ဘာများ တတ်နိုင်မှာလဲလို ့

မောင် ပေJune 18, 20111min12515

one day တွင် ကျွန်ုပ် မောင်ပေ ပျင်းပျင်း ရှိသည် နှင့် လဘက်ရည် ချို တစ်ခွက် ရယ် စီးကရက် တစ်လိပ် ရယ် နဲ ့ ဇိမ်ကြ နေစဉ် သကာလ ……။

“ ဂျာနယ် တွေ ရမယ် သတင်းထူး အတင်းထူး တွေ ပါတဲ့ ဟော့ရှော ့ဂျာနယ် တွေ ရမယ် ။ ဒီတစ်ပါတ် သတင်းထူး က တော့ မန်းတလေး က ကိုဘမောင် ရဲ  ့ငှက်ပျော ခြံ က ငှက်ပျောသီး တွေ မှာ ကြက်ငှက် တုတ်ကွေး တွေ ပါလို ့ဆိုပဲ …သိချင် ဝယ်ဖတ် တစ်စောင် ၅၀ဝ ထဲ ရယ် ”

သို ့နှင့် ညစဉ် အိပ်ယာ မဝင်ခင် ငှက်ပျောသီး နှင့် နွားနို ့ကို နှစ်ခြိုက်စွာ စားသောက်လေ့ ရှိသူ ကျွန်ုပ် မောင်ပေ ခဗျာ ရတက် မအေး လောက်အောင် ဖြစ်သွားပြီး ဂျာနယ် တစ်စောင် ပြေးဝယ် ဖတ်ကြည့် မိလိုက်သည် ။ ဂျာနယ် ပါ သတင်းကျယ် မှာ  “ မန်းတလေးမြို  ့မှ ခြံစိုက်စားသူ ကိုဘမောင် ရဲ  ့ငှက်ပျော ခြံ မှာ ငှက်ပျောသီး များ ဖြစ်ထွန်းအောင်မြင် လျှက် ရှိကြောင်း ။ သို ့သော် ယနေ ့ခေတ်တွင် ကြက်ငှက် တုတ်ကွေး ရောဂါ မှာ လွန်စွာ ဖြစ်ပွား နေကြောင်း ။ ကိုဘမောင် ၏ ငှက်ပျောခြံ တွင်း တွင် လာရောက် ခိုနားကြသော ငှက်ကောင်ရေ မှာ များနေသည် ကို တွေ ့ရကြောင်း ။ ထို ့ကြောင့် ထိုခြံထွက် ငှက်ပျောသီး များတွင် ကြက်ငှက်တုတ်ကွေး ပါမည် မှာ သံသယ ရှိစရာ မလိုကြောင်း တိုင်းသူပြည်သားများ သိစေရန် ရေးသားလိုက်ရကြောင်း ” ဟု ရေးသားထားသည် ကို တွေ ့ရလေသည် ။ အောက်မှာ သတင်းရေးသူ ကို ကြည့်လိုက်တော့  “ တုံးတိုက်တိုက် ကျားကိုက်ကိုက် ” တဲ့ နာမည် က ။ ဒါနဲ ့ကျွန်ုပ် မောင်ပေ လဲ ငှက်ပျောသီး ကို ဆက်စားရမလား မစားရမလား အူကြောင်ကြောင် ဖြစ်သွားသည် ။ ကြက်ငှက်တုတ်ကွေး ဖြစ်မှာ လဲ ကြောက်မိတာ ကိုး ။ ဒီလို နဲ ့ နောက် ၂ ရက်ခန် ့ကြာတော့  ရပ်ကွက်ထဲ သတင်းတွေ ပြန် ့လာတယ် ။ အဲဒီ သတင်းတွေ ။ လူတွေ က လဲ ငှက်ပျောသီး ကို သံသယ ရှိလာကြတယ် ။ ငှက်ပျောသီး ရောင်းတဲ့ သူ တွေ ဆိုရင်လည်း တရားခံ ကြီး တွေ လို အကြည့်ခံ ကြရတာ ကို တွေ ့ရတယ် ။မျက်နှာလေး တွေ ကို ငယ်လို ့ ။  နောက် ၃ ရက်လောက်ကြတော့ ထုံးစံ အတိုင်း ဂျာနယ် လက်ပွေ  ့ သည်လေး ရောက်လာပြန်တယ် …။

