နေရာ

မောင် ပေJune 17, 20111min1065

နီနီ ၊ စီစီ ၊ ကြည်ကြည် တို ့၃ ယောက်သည် သူငယ်ချင်း များ ဖြစ်ကြသည် ။

မစွံကြသေးသူ အပျိုကြီး ၃ ယောက်ပေါ့ ဗျာ ။ အသက်၃၅ ပတ်ချာလည် တွေ ဆိုတော့ ။ သူတို ့၃ယောက် ပေါင်း ရင်းနှီးမတည် ကာ အသားကင်ဆိုင်လေး တစ်ဆိုင် ဖွင့်လိုက်သည် ။ သန် ့ရှင်းသပ်ရပ် မှု အရသာ ကောင်းမွန်မှု ၊ ဆက်ဆံရေး ကောင်းမွန်မှု တို ့ကြောင့် သူတို ့ဆိုင် ကလေး မှာ တခဏတွင်းမှာ ပင် နာမည်ကြီး လူကြိုက်များ လာသည် ။ သူတို ့၃ ဦး သည်လည်း ပြောင်ပြောင်ရောင်ရောင် ဖြစ်လာသည် ။ တစ်နေ ့တစ်ခြား တိုးပွားလာသော ဝင်ငွေ  ကို ပြောင်းပြန်လိုက်ကာ သူတို ့၃ ဦးကြား ဆက်ဆံရေးမှာမူ အက်ကွဲ လာသည် ။
တစ်ရက် တွင် ကြည်ကြည် က တစ်ဦးထဲ ခွဲထွက်သွားသည် ။ နီနီ နှင့် စီစီ က အတူ တစ်ကွ ဆက်လက် လုပ်ကိုင် ကြသည် ။ ကြီးထွားလာသော ဆိုင် ကို ဝိုင်းဝန်း ကူညီ ရန် အတွက် နီနီ နှင့် စီစီ တို ့၏ မောင်နှမ များ ဆွေမျိုး များ ရောက်လာကြသည် ။ ဆိုင်ခွဲ များ လည်း တိုးချဲ  ့လာနိုင်သည် ။ နီနီ ့တွင်လည်း ရင်ခုန်ကြင်နာပိုရမည့် သူ ပေါ ်လာသလို စီစီ့ တွင် လည်း ချစ်ကြင်နာ ရမည့် သူ ကိုယ်စီ ပေါ ်လာကြသော အခါ နီနီ နှင့် စီစီ သည် လည်း အစေးမကပ်ကြတော့ ။ တစ်ခု ရှိသည် မှာ စီစီ ့ရင်ခုန်ဘက် မှာ သူမတို ့အသစ်တိုးချဲ  ့လိုက်သည့် ဆိုင်မှ မန်နေဂျာ ဖြစ်နေသည် ။ ထိုအခါ နီနီ က မကြည်တော့ပေ ။ ကိုယ့်လက်အောက် ငယ်သား နှင့် ဖြစ်ရပါမလား ဟု ။ နောက်တစ်ချက် ရှိသည် မှာ ထို မန်နေဂျာ တွင် မိန်းမနှင့် ကလေး ရှိနေသည် ။ အခြားမြို  ့ရွာ မှ လာရောက်သူ ဖြစ်သည် ။

