ရွာသဂျီးသို့ အကြံပေးစာ

etoneJune 17, 20111min227

လူ တဲ့ …ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်တာချင်းတူပေမဲ့ ပေါက်ဖွားလာခဲ့တဲ့ မိသားစုမျိုးရိုး ကွာခြားလို့လား၊ နေထိုင်ရတဲ့ ပတ်ဝန်ကျင် အသိုင်းဝိုင်း မတူညီကြလို့ပဲလားမသိဘူး … မပြောတတ်ဘူး … စိတ်ဓါတ်တွေကလည်း   နိမ့်မြင့်လတ် အစုံပါပဲ … ။ ရွှေပင်နားတော့ ရွှေကျေးဆိုပေမဲ့ …. ကျီးဟာကျီး ဒေါင်းဟာ ဒေါင်းပါပဲ … ။ ထုံးသုတ်လို့ မဖြုတဲ့ စိတ်ဓါတ်တွေနဲ့  လူအများ နေ့စဉ် ဝင်ထွက်နေတဲ့ ဒီရွာထဲမှာ အုတ်အေ်ာသောင်းနင်းဖြစ်အောင် လုပ်နေတဲ့လူတွေ ဘာလို့များ တနေ့တခြား များလာရတာလဲ … ။ အားမနာတမ်း ရှင်းရှင်း ပြောရလျှင် သဂျီးရဲ့ ရွာ အပေါ် care လုပ်နိုင်မှူ အားနည်းလာတာကြောင့်ပါ ။ ရွာထဲ ရေးနေရင်း ဇရှိတဲ့လူတွေ လည်းရှိမယ် … ၊ အေးဆေးသမားရှိမယ်…  ဒီကြားထဲ အရေမရ အဖတ်မရ ပွိုင့်လိုချင်လို့ ရေးတဲ့လူရှိမယ် …၊ဝါသနာပါလို့ ရေးတဲ့လူရှိမယ် ….၊ ပျော်လို့ ဝင်လာတဲ့လူတွေရှိမယ်… ၊ဖရိုဖရဲ တဦးတယောက်ကို ရည်ရွယ်ရေးသားပြီး အရေမရ အဖတ်မရပို့စ်တွေရှိမယ် …စည်းကမ်းမလိုက်နာပဲ တနေ့ ၂ပုဒ်အထက် တင်တဲ့လူတွေ ရှိမယ် … ၊ ဒါတွေ တနေ့တခြား ဖောင်းပွလာတာဟာ သဂျီးက သေချာ မကိုင်တွယ်ခဲ့တာကြောင့်ပါပဲ … ။ အလကား  ရွာဆူအောင် ထထဟောင်နေတဲ့ ငကြောင် များလည်း ဒီဆိုက်ထဲ မျက်စိကျနေပုံပါ… ။လက်တည့်စမ်းရေးချင်နေတဲ့ လူတွေကလည်း ပွိုင့်ရရှိရေး ဦးစားပေးရေးပြန်တယ်…. ဆိုက်ကို ပေါလစ်တင်ဖို့ မပြောနဲ့ … ကြာရင် ရှိရင်းစွဲ အခြေနေထက်တောင် ပိုဆိုးဦးမလား မသိတဲ့ အခြေနေမှာ ထိန်းသိမ်းမှု တစ်စုံတစ်ရာ ပြုသင့်နေပါပြီလို့ လည်း အကြံပေးပါတယ်… ။

33 comments

  • manawphyulay

    June 17, 2011 at 8:16 am

    ဟုတ်တယ်ညီမလေးရေ…. တစ်ခါတလေ သူများကို နှိပ်ကွက်ချင်တဲ့သူတွေကလည်း တစ်ယောက်ရေးတာနဲ့ ဝိုင်းဖဲ့မယ်ဆိုတဲ့ သူတွေများလာတာ တွေ့ရတာပါပဲ။ နောက်တစ်ချက်က သူများဂုဏ်ချမှ ကိုယ့်ရဲ့ဂုဏ်တက်မယ်လို့ ထင်နေကြသလားဆိုတာပါပဲလေ။ ခုနောက်ပိုင်း ရွာထဲမှာ သိပ်မပျော်တာတော့ အမှန်ပါပဲ။

