ရန်ကုန်လေဆိပ်ပိတ်ထား၊ စင်္ကာပူMAI လေယဉ်များ မန္တလေးဆင်းသက်

MandalayTharJune 17, 20111min1256

ရန်ကုန်လေဆိပ်တွင် စစ်လေယဉ်အချင်းချင်းတိုက်သဖြင့် လေယာဉ်ဆပ်ကို ပိတ်ထားရကြောင်းနဲ့ စင်္ကာပူ MAI လေယာဉ်သည်လည်း မန္တလေးလေဆိပ်သို့ ဆင်းသက်သွားကြောင်းသတင်းရရှိပါတယ်။

မှန်မမှန် confirm လုပ်ပေးကြပါ။ သိရင် အပြည့်အစုံတင်ပေးကြပါ ခင်ဗျာ။

6 comments

  • nozomi

    June 17, 2011 at 3:24 pm

    weekly eleven မှာ ဒီအကြောင်းလေး တင်ထားပါတယ်

    ဇွန်လ ၁ရ ရက် ညနေ ၄ နာရီ အချိန်ခန့်က တပ်မတော်လေယာဉ် တစ်စင်းလမ်းချော်မှု ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ယာယီ ကွင်းပိတ်ခဲ့ရကြောင်း သိရှိရသည်။

    ဖြစ်စဉ်မှာ ဇွန်လ ၁ရ ရက် ညနေ ၄ နာရီတွင် တရုတ်နိုင်ငံထုတ် ပန်ကာလေးလုံးတပ် Y8 အမျိုးအစား တပ်မတော်လေယာဉ်တစ်စင်းသည် လမ်းချော်မှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်တွင် ကန့်လန့် ဖြတ်ဖြစ်နေခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာမည့် ပြည်တွင်း ပြည်ပ ခရီးစဉ်အားလုံးအား ရပ်ဆိုင်းထားပြီး ပြည်တွင်းပြည်ပမှ ဆိုက်ရောက်လာမည့် ခရီးစဉ်များကိုလည်း ထွက်ခွာရာ လေဆိပ်များသို့ ပြန်လည် ထွက်ခွာစေခဲ့ကြောင်း သိရသည်။

    “အခုဖြစ်ရတာက လေ့ကျင့်ပျံသန်းရင်းနဲ့ လေယာဉ်ပြေးလမ်းပေါ်ပြန်အဆင်းမှာ လမ်းချော်သွားတယ်လို့ ကြားသိရပါတယ်။ လေယာဉ်က ပြေးလမ်းပေါ်မှာ ကန့်လန့်ဖြစ်နေပြီး အချို့အစိတ်အပိုင်းတွေက ပြေးလမ်းဘေးက ရွံ့ထဲကို ရောက်နေတာပါ။ ဒီလို လမ်းချော်တဲ့အတွက် လေယာဉ်ပေါ်မှာပါတဲ့သူတွေတော့ အထိအခိုက်ဖြစ်တယ်လို့ မကြားမိပါဘူး” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။

    လက်ရှိအချိန်တွင် လမ်းချော်မှုကြောင့် ပြေးလမ်းပေါ်တွင် ကန့်လန့်ဖြတ်တင်နေသော တပ်မတော်လေယာဉ်ကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိပြီး ဇွန်လ ၁ရရက်ညတွင် အပြီးပြုလုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။ ကွင်းပိတ်ထားသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အားလည်း ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ဖွင့်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

  • etone

    June 18, 2011 at 2:23 am

    ခရီးသွားမဲ့လူတွေ အနှောက်ယှက်ဖြစ်ရပြီ ။

  • bigcat

    June 18, 2011 at 2:37 am

    ကျနော်လည်း ဖတ်လိုက်ရတယ်။ သိပ်မရှင်းဘူး၊ ရန်ကုန်လေဆိပ်မှာ လေယာဉ်ပြေးလမ်းက တခုပဲရှိလို့လား…၊ ဒီပုံနဲ့ ခေတ်မှီတိုးတက်သော နိုင်ငံသစ်ကြီးကို ဘယ်လိုတည်ဆောက်ကြမှာလည်း…လုပ်ကြပါအုံး….

  • PinkCandy

    June 18, 2011 at 3:29 am

    မနေ့က နံနက် ၁ဝ နာရီထိတော့ ချောချောမောမောခရီးသွားလို့ရပါတယ်။
    ညနေကျမှ ဖြစ်သွားတာဆိုတော့ သေချာတော့မသိပါ။
    ကံကောင်းလို့ ကပ်လွတ်သွားတယ် 🙂