စီစီ က တော့ ဒိန်းတလိန်း နတ် ဖမ်းစားမှု ဖြင့် ဘာကိုမှ ဂရုမစိုက် နိုင်တော့ ။ အချစ်မှာ မျက်စိ မရှိ ဟု ဆိုကာ တုံးတိုက်တိုက် ကျားကိုက်ကိုက် ပေါ ်တင် တွဲ တော့သည် ။ ပြောချင်သည့် အခန်း က အခု မှ စမှာဗျ ။ စီစီ ချစ်သူ စရသည့် အချိန်တွင် စီစီ့ အသက် ကား ၄ဝ နားကပ်ပြီ ။ စီစီ ့ချစ်သူ မန်နေဂျာ ကား အသက် ၃ဝ ခန် ့။  ကြီးမှ ဝက်သက်ပေါက်  တာပေါ့နော် ။ ချစ်သူ ၂ ဦး အချစ်ကြီး ချစ်ကြတော့ ချစ်သူ ဘာသာ ဘာဝ ရင်ခုန်သံ ပိုမြန်ရာ နေရာများ ကို လိုက်ရှာမိကြသည် ။ အသက်အရွယ် အားဖြင့် လည်း ငယ်ရွယ်သူ များ ကို သွားမေးရန် မသင့် ။ သို ့နှင့် လူမြင်ကွင်း ကော်ဖီဆိုင် စားသောက်ဆိုင် များတွင် အတူသွားလာ နေကြရင်း လူသိများလာသော အခါ စီစီ နှင့် မန်နေဂျာ ကိုကို တို ့သည် လက်ထပ် ယူလိုက်ကြသည် ။ မန်နေဂျာ ကိုကို ၏ မယားကြီး နှင့် ကလေး များ အတွက် တစ်လတစ်ကြိမ် ပိုက်ဆံ မှန်မှန် ပို ့ပေးသောအခါ စီစီ တို ့၏ ဘဝ ခရီး မှာ အထူးသာယာ ပျော်ရွှင်ဖွယ်ပင် ။ စီစီ ၏ ချစ်ဇါတ်လမ်း တစ်ဖြည်းဖြည်း နာမည် ရလာချိန် ၊ တစ်ဘက်တွင်လည်း နီနီ နှင့် ဆက်ဆံ ရေး မှာလည်း တစ်နေ ့တခြား ဆုတ်ယုတ် လာသည် ။ ရှေ  ့ရေး ကို ကြိုမြင် မိသော စီစီ သည် စီးပွားရေး ဘာလုပ်ရမည် ကို ကြိုတွက်ပြီး သား ။ စီစီ့ ချစ်သူ မန်နေဂျာ ကိုကို နှင့် လက်ထပ်ပြီးသော အခါ ယူရိုပီယန် စတိုင်လ်  ကော်ဖီ ဆိုင် တစ်ဆိုင် ဖွင့်ကာ မန်နေဂျာ ကိုကို ့ကို ဦးစီးစေကာ စီစီ က တစ်ဘက် ပင်မ စီးပွားရေး ဘက် ကို ပြန်လှည့်ခဲ့သည် ။ ဒီအထိ စိတ်ရှည်ရှည် နဲ ့ဖတ်လာပေးကြသူ တွေ ကို ကျေးဇူးတင်ပါတယ် ။ ဆက်ဖတ် ပါ ခင်ဗျား ကျွန်တော် ဘာရေးချင်တာလဲ ဆိုတာ အခု မှ စမှာပါ ။ စီစီ့ ကော်ဖီ ဆိုင် သည် ကော်ဖီ ဆိုင် ဟု ဆိုသော်လည်း အဓိက ရည်ရွယ်သော ပစ်မှတ် မှာ စုံတွဲ များ သာ ။ အဘယ့်ကြောင့် ဆိုသော် စီစီ့ ကော်ဖီ ဆိုင် သည် အတွင်းသို ့ဝင်လိုက်မည် ဆိုလျှင် မှေးမိန်သော မီးရောင်လေး နှင့် ကန် ့လန် ့ကာ အခန်းလေး များ ဖွဲ ့ပေးထားသည် ။ ဆိုဖာ ခုံ များ နှင့် အဲကွန်းအေးအေးလေး ဖွင့်ပေးထားသည် ။ ကော်ဖီ ဆိုင် သို ့လာမည် ဆိုပါက ကော်ဖီ ၊စားစရာ တစ်ခုခု မှာပြီး ပါက ထို မှာယူသည့် အရာ လာပို ့ပေးပြီးလျှင် စားသုံးသူ မခေါ ်မချင်း မည်သည့် ဝိတ်တာ မှ မလာ အောင် စီစဉ်ပေးထားသည် ။ ရှင်းရှင်း ပြော ရ လျှင် စီစီ့ ကော်ဖီ ဆိုင် သည် အတွဲ များ အတွက် တိတ်ဆိတ်အေးချမ်း လုံခြုံ သော နေရာ လေး ကို အချိန်နှင့် ရောင်းခြင်း ။ အခန်းနေရာ ကန် ့လန် ့ကာ ဖွဲ ့စည်း ထားပုံ ကို မူတည် ပြီး နာရီအလိုက် ဈေးကွာခြား ပေးထားသည် ။ အဘယ်ကြောင့် သည်လို ဆိုင် မျိုး ဖွင့်ဖို ့စိတ်ကူး ရသလဲ ဟု စီစီ ့ကို မေးကြည့်သာ အခါ ၊ စီစီ တို ့ချစ်သူ ဘဝ တုန်းက သွားစရာ လာစရာ ချိန်းစရာ နေရာ အလွန်ရှားပါးခဲ့သည် ။ ချစ်သူ ဘာသာ ဘာဝ တိတ်ဆိတ်ငြိမ်သက် အေးချမ်းသည့် နေရာမျိုး မှာ အေးအေးလူလူ တွေ ့ချင်ခဲ့ကြသည် ။ သို ့သော် ဟိုတယ် များမှ လွဲ ပြီး ရွေးချယ်စရာ နေရာကောင်း သိပ်မရှိသဖြင့်  စီစီ အနေဖြင့် ယခု ကဲ့သို ့ဝန်ဆောင်မှု နေရာမျိုး ဖွင့်ထားကြောင်း ပြန်ဖြေကြားသည် ။ ချစ်သူ စုံတွဲ ဆိုတာမျိုးကလဲ တစ်ကယ် လက်ထပ်ယူ မယ့် အတွဲ တွေ ရှိပါတယ် ။ တစ်ချို  ့တွေ အတွက်ကြတော့ လောလောဆယ် ယူဖို ့သိပ်အဆင်မပြေကြသေးဘူးလေ ။ မိန်းကလေး အနေ နဲ ့ကြတော့ လဲ ဟိုတယ် မှာ ကိုယ့်ချစ်သူ နဲ ့လိုက်တွေ ့ဖို ့ကြတော့ ရှက်ကြမှာပေါ့ ။ တစ်ကယ် ယူ ကြ မယ့် အတွဲ တွေ အတွက် ကတော့ စီစီ့ ဆိုင် လေး က အရမ်းကို အဆင်ပြေ မှာပါ ။ လိုအပ်ချက် အနည်းဆုံး ဖြစ်အောင်လည်း လုပ်ပေးထားပါတယ် လို ့စီစီ က ပြောပြပါတယ် ။ အင်း…ခုခေတ်မှာ လက်တည့် စမ်းရုံ ကောင်လေး တွေ နဲ ့ချိန်းမိတဲ့ ကောင်မလေး တွေ အတွက်ကော ဟု စီစီ ့ကို ကျွန်တော် မမေးဖြစ်ခဲ့ပါ ။ ဘာပဲ ဖြစ်ဖြစ် ချစ်သူ ရည်းစား ဖြစ်ပြီ ဆိုလျှင် ချစ်သူ ဘာသာ ဘာဝ လွတ်လွတ်လပ်လပ် တွေ ့ချင်ကြမှာတော့ ချစ်သူတိုင်း ဟု ထင်ပါတယ် ။ လူ   ့မြင်ကွင်း မှာ ဖြစ်ချင်ရာ ဖြစ်နေမယ့် အစား စီစီ့လို ဆိုင်မျိုး မှာ သွားဖြစ်ချင်ရာ ဖြစ်ကြလျှင် လဲ ပတ်ဝန်းကျင် မျက်စိနောက် သက်သာ တာပေါ့ ။ တစ်ချို  ့အတွဲ များ ကြတော့ လဲ အချောင်းခံ ရမှာ အရမ်းကြောက်ကြတယ် ။ တစ်ချို  ့အတွဲ တွေ ဆို ကောင်လေး က စလို ့အရှက်အရမ်းကြီး တာကို တွေ ့ရတယ် ဟု စီစီ က ဆက်ပြောပါတယ် ။ တစ်ချို  ့ဆိုင်များ မှာ ကြ ကင်မရာ သေးသေးလေး တွေ ကို အလွယ်တကူ မမြင်နိုင်တဲ့ နေရာ များ မှာ တပ်ဆင် ထားပြီး မှတ်တမ်း ယူထားကြတယ် ။ အတွဲ တွေ က အဲ့လို ဆိုင် မျိုး နဲ ့တွေ ့မှာ ကိုလည်း စိုးရိမ်ကြတယ် ။ စီစီ့ ဆိုင် ကတော့ ဘာကင်မရာ မှ မတတ်ထားတဲ့ အတွက် အတွဲတွေ စိတ်ချမ်းသာ ကြတယ် လို ့စီစီ က ဆက်ပြောပါတယ် ။ သူမ က ဆက်ပြောလိုက်သည် မှာ ” မောင်ပေ ၊ တစ်ကယ်လို ့မမ တို ့ဆိုင် ကို ကောင်မလေး နဲ ့သွားမယ် ဆိုရင် တနင်္ဂနွေ တို ့ဦးပုသ် နေ ့တို ့လိုမျိုး မှာ မသွားနဲ ့။ အဲဒီ ့နေ ့တွေ ဆို လူများလွန်း လို ့ ထိုင်စရာ နေရာ ကို မရှိဘူး ” တဲ့ ။ ကဲ ဘယ်လိုသေးလဲ ဦးကြီးရာ ဟု သာ ပြောလိုက်ချင်ပါသည် ။ ( မှတ်ချက် ။ ။ မည်သူ ့ကို မှ ထိခိုက် နစ်နာ စေလို သော သဘော နှင့် ရေးသားထားခြင်း မဟုတ်ကြောင်း ဝန်ခံ ပါသည် ။ ကိုယ်တိုင် သိရှိမိသော အကြောင်းအရာ ကို စာဖွဲ  ့ရေးထားခြင်း ဖြစ်ပါကြောင်း )

5 comments

  • ဆူး

    June 17, 2011 at 4:39 pm

    နီနီ စီစီ ကြည်ကြည် နဲ့ ဖတ်လာလိုက်တာ.. ဘယ်လိုများ ဆုံးမလဲ ဖတ်ရင်နဲ့ အတွဲ ထိုင်တဲ့ ကော်ဖီ ဆိုင်ကို ရောက်သွားတယ်။
    မယားကြီး ဘက်က သိတဲ့ ဇတ်လမ်းတွေ ဘာတွေ များ လာမလားလို့…

  • windtalker

    June 17, 2011 at 5:53 pm

    သိရသလောက် မယားကြီး ဘက်က ဘာမှ ကို ဆက်မလာတာဗျ ။ မန်နေဂျာ ကိုကို ရဲ ့အာဘော် က လည်း ခပ်ကောင်းကောင်းနေမှာ ။ ထောက်ပံ့ကြေး ကို လည်း လစဉ်မပြတ် ပို ့ပေးနေတယ် တဲ့ ။ ဒီတော့ ဟိုဘက် က လည်း ဘာမှ ထ မပွမ်တာ ဖြစ်နိုင်ကြောင်း ။ စီစီ ကလည်း ကိုကို မှ ကိုကို ဖြစ်နေပြီ ဆိုတော့ ကိုကို ့အရင် ဇါတ်လမ်း များ ကို ထောက်ပံ့နိုင်သည့် အနေအထားလည်း ရှိနေပြီ ဖြစ်သဖြင့် ။ အရပ်အပြော အရ ဆိုလျှင် သူများ ယောက်ျား ကို ငွေပေးဝယ်လိုက်တဲ့ သဘော မျို းပေါ့ ဗျာ ။

  • bigcat

    June 18, 2011 at 2:00 am

    တိုင်းပြည်ဝင်ငွေတိုးတက်ရန် ကြံဆောင်မှုကြောင့်၎င်း…
    အမျိုးသားကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေသည်ကြောင့်၎င်း…
    အနာဂတ် သားကောင်းရတနာ မျိုးဆက်ပျံ့ပွားရေး အတွက်ကြောင့်၎င်း…
    ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ဟုဥဒါန်းကျူးရင့်လိုက်သည်။

    (နှစ်လုံးပြူးသေနတ်ပိုင်ရှင် သဂျီးမင်းဦးခိုင်ကိုယ်စား)

    စီနီယာ ဒုတိယရွာသဂျီး ဦးကြောင်

    မှတ်ချက် – မိုက်ကယ်ဂျော်လကီအောင်ပုသည် ရိုးရိုးဒုတိယ ရွာသဂျီးသာဖြစ်၏။

  • ဆူး

    June 18, 2011 at 9:06 am

    ဒီရွာမှာလည်း ဒုသမ္မတ ၂ယောက် ရှိသလို ဒု သဂျီး ၂ယောက်တောင် ရှိနေပါကောလား။

Leave a Reply