ကားစီးရတဲ့ ဒုက္ခ

နွယ်ပင်June 17, 20111min13013

တစ်နေ့ တစ်နေ့ လူတွေလဲ အလုပ်သွားအလုပ်ပြန် ကားစီးရတဲ့ ဒုက္ခက တကယ်ကို မလွတ်ကြပါလား
ဒီလိုင်းကားတိုးစီးရဲ့ ဒုက္ခက ကို်ယ်တွေအတွက် ဘယ်လောက်ကြာကြာ ထမင်းစားရေသောက် ဘဝကိုမဖြစ်နိုင်တာသူများတွေကတော့ပြောတော့ လိုင်းကားတိုးစီးရတာ ကြာတော့ ဘယ်လိုမှကိုမနေတော့တာတဲ့ ။
လူကြပ်ရင် ကားတန်းကိုတောင်ကိုင်စရာမလိုဘူး လူတွေကြားထဲမှာ အလိုက်သင့်လေး လိုက်ပြီးနေလိုက်ယုံပဲတဲ့ ကားချောင်တဲ့ နေ့မျိုးဆိုရင်တော့
ကံကောင်းတဲ့နေ့ဆိုပြီး တွေးချင်ရာေလေးတွေးပြီး စီးဖြစ်တယ်ဆိုပဲ …
နွယ်ပင်တို့များကြားတော့လဲ နေ့တိုင်းလိုင်းကားက တိုးစီးနေရတာပါပဲ တစ်ဆင့်တောင်မဟုတ်ဘူး နှစ်ဆင့် ဒါတောင် အသားကမကျချင်ဘူးတကယ်
မနက်မနက် အလုပ်သွားဖို့ကို (အလုပ်နဲ့အိမ်နဲ့က ပြောရလောက်အောင်ဝေးတာမဟုတ်ဘူး) ကားစီးဖို့အတွက် အိမ်ကနေ တစ်နာရီလောက်ကြိုထွက်မှတန်ကာကြတယ်
တကယ်တမ်းသာကားရရင် စီးရမှာအချိန်က (15) မိနစ်ရယ် ကားကိုစောင့်နေရတာက နာရီဝက်လောက်ကြာတယ် တစ်ခါတစ်လေများ 5 မိနစ်လောက် အိမ်ကထွက်တာ မနောက်ကျနဲ့ ဘယ်တော့မှအချိန်မမှန်တဲ့ လိုင်းကားကြီးကသွားပြိ မြင်သာမြင်မကြင်ရတဲ့ ဘဝ ။ အလုပ်ကိုရောက်တဲ့ ကားကလဲ ဒီတစ်စီးတည်းရှိတော့ ထပ်စောင့်ပေါ့ ကံကောင်းရင် သိပ်မကြာခင် နောက်တစ်စိးလာသလို ကံဆိုးပြီဆိုရင်တော့ Taxi သာငှားပေတော့ ၊ကုန်ပြီပေါ့ နေ့တိုင်းသာ အဲလိုစီးရရင်တော့ ။
အချိန်မှန်ကားဂိတ်ကို ကိုယ်ကရောက်ပြီဆိုရင် စီးရမယ့်ကားကပေါ်မလာဇာတ်ကားရိုက်ပြီပဲ အဲ ခဏနေတော့ သူလာပြီဆိုရင်ပြေးဖို့သာ အသင့်ပြင်ထား
ရှေ့ပဲ ပြေးမလား နောက်ပဲပြေးမလား ဒီလိုင်းကားက ဘယ်တော့မှ မှတ်တိုင်တည့်တည့် မရပ်ဘူး မှတ်တိုင်ကို ကျော်ရင်ကျော် မကျော်ရင် မှတ်တိုင်မရောက်ခင်ပဲ
အဲတော့ လူတွေက ပုံသေမရှိတဲ့ ကားနောက်ကိုပြေးလိုက်ရတာ အဲ့မှတ်တိုင်ကကားစောင့်နေကြလူတွေဆို နွယ့်ပင်ကို မှတ်မိနေကြပြီ (ယူနီဖောင်းကြီးတစ်ကားကားနဲ့ပြေးနေရတာ မာရသွန်ပြိုင်ပွဲတောင် ဝင်လို့ရနေပြီ)
ဒီနေ့လဲ အလုပ်ကိုစောစော သွားမယ်ဆိုပြီး အိမ်က စောစောထွက် ပါတယ် ကိုယ်ရွှေကားက ပေါ်မလာဘူး အဲတာနဲ့ Taxi ငှားမယ်ဆိုပြီး ကားတားယုံရှိသေးတယ်
သူ့ရဲ့ အ0ါနဲ့အပြာစပ်ကားကြီးကိုတွေ့တော့ တားနေတဲ့ လက်ကိုရုပ် သူရပ်မယ်နေရာမှနးပြီး ကိုယ်ကပြေးပြီး အသင့်စောင့်နေလိုက်တော့ ရပ်တောင်မရပ်ဘူး စကားတစ်ခွန်းတော့ ပြောသွားတယ် “ကားနှစ်စီး ပူးလာလို့အစ်မရေ နောက်ကားနဲ့သာလိုက်ခဲ့တောတဲ့” ပြေးနေတဲ့ခြေထောက်ကို ဘယ်လိုပုံစံနဲ့ ရပ်ရမှန်တောင်မသိဘူး ကားဂိတ်ကလူတွေကလဲ ကိုယ်ကိုကြည့်လို့ ဒါပေမဲ့ ရှက်ပါဘူးလေ နွယ်ပင်ပဲဟာ 🙂 🙂 သိတယ်မဟုတ်လား ခပ်တည်တည်နဲ့ သူပြောတဲ့ နောက်ကားဆိုတာကြီးကို စောင်နေတာပေါ့ (10) မိစ်လောက်သာကြာသွားတယ် ပြိုင်တဲ့ကားကလဲ ပေါ်မလာဘူး အဲတော့လဲ ခပ်တည်တည်ပဲ Taxi ငှားပြီးအလုပ်ကိုလာတာပေါ့ ကိုယ့်အိတ်ထဲကတော့ ခြင်္သေံလေးတွေ ကုန်ထွက်သွားတာပေါ့နော်

