ရှေ့ဆက်သွား Life moves on

happy cat day

happy cat day

နင့်ကိုငါချစ်တယ် ငါ့ကိုနင်ချစ်မလား
ဟာ ဟာ ဟာ
ကမာ္ဘဦးထဲက ရည်းစားစကား
သင်လဲကြား ကျုပ်လဲကြား
သူလဲပြော ကိုယ်လဲပြော
နင်လဲမော ငါလဲမော…
ကြိုက်သွားရင် ချစ်သူဖြစ်
မုန်းတဲ့အခါ ရန်သူဟစ်
ငါစိမ်းမြင် ငါးကင်ပစ်
တချို့ကြတော့ အကုန်ကစ်
ပြောကြတဲ့ အချစ်နဲ့စစ်
တရားမျှတခြင်း ပုံပြင်ဖြစ်…..
ဖြစ်ချင်တာဖြစ် မောင်ဘချစ်
ရင်ဆိုင်နိုင်ဖို့ အားကုန်ညှစ်
ဆန်စုံစား ကံကုန်သွား
(ဆရာ) သော်တာဆွေ
ပြောစကား….
ညောင်းရင်နား မောရင်ထိုင်
ငိုင်ချင်ငိုင် မှိုင်ချင်မှိုင်
နိုင်ချင်လည်း နိုင်မယ်ပေါ့
စိတ်လေးတော့ ခိုင်ပါစေ
မှားလည်းမှား ခါးလည်းခါး
မရပ်မနား ဇာတ်တိုက်ထား
ဘဝဆိုတဲ့ အရှိတရား
နင်လည်းသွား ငါလည်းသွား…..

9 comments

  • etone

    June 17, 2011 at 4:18 am

    ကောင်းလိုက်တဲ့ ကဗျာ … သူပြေတာလည်း ဟုတ်နေတာပဲ ။

  • chitlay

    June 17, 2011 at 5:23 am

    အသံနေ အသံထားလေးနဲ့ ဆိုပြရင်ပိုကောင်းမယ်နော် ။

  • MaMa

    June 17, 2011 at 12:55 pm

    နောက်ဆုံးတော့ (နင်လည်းသွား ငါလည်းသွား) – မှန်လိုက်လေ ကိုကြောင်ကြီး ရယ်။

  • ဆူး

    June 17, 2011 at 3:40 pm

    happy cat day
    ကြွက် ခုပ်လို့ ရသွားလို့ ထင်တယ်နော်။

  • captainamerica

    June 18, 2011 at 6:57 am

    ခင်ချင်စရာကောင်းတဲ့ကိုကြောင်ရေ အကိုစာတွေဖတ်နေတာလဲကြာပြီ။အကို ကိုလည်းတင်ထားတဲ့ပို(စ်)
    တွေဖတ်ပြီးအစောကြီးရင်နှီးနေတဲ့လူတစ်ယောက်ပါ။ခင်လို.ထပ်ရှင်းပြတာပါ။အကိုတို.ထင်ထားတဲ့ဟာမျိုး
    ကြီးဟုတ်ကိုမဟုတ်ပါ။အယူအဆ သဘောထားခြင်းတိုက်ဆိုင်တဲ့လူတစ်ယောက်ပါ။ကျွန်တော်ဂေဇတ်ကိုစဝင်တော့မိတ်ဆက်စာမှာဝင်မန်းတဲ့
    စာတွေရှိပါသေးတယ်။ကျွန်တော်ပြောခဲ့ပါတယ်။အချိန်ကဆုံးဖြတ်သွားမှာပါလို. တကယ်လည်းဆုံးဖြတ်ပေးသာွးမှာပါ။ကျွန်တော်လေသံကအဒီလေသံလည်းမပေါက်ပါဝူးလို.တော့ကိုယ်ကို
    ကိုယ်ထင်ပါတယ်။အကိုဆိုပိုသိပေမပေါ့ ကျွန်တော်တောင်သိလာပြီ လေသံတွေကရုပ်ပေါက်နေတာကိုး။
    နောက်ဆုံးထပ်ပြောချင်တာက ကျွန်တော်စိတ်ထဲမှာ Feel ဖြစ်လို.ပါ။ကိုယ်နဲ.ခံယူချက်တူမယ်လို.ထင်ထားတဲ့
    လူတစ်ယောက်ကဗြောင်းပြန်ကြီးထင်လို.ပိုဖြစ်တာပါ။အယူအဆ တူနိုင်တယ်လို.ပြောတာကတော့ အကိုပို(စ်)
    တွေဖတ်နေတာကြာပေါ့။

    • bigcat

      June 18, 2011 at 8:58 pm

      သိပါဘူး ဗိုလ်ကြီးရယ်၊ ရွာထဲမှာ ကကကွန်ကကောင်တွေ ရောက်နေမလားလို့ပါ။ မကြိုက်ရင် စစ်တပ်က လို့နောက်မသုံးတော့ဘူး၊ ခေါ်လက်စနဲ့မိုလို့ ဗိုလ်ကြီးလို့ဆက်သုံးပါရစေ။ ကေအန်ယူဗိုလ်ကြီး ဖြစ်ချင်လား၊ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်က ဗိုလ်ကြီးဖြစ်ချင်လား၊ အခြား ဝတို့ ကေအိုင်အေတပ် တွေလည်း ရွှေးချင်ရွေးလို့ ရသေးတယ်။

  • captainamerica

    June 19, 2011 at 5:37 am

    ကြိုက်သလိုသာခေါ်ကိုကြောင်ရေ 🙂 🙂 🙂

Leave a Reply