    • etone

      June 17, 2011 at 9:50 am

      အဲ့ဒါကြောင့်ပြောတာပေါ့ အစ်မရယ် ဆော်ချင်တဲ့လူကတော့ နှိပ်ကွတ်မလို့ စောင့်နေမှာပါပဲ
      ဒီရွာထဲမှာ ဘာဂုဏ်တွေပြပြီး ၊ ဘာဂုဏ်တွေ ချချင်နေမှန်းလည်း မသိဘူးနော် ။ အရေမရ အဖက်မရ ဘာကို ထောင်လွှားနေမှန်းမသိဘူး အစ်မရဲ့ … ။ တစ်ခုတော့ရှိတယ်…
      …ကိုယ်တိုင်ကလည်း အနေထိုင်တတ်ဦးမှ သူများပြောလို့မရမှာလေ…. ။ ကိုယ့်ဘက်က လုပ်နိုင်တာ ဒါပဲ ရှိတော့တာပေါ့ .. ။

  • R Ga

    June 17, 2011 at 8:18 am

    သူကြီးလည်း မျက်စိရော နားရော ပိတ်ပြီး….တရားဘာဝနာတွေအားထုတ်နေသလားမသိ..။ဒါမှာမဟုတ် မျက်စိရောနားရော ဖွင့်ပြီး မမြင်ချင် မကြားချင်သရောင်ဆောင်နေသလားမသိ…။ တစ်ခုခုတော့တစ်ခုခုပဲ…။

  • နွယ်ပင်

    June 17, 2011 at 8:30 am

    ဟုတ်ပ etone ရေ ဒီလိုလူမျိုးတွေက ရွာထဲ အရမ်းများလာပြီ တစ်ခါတစ်လေ လိုင်းကမကောင်းတဲ့ကြားထဲ
    အဲလိုပို့စ်မျိုး ဝင်ဖတ်မိရင် တကယ်ပဲ စိတ်ပျက်မိတယ် .

  • cobra

    June 17, 2011 at 8:45 am

    ကောင်းလိုက်တဲ့အကြံပြုချက်
    ကြည့်ကြည့်နေတာကြာပီ အခုမှမခံနိုင်တော့လို့ထပီးအကြံပြုလိုက်တာလား
    ပြောလည်းပြောချင်စရာပါ။
    ကျွန်တော်ဆိုဘယ်လိုပို့စ်မျိုးတင်ရမလည်းစဉ်းစားနေတာနဲ ့မတင်တာလည်းကြာပါပီ
    အခုချိန်မှာစည်းကမ်းမရှိတော့တဲ ့ပို့စ်တွေလည်းများလာပါပီ။
    ကျွန်တော်လည်းတချို့သတင်းတွေဆိုcopy ကူးပါတယ်
    ကူးရင်လည်း ကူးကြောင်းဝန်ခံထားပါတယ်။
    အခုဆိုရင်copy တွေလည်းတင်နေပါတယ်တင်ရင်လည်းကိုယ့်ဟာလိုလိုတွေလုပ်နေကြပါတယ်။
    သူကြီးရေ၂လုံးပြူးလွယ်ကာရွာထဲဆင်းကြည့်လှည့်ပါဦး။

  • esz88

    June 17, 2011 at 9:00 am

    သူကြီးကိုအကြံမပေးနဲ့လေအမရာ ဦးဦးဖျားဖျာပေးရမှာ အကြံပေးတော့ဘယ်ကောင်းမှာလဲ
    နောက်တာနော် စိတ်မဆိုနဲ့ 😛