အင်း ဒီလိုဒုက္ခတွေက ဘယ်တော့များမှ လွတ်မလဲတော့ မပြောတက်သေးပါဘူး အလုပ်ကလဲ ဖယ်ရီမပေး လိုင်းကားတွေကလဲ အချိုးမပြေဆိုတော့
မဟုတ်လဲ အလုပ်ကဘောစီက သူတပည့်လေးတွေ လိုင်းကားတိုးစီးရတာ သနားပါတယ်လေးဆိုပြီး ဖယ်ရီပေးရင်တော့ တစ်မျိးပေါ့
ဒါမှမဟုတ်လဲ နွယ်ပင်စီးနေကျ ကားသမားကြီးက သနားသွားပြီး (သူ့ခမျာ နေ့တိုင်း အပြေးလေ့ကျင့်နေရတာဆိုပြီး) ကားဂိတ်မှာပဲ ကားကို အမြဲရပ်ပေး
ဒီလိုမဟုတ်လဲ TaxI သမားတွေက လိုင်းကားဈေးနဲ့ပို့

စိတ်ကူးယဉ်ကြည့်တာပါ ဟိဟိ 🙂 😀

13 comments

  • စုံ စုံ

    June 17, 2011 at 8:54 am

    ဘုရားမှာတနေ့သုံးခါဆုတောင်းပေး
    ဘောစိမြန်မြန်ဖယ်ရီပေးပါစေလို့
    ဒါဆိုနောက်သုံးနှစ်လောက်ကြရင်ဆုတောင်းပြည့်လိမ့်မယ်
    မယုံမရှိနဲ့..
    ဗေဒင်ဟောလိုက်မယ်..ဟဲဟဲ

  • နွယ်ပင်

    June 17, 2011 at 9:15 am

    စုံစုံရေ ဘုရားမှာ တစ်နေ့ (9) ခါ ဆုတောင်းမယ်လေ
    ဒါဆို တစ်နှစ်လောက်ဆို ဆုတောင်းမပြည့်နိုင်ဘူးလား … 😀

  • Shwe Tike Soe

    June 17, 2011 at 10:24 am

    ဒုက္ခလိုမမြင်လိုက်ပါနဲ. မနွယ်ပင်ရယ်…
    မနက်မနက် လေ့ကျင့်ခန်းလုပ်တာပေါ့.. ဘယ်မှတ်တိုင်မှာ ဘက်စ်ကားစီးလဲ နောက်နေ.့ အပြေးလေ့ကျင့်နေတဲ့ပုံကို
    ဓာတ်ပုံလာရိုက်ပေးမလို…
    ဘောစိက ဖယ်ရီစီစဉ်ပေးဖို.မျှော်လင့်မနေပါနဲ.တော့ သူဟာသူတောင် ဓာတ်ဆီဖိုးအနိုင်နိုင် စီးနေရရှာတာ…
    Taxi နေ.တိုင်းစီးနိုင်တဲ့ လစာ ရပါစေလို.ဆုတောင်းပေးပါတယ်ဗျာ

    • နွယ်ပင်

      June 17, 2011 at 10:32 am

      နွယ်ပင်စီးတဲ့ ကားမှတ်တိုင်တော့ မပြောတော့ပါဘူး
      တော်ကြာ တကယ်ဓာတ်ပုံလာရိုက်ပြီး ပို့စ်တင်နေရင်ဒုက္ခ
      Taxi နေ့တိုင်းစီးနိုင်တဲ့ လစာရရင်လဲ စီးဖြစ်မယ်မထင်ပါဘူး
      လိုင်းကားကိုပဲ တိုးစီးနေမိမှာ သေချာပါတယ် Taxi နေ့တိုင်းစီးနေရတာ ပိုက်ဆံတွေနှမြောစရာ 🙂

