အင်တာနက်ဆိုင်တွေမှာ စည်းကမ်းတွေ ထပ်တင်းကြပ်လိုက်ပါပြီ။ ဖတ်ကြည့်ကြပါဦး

Good IdeaJune 18, 20111min1207

အင်တာနက်ဆိုင်များတွင် ကီဘုတ်နှင့်မော်နီတာသုံးခွင်ပိတ်ပင်။

ရန်ကုန်၊ ၂၀၁၃။

 

အင်တာနက်ဆိုင်များတွင် ကီဘုတ်နှင်မော်နီတာအသုံးပြုခွင့်များ ပိတ်ပင်လိုက်သည်ဟု ဆက်သွယ်ရေး ကြေးနန်နှင့် စာတိုက်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

…”လူတွေကအားအားယားယား အင်တာနက်ဆိုင်တွေမှာ ထိုင်ပြီး ဟိုအကြောင်း ဒီအကြောင်း နုတ်တွေရေး ချက်တင်တွေ ထိုင်နေကြလို့ ကီးဘုတ်ကို ပိတ်ပင်လိုက်ရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၁တုန်းကတော့ ပုံတွေတင်လို့မရအောင် USB တို့ cd တွေပိတ်ထားခဲ့ပါသေးတယ်။ စကားပြောလို့ မရအောင်လည်း မိုက်တွေမထားဖို့ ထုတ်ပြန်ထားခဲ့ပါသေးတယ်”

 

“ဒါတွေမတင်ရတော့ နုတ်တွေရေးကြတယ် ချက်တွေပြောကြတယ်။ အဲဒါကြောင့် ပိတ်တာပါ။ မော်နီတာ အသုံးပြုခွင့် ပိတ်ပင်တာကြတော့ ဟိုကြည့်ဒီကြည့် လုပ်မှာစိုးလို့ပါ။ အင်တာနက်အသုံးပြုတာကိုတော့ မပိတ်ပါဘူး ဆက်ပေးထားပါတယ်။ ပိတ်ဖို့လည်းမရှိပါဘူး။ ကွန်နက်ရှင်ကိုလည်း အမြန်ဆုံးဖြစ်အောင် လုပ်ပေးထားပါတယ်” ဟုအဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အင်တာနက်သုံးဆွဲသူများသည် ၂၀၁၂ ခုနှစ် အစောပိုင်းမှစ၍ မှတ်ပုံတင်၊ သန်းခေါင်စာရင်းမိတ္တူ အပြင် မိသားစုဝင်ဓါတ်ပုံကို အင်တာနက်ဆိုင်များတွင် ပေးပြီးမှသာ သုံးစွဲခွင့်ရလျှက်ရှိသည်။

 

(Kaung Myat Min ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

7 comments

  • captainamerica

    June 18, 2011 at 5:48 pm

    ဟုတ်မှမဟုတ်တာ ဖောပြန်ပြီ …….တကယ်အင်တာနက်ဆိုင်များဖွင့်ထားတဲ့လူတွေများပြောသလား
    ဟုတ်ပါဝူး …..လျှောက်မဖော(လ်)နဲ.နော်….

  • nozomi

    June 18, 2011 at 7:02 pm

    ဒီသတင်း ဖြစ်နိုင်ပါတယ် ၂၀၁၃ ကျရင် မြန်မာနိုင်ငံက အရမ်းခေတ်မီတိုးတက်လာပြီး ကွန်ပျူတာသုံးတဲ့ အချိန် ကီးဘုတ် မော်နီတာ မလိုတော့ပါ စိတ်ကူးလိုက်တာနဲ့ စာတွေဖတ်လို့ ရေးလို့ ရတဲ့ အခြေအနေဖြစ်နေပါပြီ…..

  • kai

    June 18, 2011 at 11:03 pm

    ကောင်းတဲ့ Satire, သရော်စာပါပဲ..။
    ဒါပေမဲ့.. သတင်းမဟုတ်ပါဘူး..။ ဒါကြောင့် Category ပြောင်းပေးလိုက်ပါတယ်..။

  • bigcat

    June 19, 2011 at 3:56 am

    ကျနော်ကြားတာ ခိုးကူးဆော့ဝဲ ဆင်ထားတဲ့ စက်တွေအားလုံး အသိမ်းခံရမယ်ပြောတယ်။ မိုက်ကရိုဆော့ဖ် သူဌေးဘီလ်ဂိတ်နဲ့ ဦးတေဇ ပေါင်းရိုက်တာတဲ့။

  • parlayar46

    June 19, 2011 at 4:33 am

    ကျုပ်က တောသားမို့ မသိလို့ဝင်မေးပါရစေ။

    အဲဒီဦးတေဇဆိုတဲ့ လူကြီးကကော ပိုက်ဆံနဲ့ပေးဝယ်တယ်လို့ ရှိဘူးလို့လား။
    မလိုတဲ့သူတွေပြောတာတော့ ပြည်တွင်းရှိသမျှ အကုန်အလကား ယူသုံးနေတာဆို။

  • hokg

    June 19, 2011 at 9:37 am

    နောက်ဆုံးရ သတင်းများအရ အင်တာနက်ဆိုင်များတွင် သုံးစွဲသူများ လုံခြုံရေးအရ ကွန်ပြူတာတစ်လုံးလျှင်
    ရဲသားလုံခြုံရေး တစ်ဦးစီ စောင့်ကြပ်ခိုင်းမည်ဖြစ်ပြီး သုံးစွဲသူများ အနေဖြင့် လက်ညောင်းသက်သာစေရန်
    ၎င်း၊ မျက်စိညောင်းသက်သာစေရန်၎င်း နိုင်ငံတော်အစိုးရက စေတနာ ပလပွ နှင့် ထောက်ပံပေးမည် ဟုသိရပါသည်။ ၎င်းအပြင် အများပြည်သူတို့ အိမ်အပြန် အဆင်ပြေစေရန် အင်တာနက် ဆိုင်တစ်ဆိုင်ခြင်းစီအတွက် ဖယ်ရီ ကား အပြာကြီးများ တစ်စီးစီ ထောက်ပံ မည် ဟူသတတ်။

    ကောင်းလေစွ ကောင်းလေစွ

  • cobra

    June 19, 2011 at 11:34 am

    တကယ်မိုက်တဲ့သတင်းပါမဖြစ်နိုင်တဲ့ကိစ္စကိုရအောင်ရေးထားတယ်..။

Leave a Reply