အသံကြားရုံနဲ့ ကြောက် ပါပြီဗျာ

နွေဦးJune 18, 20111min22528

ကျွန်တော်က လူသစ်လေးပါ။ဒီရွာထဲကို စာ မလေးနောက်…. အဲမှားလို့.. စာလေးတွေ ဖတ်ရင်း ကြိုက်တဲ့ စာနောက်ကို လိုက်ဖတ်ရင်း ရောက်လာတာပါ။ ရွာသူတွေ ချောတော့ (စာအရေးကောင်းတယ်လို ့တင်စားတာပါ)တကောက်ကောက်နဲ့ လိုက်ရင်း ရောက်ခဲ့တာပါခင်ဗျာ။
ရွာထဲရောက်တော့လဲ ဟိုလူ့တွေ့ ပြုံးပြ နှုတ်ဆက်(သူ့စာလေးဖတ်.comment.လေးရေး)ဒီလူ့တွေ့ ပြုံးပြနှုတ်ဆက် နဲ့ ရောက်တာမကြာသေးပါခင်ဗျာ။
ကျွန်တော် နှုတ်ဆက် တာတွေ မရိုင်းဘူးလို့ ထင်ပါတယ်။(ကိုယ့်ဟာကိုယ်တော့ အကောင်းပေါ့နော်)။
ဒီရွာထဲကလူတွေ ကို ကျွန်တော် လေးစားပြီးသားပါ။
အခုတော့ သူကြီးရယ်….
(ခင်ဗျားတို့သူကြီးကို ကိုယ့်ရွာသူ ကြီးလို သဘောထားပြီး..ဟဲဟဲ..တိုင်တည် ပြောပါရစေ..နောက်လဲ ရွာသူနဲ့ အကြောင်းပါခဲ့ရင်.. ကိုယ့်သူကြီး ဘဲပေါ့)။
ဘာမှလဲ မသိလိုက်ခင်မှာဘဲ..။
သူကြီးတိုင်တဲ့သူနဲ့…
အားဖြဲပြီး ….ေ–းပေါက်ထဲ့မဲ့ သူနဲ့…
နောက်ပြီးကြိမ်းသေးတယ်.. ရွာထဲရောက်မှ သိမယ် ..ဆိုဘဲ…

ကျွန်တော်တကယ်ကြောက်ပါပြီ…
ရွာကလူတွေ ရွာထဲ လူစိမ်းဝင်တာ မကြိုက်ဘူးထင်တယ်။
ရွာသားတွေ ချောတော့ (စာအရေးကောင်းတော့ )
လှိုက်လှဲပြူငှာ ဖေါ်ရွေ ကြမယ် ထင်တာ….
ခုတော့ ကြောက်ပါပြီ..
နောက်ဆို ရွာထဲဝင် ရင်လဲ အသံမပေးဘဲ တိတ်တိတ် လေး ဝင်ရမလား…
ရောက်နေ ရင်လဲ ကိုယ်နှုတ် အမူအရာ ယဉ်ကျေးစွာ နေပါ့မယ် ဆိုပြီး ရွာသူနားဘဲ ကပ်နေ ရမလား…..ဟဲဟဲ.(ကိုယ်နေချင်တာ ပါ..သူကလက်ခံပါ့မလားဘဲ)။

သနားသောအားဖြင့် ရွာသားများ လက်ခံပေးမယ်ဆိုရင်.
အောက်မှာ comment လေးများ ပေးပြီး လက်ခံနိုင်ကြောင်းရေး
ပေးကြပါ။
မကြိုက်လို့ လက်မခံနိုင်လဲ comment လေးနဲ့ အားရ ပါးရ ထောပဏာ ပြုကြပါခင်ဗျား…..။(ဆဲရင်လဲ ပြုံးပြုံးလေးပါ။)

28 comments

  • ogre

    June 18, 2011 at 7:46 am

    ဘာမှပူမနေနဲ့။။။
    ဒီလိုပဲ…ဖြဲချောက်လိုက်/မောင်းထုတ်လိုက်/သူကြီးနဲ့တိုင်လိုက်/အုပ်စုနဲ့ရန်တိုက်ပေးလိုက်နဲ့
    ဗိုလ်ကြီးဖြစ်လိုက်/ကြံ့ဖွတ်ဖြစ်လိုက်/ထောက်လှမ်းရေးဖြစ်လိုက်/နိုင်ငံခြားပြန်ကြီးဖြစ်လိုက်နဲ့
    လိမ်ဖယ်လိမ်ဖယ်နဲ့….ရွာသားဖြစ်သွားလိမ်မယ်။။
    ငါလည်းခံခဲ့ရတာပဲ….ရွာသားဖြစ်ချင်မှတော့သီးခံ ပေတော့။။။။
    ငါတောင်ရွာထဲမှာ ..အိမ်းငှား နေတဲ့အဆင့်မို့ ဧည်စာရင်းတိုင်နေရတုန်းပဲ။။။။

