ဒုစရိုက်မှုတွေ ..

kaiJune 18, 20113min20224

အောက်က သတင်းဖတ်ပြီး တွေးမိတာလေးပါ..။
လူတွေက.. ဒုစရိုက်အမှုတွေဘာလို့ လုပ်သလဲ…။

လူတွေကပဲ.. ဒါတွေဒါတွေကိုလုပ်ဖြစ်ရင်..  ဒုစရိုက်လို့ သတ်မှတ်အမည်ပေးထားလို့ ဆိုပြီး တွေးကြည့်တာပေ့ါ..။ ဆိုတော့..
ဒုစရိုက်ဖြစ်စေအောင်… ထောက်ပံ့ဖြစ်ပေါ်လာနိုင်တဲ့..ငွေကြေးအရင်းအမြစ်ကို ဖျက်စီး..လိုက်ရင်… ဒုစရိုက်ကို  လူတွေစံနစ်တကျနဲ့..အုပ်စုဖွဲ ့လုပ်နိုင်ပါဦးမလား…။

ဖျက်စီးတယ်ဆိုတာမှာ.. ခြေမှုန်းတာမဟုတ်ပဲ.. အဲဒီခိုးကြောင်ခိုးဝှက်လုပ်ရပြီး.. အဲဒီကနေ အကျိုးအမြတ် ရယူနေတာကို .. တရားဝင်ဖြစ်အောင် ဥပဒေထုတ်ပေးလိုက်တာမျိုးဖက်က စဉ်းစားကြည့်နိုင်တာပေါ့…။

အဲဒီအတွေးလေးပါ…။

အောက်က ဂျင်မီကာတာပြောတာက… တလောက တက်လာတဲ့ သတင်းတခုနဲ့ ဆက်စပ်နေပါတယ်..။
ဂျင်မီကာတာကတော့.. သမ္မတရီဂင်လက်ထက်က… ထုတ်လိုက်တဲ့ ဥပဒေတွေကြောင့် ရာဇဝတ်မှုတွေပိုများလာတယ်လို့ ထောက်ပြတာပါ.။

တလောကတက်လာတဲ့ သတင်းဆိုလိုရင်းက… ဆေးခြောက်အပါအဝင်… မူးယစ်ဆေးတွေ အတိုင်းအတာတခုအထိ.. တရားဝင်ခွင့်ပြုလိုက်ရင်…
မူးယစ်ဆေးဝါးဂိုဏ်းတွေလောက တစခန်းရပ်သွားမယ် ဆိုတာပါပဲ..။
http://www.cbsnews.com/stories/2011/06/17/eveningnews/main20072096.shtml

 

တရားဝင်ဝယ်လို့ရမှတော့… ခိုးကြောင်ခိုးဝှက်ရောင်းဝယ်မှုမရှိတော့တာမို ့..အဲဒီကနေ..အကျိုအမြတ် အများကြီးရနိုင်ဖို့ ခက်ခဲသွားပါမယ်.။

အမြတ်ရငွေနည်းရင်… ဂိုဏ်းတွေလည်း..လည်ပါတ်နိုင်ဖို့..ခက်ခဲသွားမယ်ပေါ့..။
ဆိုတော့… ဂိုဏ်းလောက လျှော့နည်းပျောက်သွားမယ်ပေါ့..။

တော်တော်စဉ်းစားတွေးစရာတွေပါ..။
မြန်မာပြည်နဲ့ ဆက်စပ်စဉ်းစားကြည့်ကြပါလား…။

 

Jimmy Carter: End the Global War on Drugs

Jimmy Carter is just saying no to the war on drugs.

The former president argues in an Op-Ed published Thursday in The New York Times that U.S. drug policy has backfired in a terrible way by helping to escalate violence in Latin America.

Fighting the war on drugs abroad has cost the U.S. millions of dollars, while at home, it has caused our prison populations to swell, Carter says.

He writes that he pushed to decriminalize possession of small amounts of marijuana for personal use, with an emphasis on treatment for the user.

The Reagan administration, however, “began to shift from balanced drug policies, including the treatment and rehabilitation of addicts, toward futile attempts to control drug imports from foreign countries,” Carter writes.

As those countries try to eradicate marijuana, coca, poppy cultivation, they run up against the wrath of the drug gangs.

“One result has been a terrible escalation in drug-related violence, corruption and gross violations of human rights in a growing number of Latin American countries,” Carter says.

He cited a report by the Global Commission on Drug Policy, which says its mission is to seek “humane and effective ways” to reduce the negative effects of drugs on society.

“The global war on drugs has failed,” the commission’s report says.

It says when the drug war began 40 years ago, policymakers believed attacking production and harshly punishing users was the way to go.

“In practice, the global scale of illegal drug markets – largely controlled by organized crime – has grown dramatically over this period,” the report says.

Carter concurs, and he’s also worried about the effect imprisonment of nonviolent, recreational users has on American society.

“About three-quarters of new admissions to state prisons are for nonviolent crimes. And the single greatest cause of prison population growth has been the war on drugs,” the former president writes.

“Not only has this excessive punishment destroyed the lives of millions of young people and their families (disproportionately minorities), but it is wreaking havoc on state and local budgets,” he says.

© Newsmax. All rights reserved.

24 comments

  • kai

    June 18, 2011 at 10:30 pm

    အစိုးရတွေက… မူးယစ်ဆေးဝါးနဲ့ပါတ်သက်တဲ့ ပေါ်လစီတွေကို ပြန်စဉ်းစားသင့်ကြောင်းတိုက်တွန်းထားတဲ့ သတင်းပါ..။ အနှစ်၄ဝ လုံးလုံး လုပ်ခဲ့တာ မအောင်မြင်ပဲ ဖြစ်နေပါသတဲ့..။
    အနှစ် ၄ဝက ပေါ်လစီတခု..မှားတယ်..မှန်တယ်.. ပြန်သုံးသပ်ဖို့.. လုံလောက်တဲ့… အချိန်ပါပဲ..။

    http://en.rian.ru/world/20110602/164395535.html

    Global report suggests legal changes to answer failed war on drugs
    © RIA Novosti.
    20:38 02/06/2011
    Governments should consider legalizing some drugs such as marijuana to curb global drug trafficking as steps taken so far have not prevented the spread of drug use, a group of international figures said in a report published on Thursday.

