အူလှိုက် သဲလှိုက် ဝမ်းသာမိပါသည်

အောက်မှာ ကျွန်တော်ပေးထားတဲ့ လင့်ကတော့

ဦးဖက် ရဲ့ မန်ဘာတွေကို  ဖိတ်ခေါ်တဲ့ အကြောင်းလေးပါ

ဒီနေရာမှာ ကြုံလို့ပြောရရင် ဦးဖက်ဆိုတာ

ကျွန်တော် အလွန် အားကျအထင်ကြီးတဲ့ ပြန်ကြားရေးက

ဆရာကြီးတစ်ယောက်ပါခင်ဗျ

https://myanmargazette.net/52125/uncategorized-other/copypaste

အဲ့သည် အကြောင်းလေးရဲ့အောက်မှာ ကျွန်တော့်ဆရာအရင်းခေါက်ခေါက်

ကိုပေါက်မန္တးက ခုလိုမျိုးပေးစာတစ်စောင်ရေးထားပါတယ်

…………………………

ချစ်သောတူလေး ဘစ်ကက်
မင်းအလစ်ဖက်ချင်လို့ ကြံစည်နေသော
ခပ်ချောချောငါ့တူမ(သွားလေးနည်းနည်းခေါတာကလွဲရင်)ကတော့
ပါသွားရှာပြီ။
ဆုံတွေပွဲမှာ ဧည့်ခံဘို့ခေါ်မယ်ဆိုတဲ့
အလန်းဇယားတွေအတွက် ကတော့ ကိုဖက်ကို တာဝန်ပေးလိုက်ပါ။
သူကအလှူခံထွက်နေကြဆိုတော့ လူစုတဲ့နေရာမှာအထာညက်တယ်။

မင်းကတော့ သတိထား
ကိုကိုဖက်ရဲ့ကော်ဖီကို
ဟိုတစ်လောဆီကရွာထဲက စာတွေထဲမှာပါတယ်။
တကယ်လို့များကော်ဖီသောက်
မင်းမှောက်သွားရင်
မတော်တရော်ကြိုက်တဲ့
မိုက်ကယ်ဂျော်နီအောင်ပုဆီကို
မင်းအပို့ခံရမှာသေချာပေါက်။
အေးမကြောက်ဘူးဆိုရင်တော့ မင်းသဘော။
အားတော့မလျှော့နဲ့
အကြီးသွားပေမယ့်
အငယ်တစ်ယောက်တော့ကျန်သေးတယ်
ကံပေးတယ်ဆိုရင်တော့ မင်းရနိုင်သေးသပါ့။
မင်းဦးလေးတော်ချင်တယ်ဆိုတဲ့
ကိုပေါက်။
အတည်တော့ပြောမယ်
မင်းဂျီးဒေါ်ကိုတော့ ငါမလိုချင်ဘူးနော်……………………………..

……………………………………………………….

လို့ ရေးလိုက်တဲ့အခါ ကိုကြောင်ကြီးမှ အောက်ပါအတိုင်း

ကဗျာဆန်ဆန် စာပြန်ပါတယ်ခင်ဗျ

………………………………..

ကျနော့်ဂျီးဒေါ် အပျိုကြီး
ဟိုခရီးထွက်သွားနှင့်ပြီ
ဦးလေးပေါက်၊
လိုက်ချင်သပ တားမရ
နှစ်ပါးသွားကချင်ရင်
ဂျော်လကီအောင်ပုကို
အကူအညီတောင်း
ပူစီပေါင်း ဖောင်းကနဲပေါက်သလို
အမြန်ဆုံးနည်း ပုဂံလုံးစီးပြီး
တမလွန်ခရီးအရောက်
ပို့ဆောင်ပေးလိမ့်မယ်၊
သတင်းစက်ရပ်
ဦးဦးဖက်ကတော့
အပြာကားစီး
ခါးဗလာချီနဲ့
တာဝန်သိပြည်သူတဦး
သတင်းပေးမှုကြောင့်ဆိုလား
လူတစုခေါ်ရာသို့
ပြန်မလာခရီး
အပြီးကြွမြန်းသွားပါပြီ၊
သူ့မှာတမ်းစကား
ချစ်သဂျီးအား
ပြောလိုက်ပါလေ
ပွိုင့်ကိုမမက်
ခိုင့်ကိုLOVEသည်
သူသိပါလေစ….

………………….

…………………..

ဟုတ်ကဲ့ပါခင်ဗျ

ဒီနေရာလေးမှာ ကျွန်တော်အထူးပြုခြင်တာကတော့

အစ်ကိုကြောင်ကြီးရဲ့

( ပွိုင့်ကိုမမက် ခိုင့်ကိုLOVEသည် သူသိပါလေစ….)

