ကျမရဲ့ကောင်းကင်

nyolayJune 19, 20111min49

ကျမ ငယ်ငယ်တုန်းထဲကပေါ့ ကျမမှာကောင်းကင် တစ်ခုရှိခဲ့ဘူးတယ်။လူတိုင်းမှာလဲ ကောင်းကင်ကိုယ်စီရှိမယ်လို့ထင်ပါတယ်။ကျမ ကောင်းကင်ကြီးကို အရမ်းချစ်တယ် ကလေး ဘဝထဲက ကောင်းကင်ကို  မျှော်ကြည့်လာခဲ့တာပေါ့ ကျမရဲ့ကောင်းကင်ကတော့ ကျမသိပ်ချစ်ရတဲ့ ဖေဖေပေါ့ ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်ထဲက ကျမကို ပြုစုလာခဲ့ရတာ ကျမ မွေးထဲက ကျန်းမာရေးချူချာသူမို့ဖေဖေပဲ ကျမကို ဂရုစိုက်လာခဲ့ရတာပေါ့ ဖေဖေနဲ့ ပတ်သက်ပီး အမှတ်တရတွေ အများကြီးပါ ကျွန်မအတွက် အမှတ်တရ အဖြစ်ဆုံးကတော့ ကျမငယ်ငယ်က နှာခေါင်းပိတ်နေလို့ အသက်ရှူမဝ ဘူးတဲ့ အဲဒါကို ကျမဖေဖေက ကျမနှာခေါင်းကို  ဖေဖေက ပါးစပ်နဲ့ စုပ်ပီး ကျမ အသက်ရှူလို့ ရအောင် လုပ်ပေးခဲ့ဘူးတယ် အဲ့ဒီ အဖြစ်ပျက်ကို မေမေက ပြန်ပြောတိုင်း ဖေဖေက အမြဲတမ်းပြုံးနေခဲ့တယ်လေ ၊ကျမကျောင်းတတ်ဖို့ အရွယ်ရောက်လာတော့ ကျမစာအုပ်လေးတွေကို အဖုံးဖုံးပေးခဲ့သူ ကျမခြင်းတောင်းလေးမှာ နာမည်ထိုးပေးခဲ့သူ ဖြစ်ခဲ့တယ် ကျမဖေဖေ့ အကြောင်းပြောရင် အမြဲဂုဏ်ယူခဲ့ရတယ် ငါ့ဖေဖေက ဘာမဆိုလုပ်တတ်တယ် ဆိုပီးပေါ့ း) ဖေဖေက ကျမတို့ ကိုရိုက်နှက်ဆုံးမတာ မျိုးမဟုတ်ပေမဲ့ ရေနွေးပူကို မှ ကိုင်ချင်တဲ့ကလေးကို ပူနေတဲ့ရေနွေးကိုမှ ပေးကိုင်ခဲ့တယ် ဖယောင်းတိုင်ကိုမှ ကိုင်ချင်တယ်ဆိုလို့ မီးထွန်းထားတဲ့ ဖယောင်းတိုင်ပေါ် လက်တင်ပေးခဲ့ဘူးတယ်  ကျမကလဲ တစ်ခါပါပဲ (ပူတာကိုး နော်) မကိုင်ရဲတော့ပါဘူး။ ကျမ  ၃တန်းတက်နေတဲ့ အချိန်မှာတော့ ဖေဖေက ကျောင်းကို အမြဲလိုက်ပို့ပေးခဲ့ပါတယ်။ဖေဖေက ကျမတို့ကို အဝတ်စားကအစ သူကိုယ်တိုင် ဆင်တာပါ အစားဆိုလဲ သူကိုယ်တိုင် စောင့်ပီးကျွေးတာပါ ကျမတို့ကျောင်းက