    • usnczn

      June 18, 2011 at 10:00 am

      အကို ရွာသား…
      နံမယ်က ဘယ်လို အသံထွက် ရမှန်းမသိပေမဲ့
      အားပေးတဲ့အတွက် အထူး ကျေးဇူးတင် ပါတယ်။
      ရွာက ရွာသားတွေရဲ့ နံမယ်တွေက ခေါ်ရခက်တယ်နော်။အဆန်းတွေချည်းဘဲ။

  • captainamerica

    June 18, 2011 at 8:03 am

    ဒီလိုရှိတယ်သငယ်ဂျင်းရဲ. ရွာဆိုတဲ့လူပေါင်းစုံ စရိုက်ပေါင်းစုံရှိတယ်။ ဘုန်းကြီးရော အရက်သမားရော ဆေး
    သမားရော ပညာတတ်တွေရော ဆရာဝန်တွေရော ဝန်ထမ်းတွေရော ပြောရရင်တော့လူတန်းစားပေါင်းစုံ
    ကိုရှိတယ် သဂယ်ချင်း ဗမာလူမျိုးတွေပဲ မရိုင်းကြပါဖူး။ ဧည့်သည်ဆိုရင်ကြိုဆိုကြပီးသားပါ ။ကောင်းကောင်း
    မွန်မွန်နဲ.လာကြတယ်ဆိုရင်ပေ့ါ ခုဆိုရင်သငယ်ချင်းကရွာသားဖြစ်သာွးဘီပဲ။Member ဆိုတော့ရွာသားဖြစ်
    သာွးဖြစ်သာွးပီပဲ ဧည့်သည်မှမဟုတ်တော့တာ ကြိုဆိုပါတယ် သငယ်ချင်း ကျုပ်လည်းရွာထဲရောက်တာမကြာသေးဝူး ။ရွာပြင်ကနေတဲထိုးပြီးလေ့လာနေတာတော့ကြာပြီ။ချစ်ဖို.ကောင်း
    တဲ့ရွာမှန်းသိသာွးလို.ရွာထဲကိုဝင်အခြေချလိုက်တာ………………..

  • ဆူး

    June 18, 2011 at 9:26 am

    စိတ်သိပ်မပူနဲ့ အရင်က ဒီရွာက ၂လ တကြိမ်လောက် ရွာဆူတယ် နောက်တော့ ၁လ ၁ကြိမ် နောက်တော့ ရက်က ဆက်သွားတယ်။ တပွဲပြီး နောက်တပွဲပါပဲ။
    အားလုံးက ခင်မင်တတ်ကြပါတယ်။ မတူညီတဲ့ အတွေးအခေါ်တွေနဲ့ ထင်မြင်ချက်တွေ ပေးတတ်သလို ခင်မင်ရင်းနှီးစွာလည်း ကွန်မန်းတွေ ပေးတတ်တယ်။
    အများနဲ့ တယောက် ဖြစ်လောက်အောင် ချွန်ထွက်မနေဘူး ဆိုရင်တော့ ရွာသားများနဲ့ တည့်မှာပါ။
    ရွာစည်းကမ်းကို လိုက်နာတဲ့ ရွာသား အသစ်များကိုလည်း ကြိုဆိုပါတယ်။
    စာတွေ ဖတ်ရင် ရွာသားတွေ ရဲ့ စိတ်ဓါတ်တွေ မှန်းလို့ရပါတယ်။ နောက်တော့ အထာ သိလာမှပါ။

