ခွေးမဲကြီး။။။။။

ဒီကောင်ကြီးကိုချောင်းနေတာကြာပြီ
ဒီကောင်ကြီး လာသမျှလူ ပြသနာရှာနေတာ တွေ့လို့ကတော့ လေးခွနဲ့ကိုမျက်လုံးတည့်တည့်ဆော်ထည့်လိုက်မှာ
နပမ်း ဖက်လုံးရင်လုံးရပေ့စေ တွေ့ချင်နေတာ။။။။
ဒီကောင်ကြီးက ကျွန်တော်နေတဲ့သနပ်ပင် မြို့လေးရဲ့ မြို့ရှောင်လမ်းဘေး ဒဏ္ခိဏသာခါ ဘုရားကြီးနားကညောင်ပင်ကြီးမှာနေတယ်ဗျ
ဘုရားကြီးဝင်းထဲကိုဝင်ဘို့ ငါကန် ချင်းဆက်ထားတဲ ကွန်ကရစ်တံတားလေးကိုကျော်လိုက်ရင် ဒီကောင်ကြီးနေတဲ့နေရာကိုမြင်ရပြီ
ဒါပေမယ့် ဒီကောင်ကြီး ရှိ/မရှိက နေ့ခင်းပိုင်းဆို သိပ်မသေချာဘူး။။ အဲ….ညဖက်ဆိုရင်တော့ဒီကောင်ကြီးရှိတတ်တယ်
ဒါတောင် ဆယ်နာရီနောက်ပိုင်းမှသေချာတာ လမ်းကလည်းမှောင်မဲနေတာ အဲဒီအချိန်သူနေတဲ့နေရာရှေ့က ဖြတ်သွားတဲ့သူတစ်ဦးမဟုတ်
တစ်ဦးကတော့ဒီကောင်ကြီး ပြသနာရှာလွှတ်လိုက်တာပဲ သူပြသနာရှာလို့ ရွာရောက်အောင်ပြေးတဲ့သူပြေးရ နောက်ကြောင်းပြန်ပြေးတဲ့သူ
ပြေးရနဲပေါ့။။။

သူနေတဲ့ ဘုရားဝင်းလမ်းကြားကနေဖြတ်သွားပြီး ဘုန်ကြီးကျောင်းလေးကိုလွန်ရင် ညဆို မီးရောင်လေးလက်လက် နဲ့ အိမ်ခြေ အစိတ်လောက်
ရှိတဲ့ ရွာမကျ ရပ်ကွက်မကျ အိမ်စုစုလေးဆီကိုရောက်ဘို့ လယ်ကွက် နှစ်ဆယ်လောက်အကွာ။။။ အဲဒီမှာနေတဲ့ သူတွေကတော့ဒီကောင်ကြီး
အကြောင်းသိလို့ ညအချိန်မတော်ပြန်ရင်ဒီကောင်ကြီးနေတဲ့နေရာနဲ့မလှမ်းမကမ်း မြို့ရှောင်လမ်းပေါ်မှာလူစုပြီးမှ ဒီကောင်ကြီးနေတဲ့နေရာက
ဖြတ်ကြရတာ လူတွေများရင်တော့ပြသနာမရှာဘူးဗျ အဲ တစ်ယောက်ထဲသွားလို့ကတော့ ပြေးဖို့သာပြင်ထား။။။။

ကျွန်တော်ချောင်းနေတာကြာပြီ။။။။။။။
ညဆို လေးဂွတစ်လက် ဓါတ်မီးတဖက်နဲ့ ဒီကောင်ကြီး နေတဲနေရာသွား ရှေ့ကဖြတ်လျှောက် အသံပေး
အင်း..သူလည်းအန္တရာယ်ရှိမှန်းသိလို့နဲ့တူတယ် မထွက်လာဘူးဗျ သူနေတဲ့နေရာရှေ့က ဘယ်လောက်လူလုံးပြပြ လက်ထဲက လေးဂွ ကြောက်လို့လား
မသိပါဘူး လုံဝမတွေ့ရဘူး ကျွန်တော်လဲတစ်ပတ်လောက်ကြာတော့ နည်းနည်းစိတ်ပျက်ချင်လာပြီ ဒါပေမယ့်ဇွဲတော့မလျှောပါဘူး အချိန်ရရင်ရသလို
သွားသွားချောင်းတယ် အိပ်ရေးတော့ ပျက်သားလား။။။။။။။

