ရင်ငြိမ်းရဲ့ ကြီးကြီးမားမား ခံစားချက်…

Yin Nyine NwayJune 18, 20111min17518

အဟောင်းတွေက အသစ်ဘယ်တော့မှ

ဖြစ်မလာနိုင်တော့သလို

ပြီးခဲ့တဲ့ အရာအားလုံးအတွက်

ငါဟာလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူးကွယ်…..

 

တချိန်က

ချစ်လွန်းလို့ အရဲစွန့်ပြီး ရှေ့တိုးမိခဲ့တာတွေ

မြတ်နိုးလွန်းလို့ စိုးရိမ်လွန်ခဲ့တာတွေ

အိမ်မပျော်တဲ့အခါ  ညတာတွေ ရှည်လျားလွန်းခဲ့တာတွေ

အချစ်တစ်ခုက အပြစ်တခု ဖြစ်သွားခဲ့တာတွေ

 

ရှိပါစေ

ရှိပါစေတော့ ချစ်ရသူလေးရယ်……..

 

အတိတ်ဆိုတာ တို့တွေပစ်ပယ်ထားလို့

မရပေမယ့်

သင်ခန်းစာတော့ ယူနိုင်ပါရဲ့နော်

 

အချိန်တွေ ကြာလာတာနဲ့အမျှ

မသိခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

ပိုပိုပြီး သိလာခဲ့ရတယ်

နားမလည်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

ပိုပိုပြီး နားလည်လာခဲ့ရတယ်

မပျော်ရွင်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

ပိုပိုပြီး ပျော်ရွင်လာခဲ့ရတယ်

မလွတ်လပ်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

ပိုပိုပြီး လွတ်လပ်လာခဲ့ရတယ်

 

ဒီလို…..

ကောင်းကင်မှာ လွတ်လွတ်လပ်လပ် သာနေတဲ့

လမင်းကြီးက

ကမ္ဘာကြီးကို ချစ်သလိုမျိုး……

ငါဟာ ခုထိ

ချစ်ရသူလေးကို လွတ်လွတ်လပ်လပ် ချစ်နေဆဲ

ချစ်နေမြဲပါကွယ်

18 comments

  • Yin Nyine Nway

    June 18, 2011 at 2:21 pm

    ခံစားပေးကြပါအုန်း…..:)

  • intro

    June 18, 2011 at 2:29 pm

    ခံစားချက်တွေ… ခံစားချက်တွေ 😛

    • Yin Nyine Nway

      June 18, 2011 at 2:32 pm

      ဒါပေါ့..ဒါပေါ့

  • ဆူး

    June 18, 2011 at 2:50 pm

    အချစ်မှာ မျက်စိမရှိဘူး ဆိုတာ ဒါမျိုးပေါ့။
    ကိုယ်ပိုင် ခံစားချက်နဲ့ ရေးထားတာ ဖြစ်တဲ့ အတွက် အားပေးသွားပါတယ်။

    • Yin Nyine Nway

      June 19, 2011 at 2:15 pm

      ကျေးဇူးပါ ဆူး….

  • unclegyi1974

    June 19, 2011 at 3:33 pm

    ချစ်တာတွေမေတ္တာတွေသစ္စာတွေ
    မံမံဆာတော့
    တူတူပုန်းသွားရောတဲ့
    အမေကပြောဖူးတယ်

  • အသစ်တွေကသာ အမြဲဟောင်းဟောင်းသွားတယ်ဆိုပေမယ့်
    ဖြစ်တည်ခဲ့ဘူးတဲ့အချစ်တွေကတော့
    အခုထိ သစ်နေဆဲ။
    ချစ်လွန်းလို့ ပြုမိသမျှတွေဟာ
    အမှားဖြစ်လို့အဖြစ်တွေမှား
    မင်းချန်ထားတာဘဲအဖတ်တင်
    အားလုံးအမြင်မှာ
    ခင်ကျန်ရစ်ပေါ့။

    အများကတော့ပြောသပေါ့
    အချိန်ဆိုတဲ့သမား
    ကုစားသွားပါမယ်တဲ့။
    သူတို့မှမခံစားရတာကြီးကို။
    စိတ်လဲမနာ
    မေ့ဘို့လဲမကြိုးစား
    အချစ်ဆိုတဲ့အနာမွေးထားရင်းက
    ကျေနပ်ခြင်းတွေနဲ့ပျော်ရွှင်
    ဒါကိုဘဲ
    အချစ်စစ်လို့တင်စားလိုက်ချင်ပါရဲ့………………….
    ကဲအပြစ်တင်ချင်လဲတင်ကြပေတော့
    ကျမကတော့ အချစ်သမ စစ်စစ်ကြီ်းပါတော်………………..