    • usnczn

      June 18, 2011 at 9:37 am

      ကျေးဇူးတင်ပါတယ်ဗျာ။
      ကြိုဆိုတယ် ဆိုတာနဲ့တင်. ဝမ်းသာလှပါပြီ၊
      နောက်လဲ အမြင် မတော် တာတွေ့ရင် ဘယ်သူမဆို ကျွန်တော့ကို
      ပြောဆို ဝေဖန် ဆုံးမ ပါလို့…ကိုယ့်ကိုယ်ကို အပ်ပါတယ်ခင်ဗျား။
      မတတ်တာတွေ မသိသေးတာတွေ ကိုလဲ သင်ပေးပါ လို့ ကြိုတင်ကျေးဇူးတင်ရင်း
      တောင်းပန် အပ်ပါတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 18, 2011 at 9:46 am

    ဘာမှ မဖစ်ပါဘူး
    ကိုယ့်ဘာတာ ကိုယ့်ဖီးနဲ့ကိုယ်
    ကိုယ့်စပိနဲ့ကိုယ်ဘာပဲ
    တစ်ခုတော့ချိဒယ်
    အပေါ်က အဖွားကြီးလို
    ကျုပ်တို့လိင်တူချစ်သူဒွေဂို လာကလိလို့ဂဒေါ့
    ဟင်း!!!!!!

    • usnczn

      June 18, 2011 at 10:16 am

      အကို ..သူက ဆူးနော်..တော်ကြာသူ့ဆူးကမကျိုးဘဲ….ကိုယ့်ဖက်ကပေါက်နေမှာ..
      ကြောက်ဖူးလား….ဟိဟိ…

  • kai

    June 18, 2011 at 9:54 am

    တခါတလေ..အင်း…
    တခါတလေတောင်မဟုတ်..မကြာခဏ..သူကြီးလဲ.. အပြောခံ..အဆဲခံရတယ်..။ 🙂

    ဘာပဲဖြစ်ဖြစ်…
    “Freedom! Equality! Brotherhood!” (Liberté, égalité, fraternité)
    လွတ်လပ်ခြင်း..ညီမျှခြင်း..သွေးစည်းချစ်ကြည်ခြင်း…
    လွတ်လပ်စွာနေထိုင်ပါ..။ အားလုံးကိုတန်းတူညီမျှ.. ဆက်ဆံပါ..။ သွေးစည်းချစ်ကြည်ညီညွတ်ပါ..
    အဲဒီအတိုင်း ဆက်သွားပါလို့..။

    • usnczn

      June 18, 2011 at 10:11 am

      ဟိုသီချင်းလေး သတိရ မိတယ်။
      ကောင်ေးတာ့မကောင်းဘူးပေါ့၊
      ဒါပေမဲ့ မျှဝေခံစားစေချင်လို့ပါ။
      ရိုင်းတယ်ဆိုလဲ ဒီတခါတော့ ခွင့်လွှတ်ပေးပါ။
      “သွေးချင်းညီကိုများ…..ထမင်းစားပြီးရင်.. –ိမ် —ာ သွား…
      ဖြည်းဖြည်း သွား…..ထွက်ကျလိမ့်မယ်……”
      အဲလိုလဲ သွေးချင်းများကို သတိတရ သင်ပေးတာလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    • esz88

      June 18, 2011 at 10:27 am

      သူကြီးမှန်းမသိလို့ပါ သိရင်ဘယ်ပြောမလဲ

    • nature

      June 19, 2011 at 3:25 am

      ဒီလူသစ်လေးကတော့သူကြီးကိုသိလို့တော်သေးတယ်၊ နောက်ဆိုရွာထဲဝင်လာရင် သူကြီးနဲ့ အရင်ဆုံး မိတ်ဆက်ပေးမှ။ မဟုတ်ရင်ရွာထဲဝင်လာတဲ့လူသစ်တွေ သူကြီးကို သူကြီးမှန်းမသိပဲ (မသိပဲတိုက်တာလား သိသိကြီးနဲ့ဝင်တိုက်တာလားမသိ) ခလုပ်ဝင်တိုက်မှ သူကြီးဆေးရုံတက်နေရဦးမယ်။ သူကြီးကလည်း သူကြီးပဲ ၊ ကိုယ့်ကို ကို သူကြီးမှန်းသိအောင် သူကြီးkai လို့နာမည်ပြောင်းသင့်နေပြီ။ ဒါမှအန္တရာယ်ကင်းမယ်။

  • pooch

    June 18, 2011 at 11:28 am

    အစမို့လို့ပါ။ နောက်ဆို အရေထူပြီး ပျော်သွားမှာပါ။ လက်ချောင်းလေးတွေတောင် အတိုအရှည်မညီတာ
    လူအမျိုးမျိုး စိတ်အထွေထွေပေါ့။ အမြဲတန်း အကောင်းချည်းပဲတော့ မဟုတ်ဘူးလေ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။

