2011 (ကျားနှစ်)အတွက်

z @June 18, 20111min680

2011 (ကျားနှစ်)အတွက်

စရိုက်

လူပ်ရှားတက်ကြွခြင်း

စွမ်းအားကြီးခြင်း

ကြိုးစားရယူခြင်း

အလျှော့မပေးတက်ခြင်း

တက်ကြွရဲရင့်ခြင်း

ကိုယ်ပိုင်အတွင်းစွမ်းအားရှိခြင်း

စိတ်ခံစားမှု

စိတ်ခံစားမှုလွန်ကဲတက်ကြပါသည်။ သူတို့၏ စွမ်းရည်မြင့်မားနေစဉ်တွင် မပျော်ရွှင်ခြင်း ၊မကျေနပ်ခြင်း၊ အထီးကျန်ခြင်း၊ဟာတာတာဖြစ်ခြင်း၊ဝမ်းနည်းကြေကွဲခြင်းတို့ကို ခံစားနေရတက်ပါသည်။ သူတို့၏ မျက်လုံးများမှာ အမြဲတမ်း ပိုပြီး အခွင့်အလမ်း ကောင်းသော လုပ်ငန်းခွင် (သို့မဟုတ်)အခွင့်အလမ်းသစ်ဆီသို့ ဦးတည်ပြီး ထားလေ့ရှိတက်ကြပါသည်။

ကျန်းမားရေး

ရုပ်ပိုင်းဆိုင်ရာတွင် သန်မာကြံ့ခိုင်ပြီး စိတ်ပိုင်းဆိုင်ရာတွင် အားနည်းချက်ရှိတက်ကြ၏။ သူတို့၏ အသစ်အဆန်းကြိုက်နှစ်သက်ခြင်းက အစားအသောက်လွန်ကဲခြင်း ၊မှုးယစ်ဆေးဝါးသုံးစွဲခြင်း၊လောင်းကစားခြင်း စသည့်တို့ကို ပြုလုပ်ဖြစ်စေတက်ပါသည်။

ငွေရေးကြေးရေး

ငွေသုံးရာတွင် လက်ဖွာတက်ကြတယ်။အချိန်ကာလနှင့် ပတ်ဝန်းကျင်အနေအထားမှန်နှင့် ကြုံတွေ့ရပါက ကြီးပွားချမ်းသာတက်ကြပါသည်။

အချစ်ရေး

စိတ်ကူးယဉ်ဆန်လွန်းပြီး ပိုင်ဆိုင်လို့စိတ်ပြင်းပြကာ လိင်ကိစ္စနှင့် အချစ်ရေးတို့တွင် ပျော်ရွှင်နှစ်ခြိုက်တက်ကြသည်။ သူတို့ကား ရိုးသားသူများ မဟုတ်သလို ၊ မယုံကြည်ရသူများလည်း ဖြစ်တက်ကြသည်။ သူတို့၏ စိတ်ကစားမှု သဘာဝက အသစ်အသစ်သော ဆက်ဆံရေးများကို မျှော်မှန်းလေ့ရှိတက်ပါသည်။ ထို့ပြင် သူတို့၏ အထီးကျန်မှုကို မုန်းတီးသော စိတ်ဓတ်နှင့် အမဲလိုက်ရာတွင် ကျွမ်းကျင်လွန်းမူက အမြဲတမ်း တစ်စုံတစ်ယောက်နောက်လိုက် နေလေ့ရှိစေတက်ပါသည်။

ကျားနှစ်ဖွားများသည် ယုန်နှစ်ဖွားများ၊နဂါးနှစ်ဖွားများ၊မြွေနှစ်ဖွားများ၊မြင်းနှစ်ဖွားများ ၊သိုးနှစ်ဖွားများ၊ မျောက်နှစ်ဖွားများ၊ခွေးနှစ်ဖွားများနှင့် သင့်မြတ်ပါသည်။

ကျားနှစ်ဖွားများ

  • 8.2.1902       –       28.1.1903
  • 26.1.1926     –       13.2.1915
  • 13.2.1926    –          1.2.1917
  • 31.1.1938    –         18.2.1939
  • 17.2.1950    –         5.2.1951
  • 5.2.1950     –         14.1.1963
  • 13.1.1974    –         10.2.1975
  • 9.2.1986     –         28.1.1987
  • 28.1.1998    –         15.2.1999
  • 14.2.2010    –         2.2.2011
  • 1.2.2022     –         21.1.2023
  • 19.2.2034    –         7.2.2035
  • 6.2.2046     –         25.1.2047