  • manawphyulay

    June 18, 2011 at 3:54 am

    တပ်မတော် လေယာဉ်ပြေးလမ်းချော်မှုကြောင့် ရန်ကုန်လေဆိပ် ရပ်ဆိုင်း

    မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာရာ အဓိက ထွက်ပေါက်ဖြစ်သည့် ရန်ကုန်မြို့တော်ရှိ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာ့ တပ်မတော်လေမှ လေယာဉ်တစ်စီး ညနေ ၃ နာရီခွဲခန့်တွင် ပြေးလမ်းချော်မှုကြောင့် လေကြောင်းလိုင်း ခရီးစဉ်များ အားလုံးကို ရပ်ဆိုင်းထားရကြောင်း ရန်ကုန်အခြေစိုက် လေကြောင်းလိုင်းများထံမှ သိရသည်။
    ထိုအခြေအနေကြောင့် ပြည်ပလေကြောင်း ခရီးစဉ်များအပါအဝင် မြန်မာ့လေကြောင်း၏ ထားဝယ်မှ ရန်ကုန်လေဆိပ်သို့ ဆင်းမည့်ခရီးစဉ် အပါအဝင် ပြည်တွင်းခရီးစဉ် ၃ သုံးခုကို ရပ်ဆိုင်းခဲ့ရပြီး ခရီးသည်များမှာ ထားဝယ်မြို့တွင် ညအိပ်ရပ်နားရန် တည်းခိုခန်းများ အခက်အခဲ ဖြစ်လျက်ရှိကြောင်း အဆိုပါ ခရီးစဉ်တွင်လိုက်ပါခဲ့သူတစ်ဦးက ပြောကြားသည်။
    ထိုသို့ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်ရသော်လည်း ယမန်နေ့တွင်မူ ပုံမှန်ပြန်လည် ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းရကြောင်း ထိုင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
    အဆိုပါ ဘီးကျွံ၊ လမ်းချော် ပိတ်မိနေသော လေယာဉ်မှာ စစ်ဘက်၊ အရပ်ဘက် ကုန်စည်တင် အမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံထုတ် ဖြစ်သည်။
    “တပ်က လေယာဉ်ဆိုတာပဲ သိသေးတယ်။ ကျန်တဲ့ အသေးစိတ်ကို မသိရသေးဘူး”ဟု ရန်ကုန်လေဆိပ်မှ အရာထမ်းတစ်ဦးက The Voice Weekly သို့ ဇွန် ၁ရ ရက်နေ့ညတွင် ပြောကြားသည်။

    ညပိုင်းအထိ လေယာဉ်ကို ရှင်းလင်းနိုင်ရန် ကြိုးစားဆဲဖြစ်ပြီး ကုန်စည် တင်ဆောင်လာသော လေယာဉ်ဖြစ်သည့်အတွက် ထိုသို့ ကြာမြင့်စွာ ရှင်းလင်းနေရခြင်း ဖြစ်နိုင်ကြောင်း လေကြောင်း အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။
    “ဒီမှာက ဒီလိုမျိုးဖြစ်ရင် ဆွဲဖို့၊ ရှင်းဖို့ စက်အင်အားမှ မရှိတာ။ ဒါကြောင့် ဒီလောက်ကြာနေတာ”ဟု နိုင်ငံရပ်ခြားသို့ အမြဲတစေ ခရီးသွားနေရသော အသက် ၄ဝ အရွယ် ရန်ကုန်မြို့ခံ တစ်ဦးက ပြောကြားသည်။

    (ကျန်ရှိသော အသေးစိတ်အချက်များကို The Voice Weekly က ဆက်လက်စုံစမ်းလျက် ရှိသည်)

    REF: http://thevoicemyanmar.com/index.php?option=com_content&view=article&id=352%3A2011-06-17-16-18-00&catid=3%3Alocal&Itemid=34

  • nozomi

    June 18, 2011 at 7:24 am

    ဇွန်လ ၁ရ ရက် ညနေ ၄ နာရီ အချိန်ခန့်က တပ်မတော်လေယာဉ် တစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့သဖြင့် ယာယီ ကွင်းပိတ်ခဲ့ရသော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

    ယင်းလမ်းချော်မှု ဖြစ်ပွားခဲ့သဖြင့် ညနေ ၄ နာရီနောက်ပိုင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းပြည်ပ ခရီးစဉ်အားလုံးအား ရပ်ဆိုင်းထားပြီး ပြည်တွင်း ပြည်ပမှ ဆိုက်ရောက်လာမည့် ခရီးစဉ်များကိုလည်း ထွက်ခွာရာ လေဆိပ်များသို့ ပြန်လည် ထွက်ခွာစေခဲ့ကြောင်း သိရသည်။

    ”ပြေးလမ်းဘေးမှာ နစ်နေတဲ့ လေယာဉ် အစိတ်အပိုင်းတွေကို သံပြားတွေနဲ့ မရွေ့ပြီး ပြေးလမ်းနဲ့ လွတ်ကင်းတဲ့ နေရာကို ရွေ့ပြီးသွားပါပြီ။ ဒီဖြစ်ရပ်ကြောင့် မနေ့က ညနေ ၄ နာရီ နောက်ပိုင်း ဒီကိုဝင်မယ့် ခရီးစဉ်တွေနဲ့ ဒီကထွက်ခွာမယ့် ခရီးစဉ်တွေတော့ တော်တော် ဒုက္ခရောက်ကြရပါတယ်။ ဒီမနက်ပိုင်း ခရီးစဉ်တွေ အားလုံးတော့ ပုံမှန်အတိုင်း ပြေးဆွဲနိုင်မယ်လို့ သိရပါတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နီးစပ်သူ တစ်ဦးက ပြောပြခဲ့သည်။

    ထို့ကြောင့် ဇွန်လ ၁၈ ရက် နံနက်ပိုင်း ခရီးစဉ်များမှစ၍ ပုံမှန်အတိုင်း ပြေးဆွဲမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

    (weekly eleven website)

Leave a Reply