    အခုတော့ esz88 တရွာလုံးနဲ့တယောက် ဇာတ်ကားရိုက်နေပါတယ် 😀

    • etone

      June 17, 2011 at 10:01 am

      ဒီလိုပါပဲ ဇာတ်ကားတစ်ခုမှာ ဗီလိန်တယောက်တော့ ပါစမြဲပါပဲ..။

      • နွယ်ပင်

        June 17, 2011 at 10:08 am

        ဗီလိန်ဖြစ်လဲ သူက ပျော်နေပုံရပါတယ် etone ရယ်

        • esz88

          June 17, 2011 at 10:14 am

          ပျော်ပျော်နေသေခဲ အိမ်မှာနေအမေဆဲလို့ 😛

          အဲဒါမိုလို့ online မှာမြဲရိုနေပါတယ်

  • esz88

    June 17, 2011 at 10:15 am

    နွယ်ပင် က ဗေဒင်ဆရာမ လုပ်သင့်တယ် အကြားအမြင်ရလို့

      • esz88

        June 17, 2011 at 10:35 am

        ဟဟ နေမရတော့မဖြစ်ပါဘူး နေတက်ရင်ကျေနပ်စရာကြီးပါဘဲ

        ဆဲတာတော့မကောင်ဘူးပေါ့နော့

  • နွယ်ပင်

    June 17, 2011 at 10:23 am

    နွယ်ပင်က ဗေဒင်ဆရာမ လုပ်ဖို့နေနေသာသာ ဗေဒင်ဆို မယုံလို့ တစ်ခါမှတောင် မမေးဘူးဘူး
    ဒါပေမဲ့ လူကဲခတ်တော့ ကျွမ်းတယ် အခုဆို စာကဲခတ်ပါကျွမ်းလာပြီ ..

  • king

    June 17, 2011 at 10:44 am

    နာလည်းမပျော်ချင်တော့ဘူး
    ရွာမှာလူစည်ကားလာပေမယ့် KTV နဲ့ ဘီယာဆိုင်နဲ့ နိုက်ကလက်နဲ့ ရှော့ပင်းမောတွေနဲ့ ပန်းခြံတွေနဲ့
    နာကြိုက်တော့ဝူးးးးးး
    အရင်တုန်းကလို ထန်းတောမှာ ထန်းရည်သောက် နေညိုချိန် ရွာထိပ်မှာ အပျိုချောတွေကို ကြည့်ချင်လို့ ခြင်းလုံး ခတ်ချင်ယောင်ဆောင် …. ပန်းခြံဆိုတာလိုဘူး ရွာစပ်က တောထဲကိုသွားရုံပဲ ktv လိုဘူး သူကြီးအိမ်က အော်လန်နဲ့ အော်ဆို … ရွာထိပ်က အပျိုလှလှတွေရဲ့ ကုန်စုံဆိုင်မှာ အကြောင်းမရှိ အကြောင်းရှာ လက်ဖက်ခြောက် ၅ ကျပ်သားဝယ်လိုက် ထန်းလျက် အလကားတောင်းလိုက် ….
    ပျင်းလို့ရှိရင် ရွာထဲက အပျိုချောတွေ အတင်းတုတ်တဲ့နေရာ ချောင်းနားထောင် အဲ ဟုတ်ပါဘူး လျှို့ဝှက်သတင်းရယူ …..
    အဲ လိုလေးဘဲ နေချင်တယ်
    လူများလာပြီး ပြသနာပိုများလာတယ် …. နာတောင်ပို့စ်တင်မယ့် ကိစ္စတွေ ဟိုဖတ်လိုက်ဒီဖတ်လိုက်နဲ့ တင်ဖြစ်တော့ဝူးးးးးးးးးးးး
    အရင်လိုအချိန်တွေ သတိရတယ်
    🙁

  • akswe

    June 17, 2011 at 10:55 am

    esz88 ရေ (ညီလေးလား ညီမလေးလားမသိ) အမှတ်တမဲ. ကိုယ့်ရဲ့ အရေးအသားကြောင့် ကိုယ့်ထက် အကြီးတွေ ရေးဖော်ရေးဘက်တွေ ကို စော်ကား ရိုင်းပြသလို ဖြစ်သွားတာ ကို တောင်းပန် ခွင့်လွှတ်ဖို. ပြောရင် အားလုံး နားလည် ပေးကြမှာပါ အခုတော့ ကိုယ်ကလည်းမှားသေး တယ် မထေမဲ့မြင်နဲ့ ပြောင်ချော်ချော်လုပ်နေတော. အပ်နဲ.ထွင်းရမဲ့ကိစ္စ ပိုကြီးသွားမယ်။

