ကြက်သားကြော်ကို ကလေးတွေ သိပ်ကြိုက်ကြပါတယ် … ဆိုင်မှာသွားစားတိုင်း ဘယ်လောက်စားစားမ၀ဘူးလို့ပြောတတ်ကြလို့ ကျောင်းပိတ်ရက် အိမ်မှာပဲ ကြော်ကျွေးလေ့ရှိပါတယ် … ဆိုင်မှာဝယ်စားတာထက် ပိုသန့်ပြီး ဈေးနှုန်းလဲ ပိုသက်သာပါတယ် … လွယ်လွယ်ကူကူ ကြော်စားလို့ရပါတယ် …

ပါဝင်သောပစ္စည်းများ
ကြက်သား (အသားတိုးကြက်) ……… ၂ ပိသာခန့်
ဆီ ………. ၇၀ ကျပ်သားခန့်
ဆား ………. အနဲငယ်
ကော်မှုန့် ………. ၁၅ ကျပ်သား
ကြက်ဥ ………. ၅ လုံး
bread crumb (ပေါင်မုန့်ခြောက်အမှုန့်) …….. ၂၀၀ ဂရမ် တစ်ထုပ်

ပြုလုပ်နည်း
ကြက်သားကို အနေတော်အတုံးလေးများတုံးပြီး သေချာဆေးကြောကာ ဆားနဲ့နယ်ထားရပါမယ်။ တစ်နာရီခန့်ဆားနဲ့နှပ်ထားပြီး ရေခဲသေတ္တာထဲထည့်ထားရပါမယ်။ ကြက်ဥကို အကာသီးသန့်ထုတ်ပြီး ခေါက်ထားရပါမယ်။ ကော်မှုန့်နှင့် အပွမှုန့် ကို သီးသန့်ပန်းကန်ထဲမှာ ထည့်ထားလိုက်တယ်။ အိုးထဲမှာ ဆီပူအောင်တည်ထားပြီးနောက် ကြက်သားတုံးကို ကော်မှုန့်နဲ့အရင်ကပ်တယ်။ ပြီးတော့ ကြက်ဥအကာအရည်နဲ့လူးတယ်။ ပြီးတော့ ပေါင်မုန့်ခေါက်မှုန့်ထပ်ကပ်ပြီး ဆီပူအိုးထဲ ထည့်ကြော်ပါတယ်။ ဆီကို ကြက်သားမြုပ်လောက်အောင်သုံးနိုင်မှ အတွင်းကအသားအားလုံး နူးပြီးကျက်မှာဖြစ်ပါတယ်။

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....