သတွဲရေကြီးနေပြီ…….

winnmyoJune 18, 20111min796

ကျွန်မတို့သံတွဲမြို့ကြီးသည်ယနေ့နံနက် ဝ၂:၀ဝ ချိန်မှစတင်ရေကြီးနေခဲ့ရာယခုဝ၉:00အချိန်တွင်ကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နေရ သည့်အခြေအနေသို့ရောက်ရှိလာပါသည်။ မြို့ပေါ်ရပ်ကွက်များဖြစ်သော ၁ရပ်ကွက် တွင်လမ်းပေါ်ရေ ၃ပေခန့်၊ ၂ရပ်ကွက် တွင်လမ်းပေါ်ရေ ၃ပေ၆လက်မ ခန့်၊၄ရပ်ကွက် တွင်လမ်းပေါ်ရေ ၃ပေခန့်၊၅ရပ်ကွက် တွင်လမ်းပေါ်ရေ ၂ပေခန့်၊ ၆ရပ်ကွက် တွင်လမ်းပေါ်ရေ ၃ပေခန့်နှင့် ရရပ်ကွက် တွင်လွက်မ်းပေါ်ရေ    ၄ပေခန့် ထိမြင့်တက်လျှက်ရှိပါတယ်။ ရေကြီးမှု့ကြောင့်ဘေးဖြစ်နေသူများအား ခရိုင်အုပ်ချုပ်ရေးမှုးမှဦးစီးပြီး ခလရ(၅၅)မှတပ်ရင်းမှုးနှင့်အတူ   ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရကြောင်းသတင်းရရှိပါတယ်။ ရေနစ်သေဆုံးသူတစ်ဦးရှိကြောင်းကိုလည်းသိရှိရပြီး ရ ရပ်ကွက်ကဟုသိရပါတယ်။   ရေကြီးမှု့အများဆုံးနေရာတွေဖြစ်တဲ့ ၄ရပ်ကွက် စည်ပင်ပန်းခြံနီးရှိ၃၅ဦးအား ခရိုင်ထွေ/ အုပ်ရုံးနှင့် ၄ရပ်ကွက် ညောင်ပင်ဈေးအနီးရှိ ၃ဝဦးအား   ဆံတော်တောင်တွင်ပြောင်းရွှေ့နေရာချပေးထားသည်ဟုသတင်းရပါတယ်။ မိုးကလည်းဆက်တိုက်ရွာသွန်းနေတဲ့အတွက် ရေဆက်ကြီးနိုင်လာပါတယ် လို့လည်းခန့်မှန်းနေကြပါတယ်။ ရေကြီးမှု့မှတ်တမ်းဓတ်ပုံတွေကတော့ မိုးသည်းထန်နေ လို့မရိုက်နိုင်သေးတဲ့အတွက်ရ ရချင်းဆက်တင်ပေးသွားပါမယ်။ ရေနစ်သေဆုံးသူမှာ ရ ရပ်ကွက်မှ ဆိုက်ကားနင်းတဲ့   မောင်မောင်တာ ဟုသိရပါတယ်။ယခု၁၂:၀ဝနာရီမှာရေက မြို့ပေါ်ရပ်ကွက်တွေမှာ၁ပေခွဲလောက်ထပ်တက်လာနေတယ်။ ဘုရားစာတွေလဲစုံနေပြီ။

6 comments

  • winnmyo

    June 18, 2011 at 4:03 am

    ကယ်ဆယ်ရေးအတွက် ခ.လ.ရ(၅၅)မှတပ်ရင်းမှုးဦးစီး ၃ဝဦးခန့်နဲ့ကယ်ဆယ်နေတာတွေ့ရပါတယ်။

  • winnmyo

    June 18, 2011 at 4:09 am

    ခရိုင်အုပ်ချုပ်ရေးမှုးဆီကနလည်း မီးသတ် ၄ဝ ဦးနဲ့ ကြက်ခြေနီ ၄ဝ ဦး စုစုပေါင်း ၈ဝဦးခန့်လည်းကယ်ဆယ်မှု့
    ဆောင်ရွက်နေတယ်လို့သိရပါတယ်။

  • winnmyo

    June 18, 2011 at 5:23 am

    ရေကလဲကြီးဆို မိုးရေချိန်က ဒီနေ့ ဝ၉:၀ဝ တိုင်းတာချက်က ၁၄.၄၄လက်မတဲ့ဗျ။ မကြီးခံနိုင်ရော့လား။
    တော်သေးတာပေါ့….လေတိုက်နှုန်းက တစ်နာရီ ၁၅ မိုင်ပဲရှိလို့……ဘုရားစာပဲရွတ်နေရတယ်။

  • PaukPhaw

    June 18, 2011 at 9:50 am

    ဓာတ်ပုံလေးတွေတင်ပေးရင် ကြည့်ချင်ပါတယ်..
    ဒီမှာတောင် တော်တော်ကြမ်းနေတာ သံတွဲဘက်ဆိုရင်တော့ ပြောနေစရာမလိုတော့ပါဘူး
    ယုံပါတယ်..။

    ပေါ်ပျူလာ ဂျာနယ်မှာတော့ ရေကြီးတဲ့ ဓာတ်ပုံတွေတင်ထားတာတွေ ့တယ်
    http://popularmyanmar.com/mpaper/?p=21900

  • padonmar

    June 18, 2011 at 2:26 pm

    သဘာဝဘေးဒဏ်တွေခံခဲ့ရဘူးတော့ ကိုယ်ချင်းစာမိပါတယ်။အင်တာနက်ရသေးရင် အခြေအနေသိပ်မဆိုးသေးဘူးပြောရမှာပေါ့နော်။
    အခုနေလုပ်ပေးနိုင်တာကတော့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေလို့ဘဲ မေတ္တာပို့ပေးပါတယ်။
    life skill in disaster ခေါ်မယ်ထင်ပါတယ်။သဘာဝဘေးအန္တရာယ်မှာ အသက်ဘေးလုံခြုံစိတ်ချရအောင် နေနည်း အသက်ကယ်နည်းများကို အရွယ်ရောက်သူတိုင်းမသင်မနေရ ပြဌာန်းသင့်ပါတယ်။

  • winnmyo

    June 18, 2011 at 5:02 pm

    padonmar အကြံပေးတာမှန်ပါတယ်ရှင့်….. အသက်ကယ်နည်းတွေကတကယ်ပဲလိုအပ်ပါတယ်…

Leave a Reply