ပြောပြပေးပါသူကြီးနှင်.ရွာသားများ

ကျွန်တော်ဒီမှာမန်ဘာဝင်ထားတာကြာပါပြီ narziparty2009 နံမည်နဲ.ပါ။ အခု နံမည်ပြောင်းပြီး အသစ်ထပ်လုပ်ပြီးရေးချင်ပါတယ်။

အခုဒီနံမည်နဲ. ရေးနေရတာ နည်းနည်းအဆင်မပြေတာလေးတွေရှိလို.ပါ။ ဒီအဆင်မပြေတာလည်းကျွန်တော်.ဘက်ကဖြစ်နေတာပါ။ ဆိုဒ်နဲ.လုံးဝမဆိုင်ပါဘူးခဗျ။

ဒါ.ကြောင်.အရင်ရေးထားပြီးရတဲ.ပို.စ်လေးတွေနဲ. ရထားတဲ.ပွိုင်.လေးတွေကို အသစ်ထဲသို.ပြောင်းလည်းပေးသလားဆိုတာသိချင်ပါတယ်။ရတယ်ဆိုရင်

ပြောင်းလဲပေးစေလိုပါကြောင်းမေတ္တာရပ်ခံပါတယ်ခဗျ။ဘာရယ်မဟုတ်ပါဘူး ကိုယ်ရေးထားတဲ.စာလေးတွေနဲ. ပွိုင်.လေးတွေကိုနှမြောမိလို.ပါ။

အဓိက ကတော. ပွိုင်.လေးတွေကိုပေါ.

ကျေးဇူးတင်စွာဖြင်.

10 comments

  • bigcat

    June 17, 2011 at 2:40 am

    ပွိုင့်မဆုံးချင်ရင်တော့ နဂိုရှိပြီးသား နာမည်နဲ့ သိပ်မကွာသင့်ဘူး။ ဒါကြောင့် fascist2009 လို့ပြောင်းရင် သင့်တော်ပါလိမ့်မယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 17, 2011 at 2:43 am

    ( ဇာပွဲထဲမှ နောက်ပိုင်းမင်းသား၏ ခုနစ်ချီသံဖြင့် ဖတ်ပါ )
    အောင်မ….လေးးးးးးးးးးးးးးးးးး
    ကိုဂျိုးနဲဘာဘော့လားးးးးးးးးးးးးးး
    ဒေါ်လာဈေးတွေကျနေရတဲ့အထဲ
    ကွန်မန့်တွေရော ပို့စ်တွေရော ဒီရေတွေလိုတက်နေလိုက်ဒါ
    များလိုက်တဲ့တိုင်စာဒွေ အကြောင်းကြားစာဒွေ
    ကြားကြားရ နားဝမှာမသက်သာ
    တဂယ့်ချေလေးချောင်းကျားဆိုရင်တောင်
    တရုပ်ပြည်ကို ရောင်းစားလို့ရနိုင်သေး
    ဟေးဟေ…………….ဟေးးးးးးးးးးးးးးးးးးးးးးးးးဟေ
    မှတ်ချက်။ ။ သဂျီး၏ ဘော်ဒီကတ် သဂျီးအောက်ဆွဲမှ ဖြေကြားသည်။
    ဖြည့်ပေးပါမယ် နောင်များဒီလိုအကြောင်းတွေအကြောင်းတွေရှိလာရင်
    ပို့စ်တစ်ခုအနေနဲ့မတင်ကြပါနဲ့
    To/From Mandalay Gazette – Write. Get Published. Get Paid.
    ထည်းမှာ ကော်မန့်ဝင်ရေးလျှင် ဘော်ဒီဂတ်မှတဆင့်
    သဂျီးရုံးခန်းသို့ ဖုန်းဆက်၍ အကြောင်းကြားပေးပါမည်ဖြစ်ပါကြောင်း။
    ပုံ………..
    ………….ဒုတာဝန်ခံ
    ………………………မိုက်ကယ်ဂျော်နီအောင်ပု

  • fatty

    June 17, 2011 at 3:04 am

    ကိုယ်ပိုင်စိတ်ကူးလေးနဲ့ မှတင်ရရင် ၁ဝနှစ်လောက်ကြာလိမ့်မယ်
    သူကြီးရဲ့ မြေးမြစ်တီတွတ် ကျမှငွေထုတ်ရလိမ့်မယ် ..
    သရက်ပင် ရာဘာပင်စိုက်တာမှ ဟုတ်အုံးမယ် ………..
    မရဘူး တင်ရမှာဘဲ။

  • etone

    June 17, 2011 at 3:04 am

    နာမည်ပြောင်းတာက ပြောင်းလို့ရတယ်လေ … ကိုယ့်ဘာသာပြောင်းလိုက်လျှင် သဂျီးတောင် သိလိုက်မှာ မဟုတ်ဘူး … ။ ဘယ်ဘက်ဒေါင့် အပေါ်က မြှားလေးကို နှိပ်ပြီး edit my profile ထဲကနေ ပြောင်းပေတော့… ပုံပါပြောင်းလိုက်လျှင် ဘယ်သူမှ မမှတ်မိတော့ဘူး ပွိုင့်တွေ ၊ ပို့စ်တွေလည်း အဲ့ဒီနာမည်နဲ့ အတူတူ ပြောင်းပြီး ပါလာလိမ့်မယ် စိတ်ချ ။

  • Shwe Tike Soe

    June 17, 2011 at 4:40 am

    အော် ကညန ကျနေတာပဲ နာမည်ပြောင်းလိပ်စာပြောင်းလျှောက်ရအောင်
    ဟဟဟဟဟဟဟဟ

  • ရွှေဘိုသား

    June 17, 2011 at 8:20 am

    အားလုံးပြောပြလို.ကျေးဇူးပါ ကိုပေါက်တို. etone တို.ပြောသလိုလုပ်လိုက်ပါကြောင်း

  • etone

    June 17, 2011 at 8:35 am

    ဟုတ်ပါပြီ ပြောင်းလို့ ရပြီဆိုတော့ ဝမ်းသာပါတယ် နာဇီပါတီ တဖြစ်လဲ ရွှေဘိုသားရေ … ။ အ ခုဆို ဘယ်သူမှ မမှတ်မိတော့ဘူးနော် ဟီးဟီး 🙂

  • Members

    June 17, 2011 at 8:50 am

    ရွှေဘိုသား သိက္ခာ ကျတယ်ကွာ။
    နာဇီလုပ် မနေစမ်းပါနဲ့ ။
    ဝါးရင်းတုတ် တစ်ချောင်း ရှိယင် နိုင်ငံသိမ်း လို့ ရခဲ့တဲ့ ရွှေဘိုသားတွေဘဲ။
    ဝါးရင်းတုတ် ဖိုးတုတ် ဆို ဟုတ်တုတ်တုတ် ရှိသေး ။

  • fatty

    June 17, 2011 at 2:13 pm

    ရွှေဘိုသား သိက္ခာကျတယ်တော့မလုပ်ပါနဲ့ဗျာ …. ကျနော်လဲရွှေဘိုသားဘဲ။
    အမှတ်( ၁ ) ထွက်နော် …။ ရွှေဘိုနဲ့ ဝက်လက် ကြားတယ်မို့လား လူမိုက်ချည်းဘဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 17, 2011 at 2:17 pm

    ခုလိုကျွန်တော်တို့ရွှေဘိုသားတွေဆုံတုန်း
    ပြစ်မှု့သတင်းတွက်
    ကုန်ကြမ်းလေးတစ်ခုလောက်
    အပျင်းပြေလုပ်လိုက်ရအောင်လား

Leave a Reply