  • esz88

    June 17, 2011 at 11:11 am

    ဒီလို့ပဲ ပျော်လို့ နောက်တာပါ ဒါမှ ရွာလူစည်မှာပေါ့

  • naywoonni

    June 17, 2011 at 11:51 am

    ဟုတ်တာပ…။ ဖတ်နေကြမို့သာ ဝင်ဖတ်နေရတာ ကောမန့်ရေးချင်စိတ်တောင် မရှိလို့မရေးဖြစ်ပါဘူး…။ ဆိုင်ကလည်း အရင်လို စာဝင်ဖတ်ရုံနဲ့ log in ဝင်ရုံနဲ့ ပွိုင့် 20 မရဘူး ဖြစ်နေတယ်… သတိထားမိလား?

    • meelay

      June 18, 2011 at 4:27 am

      Log in ဝင်တာ ပွိုင့်မရတဲ့အကြောင်း အရင်နေ့တွေထဲက သဂျီးကို ပြောထားပါတယ် … သဂျီးထံမှ မည်သည့်အကြောင်းမှ ပြန်စာမလာပါ …. သဂျီးလဲ ဒီရက်ပိုင်း ဘာတွေ ရှုပ်နေမှန်း မသိဘူး …..

  • PaukPhaw

    June 17, 2011 at 11:53 am

    ဒီလကတော့ မန်ဘာတွေ တွေ ့ဆုံတာနဲ ့ သဂျီးသို ့တိုင်စာများနှင့် သာ ပြီးဆုံးတော့မည်လား မသိ

  • hmee

    June 17, 2011 at 1:18 pm

    ကိုယ်ပိုင်မူနဲ့ ဦးနှောက်ကိုဖျစ်ညှစ်မှ ထွက်ကျလာတဲ့ စာလုံးလေးတွေကို စာစီသူတွေ အတွက်တော့ စိတ်ပျက်ကျတာပေါ့။ ဘယ့်နှယ် ဆက်တိုက်တက်လာတာတွေ။ စိတ်မချမ်းသာဘူး။ ပင်မစာမျက်နှာမှာ စံမြန်းခွင့် တရက်တောင် မရချင်တာမို့ ရေးချင်တဲ့ ဖီးလ်လေးတွေ ပျောက်ပျောက်သွားတယ်။

    • weiwei

      June 17, 2011 at 2:06 pm

      မှီပြောသလိုပဲဖြစ်နေတယ် … စိတ်ပျက်နေတာတော့ အမှန်ပဲ …

  • unclegyi1974

    June 17, 2011 at 3:35 pm

    လူအမျိုးမျိုးစိတ်အထွေထွေတဲ့ အိတုန်ရဲ့
    ရွာဆိုမှလာချင်တဲ့သူလာမယ် သွားချင်တဲ့သူသွားမယ်
    နားချင်တဲ့သူနားမယ် ပျော်လို့အခြေချနေချင်တဲ့သူနေမယ်
    ကိုယ်နဲ့အကြိုက်တူစရိုက်တူတဲ့သူပါမယ်
    ကိုယ်နဲ့အကြိုက်မတူ စရိုက်မတူတဲ့သူပါမယ်
    အကြိုက်တူသူနဲ့လေပေးဖြောင့်ပေမဲ့
    အကြိုက်မတူသူနဲ့စကားမပြောချင်တာလူ့သဘာဝပါ
    အလုပ်ရှိရင်ရှေ့ကနေဆော်ဩပြီးသူများလုပ်မှလက်ညှိုးထိုးခိုင်းနေတဲ့သူ
    ဘယ်သူဘာပြောပြောကိုယ်လုပ်ရမယ့်အလုပ်ကိုယ်ပြီးအောင်လုပ်သူ
    အလုပ်ကိုရှေ့ကလည်းဦးမဆောင် နောက်လို်က်လည်းမလုပ်
    ဘေးထိုင်ဘုပြောသူတွေလည်းအများကြီး အိတုန်ရဲ့
    လွယ်အိတ်လိုလူမျိုးနဲ့စကားပြောနေရင်လေကုန်ပါတယ်
    ကိုယ်လုပ်စရာကိုယ်လုပ် အကြိုက်အတွေ့ရင် ဝင်မမန်းနဲ့
    အကုန်လုံးကဘေးမဲ့ပေးထားလိုက်ရင်ရှုပ်နေတာတွေသူ့အလိုလိုရှင်းသွားမှာပါ