မနက်  ရးဝဝ တတ်ရတဲ့ အတွက် ကျမ မတက်ချင်ပါဘူး ။ နေ့တိုင်းနီးပါး ကျောင်းသွားဖို့ ဂျီကျခဲ့တာပေါ့ ၊ တစ်ရက်တော့ ကျမကျောင်းရှေ့မှာ ဂျီကျနေတုန်း ဖေဖေကပြောပါတယ် သမီးကျောင်းမတတ်ချင်ရင်ပြန်မယ်ဒါပေမဲ့ ဖေဖေခိုင်းတာ တစ်ခု လုပ်ပေးရမယ်တဲ့

ကျောင်းမတက်ရရင်ပြီးရော ကျမ ခေါင်းညိမ့်ခဲ့ပါတယ် ကျမအပျော်က ကြာကြာမခံခဲ့ပါဘူးရှင် ဖေဖေက အိမ်လဲရောက်ရော ကျမကို ခွက်တစ်လုံးပေးပီး ခြံပြင်ထုတ်ထားတာပါပဲ  ကျောင်းမတတ်ချင်ရင် သူတောင်းစားလုပ် ဆိုပီး ကျမကို တောင်းခိုင်းခဲ့တာပါ ကျမလဲ ခလေး ဆိုတော့ အရမ်းကြောက်ပီး ငိုတာပေါ့  အဲ့ချိန်ထဲက ကျမ ကျောင်းတတ်ရင် မငိုတော့တာ ခုချိန်ထိပေါ့ရှင် း) ကျမကို ဖေဖေက စာကျက်ဖို့ ဘယ်တော့မှ မပြောခဲ့သလို ကျမအသိစိတ်နဲ့ ကျမ လုပ်တတ်အောင်သင်ပေးခဲ့တာပါ၊ကျမ ကငယ်ငယ်လေးထဲက ချောင်းဆိုးပီးတာနဲ့ ဖျားတဲ့ အကျင့်ရှိလို့အပြင်က မုန့်ပဲသရေစာ မစားရပါဘူး၊သူများတွေလို လဲ မုန့်ဖိုးမရပါဘူး၊ ဖေဖေက သူများတွေ စားတဲ့ ဇီးထုပ် ဇီးပြား အဲ့ဒါတွေမစားခိုင်းပါဘူး ကျမကျောင်းသွားရင် ပေါင်မုန့်ယိုသုတ်နဲ့ အိုဗာတင်း တစ်ခွက် အမြဲထည့်ပေးတတ်ပါတယ် ကျမကတော့ သူများစားတဲ့ ဇီးပြားမှစားချင်ပီး ပေါင်မုန့်ယိုသုတ်မှ စားချင်တဲ့ ကျမ သူငယ်ချင်းနဲ့ မုန့် ချင်းလဲ စားတာခဲ့တာတော့ ခုထိ အမှတ်တရပေါ့ရှင်။ဖေဖေက ကျမအတွက် ဖိနပ်လးက အစ ပျက်သွားရင် ကိုယ်တိုင်ချုပ်ပေးရမှ ကျေနပ်ခဲ့သူပါ၊ဖေဖေက ကျမတိုကညီမကို မိန်းကလေးဆိုပေမဲ့ ပျော့ရင်ဖယောင်းမာရင်သံချောင်းဖြစ်စေခဲ့သူပါ၊သူအလုပ်လုပ်တဲအခါ စက်ပြင်တဲ့အခါ ကျမတို့လဲ ဝိုင်းလုပ်စေခဲ့ပါတယ်  ဒီလိုနဲ့ ကျမ အရွယ်ရောက်လာတော့ ကျမကျူရှင်တတ်တဲ့ အခါ ကျောင်းသွားတဲ့အခါ လည်းအမြဲလိုက်ပို့ ပေးခဲ့ပါတယ့် ကျမ  ၁၅ နှစ် ၁၆ နှစ် အရွယ် စိတ်ကစားတတ်လာတော့ ဖေဖေက ကျမကို အရင်ကထက်ပိုပီး ဂရုစိုက်လာပါတယ် ကျမ အဝတ်စားတွေဝယ်တဲ့ အခါ အလှပြင်ပစ္စည်းတွေ ဝယ်တဲ့အခါ  ဖေဖေ ကဒီလိုမေးခဲ့ပါတယ် သမီး ဘယ်က ပိုက်ဆံနဲ့ ဝယ်တာလဲတဲ့၊ ကျမ အရမ်းစိတ်ဆိုးခဲ့ပါတယ် ကျမ မုန့်ဖိုးနဲ့ ကျမ ဝယ်တာလေ ကျမကို မယုံသလို မေးလို့လဲ ကျမ ဖေဖေ့ကို မကျေနပ်ခဲ့ပါဘူး ၊ဖေဖေက ကျမကို သမီးကိုယ့်မှာရှိတဲ့ အတိုင်းတာထက်ပိုသုံးချင်ရင် ပျက်ဆီးတတ်တယ်တဲ့၊ သူများဆီက ၁ကျပ်ဖိုး ယူရင် ၁ကျပ်နဲ့ တန်တာပြန်ပေးရတယ်၊ ၁၀ဝ ဖိုးယူရင် ၁၀ဝ နဲ့တန်တာ ပြန်ပေးရတယ်တဲ့လေ ဘယ်သူဆီကမှ အလကားမရဘူးတဲ့ ငါ့သမီးရဲ့ လက်ကလေးက ခုချိန်မှာတန်ဖိုးရှိသေးတယ်တဲ့ သူများကို ပေးကိုင်လိုက်တာနဲ့ တန်ဖိုးဆိုတာ ကျသွားပီတဲ့  ၊ ငါ့သမီးရဲ့ လက်ဆိုလဲ လက် တန်ဖိုး၊ ပခုုံးဆိုလဲ ပခုုံးတန်ဖိုးရှိတယ်တဲ့လေ လူတိုင်းမှာ သူ့တန်ဖိုးနဲ့ သူရှိတယ်တဲ့ ကိုယ့်တန်ဖိုးကို သူများသတ်မှတ်လို့ မရဘူး ကိုယ်တန်ဖိုးကို ကိုယ်ပဲ သတ်မှတ်တာတဲ့ ။ ၁၀ဝ နဲ့တန်တယ်လို့ သတ်မှတ်ရင် ၁၀ဝ ပဲ တန်ပီး ၁၀၀ဝ နဲ့ တန်တယ်လို့ သတ်မှတ်ရင် ၁၀၀ဝ ပဲရမယ် တဲ့ ။ဖေဖေပြောလို့ အပီးမှာ ကျမ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျခဲ့ရတာပါ ။ဖေဖေက ကျမကို ကောင်းစေချင်လို့ ပြောတဲ့စကားကို ကျမ စိတ်ဆိုးမိလို့ပါ ၊ဖေဖေက ကျမကိုတင်မကဘူး ကျမပေါင်းတဲ့အပေါင်းသင်းကို ပါ ပေါင်းတတ်သူပါ  ကျမရဲ့ စိတ်ကစားတတ်တဲ့အရွယ်မှာ ဖေဖေကြောင့် ကိုယ့်ကိုကို်ယ် တန်ဖိုးထားတတ်အောင် နေတတ်ခဲ့ပါတယ် ၊ကျမ တက္ကသိုလ် တတ်ပြန်တော့ ဖေဖေက လိုက်ပို့ဖို့တာဝန်မပျက်ခဲ့ပါဘူး ဒါပေမဲ့ ဖေဖေ့အတွက် အလုပ်တစ်ခုပိုခဲ့ပါတယ် ကျမပေါင်းတဲ့ သူငယ်ချင်းတွေက မိန်းကလေးသာမက ယောင်္ကျား