အဟောင်းတွေက အသစ်ဘယ်တော့မှ

ဖြစ်မလာနိုင်တော့သလို

ပြီးခဲ့တဲ့ အရာအားလုံးအတွက်

ငါဟာလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူးကွယ်…..

 

တချိန်က

ချစ်လွန်းလို့ အရဲစွန့်ပြီး ရှေ့တိုးမိခဲ့တာတွေ

မြတ်နိုးလွန်းလို့ စိုးရိမ်လွန်ခဲ့တာတွေ

အိမ်မပျော်တဲ့အခါ  ညတာတွေ ရှည်လျားလွန်းခဲ့တာတွေ

အချစ်တစ်ခုက အပြစ်တခု ဖြစ်သွားခဲ့တာတွေ

 

ရှိပါစေ

ရှိပါစေတော့ ချစ်ရသူလေးရယ်……..

 

အတိတ်ဆိုတာ တို့တွေပစ်ပယ်ထားလို့

မရပေမယ့်

သင်ခန်းစာတော့ ယူနိုင်ပါရဲ့နော်

 

အချိန်တွေ ကြာလာတာနဲ့အမျှ

မသိခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

ပိုပိုပြီး သိလာခဲ့ရတယ်

နားမလည်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

ပိုပိုပြီး နားလည်လာခဲ့ရတယ်

မပျော်ရွင်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

ပိုပိုပြီး ပျော်ရွင်လာခဲ့ရတယ်

မလွတ်လပ်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

ပိုပိုပြီး လွတ်လပ်လာခဲ့ရတယ်

 

ဒီလို…..

ကောင်းကင်မှာ လွတ်လွတ်လပ်လပ် သာနေတဲ့

လမင်းကြီးက

ကမ္ဘာကြီးကို ချစ်သလိုမျိုး……

ငါဟာ ခုထိ

ချစ်ရသူလေးကို လွတ်လွတ်လပ်လပ် ချစ်နေဆဲ

ချစ်နေမြဲပါကွယ်

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer