အကူအညီလိုအပ်လာရင် သူ့ကိုပဲ အရင် သတိရမိတာ ဘာကြောင့်မှန်းမသိခဲ့ဘူး

သူ့ဘေးနားရှိနေရင် အရာရာအတွက် နှစ်သိမ့်ကျေနပ်ခဲ့တာ ဘာကြောင့်မှန်းမသိခဲ့ဘူး

အိမ်မက်တွေထဲကို ခဏခဏ သူအလည်ရောက်လာခဲ့တာကို ဘာကြောင့်မှန်းမသိခဲ့ဘူး

သူငယ်ချင်းတွေထက် သူ့ကို ပိုဦးစားပေးခဲ့တာ ဘာကြောင့်မှန်းမသိခဲ့ဘူး

သူ့အတွက် အမြဲစဉ်းစားပေးနေတက်တာ ဘာကြောင့်မှန်းမသိခဲ့ဘူး

သူ့အကြောင်းကို တစ်နေ့ကို တစ်ခေါက်လောက်မှမတွေးရရင် မနေနိုင်ခဲ့တာ ဘာကြောင့်မှန်းမသိခဲ့ဘူး

သူအကြောင်းတွေးနေမိရင် အချိန်ကုန်မှန်း မသိတာ ဘာကြောင့်မှန်းမသိခဲ့ဘူး

တကယ်တော့ သူက ကိုယ့်ဘဝထဲကို တစ်စစ ဝင်ရောက်နေခဲ့တာကို သတိမထားခဲ့မိဘူး ဘယ်အချိန်ကတည်းက သူ့အကြောင်းကိုတွေး သူကိုယ့်ဘဝထဲ တိုးဝင်နေခဲ့မှန်းလဲ သတိမထားခဲ့မိဘူး ဘယ်အချိန်ကမှ သတိမထားမိတဲ့ အရာတွေကို သတိထားမိလာတဲ့အခါမှာတော့ သူကို ……………………..

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..