ကတော့
    ပါသွားရှာပြီ။
    ဆုံတွေပွဲမှာ ဧည့်ခံဘို့ခေါ်မယ်ဆိုတဲ့
    အလန်းဇယားတွေအတွက် ကတော့ ကိုဖက်ကို တာဝန်ပေးလိုက်ပါ။
    သူကအလှူခံထွက်နေကြဆိုတော့ လူစုတဲ့နေရာမှာအထာညက်တယ်။

    မင်းကတော့ သတိထား
    ကိုကိုဖက်ရဲ့ကော်ဖီကို
    ဟိုတစ်လောဆီကရွာထဲက စာတွေထဲမှာပါတယ်။
    တကယ်လို့များကော်ဖီသောက်
    မင်းမှောက်သွားရင်
    မတော်တရော်ကြိုက်တဲ့
    မိုက်ကယ်ဂျော်နီအောင်ပုဆီကို
    မင်းအပို့ခံရမှာသေချာပေါက်။
    အေးမကြောက်ဘူးဆိုရင်တော့ မင်းသဘော။
    အားတော့မလျှော့နဲ့
    အကြီးသွားပေမယ့်
    အငယ်တစ်ယောက်တော့ကျန်သေးတယ်
    ကံပေးတယ်ဆိုရင်တော့ မင်းရနိုင်သေးသပါ့။
    မင်းဦးလေးတော်ချင်တယ်ဆိုတဲ့
    ကိုပေါက်။
    အတည်တော့ပြောမယ်
    မင်းဂျီးဒေါ်ကိုတော့ ငါမလိုချင်ဘူးနော်……………………………..

  • bigcat

    June 18, 2011 at 7:09 pm

    ကျနော့်ဂျီးဒေါ် အပျိုကြီး
    ဟိုခရီးထွက်သွားနှင့်ပြီ
    ဦးလေးပေါက်၊
    လိုက်ချင်သပ တားမရ
    နှစ်ပါးသွားကချင်ရင်
    ဂျော်လကီအောင်ပုကို
    အကူအညီတောင်း
    ပူစီပေါင်း ဖောင်းကနဲပေါက်သလို
    အမြန်ဆုံးနည်း ပုဂံလုံးစီးပြီး
    တမလွန်ခရီးအရောက်
    ပို့ဆောင်ပေးလိမ့်မယ်၊
    သတင်းစက်ရပ်
    ဦးဦးဖက်ကတော့
    အပြာကားစီး
    ခါးဗလာချီနဲ့
    တာဝန်သိပြည်သူတဦး
    သတင်းပေးမှုကြောင့်ဆိုလား
    လူတစုခေါ်ရာသို့
    ပြန်မလာခရီး
    အပြီးကြွမြန်းသွားပါပြီ၊
    သူ့မှာတမ်းစကား
    ချစ်သဂျီးအား
    ပြောလိုက်ပါလေ
    ပွိုင့်ကိုမမက်
    ခိုင့်ကိုLOVEသည်
    သူသိပါလေစ….

  • shweminthar

    June 19, 2011 at 2:07 am

    ဦးဖတ် ကျေးဇူးဘဲ………..

    ချစ်သဂျီးအား
    ပြောလိုက်ပါလေ
    ပွိုင့်ကိုမမက်
    ခိုင့်ကိုLOVEသည်
    သူသိပါလေစ….

    ဒါမျုးိလေးလဲ ပါဦးမှ ၊ သဂျီးဘဲ ဝိုင်းပြီး မေတ္တာပို့ နေလို့ မဖြစ်သေးဘူးလေ။

    နောက်ပြီး ကွတ်ကီး ၃ ခု ရေ ကျေးဇူးဘဲ …….

