တစ်နေ့ တစ်နေ့ လူတွေလဲ အလုပ်သွားအလုပ်ပြန် ကားစီးရတဲ့ ဒုက္ခက တကယ်ကို မလွတ်ကြပါလား
ဒီလိုင်းကားတိုးစီးရဲ့ ဒုက္ခက ကိုယ်တွေအတွက် ဘယ်လောက်ကြာကြာ ထမင်းစားရေသောက် ဘဝကိုမဖြစ်နိုင်တာသူများတွေကတော့ပြောတော့ လိုင်းကားတိုးစီးရတာ ကြာတော့ ဘယ်လိုမှကိုမနေတော့တာတဲ့ ။
လူကြပ်ရင် ကားတန်းကိုတောင်ကိုင်စရာမလိုဘူး လူတွေကြားထဲမှာ အလိုက်သင့်လေး လိုက်ပြီးနေလိုက်ယုံပဲတဲ့ ကားချောင်တဲ့ နေ့မျိုးဆိုရင်တော့
ကံကောင်းတဲ့နေ့ဆိုပြီး တွေးချင်ရာလေးတွေးပြီး စီးဖြစ်တယ်ဆိုပဲ …
နွယ်ပင်တို့များကြားတော့လဲ နေ့တိုင်းလိုင်းကားက တိုးစီးနေရတာပါပဲ တစ်ဆင့်တောင်မဟုတ်ဘူး နှစ်ဆင့် ဒါတောင် အသားကမကျချင်ဘူးတကယ်
မနက်မနက် အလုပ်သွားဖို့ကို (အလုပ်နဲ့အိမ်နဲ့က ပြောရလောက်အောင်ဝေးတာမဟုတ်ဘူး) ကားစီးဖို့အတွက် အိမ်ကနေ တစ်နာရီလောက်ကြိုထွက်မှတန်ကာကြတယ်
တကယ်တမ်းသာကားရရင် စီးရမှာအချိန်က (15) မိနစ်ရယ် ကားကိုစောင့်နေရတာက နာ၇ီဝက်လောက်ကြာတယ် တစ်ခါတစ်လေများ 5 မိနစ်လောက် အိမ်ကထွက်တာ မနောက်ကျနဲ့ ဘယ်တော့မှအချိန်မမှန်တဲ့ လိုင်းကားကြီးကသွားပြိ မြင်သာမြင်မကြင်ရတဲ့ ဘဝ ။ အလုပ်ကိုရောက်တဲ့ ကားကလဲ ဒီတစ်စီးတည်းရှိတော့ ထပ်စောင့်ပေါ့ ကံကောင်းရင် သိပ်မကြာခင် နောက်တစ်စိးလာသလို ကံဆိုးပြီဆိုရင်တော့ Taxi သာငှားပေတော့ ၊ကုန်ပြီပေါ့ နေ့တိုင်းသာ အဲလိုစီးရရင်တော့ ။
အချိန်မှန်ကားဂိတ်ကို ကိုယ်ကရောက်ပြီဆိုရင် စီးရမယ့်ကားကပေါ်မလာဇာတ်ကားရိုက်ပြီပဲ အဲ ခဏနေတော့ သူလာပြီဆိုရင်ပြေးဖို့သာ အသင့်ပြင်ထား
ရှေ့ပဲ ပြေးမလား နောက်ပဲပြေးမလား ဒီလိုင်းကားက ဘယ်တော့မှ မှတ်တိုင်တည့်တည့် မရပ်ဘူး မှတ်တိုင်ကို ကျော်ရင်ကျော် မကျော်ရင် မှတ်တိုင်မရောက်ခင်ပဲ
အဲတော့ လူတွေက ပုံသေမရှိတဲ့ ကားနောက်ကိုပြေးလိုက်ရတာ အဲ့မှတ်တိုင်ကကားစောင့်နေကြလူတွေဆို နွယ့်ပင်ကို မှတ်မိနေကြပြီ (ယူနီဖောင်းကြီးတစ်ကားကားနဲ့ပြေးနေရတာ မာရသွန်ပြိုင်ပွဲတောင် ဝင်လို့ရနေပြီ)
ဒီနေ့လဲ အလုပ်ကိုစောစော သွားမယ်ဆိုပြီး အိမ်က စောစောထွက် ပါတယ် ကိုယ်ရွှေကားက ပေါ်မလာဘူး အဲတာနဲ့ Taxi ငှားမယ်ဆိုပြီး ကားတားယုံရှိသေးတယ်
သူ့ရဲ့ အ0ါနဲ့အပြာစပ်ကားကြီးကိုတွေ့တော့ တားနေတဲ့ လက်ကိုရုပ် သူရပ်မယ်နေရာမှနးပြီး ကိုယ်ကပြေးပြီး အသင့်စောင့်နေလိုက်တော့ ရပ်တောင်မရပ်ဘူး စကားတစ်ခွန်းတော့ ပြောသွားတယ် “ကားနှစ်စီး ပူးလာလို့အစ်မရေ နောက်ကားနဲ့သာလိုက်ခဲ့တောတဲ့” ပြေးနေတဲ့ခြေထောက်ကို ဘယ်လိုပုံစံနဲ့ ရပ်ရမှန်တောင်မသိဘူး ကားဂိတ်ကလူတွေကလဲ ကိုယ်ကိုကြည့်လို့ ဒါပေမဲ့ ရှက်ပါဘူးလေ နွယ်ပင်ပဲဟာ :) :) သိတယ်မဟုတ်လား ခပ်တည်တည်နဲ့ သူပြောတဲ့ နောက်ကားဆိုတာကြီးကို စောင်နေတာပေါ့ (10) မိစ်လောက်သာကြာသွားတယ် ပြိုင်တဲ့ကားကလဲ ပေါ်မလာဘူး အဲတော့လဲ ခပ်တည်တည်ပဲ Taxi ငှားပြီးအလုပ်ကိုလာတာပေါ့ ကိုယ့်အိတ်ထဲကတော့ ခြင်္သေံလေးတွေ ကုန်ထွက်သွားတာပေါ့နော်

အင်း ဒီလိုဒုက္ခတွေက ဘယ်တော့များမှ လွတ်မလဲတော့ မပြောတက်သေးပါဘူး အလုပ်ကလဲ ဖယ်ရီမပေး လိုင်းကားတွေကလဲ အချိုးမပြေဆိုတော့
မဟုတ်လဲ အလုပ်ကဘောစီက သူတပည့်လေးတွေ လိုင်းကားတိုးစီးရတာ သနားပါတယ်လေးဆိုပြီး ဖယ်ရီပေးရင်တော့ တစ်မျိးပေါ့
ဒါမှမဟုတ်လဲ နွယ်ပင်စီးနေကျ ကားသမားကြီးက သနားသွားပြီး (သူ့ခမျာ နေ့တိုင်း အပြေးလေ့ကျင့်နေရတာဆိုပြီး) ကားဂိတ်မှာပဲ ကားကို အမြဲရပ်ပေး
ဒီလိုမဟုတ်လဲ TaxI သမားတွေက လိုင်းကားဈေးနဲ့ပို့

စိတ်ကူးယဉ်ကြည့်တာပါ ဟိဟိ :) :D

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..