    The 24-page report by the Global Commission on Drug Policy argues that the decades-old “global war on drugs has failed, with devastating consequences for individuals and societies around the world.”

    “Political leaders and public figures should have the courage to articulate publicly what many of them acknowledge privately: that the evidence overwhelmingly demonstrates that repressive strategies will not solve the drug problem, and that the war on drugs has not, and cannot, be won,” the report said.

    The 19-member commission was created in January 2011 with the goal to “bring to the international level an informed, science-based discussion about humane and effective ways to reduce the harm caused by drugs to people and societies.”

    It includes prominent international figures such as the previous UN secretary general, Kofi Annan, and the former presidents of Mexico, Brazil, Colombia, Ernesto Zedillo, Fernando Henrique Cardoso and Cesar Gaviria, who set up a similar commission for Latin America in 2008.

    The report quoted UN estimates that global opiate use increased by 34.5 percent and cocaine by 27 percent from 1998 to 2008, while the use of cannabis, or marijuana, rose 8.5 percent.

    Instead of criminalizing and stigmatizing those who “use drugs but who do no harm to others,” the commission said governments should “encourage experimentation… with models of legal regulation of drugs (especially cannabis) to undermine the power of organized crime and safeguard the health and security of their citizens.”

    It has also called on world leaders to ensure that various kinds of treatment are available for drug users, including “the heroin-assisted treatment programs that have proven successful in many European countries and Canada.”

    Russia tops the UN list of countries with the highest level of heroin consumption. According to UN estimates, 21 percent of world heroin is consumed by some 90 percent of Russia’s drug users. About 90 percent of Russia’s heroin is trafficked from Afghanistan via the former Soviet republics of Tajikistan, Uzbekistan and Turkmenistan.

    According to UN data, there are 2.5 million drug addicts and more than 5.1 million drug users in Russia. President Dmitry Medvedev ordered in April that proposals be drafted that would introduce mandatory medical treatment as an alternative to penal measures against drug addicts.

    Russia’s anti-narcotics chief, Viktor Ivanov, said the proposed measure would allow Russian authorities to half the number of drug addicts in the country in three years.

    MOSCOW, June 2 (RIA Novosti)

  • shweminthar

    June 19, 2011 at 2:28 am

    ဟုတ်တယ်။ ကိုခိုင်
    ဒီမူးယစ်ဂိုဏ်းတွေ ကို တရားဝင် လုပ်ပိုင်ခွင့် အနည်းအကျင်း ပေး။
    အခွန်တွေ နင့် နေအောင် ချ ။ (နိုင်ငံ ဝင်ငွေ တိုးစေဖို့)
    ပြည်သူတွေ ကို မူးယစ်ဆေး မသုံးစေဖို့ အသိပညာ ပေး။ ကန့်သတ်ချက်တွေ ထုတ်။
    မူးယစ်နဲ့ စပ်ဆက်တဲ့ ဝန်ထမ်းတွေ ကို လဲ သတိနဲ့ ထိန်း။ ( အရေးကြီးတယ် ပေါင်းစားသွားမှာလဲ စိတ်ပူရသေး) မူးယစ်နဲ့ ပါတ်သတ်တဲ့ ဝန်ထမ်းတွေ အမှားလုပ်ရင် ပစ်မှု ကြီးကြီးချ။
    အဲလို ဘဲ မူူးယစ် ဂိုဏ်းတွေ လဲ ပေးထားတဲ့ လုပ်ပိုင်ခွင့်ထပ်ကျော်လုပ်ရင် မညှာမတာ ပစ်မှုတွေ ချ။

    အဲလို ဘဲ လောင်းကစားတွေ ကိုလဲ တရားဝင်ဖြစ်အောင်လုပ်ပေး
    သတ်မှတ်ချက်တွေ ချပေး။ အခွန်တွေ များများချ။ (နိုင်ငံ ဝင်ငွေ တိုးစေဖို့)
    ပြည်သူတွေကို အသိပညာပေး။ ကန့်သတ်ချက်တွေထုတ်။
    လောင်းကစား နဲ့စပ်ဆက်တဲ့ ဝန်ထမ်းတွေ ကို လဲ သတိနဲ့ ထိန်း။ ( အရေးကြီးတယ် ပေါင်းစားသွားမှာလဲ စိတ်ပူရသေး) လောင်းကစားနဲ့ ပါတ်သတ်တဲ့ဝန်ထမ်းတွေ အမှားလုပ်ရင် ပစ်မှု ကြီးကြီးချ။
    အဲလို ဘဲ လောင်းကစားသမားတွေ လဲ ပေးထားတဲ့ လုပ်ပိုင်ခွင့်ထပ်ကျော်လုပ်ရင် မညှာမတာ ပစ်မှုတွေ ချ။

    နောက် အပျော်အပါး ကိစ္စတွေလဲ တရားဝင်ဖြစ်အောင်လုပ်ပေး
    သတ်မှတ်ချက်တွေ ချပေး။ အခွန်တွေ များများချ။ (နိုင်ငံ ဝင်ငွေ တိုးစေဖို့)
    ပြည်သူတွေကို အသိပညာပေး။ ကန့်သတ်ချက်တွေထုတ်။
    အပျော်အပါးလုပ်ငန်း နဲ့စပ်ဆက်တဲ့ ဝန်ထမ်းတွေ ကို လဲ သတိနဲ့ ထိန်း။ ( အရေးကြီးတယ် ပေါင်းစားသွားမှာလဲ စိတ်ပူရသေး) အပျော်အပါးကိစ္စနဲ့ ပါတ်သတ်တဲ့ဝန်ထမ်းတွေ အမှားလုပ်ရင် ပစ်မှု ကြီးကြီးချ။
    အဲလို ဘဲ အပျော်အပါး လုပ်ငန်း လုပ်သူတွေကို လဲ ပေးထားတဲ့ လုပ်ပိုင်ခွင့်ထပ်ကျော်လုပ်ရင် မညှာမတာ ပစ်မှုတွေ ချ။