    • ဆူး

      June 19, 2011 at 8:30 am

      ကွတ်ကီး ၃ခု နဲ့ သဂျီး မေတ္တာပို့တာ ဘာဆိုင်လို့လဲ.. ရွှေမင်းသားတော့ မရှင်းမရှင်းနဲ့.. ကွတ်ကီး ၃ခု များ တထိုင်တည်း စားလို့ရတယ်။

  • char too lan

    June 19, 2011 at 10:22 am

    ပွိုင့်ကိုမမက်
    ခိုင့်ကိုLOVEသည်
    သူသိပါလေစ….
    အဲ့စာသားကြိုက်တယ် မူပိုင်ဘယ်သူလဲ ကြောပါအုံး
    ဒါနဲ့ တစ်ဆက်တည်း ကြော်ငြာဝင်အုံးမယ် လေးပေါက်က သူစာမူတွေအားလုံး သူပျံလွန်တော်မူသွားရင် ကျနော်ထုတ်ဝေခွင့်ရှိတယ်လို့ ကြောထားပီးသားနော် 🙂

    • king

      June 19, 2011 at 10:36 am

      ချာတူးလန်
      မရဘူး စာချုပ်စာတန်းနဲ့ မဟုတ်ရင်
      ကိုပေါက်က ထုတ်ဝေလို့ရလာတဲ့အမြတ်တွေကို ရွာထဲမှာ လှူခဲ့မှာ
      တစ်နှစ်တစ်ခါ ကိုပေါက် စာပေဆု အဲဒီထဲကနေ ချီးမြှင့်မှာတဲ့ဗျ
      ကျွန်တော်တောင် သူဂျီးဆီက ရတဲ့ ပွိုင့်တွေနဲ့ ဖောင်ဒေရှင်းတစ်ခုထောင်မလို့
      အခုတောင် 10 ဝင်ယူသွားပြီဗျ
      😛

  • pooch

    June 19, 2011 at 2:58 pm

    လေးပေါက် စာပေဆုထဲမှာ သူရိုက်ထားတဲ့ ပုံတွေရော အကုန်ရမှာလား 🙂

  • fatty

    June 20, 2011 at 4:04 am

    တကူတက ကြွရောက်လာသော ရွှေမင်းသားကို ကျေးဇူးတင်ပါကြောင်း …..။
    အော် အဲဒီကော်ဖီပြဿနာကြောင့်ထင်တယ် ရွှေမင်းသား ကိုယ့်ကော်ဖီခွက်လေးနဲ့ကိုယ်လာတာကိုး ..။
    တနင်္ဂနွေ နေ့ကတော့နေမကောင်းဖြစ်သွားလို့ မလာနိုင်ခဲ့ပါ။

    နောက်အပါတ်များမှာလဲကြုံရင်ဝင်ကြည့်ပါ ။ ကျနော်ရှိနိင်ပါတယ်။

    • king

      June 20, 2011 at 5:24 am

      12 နာရီကျော်မှပဲနော်
      ဟုတ်တယ်ဟုတ်
      နေမကောင်းနေရင် ဘယ်လိုလုပ်မလဲဗျ …
      ဖုန်းဆက်လိုက်ရမလား … ဖုန်းဆက်လိုက်ရမလား …. ဖုန်းဆက်လိုက်ရမလား
      😀

  • etone

    June 20, 2011 at 8:20 am

    အန်ကယ်ဖက် … ဒီတပတ်တော့ရှိစေတော့နော် …
    နောက်တပတ်ကျလျှင် .. လူပဲသွား … ဘာပြ၊ ညာပြတော့ လုပ်မလာနဲ့ … ။

    • ဆူး

      June 20, 2011 at 8:32 am

      ဟုတ်တယ် ဟုတ်တယ်.. ဘာပြ ညာပြ လုပ်လို့ကတော့ လမ်းမတော် ဖိုးတုတ်တို့ အဖွဲ့ကို လွတ်လိုက်မယ် ဒါဖြဲ… ဗြဲ…. ဗြဲ.. ဗြဲ….

    • king

      June 20, 2011 at 11:21 am

      မ etone
      ချစ်လို့စတာ စိတ်မဆိုးကြေးလေ
      အခုကြောင်ပုံက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်ဗျ
      😛

  • shweminthar

    June 20, 2011 at 9:01 am

    လမ်းမတော် ဖိုးတုတ်က ဝတုတ်တုတ်နဲ့ တစ်ယောက် ကို တွေ့ပြီး လန့်လို့ ပြေးသွားပြီ။

  • fatty

    June 20, 2011 at 1:38 pm

    အဲဒါမှပြဿနာဘဲ … ကျနော်ကပြရအောင် … ဘာပြရမှာလဲဗျ။ ဆူးမမတို့များ ကျနော်တို့တောင်
    သတင်းမပေးဘူး …လှစ်ကနဲဘဲ …ဟင်း။

Leave a Reply