    • Yin Nyine Nway

      June 20, 2011 at 11:39 am

      သူ့ကဗျာက ပိုကောင်းနေတယ်ဟီး..
      နောက်တခါ ရေးရင် ကိုပေါက်ကို အရင်ဝေဖန်ခိုင်းရမယ်

  • maythakhin

    June 19, 2011 at 5:18 pm

    “ အချိန်တွေ ကြာလာတာနဲ့အမျှ

    မသိခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

    ပိုပိုပြီး သိလာခဲ့ရတယ်

    နားမလည်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

    ပိုပိုပြီး နားလည်လာခဲ့ရတယ်

    မပျော်ရွင်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

    ပိုပိုပြီး ပျော်ရွင်လာခဲ့ရတယ်

    မလွတ်လပ်ခြင်းတွေရဲ့ ဘေးနားမှာ ငါဟာ

    ပိုပိုပြီး လွတ်လပ်လာခဲ့ရတယ်” အဲဒီစာသားလေးကို ကြိုက်တယ်။ အဲဒီစာသားလေးရဲ့ အဓိပါယ်ကို မေကတော့ အေးချမ်းနေတဲ့ အချစ်လို့တင်စားချင်တယ်။ဘယ်လိုသဘောရလဲ 😀 😀

    • Yin Nyine Nway

      June 20, 2011 at 11:40 am

      ကောင်းတာပေါ့….

  • windtalker

    June 20, 2011 at 5:12 am

    “ မလွတ်လပ်ခြင်း တွေ ရဲ ့ဘေးနားမှာ ငါဟာ
    ပိုပိုပြီး လွတ်လပ်လာခဲ့ရတယ် ” ဆိုတော့ အချစ်ဆိုတာ တစ်ယောက်နဲ ့တစ်ယောက် သံယောဇဉ် တွေ နဲ ့ချည်ကြတဲ့ အမျိုး ဆိုတော့က ..။ ဘာများပါလိမ့် ။

  • Yin Nyine Nway

    July 8, 2011 at 8:59 pm

    တခါတလေ သံယောဇဉ်က ကြာလာရင်ကောင်းဝူးရှင့်
    ကြာလာတဲ့အခါ လွတ်လပ်ချင်လာတယ်

  • naywoonni

    July 8, 2011 at 9:30 pm

    ဒါပေါ့ ရင်ငြမ်းရယ်..။ ဘာတဲ့ ကျွန်မချစ်မိ အပြစ်ရှိသည် ဆိုလား ဘာလား ဘာဆိုလာ း ? အဲဒိလိုပေါ့…။ ဟိုသီချင်းတော့ အော်မဆိုနဲ့ဦး…. ဟိုသီချင်း………

    • Yin Nyine Nway

      July 9, 2011 at 1:50 pm

      ဟုတ်တယ် နေဝန်းနီရေ….
      ချစ်သူကတော့ အပြစ်ရှိသူပဲ…
      တကယ် တယောက်ထဲကို အကြာကြီးတွဲ ကြည့် ပျင်းစရာကောင်းလာတယ်…:)

      • ပန်းနု

        July 9, 2011 at 7:43 pm

        ရင်ငြိမ်းရဲ့ ပန်းနုလည်း အကြာကြီးတွဲတော့ ပျင်းတယ်လို့ထင်ခဲ့ဖူးတယ်။
        အနားမှာ ဂရုတစိုက်လုပ်ပေးတာတွေကိုလည်း ရှုပ်တယ်လို့ထင်ခဲ့ဖူးတယ်။
        အချစ်ခံရတာ ကျဉ်းကျပ်တယ်လို့လည်း ထင်ခဲ့ဖူးတယ်။
        ဒါပေမယ့် သူမအားလို့ အနားကိုမလာနိုင်တဲ့ရက်တွေမှာ အရင်က ဂရုစိုက်တာတွေကို ပြန်လိုချင်နေမိတယ်။ သူနဲ့တွဲရတာကိုလည်း ပျင်းတယ်လို့မထင်တော့ဘူး။

  • Yin Nyine Nway says:

    သူ့ကဗျာက ပိုကောင်းနေတယ်ဟီး..
    နောက်တခါ ရေးရင် ကိုပေါက်ကို အရင်ဝေဖန်ခိုင်းရမယ်

    အဲဒါ ငါးဆယ်တန်ကို တစ်ဆယ်ဘဲယူပြီးရင်ငြိမ်းကိုလက်ဆောင်ပေးတာလေ။

  • Yin Nyine Nway

    July 9, 2011 at 1:51 pm

    ဟွန်း…လေးပေါက် ….နော် လုပ်နဲ့
    ရှိတာမှ နဲနဲလေးကို ပြန်နှုတ်နေတယ် …..:)

Leave a Reply