အောင်ပင်လယ်ကန်ဘောင်ရိုးရောက်တိုင်း
မိုင်းညို့နေတဲ့ ဟိုး………..ဝေးဝေးကရှမ်းရိုးမ။
စိမ်းမြနေတဲ့ စပါးခင်းက တပြန့်တပြော………..မြင်ရတဲ့အခါ
ကြည်နူးမူ့ စိတ်ကြည်လင်မူ့ စိတ်လွတ်လပ်မူ့တို့ကို ခံစားရတဲ့အပြင်
ရှမ်းရိုးမနဲ့လယ်ကွင်းပြင်ကြား အထီးတည်း ရှိနေတဲ့ ရန်ကင်းတောင် မြင်ရတာ အဖော်မဲ့နေသလို တကိုယ်တည်း
အောင်ပင်လယ်က လယ်ကွင်းစိမ်းမြမြ ရန်ကင်းတောင်က ထုနဲ့ထည်နဲ့ မိုင်းညို့နေတဲ့ ရှမ်းရိုးမတောင်စဉ်တောင်တန်းတွေက မြင်ရုံနဲ့လွမ်းစရာ
လမ်းဘေးမှာပေါက်နေတဲ့ အပင်က အ၀ါရောင့်အပွင့်လေးတွေပွင့်
ဟိုအဝေးနောက်ခံက ပြာလွင်သောကောင်းကင် သူနဲတွဲနေတာကို ငွေရောင်တွေကို သိမ်းထားတဲ့ မိုးတိမ်တောင်ထု
အားလုံးကွဲတွဲစပ်လို့ပေါင်းလိုက်ရင် ရလာတဲ့ ခံစားမူ့ကတော့
ဘယ်ကို လွမ်းလို့ လွမ်းမှန်းမသိတဲ့ အလွမ်းလေးတစ်ခုပါဘဲ။

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။