“ သတင်းထူး တွေ ပါလာပြန်ပြီ ။ မန်းတလေး မြို  ့မှ ခြံစိုက်စား သူ ကိုဘမောင် ရဲ  ့ တရားဝင် ဖြေရှင်းချက် နဲ ့ဟော့ရှော ့ဂျာနယ် ကို တရားစွဲ ရန် ပြင်ဆင်နေခြင်း သတင်း များ ”

ဒါနဲ ့တစ်စောင် ဝယ်လိုက်ပြန်တယ် ။  “ ရိုးရိုးသားသား ပုံမှန်အတိုင်း ခြံ စိုက် စား သူ ကိုဘမောင် အနေဖြင့် သူ ့ငှက်ပျောသီး များ အကြောင်း ဗယုတ်ရေး သူ တုံးတိုက်တိုက် ကျားကိုက်ကိုက် နှင့် ဟော့ရှော ့ဂျာနယ် တို ့အား ပြန်လည် တောင်းပန် ရန် မဟုတ်မှန်သော သတင်းအတွက် ဖြေရှင်းပေးရန် အကြောင်းကြားထားကြောင်း ။ မဟုတ်ပါက တရားစွဲ သည် အထိ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖွင့်ဟ လာသည် ဟု သိရသည် ။ ထိုအခါ ဟော့ရှော ့ဂျာနယ် က တောင်းပန်စာ ဖြေရှင်းပေးဖို ့အင်းမလုပ် အဲမလုပ် ပေကပ်ကပ် လုပ်နေကြောင်း နှင့် ထိုသတင်း ကို ထည့်သူ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုသူ ကို ဂျာနယ် တိုက် အနေဖြင့် ထိုသတင်း ရေးသူ ကို ယခင် က မသိခဲ့ကြောင်း ၊ ယခု မှ စတင်ရေးသူ တစ်ဦး ဖြစ်နိုင်ကြောင်း ။ သူတို ့ဂျာနယ် တိုက် အနေ ဖြင့် လည်း စောင်ရေ နဲပါး သဖြင့် တစ်ကြောင်း ။ ကြက်ငှက် တုတ်ကွေး နှင့် ငှက်ပျောသီး ငှက် ဆိုသော စကားလုံး ပါပုံ ခြင်း တူနေသဖြင့်  ပြည်သူတို ့၏ ကျန်းမာရေး ကို လွန်စွာ စိုးရိမ် စိတ်ပူ သွားသဖြင့် ရမ်းသမ်း ထည့်လိုက်ခြင်း ဖြစ်ကြောင်း ” ရေးသား ထားသည် ကို ဖတ်ရသော အခါ ကျွန်ုပ် မောင်ပေ မှာလဲ လွန်စွာ စိတ်တို သွားသည် ။ ကျွန်ုပ် ၏ နေ ့စဉ် စားနေကြ နို ့ငှက်ပျောပေါင်း မှာ သူတို ့ကြောင့် တစ်ပါတ် ခန် ့ပျက်ကွက် သွားရသည် မဟုတ်ပါလော ။ ငှက်ပျောသီးသည် အားလုံး ခဗျာ လည်း ထို သတင်း ကြောင့် တရားခံ ကြီး တွေ လို ထင်မှား ခံ ရတာ တွေ ဘယ်လို ရှင်းကြမလဲ ။ ခက်တော့ ခက်တယ် ဟော့ရှော ့ရယ် ။ မင်းတို ့ကို လည်း အပြစ် မတင် ရက်တော့ပါ ။ သတင်း ဆိုလျှင် စပ်စုပြီး အယုံလွယ်သူ ငါ့ကိုယ် ငါ ပဲ အပြစ်တင် လိုက်တော့ မယ် ဟုသာ ။

