ဘာလဲ

အချစ်ဆိုတာ

စကားလုံပေါင်း သောင်းခြောက်ထောင်နဲ့ အဓိပ္ပါယ်ဖွင့်မှ ပြည့်စုံမှာတဲ့လား

နားလည်မှု ဆိုတာကရော နားလည်အောင်လုပ်ပြမှတဲ့လား

ဒီအတိုင်းလေးပဲ ချစ်နေလို့ မ၇ဘူးလား

ဒီလို

ငြိမ့်ငြိမ့်လေး စီးဆငးတဲ့စမ်းချောင်းလေးလို

လွတ်လွတ်လပ်လပ် အဝေးကသာနေတဲ့ လမင်းကြီးလို

နေတက်သလို နေနေတာကိုက အချစ်စရာလေးလို့ရော ခံစားဖူးရဲ့လား

မင်းလက်ပေါ်မှာ ကျရောက်လာတဲ့ နေရောင်ခြည်ကိုရော

ပျော်ရွင် ၀မ်းမြောက်စွာ နမ်းရှိုက်ဖူးပါ၇ဲ့လား

တစ်ကယ့် ချစ်မေတ္တာဆိုတာ

ငါတို့သိရှိထားတဲ့ သာမာန်အယူအဆ တစ်ခုရဲ့ အခြားတစ်ဖက်မှာ

ငြိမ်းချမ်းမှုတွေနဲ့ ဖွဲ့တည်ထည်ထားတဲ့

ချုပ်နှောင်မှုတွေကင်းတဲ့ သဘာဝပန်းခင်းလေးဆိုတာ

မင်းသိစေချင်လိုက်တာ……

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer