ရင်ငြိမ်းနွေးရဲ့ ကဗျာ……

Yin Nyine NwayJune 18, 20111min903

ဘာလဲ

အချစ်ဆိုတာ

စကားလုံပေါင်း သောင်းခြောက်ထောင်နဲ့ အဓိပ္ပါယ်ဖွင့်မှ ပြည့်စုံမှာတဲ့လား

နားလည်မှု ဆိုတာကရော နားလည်အောင်လုပ်ပြမှတဲ့လား

ဒီအတိုင်းလေးပဲ ချစ်နေလို့ မရဘူးလား

ဒီလို

ငြိမ့်ငြိမ့်လေး စီးဆငးတဲ့စမ်းချောင်းလေးလို

လွတ်လွတ်လပ်လပ် အဝေးကသာနေတဲ့ လမင်းကြီးလို

နေတက်သလို နေနေတာကိုက အချစ်စရာလေးလို့ရော ခံစားဖူးရဲ့လား

မင်းလက်ပေါ်မှာ ကျရောက်လာတဲ့ နေရောင်ခြည်ကိုရော

ပျော်ရွင် ဝမ်းမြောက်စွာ နမ်းရှိုက်ဖူးပါရဲ့လား

တစ်ကယ့် ချစ်မေတ္တာဆိုတာ

ငါတို့သိရှိထားတဲ့ သာမာန်အယူအဆ တစ်ခုရဲ့ အခြားတစ်ဖက်မှာ

ငြိမ်းချမ်းမှုတွေနဲ့ ဖွဲ့တည်ထည်ထားတဲ့

ချုပ်နှောင်မှုတွေကင်းတဲ့ သဘာဝပန်းခင်းလေးဆိုတာ

မင်းသိစေချင်လိုက်တာ……

3 comments

  • windtalker

    June 20, 2011 at 5:09 am

    ကဗျာလေး ပိုဆန်သွားအောင် “ ရင်ထဲက မေးခွန်းများ ” လို ့နာမည်တပ်ပေးပါလား ဟင် ။ အကြံပြုတာကို စိတ်မဆိုးပါနဲ ့နော် ။

  • PaukPhaw

    June 20, 2011 at 5:53 am

    ကြိုက်တယ်..ကဗျာလေးကို.
    အချစ်ကိုတော့ မကြိုက်ဘူး.အာရုံနောက်လို ့

    ကဗျာတွေ မရေးတတ်ခဲ့တလို ခံလဲ မခံစားတတ်ခဲ့ပါဘူး
    ဒါပေမဲ့

    အချစ်ဆိုတဲ့အကြောင်း သိစေချင်လို ့ချပြတာ “ ရင်ထဲက မေးခွန်းများ ” တပ်ရင်တော့ နိပ်သေးဘူးလားလို ့ပါ

    ချာကြီးတော့ ဟုတ်ပါဘူး..
    အန်တီ ရင်ငြိမ်းနွေး ဆီမှာတော့ ခေါင်းစဉ် ရှိပြီးသားဖြစ်မှာပါ

  • Yin Nyine Nway

    June 20, 2011 at 11:38 am

    အောင်မယ် ကိုပေါက်ကျော်က ယဉ်ငြိမ်းကိုများ အန်တီတဲ့
    ဟုတ်ကဲ့ ဦး…. ခေါင်းစဉ်ရှာတုန်း
    ဟီး…

Leave a Reply