15 comments

  • ဆူး

    June 18, 2011 at 8:59 am

    ကြက်ငှက်တုတ်ကွေးဖြစ်နေလို့ ကြက်သားတွေ ရေစင်အောင် ဆေးပြီးတော့ ကြာကြာ ချက်စားပါတဲ့.. ငှက်ပျောသီး တုတ်ကွေး ကြောက်ရင် ရေစင်စင် ဆေးပြီး ကြာကြာချက်စား 😀

  • captainamerica

    June 18, 2011 at 9:05 am

    နောက်ဆိုဒီထက်ဆိုးတဲ့တုပ်ကွေးပေါင်းစုံလာတော့မှာ…. ခေတ်ကာလကိုကတော်တော်ဆိုးလာတော့ရောဂါ
    ပေါင်းစုံဖြစ်လာကြတာပေါ့…..ကိုယ်ခံအားနဂိုကတည်းကမကောင်းတဲ့သူတွေကတော့သာမန်လူတွေထက်
    ပိုကူးစက်လွယ်မှာ အမှန်ပဲ 🙂 🙂 ဘုရားတရားလေးမ မေ့ကြနဲ.ပေါ့….ကိုယ်ပါရောဂါကူးစက်တဲ့အထဲပါသာွး
    မှာစိုးလို.ပါ

  • windtalker

    June 18, 2011 at 2:54 pm

    မှားနေပါတယ် ဗျို ့။ မှန်အောင် ဖြေ နိုင်ရင် မန်းတလေး က ဆိုရင် Dinner ကျွေးမယ် ဗျို ့။

  • padonmar

    June 18, 2011 at 3:30 pm

    စကိတ်စီးတဲ့ကလေးအကြောင်း မဟုတ်ဘူးလား။

    • shweminthar

      June 19, 2011 at 1:16 am

      အဲဒီသတင်းလေး
      သိရင်လဲ ပြောပြပါဦး
      အဲလို ကြီးပြီးသွားတာ ပုံမမှန်ဘူး။
      ဘယ်သူ မှားတယ ်ဘယ်သူမှန်တယ် ဆို တာ သေချာမပေါ်ဘူး။
      ဒီကိစ္စ က မန်းလေး မှာ တော်တော် လူသိများပြီး စိတ်ဝင်စားကြတယ်။
      ဂျာနယ် တွေ က ရေးထားတာလဲ မမှားနိုင်ဘူး
      ဆရာဝန်ကြီးကလဲ သူတို့ဘက်က အကုန်မှန်လိမ့်လို့ မထင်။
      ဒီလိုကြီး အဆုံးသတ်သွားတာ…….. ဘာလို့လဲ

  • unclegyi1974

    June 18, 2011 at 4:31 pm

    ဂျာနယ်တွေကဒိီလိုပဲစောင်ရေတက်အောင်
    လိုက်လိုက်ဖွနေတာ
    ဖတ်ပြီးသတင်းကိုဝေဖန်ပိုင်းခြားကြည့်
    ဖြစ်နိုင်မဖြစ်နိုင်
    နောက်မို့အသူခံစတမ်းပဲ

  • captainamerica

    June 18, 2011 at 5:17 pm

    ကိုယ် စိတ်ထဲထင်မိသလိုတွေးပြီးမန်းကြည့်မိတာ သိမှမသိတာကို…မန်းအကြောင်းမှန်းမှ မသိတာ မှားတဲ.အခါလည်းမှားပေမပေါ့။ကိုတော်ကာရယ်နေ.လည်ထဲမန်းထားတာကို အမှားပြင်ဆင်ချက်လည်း
    မထုတ်ပေးဝူးမသကာပြောရောပေါ့ ရွာသားအချင်းချင်းအိမ်နီးချင်းလို.ထင်ထားတဲ့ ဟာကို 🙂 🙂 🙂