    အဲလိုတွေ လုပ်လိုက်ရင် ဘာတွေ ဖြစ်လာမလဲ …….
    တိုးတက်မှုတွေ ရှိလာနိုင်သလို ဆုတ်ယုုတ်မှုတွေ လဲ ရှိမှာ သေချာပါတယ်။
    ခိုးချောင်ခိုုးဝှတ် လုပ်စားတာတွေ ပျောက်သွားမှာ ဖြစ်သလို ။ နိုင်ငံ ဝင်ငွေ တိုးလာမယ်။
    ပြည်သူတွေလဲ မကောင်းတာလုပ်ရင် အခု ခိုးချောင် ခိုုးဝှက်လုပ် မလုပ်ရတော့ဘူးပေါ့။
    အဲတော့ ကိုယ်လုပ်တာ ပေါ်တင်ကျသွားရော မကောင်းတာလုပ်ရင် ဒီလူ ဘာလုပ်တယ် ဆိုတာ ပေါ်လွင်သွားတာပေါ့။
    တဖြည်း ပြန်ဆင်ချင်သွားရော။……

    မရင့်ကျပ်သေးသော အရွယ်များ အတွတ် ဘယ်လို ထိန်းမလဲ။…..

    • kai

      June 19, 2011 at 9:40 am

      ယူအက်စ်ရဲ့အရက်ရောင်းနေတဲ့ ဈေးဆိုင်တွေမှာ.. အသက်မပြည့်သူ သွားဝယ်လို့မရပါဘူး..။
      တကယ်လို့ ရောင်းလိုက်ရင်… ရောင်းသူကို အကြီးအကျယ်အပြစ်ပေးပါတယ်..။

      ဘယ်လိုသိသလည်းဆိုတော့.. ဈေးလာဝယ်သူတွေကို .. အသက်မပြည့်သေးဘူးထင်ရင်.. အိုင်ဒီတောင်ကြည့်တာပါပဲ..။
      ဈေးရောင်းသူက ဒါကို သေသေချာချာလုပ်တယ်.။ ဘာလို့လည်းဆိုတော့ .. အန်ဒါကာဗာ( လျှို့ဝှက်ထောက်လှမ်းသူ) တွေ လူစားဝင်လုပ်လွန်းလို့ပါ..။

      မြန်မာပြည်မှာလည်း.. မူးယစ်ဆေးရော..။ လောင်းကစားရော..။ လိင်အပျော်အပါးရော.. လိုင်စင်နဲ့ ခွင့်ပြုလိုက်ပြီး သေသေချာချာ ထိန်းချုပ်လုပ်ခိုင်းလို့ရပါတယ်..။
      မရင့်ကျက်သေးသူတွေ ဝင်လာလို့မရအောင် လုပ်ဖို့လည်း သိပ်ခက်မယ်မထင်ပါဘူး..။
      လက်သီးဆုပ်လောက် ဗုံးလေးတလုံး.. မြိဲ ့ထဲဝင်လာရင်တောင် သိနေတတ်တဲ့.. ထောက်လှမ်းရေးစံနစ်ရှိတဲ့ နိုင်ငံပဲနော..။ 🙂

  • nature

    June 19, 2011 at 3:11 am

    (တလောကတက်လာတဲ့ သတင်းဆိုလိုရင်းက… ဆေးခြောက်အပါအဝင်… မူးယစ်ဆေးတွေ အတိုင်းအတာတခုအထိ.. တရားဝင်ခွင့်ပြုလိုက်ရင်…
    မူးယစ်ဆေးဝါးဂိုဏ်းတွေလောက တစခန်းရပ်သွားမယ် ဆိုတာပါပဲ..။)
    မူးယစ်ဆေးဝါးဆိုတာ အင်တန်ကိုစွဲစေတတ်ပါတယ်၊ ကျနော့အမြင်ကတော့ တရားဝင်ခွင့်ပြုလိုက်ရင် ကျားကိုတောင်ပံတပ်ပေးလိုက်သလိုဖြစ်မယ်ထင်တယ်။ ဥပဒေနဲ့မလွတ်ကင်းလို့ မစမ်းရဲတဲ့သူတွေ ဥပဒေနဲ့ခွင့်ပြုလိုက်ရင် စမ်းသုံးပြီးစွဲတဲ့သူတွေ များလာပြီး တနိုင်ငံလုံးဘိန်းစားဖြစ်သွားနိုင်ပါတယ်။ အဓိက ကတော့ အင်မတန်စွဲလွယ်လို့ပါပဲ။

  • bigcat

    June 19, 2011 at 3:43 am

    ပြောရရင် မြန်မာပြည်မှာ ဘိန်းသူဌေးတွေကို ငွေမဲခဝါချပေး၊ နယ်စပ်တွေမှာ ဘိန်းစိုက်ခွင့်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ထုတ်လုပ်ခွင့်တွေ ပေးထားပြီး နိုင်ငံရေး၊ ဘဏ္ဍာရေး အမြတ်ထုတ် နေတာပဲလေ။ ဥပဒေထုတ်လိုက်ရင် ပြင်ရပြုရခက်နေနိုင်လို့ မြန်မာပြည်မှာ စနစ်မပြောင်းသ၍ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆက်လက်တည်ရှိနေမှာပါ။ အမေရိကန်က လေပဲရှိတာ၊ ဒို့မြန်မာတွေက လုပ်ပြီဆိုရင် လက်တွေ့ လက်တွေ့…
    ဟေ့ကောင်လီဘူး၊ မင်းတို့စစ်တပ်ကို ဘိန်းစားစစ်တပ်လို့ ခေါ်ရင်ရတယ်ကွ 😎