စောစောပြောတဲ့ ရွာလေးမှာနေတဲ့သူတွေက ညညဆို သနပ်ပင်မြို့ထဲမှာရှိတဲ့ ဗွီဒီယို ရုံမှာ တစ်နေ့တာပင်ပန်းသမျှ အကုန်လွှတ်ချပြီး ခြင်ကိုက်ခံကာ
ဗွီဒီယိုဇာတ်ကားလာလာကြည်ပြီးအပန်းဖြေနေကျလေ အလာဆိုဒီကောင်ကြီးနေတဲ့ရှေ့ကဖြတ်လာ အပြန်ဆိုလည်း အဲဒီကပဲဖြတ်ပြန်ရတာ
အလာဆိုလူစုလာအပြန်ဆိုလူစုပြန် နဲ့ အင်း …သူတို့ဒုက္ခကလည်းမသေးဘူး ကျေးလက်ကလူတွေရဲ့ဝါသနာပေါ့ ကျွန်တော်ချောင်းနေတဲ့ညညဆို
သူတို့အပြန်နဲ့ကြုံရင် ဘယ်မင်းသားဘယ်မင်းသမီး ကောင်းကြောင်း ချောကြောင်းလှကြောင်းတွေ ကျယ်ကျယ်လောင်လောင်ပြောလာပေမယ့်
ဒီကောင်ကြီးနေတဲ့နေရာအရှေ့ ကဖြတ်သွားရတော့မယ်ဆို ဆူညံလာတဲ့စကားသံတွေတိတ်လို့ ခပ်သုတ်သုတ် လစ်ကုန်ကြရော။။။။

ဒီလိုနဲ့ချောင်း လာလိုက်တာ ဆယ်ရက်ကျော်လာပြီ ဘာမှလဲမထူးဘူး ဒီကောင်ကြီးကိုလည်မတွေ့ လက်လျှောခြင်လာပြီ
ညညဗွီဒီယိုအပြန် လူတွေနောက်ကလိုက်လိုက်သွား မတွေရင်ပြန်လှည့်လာနဲ့ စိတ်ပျက်စပြုလာတဲ့ အချိန်။။။။။။။။။