လေးများပါ ရှိသာကြောင့် ဖေဖေက ကျမရဲ့ သူငယ်ချင်းတွေနဲ့ပါ မိတ်ဆွေ ဖြစ်ခဲ့ပါတယ် ၊ ကျမရဲ့ အိမ်ပြန်ချိန်ကို ဖေဖေ မျှော်နေရတာ အလုပ်တစ်ခုဖြစ်ခဲ့ပါတယ် ၊ ကျမ ကို အိမ်ပြန်ချိန်နောက်ကျတိုင်း ဖုန်းဆက်ခို်င်းတတ်တဲ့ ဖေဖေ၊ ဖုန်းဆက်ပီးပြောဖို့ ကိုကျမ တော်တော်လေး မနှစ်မြို့ပါဘူး ၊ကျမ နောက်ကျပီး ပြန်ရောက်တိုင်း ဖုန်းမဆက်လို့ ဆူတတ်တဲ့ ဖေဖေကို ကျမ နားမလည်ခဲ့ပြန်ဘူးလေ ၊ ဖေဖေကသာ စိတ်ပူနေခဲ့တာပါ ကျမ ကတော့ သူငယ်ချင်းတွေနဲ့ အမြဲပျော်ရွှင်ခဲ့တာပေါ့ ၊အိမ်ပြန်ရောက်ရင်တော့ မျက်နှာသေလေး နဲ့ ဖေဖေဆူတာကို အဲမြဲခံခဲရတာပါ။ ခုတော့ကျမ မျက်စိရှေ့မှာတင် ကျမ သူငယ်ချင်းတွေ ခိုးရာလိုက်ပြေးတာ ကျောင်းမပီးသေးပဲ ကလေးရတာကို ကိုယ်တိုင်တွေ့လာရပါတယ်၊ အဲ့ကလေးရသွားတဲ့ သူငယ်ချင်းက ကျမတို့နဲ့တွေ့တိုင်း မျက်နှာချင်းမဆိုင်ပဲ လှည့်ထွက်ခဲ့ပါတယ် ၊ကျမ တစ်ခုတွေးမိတယ် ကျမတို့ ပျော်ရွှင်နေတဲ့ အချိန်မှာ သူကလေးတာဝန်တွေ အိမ်ထောင်တာဝန်တွေ ယူနေရပါလားလို့၊ ကျမ ဖေဖေ့ကို အရမ်းကျေးဇူးတင်ပါတယ် ဖေဖေသာ ကျမအလိုကိုလိုက်ပီး မထိန်းကျောင်းခဲ့ ရင်ကျမလဲ  ခုလိုသူများတွေ လွတ်လွတ်လပ်လပ်နေတဲ့ အချိန်မှာ ကလေးထိန်းနေရမှာပေါ့ရှင်၊ခုတော့ ကျမ ကျောင်းပီးလို့ အလုပ်ခွင်ထဲလဲ ရောက်နေပါပီ ကျမဖေဖေကတော့ ကျမ ငယ်ငယ်တုန်းက အတိုင်း အလုပ်ထဲထိလိုက်မပို့ပေမဲ့ ကားဂိတ်ထိလိုက်ပို့ပေးတုန်းပါပဲကျမ အိမ်ပြန်ချိန်ကိုလဲ မျှော်နေတုန်းပါပဲ  ဒါကြောင့် ဖေဖေကို့ ကျမရဲ့ကောင်းကင်လို့ တင်စားပီးပြောတာပါ ၊လူတိုင်းမှာ ကောင်းကင်တစ်ခုစီ ရှိပါတယ် ဘယ်တော့မှ အရောင်မပြောင်းမဲ့ ကောင်ကင် ဖြစ်တယ်လို့ ကျမ အာမခံပါတယ် း)

ညိုလေးရဲ့ MG ကမောင်နှမတွေလဲ ကောင်းကင်ကြီးကို တန်ဖိုးထားကြပါလို့