  • lusoegyikoko

    June 19, 2011 at 4:06 am

    အင်း အမေရိကန်ကအမေရိကန် မြန်မာကမြန်မာပါ။ပေါ်လစီတွေဘယ်လိုပဲချချဘာတွေပဲလုပ်လုပ် မြန်မာအများစုရဲ့ဘယ်သူသေသေငတေမာရင်ပြီးရော စိတ်ဓါတ်နဲ့တော့အလုပ်မဖြစ်နိုင်ပါဘူ။ အဓိကတော့လူပါပဲ။အင်းနောက်ပြီးစံနုှန်းတွေ။လွဲနေပါတယ်။ မူယစ်ဆေးတို့ဘိန်းတို့က ခေါင်းစင်တစ်ခုပါ။ ပြသနာကလှိုက်စားနေပါပြီ။ ဘက်စုံထောင့်စုံက်ိုညီညီညာညာတိုးတက်နေတာပါ။ဝန်ထမ်းကလဲဝန်ထမ်းပဲ။စီးပွားရေသမားကလဲသူဟာသူပဲ။ လက်လုပ်လက်စားကလဲ အလွယ်လိုက်တယ်။တောင်သူကလဲ တစ်နှစ်စာစားဖို့ရှိရင် မစ်ိုက်တော့ဘူး။ ကဲဘယ်လိုလုပ်မလဲ။ နည်းနည်းတော့ဘေးရောက်ရင်နာလည်ပေးပါ။
    မြန်မာပြည်ကြီး တိုးတက်သာယာအေးချမ်းပါစေ။

    • kai

      June 19, 2011 at 8:04 am

      မူးယစ်ဆေးဝါးတွေရဲ့..အဓိကဖေါက်သည်တွေနေတာက… ကမ္ဘာ့ချမ်းသာတဲ့ နိုင်ငံကြီးတွေပါပဲ..။
      အမေရိကား ကထိပ်ဆုံးကပေ့ါ..။ နောက် ဥရောပနိုင်ငံတွေ..။

      ထုတ်လုပ်တဲ့နေရာမှာ.. ၁ဒေါ်လာလောက် တန်ဖိုးရှိတဲ့.. မူးယစ်ဆေးတခုကို… ဒေါ်လာ ၁၀ဝ ဖြစ်သွားစေတာက ..ဥပဒေတွေက ပိတ်ထားလို့ပါ…။
      ဆိုတော့…
      အမြတ်က…. ၉၉ ဒေါ်လာလောက်ဖြစ်နေသပေါ့..။
      အဲဒီအမြတ်ကိုရတဲ့.. ဂိုဏ်းတွေ..မူးယစ်ဆေးရာဇာတွေ.. အင်မတန်ချမ်းသာပါတယ်..။
      ဘာလို့ချမ်းသာသလည်း ဆိုတော့… အရမ်းမြတ်လို့ပါ…။

      သူတို့တွေမှာ ငွေရှိရင်..ဘာမဆိုလုပ်လို့ရပါပြီ..။
      မြေအောက်မှာနေတယ်..။ ငွေရှိတယ်..။ ဥပဒေပြင်ပကနေ အကုန်လုပ်လို့ရတယ်..။
      ဥပဒေတွင်းကလူတွေကိုလည်း… ထိခိုက်ဖျက်ဆီးနိုင်တယ်..။

      ဒီလိုသွားခဲ့တာ ..အနှစ်၄ဝခရီး..။

      အမေရိကားက.. မူးယစ်ဆေးတွေ ထုတ်လုပ်တာလျှော့နည်းကျဆင်းဖို့.. ဒေါ်လာ ဘီလီယန်ချီသုံးတယ်..။ မြန်မာပြည်ကိုလည်း.. ထောက်ပံ့တာပဲ..။
      ဆေးဖြန်းလေယဉ်ကအစ အလကားပေးခဲ့တယ်..။

      သုံးသပ်ချက်အရ.. ဒီလိုလုပ်ထဲ့တာ… အနှစ်၄ဝ ကြာတဲ့အခါ.. ဒါတွေနဲ့..ဒါတွေနဲ့ပါတ်သက်တဲ့ ရာဇဝတ်မှုတွေ..မကျသွားတဲ့အပြင်.. တိုးတောင်လာသေးသတဲ့..။

      ဆိုတော့…
      ကမ္ဘာ့မူးယစ်ဆေးနဲ့ပါတ်သက်တဲ့.. ပေါ်လစီတွေပြောင်းမယ် ယူဆရပါတယ်..။
      ပြောင်းရင်.. မြန်မာပြည်ကို အများကြီးရိုက်ခတ်နိုင်ပါတယ်..။
      အနည်းဆုံးတော့… ဆေးလုံးတွေနဲ့..ဘိန်းထုတ်နေတဲ့..ဒေသတွေရဲ့.. .ဝင်ငွေထိုးကျသွားမယ်ပေါ့..။
      ဝင်ငွေကျမှတော့… လက်နက်ဝယ်တာတွေ.. စစ်တပ်ထောင်တာတွေ.. လာဘ်ပေးတာတွေ… လျှော့သွားပါလိမ့်မယ်..။
      ဘိန်းထွက်ချိန်.. ဒေါ်လာဈေးကျတာလည်း.. မရှိတော့ဘူးဖြစ်သွားလိမ့်မယ်..။

      ကျန်တဲ့ဖြစ်လာမဲ့အကျိုးဆက်တွေ.. တွေးကြည့်ကြစေချင်ပါတယ်..။

  • parlayar46

    June 19, 2011 at 4:26 am

    အဆဲခံရမယ့်ကွန်မင့်မို့ သူများအရင်မန်းအောင်စောင့်နေတာ ကံကောင်းပြီး အဖေါ်ရှိသွားတယ်။

    လူ့လောကမှာ မကောင်းပေမယ်လို့ တားလို့မရတာတွေရှိတယ်။ အဲဒါ အကျည့်တန်တဲ့ တကဲ့အရှိတရားတွေပဲ။ ဘာလို့တားလို့မရသလဲဆိုတော့ လူကြိုက်များလို့ပေါ့။

    အဲဒီထဲကတချို့ကတော့ –
    လောင်းကစား
    ပြည့်တန်ဆာစသည် နည်းအားဖြင့်ပျော်ပါးမှု့
    အရက်သေစာ သောက်စားမူးယစ်ခြင်း(ရိုးရိုး ကောင်းကောင်း သောက်တာကို ပြောတာမဟုတ်)
    မူးယစ်ဆေးဝါး – စသည်များပဲဖြစ်ပါတယ်။

    အဲဒါတွေက မကောင်းဘူး – ဒါကြောင့်
    အတတ်နိုင်ဆုံး ထိမ်းသိမ်းရမယ်။ လျှော့ချရမယ်။ မကောင်းကြောင်း လူတွေ ကျယ်ကျယ်ပြန့်ပြန့် သိစေရမယ်။ ပညာပေးရမယ်။

    အဲဒါတွေကို တားလို့မရဘူး – ဒါကြောင့်
    (၁)သုတ်သင်ချေမှုန်းဘို့ လုပ်ရပ်တွေမှာ ငွေအား လူအား အချိန်အား အခွင့်အရေးအားဆိုတဲ့ “အား” တွေ အလွန်အကျွံ မဖြုန်းတီးသင့်ဘူး။ ချိန်ပြီးလုပ်သင့်သလောက်လုပ်ရမှာ။
    (၂) ထွက်ပေါက်ပေးရမယ်။ ဥပမာတခုကတော့ ခြံစည်းရိုးကို နိမ့်နိမ့်နဲ့ခိုင်ခိုင်ခတ်ရင် – အကောင်ငယ်တွေက မထွက်နိုင်လို့ဘေးကင်းတယ်။ အကောင်ကြီးတွေက ထွက်နိုင်ရင်လဲ သူတို့ကအကောင်ကြီးပြီးသားမို့ ဘေးကင်းတန်သလောက် ကင်းပါတယ်။

    အဲဒီ အစွန်း၂ခုကြားထဲမှာ ချိန်ဆပြီးလုပ်ဘို့နိုင်ကတော့ စီမံခန့်ခွဲသူ(အုပ်ချုပ်သူ) များရဲ့ပညာပေါ်မှာ မူတည်ကြောင်းပါ။

    • nature

      June 19, 2011 at 7:44 am

      (အဲဒါတွေက မကောင်းဘူး – ဒါကြောင့် အတတ်နိုင်ဆုံး ထိမ်းသိမ်းရမယ်။ လျှော့ချရမယ်။ မကောင်းကြောင်း လူတွေ ကျယ်ကျယ်ပြန့်ပြန့် သိစေရမယ်။ ပညာပေးရမယ်။)….
      ပညာပေးတာအဓိကကျတယ်ထင်ပါတယ်။ ထိရောက်တဲ့ပညာပေးဖြစ်ဘို့အရေးကြီးပါတယ်။ အခြားအလုပ်အကိုင် အခွင့်အလမ်းတွေလည်းဖန်တီးပေးဖို့လိုပါလိမ့်မယ်။ ဒီအလုပ်ကိုမလုပ်ရင် စားဝတ်နေရေးအတွက် အခြားအလုပ် တခုခု လုပ်ဖို့လိုအပ်ပါလိမ့်မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 19, 2011 at 5:46 am

    ဂျင်မီကာတာ ထောက်ပြတာကိုဘဲ ပြန်ထောက်ပြရရင်တော့
    ရောင်းချခွင့် ဆိုကတည်းက ထုပ်လုပ်ခွင့်ဆိုတာရှိလာပြီ
    ထုပ်လုပ်ခွင့်ဆိုကတည်းက စိုက်ပျိုးခွင့်ဆိုတာရှိလာပြီ
    ယနေ့ ကမ္ဘာ့ အတိုင်းအတာနဲ့လုံးဝစိုက်ပျိုးခွင့်မပေးထားပေမယ့်
    တကယ့်အပီအပြင်စိုက်နေကြတဲ့
    နိုင်ငံတွေရဲ့ နိုင်ငံရေးအခြေနေတွေမှာလည်းတည်မယ်ထင်တယ်
    ဆိုလိုတာက
    အဆိုပါနိုင်ငံတွေမှာနိုင်ငံရေးတိုးတက်ရင်
    ရှိနိုင်ပါ့ဦးမလား ( တိုးတက်တာကတော့ ရွှေပြည်တော်မျှော်လေတိုင်းဝေးလို့ပြောရင်ရမလား? )
    ဒီလိုလူတွေကို တကယ့်လုပ်ကွက်တွေပေးလိုက်မယ်ဆိုရင်
    ရှေးရှေးပဝေသဏီကတည်းက သူခိုးဓားပြတွေက
    ဒုစရိုက်မှု့ကြောင့် အစိုးရမဖြစ်လာနိုင်ဘူးလား
    ဒုစရိုက်ကနေရတဲ့အကျိုးအမြတ်တွေကို
    လောင်းကစားဝိုင်းတွေကနေ ငွေဖြူတွေမလုပ်ကြဘူးလို့ပြောနိုင်မလား
    ဥပမာ သဂျီးတို့ရွာမှာလိုမျိုးဆို စိုက်ပျိုးခွင့်တွေ မရှိလာနိုင်ဘူးလား
    သတိထားရမှာက ယနေ့ ကမ္ဘာကြီးမှာ ( ကြီးကျယ်အောင်ပြောတာ )
    ခုပြောနေကြတဲ့
    လောင်းကစားဝိုင်းတွေ
    ဘာညာသာရကာတွေကို
    တရားဝင်ပေးထားတယ်ဆိုတာ
    နိုင်ငံရေးတည်ငြိမ်တဲ့နိုင်ငံတွေလို့ထင်မိပါတယ်
    ဒုစရိုက်လုပ်ကိုင်ခွင့်တို့
    လိုမျိုးကိုတောင် သွယ်ဝိုက်တဲ့နည်းနဲ့လုပ်ကိုင်ခွင့်တွေ တောင်းဆိုလာနိုင်ပါတယ်
    ထင်တာတွေ စွတ်ပြောရရင်တော့
    တော်တော်များမှာပါ
    နောက်ကပညာရှိတွေ ဖောလ်ဘို့ချန်ထားလိုက်မယ်
    မတော်နေ သူတို့တွက် တစ်ဆယ်ဘိုးစီမကျန်အောင်
    အာလိုက်ရင် ဆဲခံနေရဦးမယ်
    ဒီလိုမျိုး မူးယစ်ဆေးဝါးကိုတရားဝင်လုက်ကိုင်ခွင့်ရကြရင်
    လိင်တူချစ်သူတွေအနေနဲ့လည်း
    ကိုယ့်ဘာသာ လိင်တူချစ်သူဖြစ်တာကို
    စောင်းပြောတာတို့
    ရွဲ့ပြောတာတို့
    အတင်းပြောတာတို့
    ရှုပ်ချတာတို့
    လုပ်တဲ့သူတွေကို သေဒဏ်အထိပေးဘို့
    ဥပဒေသစ်တွေပြဌာန်းရေးကိုလည်း တောင်းဆိုသွားမှာဖြစ်ပါတယ်။