တစ်နေ့တော့ စိတ်ပျက်လက်ပျက်နဲ့ ဘုရားကြီးလမ်းရဲ့ထိတ်က အုတ်ခုံလေးမှာ ဓါတ်မီးတစ်ဖက် လေးဂွလွယ်အိတ်တစ်ဖက် ချပြီး ဗွီဒီယို ရုံအလွှတ်
လူတွေပြန်သွားတာကိုစိတ်ပျက်လက်ပျက်ကြည့်နေတုန်း ……………
။။။အဘရေး …..အဘ …အဘ ရေး
ကလေးတစ်ယောက် ရှေ့ကလူအုပ်ကြီးနောက်အမှီလိုက်လာတဲ ဆယ်တစ်နှစ်အရွယ် ချာတိတ်လေး
သူအဖေကိုအော်ခေါ်ပေမယ့် ဟိုလူအုပ်ကြီးက ဘုန်းကြီးကျောင်းလေးအစပ်လောက်ရောက်နေတော့ ဘယ်လိုမှမကြားနိုင်တော့ပါ
လက်နှိပ်မီးနဲ လေးဂွအိတ်ဆွဲပြီး ရှေကလူအုပ်မှီအောင် ဒီကလေးကို လိုက်ပို့ပေးဘို့ထိုင်ရာကအထ အတွေးတစ်ခုကခေါင်းထဲဝင်လာပါတယ်
ဟုတ်ပြီဒီကောင်လေးကိုအသုံးချရမယ်။။။။။
ကျွန်တော်ပြန်ထိုင်နေလိုက်ပါတယ် လူစုကွဲနေတဲကလေးကတော့ ကျွန်တော့ကိုအားကိုးတဲ့မျက်လုံးနဲ့ကြည့်ရင်း ကြောက်ရွံရွံနဲ့
ဟိုကောငးကြီးနေတဲနေရာ ရှေ့ကဖြတ်ဘို့အားတင်းနေပုံရပါတယ် ကျွန်တော့ကိုလည်မကြာမကြာလှည့်ကြည်ပါတယ် လမ်းကလည်းမှောင်မဲလို့နေပါတယ်
နောက်ဆုံးတောကလေးငယ်ဟာ ကြောက်ရွံစွာနဲ့ လမ်းရဲအမှောင်းထဲ ကို တဖြေးဖြေးတိုးဝင်လို့သွားပါတော့တယ်
ဒီလမ်းလေးမှာညတိုင်းနီးပါ ဒီကောင်ကြီးကိုချောင်းနေကျဖြစ်တဲ့ကျွန်တော်ဟာ ဒီကောင်ကြီးနေရာညောင်ပင်ဆီကိုကလေးငယ်ရောက်လောက်မယ့်
ခြေလှမ်းအရေ အတွက်ကိုစိတ်ထဲက ရေတွက်နေမိပါတယ်
သုံဆယ်ငါး..သုံးဆယ်ခြောက် ..သုံးဆယ်ခွန် …ရုတ်ချည်းထလိုက်ပါတယ် လမ်းရဲ့အမှောင်ထဲကိုပြေးဝင်သွားလိုက်ပါတယ် ဓါတ်မီးတော့မထိုးသေးပါ
ခြေဆယ်လှမ်းလောက် အရောက် ။။။
။။။အမေရေး…..ခွေးအမဲကြီးဗျ လုပ်ကြပါအုံး
အော်သံနဲအတူနောက်ကြောင်းပြန် ပြေးလာတဲ့ကလေးငယ်ကိုအမှောင်ထဲမှာပဲ လက်ကိုဖမ်းဆွဲကာ ..လာခဲ့ ဘယ်နားမှာလဲ ဦးကိုလိုက်ပြ လာ။။။
ဟုဆိုကာ ဆွဲခေါ်တယ်ဆိုရင်ပဲ ကလေးငယ်ဟာ။။။မလိုက်ဘူး..မလိုက်ဘူးခွေကြီး မျက်လုံနီနီနဲ့ ညောင်ပင်အောက်မှာ။။။ဟုအော်ကာခြေကန်ရုန်းပါ
တော့တယ် ကျွန်တော်လည်းဓါတ်မီးကို ဖွင့်ကာ ကလေးကိုလက်ဆွဲပြီး ညောင်ပင်အောက်ရောက်အောင်အပြေးသွားပါတော့တယ်။။။
။။ကဲဘယ်ဘယ်မှာလဲခွေးမဲကြီး။။။
။။။အီး…အခုလေးတင် ဒီနားမှာ ငုတ်တုတ်ကြီးထိုင်နေတာ သားကြောက်လို့။။။ဟီး
ငိုပါတော့တယ်။။
။။အခုမရှိဘူးလေကွာ။
။။ဟုတ်တယ်ဘယ်ရောက်သွားလဲမသိဘူး…ဟီး။
ကျွန်တော်လည်း ကလေးကိုလွတ်ကာ လေးဂွထုတ်ပြီး ညောင်ပင်ပေါ်နဲ့ နေရာအနှံ လေးဂွနဲ့ ပစ်ပါတော့တယ် အလုံးနှစ်ဆယ်လောက်ပစ်ပြီးချိန်မှာတော့
ခေတ္တနားစွင်ပြီး ညိမ်နေပါတယ်…
။။။ဦးလေးဓါတ်မီးထိုးဗျာ..သားကြောက်လို့။
။။အေးပါကွနေပါအုံးမင်းမငိုနေနဲ့ ဘာမှမရှိဘူး ။
။။ဟုတ်ကဲ့
။။မင်းဘယ်မှာနေတာလဲ…
။။။ဟိုဘက်ကအစုလေးမှာ
။။။လာငါလိုက်ပို့မယ်မကြောက်နဲ့
ကလေးကိုသူရွာအစုလေးရောက်တဲ့ထိလိုက်ပို့ပေးပြီး သူပြန်ရဲတဲ့နေရာရောက်မှ လမ်းအတိုင်းပြန်လှည့်လာခဲ့ပါတယ် ဒီကောင်ကြီးနေတဲ့လမ်းကြားလေးကို
ရောက်ခါနီးတော့ဓါတ်မီးပိတ် လေးဂွထုတ်ခါ တိတ် တဆိတ် ပြန်လာခဲ့ပါတယ် တခါတခါ သစ်ရွက်လေတိုးသံကလွဲလို့ ထူးထူးခြားခြား ဘာမှထပ်ဖြစ်မလာခဲ့
ပါဘူး အင်း နေနှင့်အုံးပေါ့ သကောင်းသားရယ် ထိပ်တိုက်တိုးရင်တော့ မှတ်လောက်အောင်ဆော်ပြရတော့မှာပေါ့။။။။။
သနပ်ပင်မြို့လေးမှာ နေစဉ်က သရဲဖမ်းဘို့ကြံစီခဲ့တာပါ ..အိပ်ရေးပျက်ပြီးအရာမထင်ခဲ့တဲ့ အတွက်။။အခုထိအခဲမကြေနိုင်သေးတဲ ဖြစ်ရပ်လေးပါပဲ။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

14 comments

  • PinkCandy

    June 18, 2011 at 1:40 pm

    ဘီးလူးကို သရဲက ကြောက်လို့ ထွက်မတွေ့ဘူးတဲ့ 😛

  • padonmar

    June 18, 2011 at 3:07 pm

    ခွေးမဲကြီးက သရဲလား။ခွေးအစစ်လား။သရဲဆိုရင် ဘီလူးကိုကြောက်တာလား၊လေးဂွကြောက်တာလား၊
    လေးဂွကြောက်တာဆိုရင်တော့ သရဲချောက်တယ်ဆိုတဲ့နေရာသွားရင် လေးဂွဆောင်သွားရမယ်:D

  • zawinaing

    June 18, 2011 at 3:36 pm

    လေးခွ ချည်းဘဲ ယူသွားရင် အသုံးဝင်မှာ မဟုတ်ဘူး
    လောက်စာလုံး ပါယူသွားဖို့မမေ့နဲ့နော်….