  • မတူတဲ့အတွေးနဲ့ချရေးပါဆိုတာကို ကြိုက်လို့ ဒီအထဲဝင်လာတာလေ။
    ကိုယ်ကြိုက်တာ ကိုယ်ရေးပေါ့။
    “ကိုယ်က သွား မဆွရင် ဟိုက ထမလာပါဘူးတဲ့”ဆိုတဲ့စကားလေးကို သာလက်ခံတယ်ဆိုရင်
    ဘယ်ရွာမှာနေနေ အေးဆေးပါဘဲ။
    တစ်ခုတော့ ရှိပါတယ် လူမျုးိပေါင်းစုံ စိတ်ပေါင်းစုံ ရှိတဲ့အရပ်ဆိုတော့
    ကိုယ်နဲ့အသွင်မတူတဲ့လူတွေလဲအများကြီးတာတော့ အမှန်ပါဘဲ။
    ကိုယ်ယုံကြည်တာကိုယ်လုပ် ဘာသံကြားကြား ကိုယ်နဲ့မဆိုင်ဘူးသတ်မှတ်ရင်
    ကြောက်စရာမရှိပေါင်ဗျာ။

  • fatty

    June 18, 2011 at 11:48 am

    ဒီတပါတ် အသစ် အသစ်တွေတယ်များလာပါလား …ကြိုဆိုပါတယ် ကို အဝှာရေ …..
    လူငယ်တွေဆိုတော့ ထက်ထက်မြက်မြက် ရေးနိုင်ကြပါစေ။

  • padonmar

    June 18, 2011 at 1:22 pm

    ကျွန်မတို့လည်း ဝင်တာမကြာသေးပါ။ကိုယ့်ကိုကိုယ် လူသစ်လူဟောင်း ခွဲခြားမနေဘဲ ဒီဆိုဒ်ကို ဝင်ဖတ်သူ အများအတွက် အသိ တစ်ခုခုတော့ ပေးနိုင်ဖို့ရည်ရွယ်ချက်ကလေးတွေရှိကြမယ်ဆိုရင် ဒီရွာလေးလှနေမှာပါ။
    ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တိုင်းမှာ ငါ့စာဖတ်ရွေ့ မမြတ်တိုင်စေ မရှုံးစေသားလို့ပါပါတယ်။
    အတုယူစရာ စာသားလေးပါ။

  • MaMa

    June 18, 2011 at 1:29 pm

    ရွာသားတွေကို နာမည်က ဘယ်လို အသံထွက် ရမှန်းမသိတဲ့ usnczn ရေ. နာမည်လေး ခေါ်တတ်အောင် ပြောပြပေးပါဦး။ လူအများနေကြတဲ့ ရွာကြီးမို့ တစ်ယောက်တိုးရင် တစ်မျိုးပိုလှမယ်လို့ မှတ်ယူပါတယ်။ Warmly welcome ပါ။

    • usnczn

      June 20, 2011 at 4:30 am

      ကျေးဇူးတင်ပါတယ် မမ။
      တယောက်တိုးလို့ တမျိုးပိုလှ မယ် ဆိုတဲ့ အထဲ ပါနိုင်အောင် ကြိုးစားပါ့မယ်။
      နံမယ်ကို အမေကတော့ “ဆွေး” လို့ အသံထွက်ခေါ်ပါတယ်။ ဗမာလို အဓိပ္ပါယ် မကောင်း
      လို့ မခေါ်မသုံးတာပါ။ ကျွန်တော် မဆွေးချင်ဘူးလေ။
      ဆွေးသွားရင် ဘယ်ပစ္စည်း မှ မကောင်းဘူးဗျ……ဟိဟိ။

      • ဆူး

        June 20, 2011 at 7:02 am

        ဆွေးလေ အဖိုးတန်လေ ပစ္စည်းတွေ အများကြီး ရှိပါတယ် မယုံမရှိနဲ့ မိုနာလီဇာ ပန်းချီ က သက်သေ ထူတယ်။
        ဦးဆွေးဆံမြေ့ ဆိုတဲ့ ဆွေးဆိုရင်.. သစ္စာရှိတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။
        မြေဆွေး ဆိုရင် အပင်တွေကို အားဖြစ်စေပါတယ်။
        ဆွေး ဆိုတာ ကို သဘောမကျရင် ဆွေ လို့ ခပ်လွယ်လွယ် ခေါ်ရမလား