  • shweminthar

    June 19, 2011 at 6:16 am

    လာပြန်ပြီ
    လိင်တူ ကိစ္စ ကိုဘဲ အခဲ မကျေဖြစ်နေတယ်
    အဲဒါကို ဘဲ လူရွာထဲက လူတွေက လိုက်ပြော နေတာမှမဟုတ်တာ။
    သူက ရောက်လာပြီး နယ်ချဲ့ နေလို့ ပေါ့
    သူနဲ့ဆိုင်တဲ့ နေရာမှာ နေရင် ဘယ်သူမှ လာပြီး ရွဲပြောတာတို့ အတင်းပြောတာတို့ ရှုပ်ချတာတို့ မလုပ်တော့ဘူးပေါ့။
    အခုဟာက သူက နယ်ချဲ့တာ လေ ဒီနယ်ပါယ် အသိုင်းအဝိုင်းက သူကို လက်မခံ တာ တော့ မတက်နိုင်ဘူးလေ။
    အခုလဲ လွတ်လပ်စွာချစ်နိုင်ကြပါတယ်။
    သူ့ နေရာနဲ့သူပေါ့…..

  • captainamerica

    June 19, 2011 at 7:26 am

    သူဂျီးရယ် အမေရိကန်လိုနိုင်ငံမျုးိမှာတောင်အဲဒီလိုခွင့်ပြုလိုက်ရင်ဘာမှမဖြစ်ဝူးထင်လို.လား။ဗမာပြည်မှာများ
    အဲသလိုဖွင့်ပေးလိုက်လို.ကတော့ ပြသာနာဖြစ်လိုက်မယ့်ေ-ာက်မျိုး။ တစ်ခါတစ်လေ သီအိုရီတွေနဲ.လက်တွေ.
    ဖြစ်ရပ်တွေကတော်တော်ကာွနေတယ်သဂျီးရဲ.။လက်တွေ. field ကိုမလေ့လာပဲ သီအိုရီကိုပဲဆုပ်ကိုင်ထားပြီး
    လုပ်မယ်ဆိုရင် ရလဒ်ကပြောင်းပြန်ဖြစ်သာွးနိုင်တယ်ခင်ည။

    • kai

      June 19, 2011 at 7:50 am

      တကယ်တော့..လက်တွေ့ဖီးလ်ထဲ..အနှစ်လေးဆယ်..(၄၀)… လက်တွေ့လုပ်ကြည့်ပြီး.. စံနစ်တကျလေ့လာထားတဲ့ရလဒ်အဖြစ် … “The war on drugs has failed,” ဆိုတာထွက်လာတာပါ…။
      သီအိုရီမဟုတ်ဘူး..။

      အမှားကို…အမှားမှန်းသိရင်… ပြင်ရပါတယ်..။ ဘယ်လိုပြင်မလည်း…စဉ်းစားနေကြတဲ့ သဘောပါပဲ..။

      • nature

        June 19, 2011 at 8:46 am

        ကျနော့်အမြင်ကတော့ ၉၉ကျပ်အမြတ်က လိုင်းကြေးကို လုံလုံ လောက်လောက် ပေးနိုင်လို့ထင်ပါတယ်။

        • kai

          June 19, 2011 at 8:58 am

          မှန်ပါတယ်..။
          လိုင်းကြေးပေးရတော့..အကျင့်ပျက်ဝန်ထမ်းတွေ တိုးလာတာပေါ့..။
          ဆိုတော့..
          အခု..ကယ်လီဖိုးနီးယားမှာ လုပ်နေသလိုမျိုး…” ဆေးခြောက်ကို.. ဆေးအဖြစ်နဲ့ လက်မှတ်ရှိသူများ… တရားဝင်သုံးနိုင်သည် “ဥပဒေထုတ်… လုပ်လိုက်တော့…
          http://www.cdph.ca.gov/programs/mmp/pages/medical%20marijuana%20program.aspx
          ဘယ်သူမှလိုင်းကြေးပေးမနေတော့ဘူး..။ဈေးပေါပေါနဲ့..တန်းဝယ်တော့တာပဲ..။