  • လူဆိုတာ ကိုယ်စိတ်တိုင်းကျအောင်နေလို့ရတယ်
    ဒါပေမယ့်သူများကိုစိတ်အနှောင့်အယှက်ဖြစ်အောင်တော့ မနေသင့်ဘူး။
    ကိုယ်ကြိုက်တာ ကိုယ်ရေးခွင့်ရှိတယ် သူများကိုတော့ထိခို်က်အောင်မရေးသင့်ဘူး။
    သူကြီးကိုလဲ တိုင်ခွင့်ရှိတယ် မနေနို်င်ရင်တော့ သူဖြေရှင်းပေးပါလိမ့်မယ်နော်
    သူကြီး ဟုတ်တယ်နော် အခုရက်သူကြီးလဲ ဆံပင်ဆေးဆိုးရလိမ့်မယ်ထင်ပါရဲ့
    စိတ်လေစရာတွေများနေလို့

  • pooch

    June 17, 2011 at 4:29 pm

    သူကြီးကရိပ်သာဝင်နေတာနေမှာ အမရဲ့ ေ ကြာင်ကြီးမရှိတော့ ကြွက်တွေသောင်းကျန်းတာပေါ့

  • captainamerica

    June 17, 2011 at 6:14 pm

    ၂ ရက်လေးလားမဖတ်မိပါတယ်။အံဩဖို.တောင်ကောင်းတယ်။စိတ်တောင်တော်တော်ရှုပ်သာွးတာပဲ။ဘာ
    တွေလဲကိုမသိတော့တာ။သဂျီးရေကျွန်တော်ရွာသားစဖြစ်ခါစအားလုံးကိုမိတ်ဆက်တုန်းကသဂျီးကျွန်တော်ကို
    ဝင်မန်းတဲ့အထဲမှာဘယ်ဖက်ကပါမှာလဲမေးဖူးတယ်။အမှန်တရားဖက်ကပဲပါမှာ။ဝင်မန်းတဲ.အဖွဲ.ထဲမှာပဲရှိမယ်
    လို.ထင်တယ်။ကြုံတုန်းသတိရလို.ပြောမိတာပါ။ကျွန်တော်ဝင်တာဘယ်လောက်မှမကြာသေးဘူး။ဝင်ခါစကနဲ.
    တောင်မတူတော့ဘူး။ဟိုးအရင်ကထဲကကျွန်တော်ဂေဇတ်ကိုဝင်ဖတ်နေတာတော်တော်ငြိမ်းချမ်းပါတယ်။
    နှောက်တဲ့ဖောက်တဲလူအနည်းအကျဉ်းပဲတွေ.ရတာပါ။ဒီရက်ပိုင်းမှာနည်းနည်းများလာလာသလိုပဲ။စိတ်လေ
    ပါတယ်။ကိုယ့်အတွက်လည်းအကျိုး(သိပ်ရှိမယ်လို.မထင်) ပတ်ဝန်းကျင်စိတ်အနှောက်အယှက်ကတော့အထိုက်အလျှောက်ကတော့ဖြစ်လာသလိုပဲ။ဝင်မန်းကြတာတွေ
    ကိုဖတ်ကြည့်တာနဲ.ကိုသိသာနေပြီ။အိုဗျ တဂျီးရဲ.ကိုယ့်ရွာသားတွေကိုတစ်ချက်လောက့်ပြန်ကြည့်ပြီးအများ
    နဲ.သင့်တော်မယ့်စည်းကမ်းလေးများလဲထုတ်ပါဦးတော့လား။သဂျီးက သူဂျီးမို.လို.ပါ။ 😀 😀 😀