      • ဆူး

        June 17, 2011 at 3:24 pm

        ဘောစိ ဆီက ချေးငွေ ထုတ်ပေးမယ်တဲ့ ကိုယ်ပိုင် ကားဝယ်စီးပြီး အလုပ်တက်ပါတဲ့။
        ဖုန်း ၁လုံး ၅သိန်းလောက် ဖြစ်လာသေးတာပဲ ကားတစီး ၅သိန်း မဖြစ်ဘူးလို့ မပြောနိုင်ဘူး ၅သိန်း ဖြစ်လာရင် ကိုယ်ပိုင်ကားနဲ့ အလုပ်တက်ပေတော့။

  • unclegyi1974

    June 17, 2011 at 3:55 pm

    နွယ်ပင်ရေကြားပြီးပလား
    မှတ်တိုင်မရပ်တဲ့ကားတိကျစွာအရေးယူမယ်
    ပြိုင်မောင်းတဲ့ကားတိကျစွာအရေးယူမယ်
    ဒါကပထမအဆင့်
    နောက်တဆင့်က mrt တွေမကြာမှီလာမည်မျှော်
    လူအများစိတ်ချမ်းသာစေရမည်
    ရွှေပြည်တော်မျှော်တု်င်းမဝေးတော့ပါဖူး

    • etone

      June 18, 2011 at 4:11 am

      ကိုယ်တွေတော့မှီချင်မှ မှီမယ် … နိတ်စ် ဂျန်နရေးရှင်းကျမှပဲ အဲ့လိုဖြစ်မှာ .. ။

  • bigcat

    June 18, 2011 at 1:48 am

    နွယ်ပင် အလုပ်သွား၊ပြန် ပြသနာကို ကိုကြောင်ကြီး လေ့လာကြည့်လိုက်တော့ ဖြေရှင်းနည်း သုံးခုသွားတွေ့တယ်။
    ၁။ ဘတ်စ်ကား ကျပ်၊ အချိန်မမှန်တဲ့ ပြဿနာ – ဘတ်စ်ကား ကိုယ်ပိုင်ထောင်ပြီး လိုင်းထဲထည့်ထားလိုက်ပါ။
    ၂။ တက္ကစီကား ဈေးကြီးတဲ့ ပြသနာ – ထိုနည်း၎င်းပဲ၊ ကကအဌားယာဉ်ထောင်ပြီး လျှော့ဈေးနဲ့စီးပါ။
    ၃။ အလုပ်က ဖယ်ရီမပေးတဲ့ ပြသနာ – ကိုယ်ပိုင်လုပ်ငန်းထောင်ပြီး ဘောစိလုပ်ပါ။

  • နွယ်ပင်

    June 18, 2011 at 2:58 am

    နွယ်ပင် အလုပ်သွားအလုပ်ပြန် အဆင်ပြေဖို့အတွက်
    ကိုကြောင်ကြီး ပေးတဲ့ အကြံမဆိုးဘူးရယ် …… အဖေ့ကိုပြောပြီး ဒီအကြံပေးချက်အတိုင်းလိုက်လုပ်ခိုင်းမယ်လေ …. 🙂

  • intro

    June 18, 2011 at 6:21 am

    ကားမဝယ်နိုင်သေးလဲ၊ အိမ်ရောင်းပြီး အလုပ်နဲ့ နီးတဲ့နေရာမှာသာ ပြောင်းနေလိုက်တော့ နွယ်ပင်ရေ့… 🙂

  • online.hkk

    June 18, 2011 at 8:04 am

    အမနွယ်ပင်ပြောသလိုပါပဲ ကျတော်ဆိုလဲတစ်ခါတလေမြို.ထဲကအပြန်
    အလုပ်လုပ်ရတာမပင်ပန်းဘူး လိုင်းကားတိုးစီးနေရတာကအလုပ်ထက်ပို
    ပြီးစိတ်ရောလူရောပင်ပန်းတယ် အထူးတွေလဲပေါ်လာရောဝမ်းသာလိုက်တာ
    အထူးတွေကလဲအစပိုင်းထူးပြီး နောက်ပိုင်းကျမထူးတော့ပါဘူး
    ကိုပိုင်ကားလေးရှိရင်ကောင်းမယ်လို့တော့စိတ်ကူးယဉ်မိတာ
    တော့အမှန်ပါပဲ 🙂

  • online.hkk

    June 18, 2011 at 2:40 pm

    ကားမစီးပဲ နွားပဲစီးတာကမှ ကောင်းအုံးမယ်
    အဲလိုပုံဆိုရင်

  • online.hkk

    June 18, 2011 at 2:49 pm

    တခါတလေကားစီးတာတောင်မထင်ရဘူးဒုံးကြည်လိုက်စီးတာကြနေတာပဲ

Leave a Reply