    ဒါနဲ့ မသိလို့မေးပါရစေ … လေးဂွ ကအမှန်လား …. လေးခွ ကအမှန်လား ….
    တကယ်မသိလို့ ပါ ….
    ကျေးဇူး ….

  • nozomi

    June 18, 2011 at 6:05 pm

    Copy/Paste ကို တခြားဟာလေးနဲ့ ပြန်ပြောင်းလိုက်ရင် ကောင်းမယ်

    စာရေးသူ ပြောချင်တာကိုသိသလိုလိုဘဲ … 😀

    အင်း…

    • ogre

      June 19, 2011 at 1:59 am

      ကွန်ပြူတာကိုသိပ်မကြွမ်းကျင်ပါ။။
      copy/paste ပြောင်းဘို့ဘယ်လိုလုပ်ရမှန်းကိုမသိတာ။။
      နားသိပ်မလည်ဘူး သေချာရှင်းပြနိုင်ရင်ကောင်းမယ်
      ကျေးဇူးပါ။။။

      • nozomi

        June 19, 2011 at 10:05 am

        ပို့စ် စတင်ခါစ အောက်ပိုင်းထဲမှာ category အောက်က ကိုယ့်ပို့စ်နဲ့ဆိုင်တာကို ရွေးရင် ရမယ်
        တင်ပြီးမှလဲ edit post နဲ့ ပြန်ဝင်ပြီး ပြန်ပြင်ရင် ရပါတယ်

  • naungnaung

    June 18, 2011 at 6:36 pm

    nozomi ပြောသလိုပဲ၊ စာရေးသူပြောချင်တာကို ရေးတေးတေးတော့ သိသလိုလိုပဲ… 😀

  • padonmar

    June 19, 2011 at 12:11 am

    အမှန်ကတော့ လေးခွဖြစ်မယ်ထင်တယ်။သတ်ပုံကျမ်းမှာလည်းမတွေ့ဘူး။
    လမ်းလေးခွဆုံနဲ့မှားမှာ စိုးလို့ အသံအတိုင်းလေးဂွလို့ရေးလိုက်ပါသည်။
    ပညာရှင်များဖြေပေးပါလော့။

    • ogre

      June 19, 2011 at 2:03 am

      အမှန်ကတော့…
      အညာသားတွေပြောတဲ့လေသံအတိုင်းရေးပြရရင်
      ဘတ်ဂွ လို့ရေးမှ မှန်မယ်ထင်တယ်။။

  • Yan Shin

    June 19, 2011 at 3:30 am

    ခွေးမဲကြီး
    ဲရှိခြင်ရှိမယ် မရှိခြင်မရှိဘူး။
    သေခြာတာက orge ကိုယ်တိုင် မျက်ဝါးထင်ထင်တစ်ခါမှ မတွေ့ခဲ့ဘူးဘူး။
    ထူးခြားတာက ကြောက်တဲ့ကလေးကမြင်ရပြီး မကြောက်တဲ့ orge ကတော့ မတွေ့ရဘူး။
    ဟုတ်တယ်ဟုတ်။

  • nature

    June 19, 2011 at 10:34 am

    သရဲဖမ်းမယ်ဆိုတဲ့သတ္တိကတော့မသေးဘူး။ ဖမ်းစရာရှိရင်ခေါ်လိုက်မယ်နော်။

  • cobra

    June 19, 2011 at 11:29 am

    သရဲဖမ်းပီးဘာလုပ်မလို့လဲ….
    မသိလို့မေးတာပါ..။

    • ogre

      June 20, 2011 at 2:01 am

      သရဲသရဲ နဲ့
      အမေပြောအဖေပြောလူကြီးသူမတွေပြောတာပဲကြားခဲ့ရပြီး
      ဘယ်လိုပုံမှန်းမသိပဲ တွေးပြီ သူတို့ကိုကြောက်လာခဲ့တာ ကြာပေါ့
      မျက်နှာချင်ဆိုင် တစ်ခေါက်လောက် တွေ့ချင့်လို့ သူငယ်ချင်းတစ်ယောက်နဲ့
      သင်းချိုင်မှာတောင် သွာအိပ်ဖူးတယ် တစ်ခါမှမတွေဖူးပေါင်
      တစ်ခါလောက်တွေ့ချင်လို့ပါ။။

  • captainamerica

    June 19, 2011 at 11:41 am

    အို ဘာတုန်းဟ ဖမ်းတော့မယ်တဲ့ ဆီးတော့မယ်တဲ့
    🙂 🙂 🙂

Leave a Reply