  • winnmyo

    June 18, 2011 at 4:58 pm

    ရေးတာတော့ရေးတာပေါ့နော်….. သတင်းမှားတွေရေးရင်တော့မနိပ်လှဘူး အစ်ကိုရေ…… သတင်းမှန်တွေ
    တင်ပေးနော်….အားပေးနေမယ်။။။

  • တညင်သား

    June 18, 2011 at 6:30 pm

    ကျွန်တော့် နံမည်ကိုရော ဘယ်လို အသံထွက်ရမလဲမသိရင်ပြောပြမယ်ဗျ………..:)

  • bigcat

    June 18, 2011 at 8:25 pm

    ရွာသားအသစ်ရေ…(ပြောမယ့်သာပြောရတယ် အသစ်လား၊ အဟောင်းလား နင်ပဲသိမယ်) ကြိုဆိုပါတယ်ကွယ်။ (ဒါလည်း ပြောမယ့်သာပြောရတယ် ရွာကိုသဂျီးကလွဲလို့ ဘယ်သူမှမပိုင်ဘူး)
    အသစ်လို့ယူဆပြီး စေတနာနဲ့သတိပေးလိုက်မယ်၊ ရွာထဲမှာ လူယောင်ဆောင်ထားတဲ့ စစ်မျိုးစစ်နွယ်တွေရှိသကွဲ့။ များသောအားဖြင် သူတို့က ထူးထူးဆန်းဆန်း နာမည်တွေနဲ့ လျှို့ဝှက်လှုပ်ရှားလေ့ရှိတယ်။ ဥပမာ-ခေါ်လို့ပြုလို့မလွယ်၊ နာနာဘာဝ ဝိနာဘာဝ နာမည်မျိုး တွေပေါ့ကွယ်။

    • usnczn

      June 20, 2011 at 4:37 am

      အကိုရေ ကျွန်တော်က တကယ် အသစ်ပါဗျာ။မယုံရင် ရေလျှော်ကြည့် ..အရောင်ကြွတ်နေပါ
      တယ်။ဈေးကောင်းအောင် ရွာပြောင်းလာတဲ့ အသစ် မဟုတ်ပါဘူးဗျာ….တကယ်..တကယ်။

    • etone

      June 20, 2011 at 9:37 am

      ဒုက္ခပဲ တရေး နိုးပြီး ။
      ပေးထားတဲ့ nick ကိုက လူခင်ချင်စရာ ဟွန်း … i am an Engineer တဲ့ ရွာထဲလာပြီး ရှိတာလေး ထုတ်ကြွားနေတယ် ။

  • darkoosky

    June 20, 2011 at 5:57 am

    အညာသားကွ

    • usnczn

      June 20, 2011 at 6:12 am

      ကျွန်တော်အောက်က…အဲ အောက်သား..မဟုတ်သေးပါဘူး…..
      ကျွန်တော် အောက်ပြည် အောက်ရွာ ကပါ ခင်ဗျာ..
      အောက်ကလဲနေသေး …….မလျှော့တဲ့ သူများ မဟုတ်ပါခင်ဗျာ…
      အမြဲလျှော့ထားပါတယ်….(ခါးပါတ်)……ဟဲဟဲ နောက်တာပါ…
      ကျေးဇူးတင်ပါတယ်။

  • chitlay

    June 20, 2011 at 6:28 am

    လူသစ်တွေဝင်လာတိုင်း နွေးထွေးစွာကြိုဆိုကြတာ ဒီရွာလေးရဲ့ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုလိုပါပဲ ..။

  • hmee

    June 20, 2011 at 7:55 am

    ရွာစည်းကမ်းလေးတွေ သေသေချာချာ ဖတ်ပြီး လိုက်နာရင် အားလုံးက အေးဆေးပါ။ တခါတခါ ရွာဆူတာလည်း ပျင်းခြောက်ခြောက် ဖြစ်နေတာထက်စာရင် ရွာကို ပြန်လည်စိုပြေ လာသလို ဖြစ်ဖြစ်သွားလို့ ပျော်စရာတခုပါပဲ။ ကြိုဆိုပါတယ်။

Leave a Reply