  • windtalker

    June 18, 2011 at 6:05 pm

    အဖြေမှန်သူ = padonmar ကို Mr BarbeQ တွင် ညစာ တည်ခင်း ဧည့်ခံ ကျွေးမွေးပါမည် ။ မန်းတလေး က ဆိုလျှင် padonmar အဆင်ပြေမည့် အချိန် ကို windtalker9@gmail.com တွင် ပြောပေးပါ ခင်ဗျာ ။ သို ့မဟုတ် တစ်ခြားမြို ့မှ ဆိုလျှင် နောက်မှ စားမည် ဆိုလျှင်လည်း မန်းတလေး ရောက်သည့်အခါ ဆက်သွယ်ပါ ။ သို ့မဟုတ် ကိုယ်တိုင် မစားချင်သဖြင့် အခြား မန်းတလေး မှ MG ရွာသားရွာသူ တစ်ဦး ကို ပြောင်းရွှေ ့ဧည့်ခံ ပေးပါ ဆိုလျှင် လည်း ဧည့်ခံ ကျွေးမွေးပါမည် ။ ကိုကား ရေ အဖြေမတိုက်ဆိုင် လို ့စိတ်မကောင်း မဖြစ်ပါနဲ ့ ။နေ ့လည် က အလုပ် ပြန်လုပ် နေရလို ့အွန်လိုင်း မတက် ဖြစ်လို ့ပါ ။ နောက်ကိုလည်း ဒီလို အစီအစဉ် လုပ်ပေးပါဦးမယ် ဗျာ ။

  • windtalker

    June 18, 2011 at 6:12 pm

    padonmar ကိုယ်တိုင်သုံးတဲ့ မေးလ် လိပ်စာ ကို လည်း ဒီမှာ ဖော်ပြ ပေးပါ လို ့လည်း တောင်းဆိုလိုက်ပါရစေနော် ။ ကျွန်တော် ရဲ ့လိပ်စာကို ဆက်သွယ်ခဲ့မယ် ဆိုရင် ။

  • padonmar

    June 19, 2011 at 12:20 am

    ကိုပေရေ၊မန်းလေးတော့ မလာနိုင်သေးဘူး၊အန်တီက မန်းလေးသူဟုတ်ဘူးကွယ်၊:D
    အဲဒါပေမယ့် မန်းလေးမှာ အကိုကြီးကိုပေါက် ရှိတယ်လေ။သူ့ကိုကျွေးလိုက်နော်။
    သူရန်ကုန်လာမှ နှစ်ဆ ပြန်ကျွေးခိုင်းလိုက်မယ်။:D

  • တညင်သား

    June 19, 2011 at 2:20 am

    အန်တီပဒုမ္မာရေ ကိုပေါက်က သူစားထားမိလို့ ရန်ကုန်လာရင် ယိုကျွေးမယ်တဲ့ ….ဟဲ….:)
    ကျွန်တော်လဲ အဲဒီအကြောင်းတော်တော်စိတ်ဝင်စားတယ်…… ကျွန်တော်သာ မန်းဒလေးမှာရှိရင် လူနာရှင်ရော ဆရာဝန်ကြီးပါ သွားပြီး အင်တာဗျူးချင်တယ်…. တကယ်မဟုတ်ရင် .နိင်ငံပါ သိက္ခာကျတယ်…ဟုတ်နေရင်တော့ တမျိုးပေါ့လေ…
    သတင်းအမှန်လေးများရရင် တင်ပေးပါအုံး ဗျာ……….

  • windtalker

    June 19, 2011 at 4:32 am

    ဒါဆိုလည်း အန်ကယ်ပေါက် ရေ သား ကို ဆက်သွယ်ပါနော် ။ ကျွန်တော့်ရဲ ့ဂုဏ်ပြု ဧည့်ခံပွဲ ကို အန်တီpadonmar က အန်ကယ်ပေါက် ကို လွှဲပေးပါတဲ့ ။

  • nature

    June 19, 2011 at 7:31 am

    ဂျာနယ်တွေကလည်း ရောင်းကောင်းအောင် တခါတလေ ဖွတတ်ပါတယ်။ သူကြီးကလည်း တခါတလေ ပွဲကောင်းအောင် ဆွ တတ်ပါတယ်။

  • captainamerica

    June 23, 2011 at 8:57 am

    ကျွန်တော်ကလည်းကျွန်တော့်အတွေးနဲ.ကျွန်တော်ဆိုတော့မှားတဲ.အခါလည်းမှားပေမပေါ့။ဦးစံရှားတော့
    ဟုတ်ဖူး။ဦးရှံစားဖြစ်သာွးဘီ။ 😀 😀 😀

Leave a Reply