          ဆိုတော့.. နကို… ယူအက်စ်ထဲ..မက်စ်ဆီကိုက ဆေးခြောက်သွင်းနေတဲ့.. ဂိုဏ်းတွေရော.. လိုင်းကြေးယူနေသူရော.. ငတ်တေ့ာသပေါ့..။ 🙂

          ကျုပ်က.. ပို့စ်တင်သူဆိုတော့.. အဓိကဆွေးနွေးသူအနေနဲ့ .. ဆွေးနွေးတာပါ..နော..။

      • nature

        June 19, 2011 at 10:30 am

        လက်မှတ်ရှိသူများ တရားဝင်သုံးနိုင်သည် ဆိုတော့ လက်မှတ်မရှိတဲ့သူကသုံးရင်ကော။ လက်မှတ်ကရော လွယ်လွယ်လျှောက်တိုင်းရလား။

  • captainamerica

    June 19, 2011 at 8:45 am

    တစ်ချို.ကိစ္စတွေကတစ်ချို.အတွက်တော့မှန်မှာပေါ့ သဂျီးရယ် ။လောကမှာထာဝရမှန်ပါတယ်ဆိုတဲ့အကြောင်း
    အရာဆိုတာမှ မရှိတာ ဒီနေ.မှန်တယ်လို.ထင်တဲ့ကိစ္စဆိုတာ မနက်ဖြန်ကြရင်မှားသာွးနိုင်တာပဲလေ…
    သိပံပညာဆိုတာလည်းဒီလိုပါပဲ။ အမှားတွေပေါ်မှာဖြတ်သန်းရင်းနဲ.အမှန်တရားတွေကိုတွေ.လာကြတာပဲ။
    ကျွန်တော်သိသလောက် လေးပြောကြည့်တာပါ။

  • shweminthar

    June 19, 2011 at 9:18 am

    ဒီလို မူဝါဒ ပိုင်း ဆိုင်ရာ လေးတွေ တင်ပေးတာ သဘောကျပါတယ်။
    လမ်းစဉ်တခု ပြောင်းလိုက်တာ နဲ့ လူးတန်းစားလိုက် ပြောင်းလဲ သွားနိုင်တာ အတွက် ရယ်
    နောက်ပြီး ကိုယ့်ထပ် ပိုသိ တဲ့ သူတွေ ရဲ့အတွေ အခေါ်တွေ အယူအဆတွေ ထွတ်လာမှာ ဖြစ်တဲ့ အတွက် အများကြီးအကျိုးရှိပါတယ်။

  • naywoonni

    June 19, 2011 at 11:06 am

    ခုလက်ရှိ လူတိုင်းနီးပါးနဲ့ ပတ်သက်နေတာကတော့ လောင်းကစားပဲဗျို့ ….. ပို့စ်တင်ဖို့ ဘယ်လိုပုံစံနဲ့တင်ပေးရမလဲကြည့်နေတာ…….. လောင်းကစား (နှစ်လုံးသုံးလုံးကိုပေါ့) အဖမ်းအဆီးလုပ်နေတယ်ဗျ..။ အင်နဲ့အားနဲ့လုပ်တဲ့သူတွေကို နားခိုင်းထားတယ်…။ တစ်ချို့ဆို အိမ်တောင်သော့ပိတ်ပြီး အပြင်ထွက်နေကြပြီ…။ ဘုရားဖူးလို တရားစခန်းလိုနေရာမျိုးပေါ့…… ဖမ်းမိသွားတဲ့သူလေးတွေက တစ်နေ့ တစ်နေ့ ဒါလုပ်မှ ဝင်ငွေရှိမဲ့ လူလေးတွေပါ….။ တစ်ချိန်လုံး ပေါ်တင်လုပ်လာပြီးမှ ခုမှခိုးချောင်ခိုးဝှက်လုပ်ရတာဆိုတော့ ဘယ်လွတ်မလဲ..။ မိတာပေါ့…။ ဒါနဲ့ပဲ ဘယ်နှစ်ယောက် ဖမ်းပြီးပါပြီဆိုပြိး တင်ပြ …။ တစ်ကယ်လုပ်ခဲ့တဲ့သူတွေက လိုင်းကြေးပေးပြီးရှောင်နေကြတာ…။ အဲဒါတစ်ရားဝင်လိုင်စင်ပေးရင် ဘယ်လောက်ကောင်းမလဲ ? တစ်မြို့ တစ်မြို့ကို လောင်းကစား လိုင်းကြေး စုစုပေါင်း သိန်းရာနဲ့ချီပြီး ရှိတယ်..။ ဘဏ္ဍာငွေ ဘယ်လောက်နစ်နာသလဲ…။ ဒါကိုလိုင်စင်ပေးလိုက်ရင် ဒါဘဏ္ဍာငွေ ဖြစ်ပြီ..။ ဒီလောက်ငွေတွေ.. ဒီ10 နှစ်လောက်အတွင်းမှာ စုပေါင်းလိုက်ရင် တိ်ုင်းပြည် သူဌေး ဖြစ်ပြီ….. ။

  • ရွှေဘိုသား

    June 19, 2011 at 12:01 pm

    နှိမ်နင်းကြဟေ. မူးယစ်ဆေးဆို ဝေးဝေးနှင်ထုတ်
    နှင်တဲ.လူတွေကလည်း ဆင်နဲ.တိုက်လွတ်ရင် ပြန်ပြေးလာမဲ.ကောင်တွေပါကွာ