  • MaMa

    June 18, 2011 at 12:26 am

    အန်ကယ်ကြီး အကြံပေးသလိုမျိုး ကိုယ်မကြိုက်ရင် ဖတ်ပြီး မမန့်ပဲ ကျော်သွားလိုက်ရင် အဲဒီပိုစ့်က တက်မလာတော့ဘူးပေ့ါ။ အဲဒါဆို မျက်စေ့နောက် သက်သာသွားတာပေ့ါ။ တချို့ကလည်း ကော်မန့်တက်လာတာတွေကို ကြည့်ပြီး ဖတ်ကြတာ ရှိတယ်။

  • winnmyo

    June 18, 2011 at 4:48 am

    esz88 fri ရေ တိုက်ခိုက်တာကိုလဲစိတ်မဝင်စားနဲ့ သတင်းရေးဖို့သာစိတ်ဝင်စားပါ။ ခင်လို့ပြောတာပါနော်…..
    ဆရာလုပ်တာမဟုတ်ပါဘူး။

  • Gipsy

    June 23, 2011 at 7:47 am

    esz88 ရေ …ကိုယ့်အကိုတွေ၊ အမတွေ၊ ဦးဦးတွေ၊ ဒေါ်ဒေါ်တွေ ကို မတိုက်ခိုက်ပါနဲ့လားဗျာ….
    ကြားနေသဘောနဲ့ဝင်ပြောမိတာပါ….ခင်ဗျားက စနေမှန်းတော့သိပါတယ်…
    ပွဲဆူနေပီမို့…လျှော့ပေးစေချင်ပါတယ်….

  • pan pan

    June 23, 2011 at 8:06 am

    ရွာသဂျီးသို့ အကြံပေးစာကနေ တဖြည်းဖြည်းနဲ့ ရွာဆူတော့မယ်ထင်တယ်။ စိတ်ညစ်တာပဲ။ 🙁

    • etone

      June 23, 2011 at 8:25 am

      အပြောမတတ်တော့ ဆဲသလိုဆိုတာမျိုး ဖြစ်နေပါပြီ ။ ရွာသဂျီသို့ အကြံပေးစာကနေ ရွာဆူတာမဟုတ်ဘူးဟ … အဲကောင်ပတ်ရမ်းနေလို့ ရွာဆူနေတာနဲ့ အကြံပေးစာရေးရတာ … သိပီလား ။

  • မဟာရာဇာ အံစာတုံး

    September 24, 2012 at 10:11 pm

    ဒေါ်အိတုံဂျီး ပြောပုံဂ ..
    အမှန်ဒွေဂို ဒဲ့ဒိုးဂျီးကို ပြောချသွားဒါဘဲ ..
    :kwi:
    ဒါနဲ့ သဂျီး ဒီပို့စ်ကို ဖတ်ခဲ့မိဘူးလား မသိ …

  • ဦး ဂျစ်

    September 25, 2012 at 9:09 am

    ဒီတခါတော့ သေချာပေါက် ဖတ်ဖြစ်တော့ မှာပါ …
    သူ့မယ် အဖြေတခုတော့ ရှိနေတာများလား …
    ရွာဆူမှ ရွာစည်တယ် အယူရှိလေသလား…
    မသိတော့ဘူး ကိုအံစာရေ ….။

  • etone

    September 25, 2012 at 9:29 am

    အားတော့နာပါတယ် …. တနှစ်ကျော်က ပို့စ်အဟောင်းကြီးဖြစ်နေတာမို့ ….. ကော့မန့် ပိတ်လိုက်ပါတယ်နော် ။ အခု အခြေနေနဲ့ အဲ့ဒီတုန်းက အခြေနေတူသလောက်နီးပါးရှိပေမယ့် … ၊ သက်ဆိုင်သူက သပ်သပ်ဆီမို့ပါ ။ 🙄

Comments are closed.