ဒီစာကြောင်းလေးဟာဆိုရင်ဖြင့်

ကျွန်တော့်ရင်ကို အူလှိုက်သည်းလှိုက် ဖြစ်စေခဲ့တာအမှန်ပါဘဲခင်ဗျ

ဘာဖြစ်လို့လဲဆိုတော့

သူတို့လည်း ကျွန်တော့်လို လိင်တူချစ်သူတွေဖြစ်သွားပြီမဟုတ်ပါလားခင်ဗျ

နောက်ထပ်ဝမ်းသာစရာကောင်းတာကတော့

ဖေါ်ပြပါ ပို့စ်မှာ ဒီအကြောင်းကို လက္ခံတဲ့သူတွေလည်းရှိတဲ့အတွက်

အားလုံးလည်း ကျွန်တော့်လိုဘဲ ဝမ်းသာနိုင်ကြလိမ့်မည်လို့ မျှောယ်လင့်မိပါသည်ခင်ဗျ။

 

9 comments

  • captainamerica

    June 19, 2011 at 7:30 pm

    လုပ်ဟ ကိုပုရေ 🙂 🙂 🙂
    ပိုွင့်ကို မမက်
    ခိုင့်ကို Love သည်
    သူသိပါလေစ…
    ဟုတ်သားပဲဗျ 😀 😀 😀

  • noob

    June 19, 2011 at 8:09 pm

    ကို ကြောင်ကြီး အဲဒါ ရှင်းထားမှ တော်ယုံကျမယ် နို ့မိုဆိုရင် ဘကြီးပုက
    အဲဒါကြီးနဲ ့(ဇာတ်လမ်းပြန်ဆက်နေမှ) ကိုင်ကိုင်ပေါက်တော့မှာ

  • shweminthar

    June 19, 2011 at 11:14 pm

    ကိုအောင်ပု……
    အတည်ပေါက်ကြီး လျှောက်လျှောက် နောက်မနေနဲ့လေ
    အကို အောင်ပုက ပုပု လဲ မဖြစ်နိုင်…..
    ရုပ်တည်ကြီးနဲ့ လျှောက် စ နေ ၊ ရွာထဲမှာ ဘွတ်ထကုန်အုန်းမယ်။
    ကိုပု ရေးတဲ့ ညှီစို့စို့ ဇာတ်လမ်း လိုမျိုးလေးတွေ ရေးပါဗျ။
    အဲဒီ ပိုစ့်လေး တော်တော် သဘောကျမိတယ်။

  • bigcat

    June 19, 2011 at 11:46 pm

    မိုက်ကယ်ဂျော်နီအောင်ပု
    တပ်ချုပ်ကြီးခေါ်တဲ့ ခြောက်လုံး
    အမည်ရင်းက အောင်ပု
    အရက်သမားဆိုတော့ ဂျော်နီ
    ခိုင်းတိုင်းလုပ်တော့ မိုက်ခဲ
    အားလုံးပေါင်းတော့ ပန်းဝေသီ
    အောင်ပု မိုက်ကယ် ဂျော်နီ…
    အခုတော့ တိုးသွားပြီ
    အခုတော့ တိုးသွားပြီ
    မိုက်ကယ်ဂျော်လကီအောင်ပု
    တပ်ခြောက်ကြီးဖြစ်တော့ ခုနှစ်လုံး
    ပြုံးလည်းပြုံး ကုန်းလည်းကုန်း
    ရှစ်လုံးမှီဖို့ နောက်တလုံး…. 😉

    • usnczn

      June 20, 2011 at 5:31 am

      ရှစ်လုံးပြည့်ပြီး ရင် အကို က ကိုးလုံး (ပြောင်းပြန်လှန် မဖတ်ရ)
      ဖြည့်ပေးမှာလား… ဟား..ကြောက်စရာပါလား……။

  • windtalker

    June 20, 2011 at 4:06 am

    သူငယ်ချင်း လို ပဲ ဆက်၍ ခေါ ်မည် ခိုင် ။

  • ရွှေဘိုသား

    June 20, 2011 at 4:53 am

    ခိုင်နဲ.ပတ်သတ်ရင်အကုန်စိန်ခေါ်တယ်နော်
    ရွှေဘိုမှာ ခိုင်နဲ.ဖြစ်ပျက်ခဲ.တဲ. ဒဏ်ရာတွေအကင်းသေအောင်
    ရန်ကုန်လာပြီးကုစားနေပါတယ်ဆိုနေမှ
    ခိုင်အကြောင်းပြောတဲ.မိုက်တဲ.သူတွေ ရွာထဲကထွက်ခဲ.ကြစမ်း
    ကျန်တဲ.သူ ငါနဲ.ဖိုက်မယ်။
    ပုံ

    ရွှေဘိုသား

  • windtalker

    June 20, 2011 at 6:03 am

    ရွာထဲ က တော့ မထွက်ခိုင်းပါနဲ ့လားဗျာ ။ အလုပ်က အားတုန်းလေး ခဏပြေးလာရတာမို ့ပါ ။ ကိုရွှေဘိုသား က ရန်ကုန် မှာ ကုစားနေတယ် ဆိုတော့ ဘယ်ဆရာဝန် နဲ ့များ ကုစားနေသလဲ ဆိုတာ သိချင်စမ်းပါဘိ ။ ဟီဟိ

  • ဆူး

    June 20, 2011 at 7:16 am

    မမပု ရေ.. ဖြစ်ရပ်မှန်မှာ အန်တီ မိုးက အကွဲ အပြဲတွေ ရှိရင် ချုပ်ပေးမယ်တဲ့..
    ချုပ်ကြီး ဖြစ်သွားတာပေါ့..
    ရွာထဲမှာ ငြိမ်သွားလိုက် ပြန်ထ လိုက် ဖြစ်အောင် လုပ်နေတဲ့ မမပုရဲ့ အတိတ်ဟောင်းတွေ ပြီးဆုံးသွားမလားပဲ။
    မမပု စိတ်ထိန်းနော်..

Leave a Reply