စကားတွေ။။။။။

လူတစ်ချို့ စနောက်ရင်ပြောနေ ကျတဲ့ စကားအချို့ပါ။။
ကြားဘူးတာတွေ ပြန်ရေးပြတာပါ။။။။
(၁) စားခြင်တာစား ဦးနှောက်တော့လာမစားနဲ့
(၂)` ဘာလဲမလုပ် နဲ့ အာဖြဲပြီး သေးပေါက်ထည့်လိုက်မယ်
(၃) ဘုန်ကြီးကျောင်းသား စာတော့မတတ်ဘူး လက်ရေးတော့လှတယ်
(၄) လူတစ်ယောက်လုံးရှိနေမှ မှတ်ပုံတင်ပြဘို့လိုသေးလား
(၅) လုပ်ခြင်သလိုလုပ် လုပ်ပြီးပစ်မထားနဲ့
(၆) ရှည်တာတိုတာအဓိကမဟုတ်ဘူး ပစ်တတ်ခတ်တတ်ဘို့ကအရေးကြီးတယ်
(ရ) မဟုတ်တာတော့မပြောနဲ မဟုတ်တာပြောရင်သမုဒ်တရာမျှောမယ်
(၈) ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး ဘယ်ရယ်ညာရယ်ပေါင်းရင်တော့ တစ်ရ ံ ရတယ်
(၉) အမ်မလုပ်နဲ့ အံပြုတ်ပြီးဆန်ပြုတ်ပါမသောက်နိုင်ဖြစ်သွားမယ်
(၁၀) အကောင်းမပြောခြင်နေ အပြောကောင်းဘို့လိုတယ်
(၁၁) အလကားကောင်တော့မဟုတ်ဘူး အလယ်ဂေါင်ကားသွားမယ်
(၁၂) ကျောချင်ခွချင် ဆိုက်ကားနင်း
(၁၃) နောက်ချင်ပြောင်ချင်ဇာတ်ထဲသွား
(၁၄) ရှေ့ကထမင်းထုတ်ပဲမမြင်နဲ့ နောက်ကဝါးရင်းဒုတ်လဲသတိထား
(၁၅) ပျင်းရင် အမြီးခွေပြီးအိပ်နေလိုက်
(၁၆) ဆရာကြီးတော့မဟုတ်ဘူး ယုံကြည်ရင်တော့ ကိုးကွယ်လို့ရတယ်
(၁ရ) နှစ်လုံးထဲနဲ့ ဘောင်းဘီကျပ်မနေနဲ့
(၁၈) ဗလ မရှိပေမယ့် ဇ ရှိတယ်
(၁၉) မှန်တဲ့သူတွေကျကျန်ခဲ့တယ် မမှန်တဲ့သူတွေဆက်တက်
(၂၀) သဘောကောင်းတယ်နော်ဒါပေမယ့် ဒါးဒုတ်ပက်စက်တယ်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

6 comments

  • esz88

    June 17, 2011 at 7:07 am

    ကျန်သေးတယ် ၁။ ဘာလဲဆိုတာရွာထဲရောက်မသိမယ်

    • ogre

      June 17, 2011 at 7:12 am

      ဟုတ်တယ်အဲဒါမေ့သွားတယ်

  • cobra

    June 17, 2011 at 8:55 am

    လှံထမ်းလာတာမြင်ရပင်မယ့်ဓားမြှောင်ဝှက်လာတာမမြင်နိုင်ဘူး။

  • wakawaka7

    June 17, 2011 at 10:35 am

    မျက်ခွက်ကိုဆောင့်ထိုးလိုက်လို့ အီးအီးမဝါးနိုင်ပဲဖြစ်နေဦးမယ်။(သွားကြိုးသွားလို့)

  • naywoonni

    June 17, 2011 at 11:08 am

    ဆယ်တန်းအောင်ဖို့ မလိုဘူး….။ အလိုက်သိဖို့လိုတယ်………တဲ့။။

  • PaukPhaw

    June 17, 2011 at 12:29 pm

    စားတော့ တစ်ဇလုံ ပါတော့ ကျွဲချီးပုံ
    ဆင်ဖမ်းမယ် ကျားဖမ်းမယ် နဲ ့ တီကောင်ကို ခါးတောင်းကျိုက်ဖမ်း
    တစ်ချက်စာလဲ မရှိ နှစ်ချက်စာလဲ မက
    အကောင်သေးရင် ၂ ကောင်ပေးတယ်..အကောင်ကြီးရင် အားနဲနဲစိုက်တယ်

    😉 🙂

Leave a Reply