  • padonmar

    June 19, 2011 at 1:28 pm

    ကြားဘူးနားဝကတော့ ကိုလိုနီခေတ်က ဘိန်းခန်းတွေ ဆောင်ကြာမြိုင်တွေ တရားဝင် အခွန်ဆောင်ဖွင့်ကြရတယ်လို့ပါ။
    အခု အရက်တွေလည်း အဖုံးမှာ အခွန်ဆောင်ပြီး တံဆိပ်တပ်ပြီးမှ ရောင်းခိုင်းတယ်လို့ကြားမိပါတယ်။ဒါပေမယ့် ဥပဒေ မထွက်ခင် လှုပ်လှုပ်လှုပ်လှုပ်ဖြစ်ပြီး တရားဝင်လည်းဖြစ်ရော လိုင်းဝင်လို့ရသွားပါလေရော။
    (ကုန်ကားတွေ အာဆီယံ စံအတိုင်းကုန်လျှော့တင်ရမယ်ဆိုပြီး လေးတွေပြင် ဘော်ဒီတွေပြင်ပြီးမှ လျှှောသွားပြီး RK နဲ့ ပေးသွားနေကြသလိုပေါ့)
    တစ်လုံးနှစ်လုံးသုံးလုံးလည်း ဒီလိုဘဲဖြစ်မှာပါဘဲ။
    အခုတလော ရေဒီယိုမှာ ငါးရစ်ငါးတွေမဖမ်းဘို့ နဲ့ ငါးရစ်တစ်ကောင် မဖမ်းဘဲထားရင် ငါးပေါင်းများစွာ စားရမယ်လို့ ပညာလည်းပေး၊ဖမ်းရင်ဥပဒေအရ အရေးယူမည်လို့လည်းခြောက်တဲ့ ကြော်ငြာမကြာခဏလွှင့်ပေးနေတယ်။
    (အဲဒီ ကြော်ငြာက ကြားဖူးတာ အနှစ်လေးဆယ်လောက်ရှိပါပြီ၊တစ်ခါမှ ငါးရစ်ဖမ်းသူကို အဲဒီ ဥပဒေနဲ့ အရေးယူလိုက်တယ်လို့ မကြားဖူးဘူး)
    အရေးကြီးဆုံးက ရေရှည်အတွက် စဉ်းစားဥပဒေပြု၊ ဥပဒေအပေါ်မှာ ဘယ်သူမှမရှိစေနဲ့။
    တကယ်လည်း အရေးယူပါ။ စောင့်ကြပ်ကြီးကြပ်မယ့်သူတွေအပေါ်မှာလည်း countercheck မှန်မှန်လုပ်မယ့် စံနစ်ပါ တစ်ခါတည်း ပြဌာန်း ပါ၊ခေတ် စံနစ်နဲ့ မညီတဲ့ ဥပဒေတွေလည်း flexible ပြောင်းလွယ်ပြင်လွယ်ရှိပါစေ။

    • Ko Ko Aung

      June 19, 2011 at 3:34 pm

      မှန်ပါပေတယ်
      အဓိကတခွန်းထဲပြောရရင် ဘာမဆို တကယ်အလုပ်ဖြစ်ချင်ရင် ဥပဒေပေါ်မှာ ဘယ်သူမှမရှိဘို့လိုပါတယ်။
      အဲဒီရလာဒ်ကို ဆောင်ကျဉ်းပေးမယ့် တခုတည်းသော နည်းလမ်းကတော့ ဒီမိုကရေစီစံနစ် ဖြစ်ပါတယ်။
      ဒီမိုကရေစီစံနစ်မှာလဲ အားနည်းချက် အမြောက်အများရှိပေမယ့် အဲဒီအားနည်းချက်တွေကို ဖုံးလွှမ်းထားနိုင်တဲ့ အချက်ကတော့ –
      အုပ်ချုပ်သူကို အုပ်ချုပ်ခံသူတွေကသာ ရွေးချယ်တာမို့ အုပ်ချုပ်သူဟာ ထင်ရာစိုင်းလို့မရဘူး မှားချင်သလောက် မှားလို့မရဘူး ဆိုတဲ့အချက် ဖြစ်ပါတယ်။

  • unclegyi1974

    June 19, 2011 at 4:02 pm

    ဂျင်မီနဲ့ကာတာကအခုမှမူးယစ်တရားဝင်ဖို့ပြောတယ်
    မြန်မာမှာကျွန်တော်မှတ်မိသလောက်
    ၁၉၇ဝလောက် ဘိန်းဖြူပေါ်ပြီ
    အဲဒီတုန်းက လုပ်သားပြည်သူ့နေ့စဉ်မှာမှတ်ပါတယ်
    ဆောင်းပါးတပုဒ်ပါတယ်
    ရေးသူက ဆရာကြီးဦးသန်းထွန်းလို့ထင်ပါတယ်
    ရေးတဲ့အဓိကအကြောင်းကဘိန်းဖြူအကြောင်းပါ
    နောက်ဆုံးအပြီးသတ်ထားတာက
    ယခုခေတ်စီးကရက်နဲ့ဧည့်ခံသလို
    နောင်တချိန်လူချမ်းသာတွေအိမ်မှာဧည့်သည်လာရင်
    ဘိန်းဖြူစီးကရက်နဲ့ဧည့်မခံဘူးလို့မပြောနိုင်ကြောင်းရေးထားတာပါ
    အဲဒီအချိန်ကတည်းကဂျင်မီနဲ့ကာတာကဆရာကြီးနဲ့
    လာဆွေးနွေးလိုက်ရင်အခုအချိန်ဘိန်းရာဇာတွေထိုင်ငိုနေပါလိမ့်မယ်
    မြန်မာမှာကဗုဓ္ဒဘာသာကိုးကွယ်တော့
    ရှင်တော်ဘုရားကလည်းစီးပွါးမသွယ်ကောင်းတဲ့အရာတွေတားမြစ်တဲ့အထဲ
    ပါနေတဲ့ဘိန်းကိုလွတ်လပ်စွာကုန်သွယ်ခွင့်ပေးဖို့ဘယ်လိုမှမမြင်ကြောင်းပါခင်ဗျာ

Leave a Reply