အောင်-ရန်-ရှမ်း ပေါင်းစုတော့ အလွမ်းတစ်ခု


အောင်ပင်လယ်ကန်ဘောင်ရိုးရောက်တိုင်း
မိူင်းညို့နေတဲ့ ဟိုး………..ဝေးဝေးကရှမ်းရိုးမ။
စိမ်းမြနေတဲ့ စပါးခင်းက တပြန့်တပြော………..မြင်ရတဲ့အခါ
ကြည်နူးမူ့ စိတ်ကြည်လင်မူ့ စိတ်လွတ်လပ်မူ့တို့ကို ခံစားရတဲ့အပြင်
ရှမ်းရိုးမနဲ့လယ်ကွင်းပြင်ကြား အထီးတည်း ရှိနေတဲ့ ရန်ကင်းတောင် မြင်ရတာ အဖော်မဲ့နေသလို တကိုယ်တည်း
အောင်ပင်လယ်က လယ်ကွင်းစိမ်းမြမြ ရန်ကင်းတောင်က ထုနဲ့ထည်နဲ့ မိူင်းညို့နေတဲ့ ရှမ်းရိုးမတောင်စဉ်တောင်တန်းတွေက မြင်ရုံနဲ့လွမ်းစရာ
လမ်းဘေးမှာပေါက်နေတဲ့ အပင်က အဝါရောင့်အပွင့်လေးတွေပွင့်
ဟိုအဝေးနောက်ခံက ပြာလွင်သောကောင်းကင် သူနဲတွဲနေတာကို ငွေရောင်တွေကို သိမ်းထားတဲ့ မိုးတိမ်တောင်ထု
အားလုံးကွဲတွဲစပ်လို့ပေါင်းလိိုက်ရင် ရလာတဲ့ ခံစားမူ့ကတော့
ဘယ်ကို လွမ်းလို့ လွမ်းမှန်းမသိတဲ့ အလွမ်းလေးတစ်ခုပါဘဲ။

11 comments

  • ဆူး

    June 19, 2011 at 1:07 pm

    အောက်ကနေ ရေရင် ဒုတိယပုံကြီးကို ခေါင်းစောင်းပြီး ကြည့်သွားတယ်။

  • pooch

    June 19, 2011 at 1:46 pm

    ဟုတ်တယ် လေးပေါက် အနော့်ခေါင်းလည်း စောင်းသွားတယ် 🙂

  • padonmar

    June 19, 2011 at 2:34 pm

    သီချင်းထဲက သခင်မတောင်က ဘယ်မှာလဲ၊။သိချင်လို့ပါ။

  • သခင်မတောင်က မန်းလေးတောင်ရဲ့မြောက်ဘက်ကြာနီကန်ဆိုတဲ့အရပ်မှာရှိတယ်။
    သီးသန့်သွားမှရောက်တယ်လေ။
    သွားပေးရမယ်။
    ရွာသူများအတွက် ကတော့ သခင်မတောင်ခေါ်မယ်ဥတောင်
    ရွာသားများအတွက် အထူးသဖြင့်ကိုနေအတွက် အိမ်ရှေ့မင်းထန်းတော
    တင်ပေးဘို့ အကြွေးရှိပါသေးသဗျာ။

  • maythakhin

    June 19, 2011 at 3:35 pm

    အကြွေးရှိရင်မြန်မြန်ဆပ်ပေးလိုက်နော်……….
    ဒီပုံလေးတွေကြည့်လိုက်ရတော့ ဘာပဲဖြစ်ဖြစ်အေးချမ်းသွားတာတော့အမှန်ပဲ။
    ကျေးဇူးတင်ပါတယ် ……. ကိုပေါက်။

  • windtalker

    June 20, 2011 at 4:56 am

    မြင်ကွင်းလေး က စိမ်းစိမ်းစိုစို လေး ဆိုတော့ စိတ်ထဲ အေးသွားတာပေါ့ ။ တစ်ပါတ်တစ်ခါ လောက် ဒီလို နေရာမျိုး မှာ မိသားစု လိုက် ပျော်ပွဲစား ထွက်ရရင် ကောင်းမှာပဲ ။

  • နွယ်ပင်

    June 20, 2011 at 7:52 am

    လေးပေါက် ပုံလေးတွေကိုတော့ ခံစားသွားပါတယ် ..
    အလွမ်းဆိုတာ ဘာလဲ မသိတော့ အလွမ်းတစ်ခုတော့ မဖြစ်သွားဘူး 😀

  • MaMa

    June 20, 2011 at 8:50 am

    ကိုပေါက်ရေ- စာရေးဆရာလား၊ ဓာတ်ပုံဆရာလား။ စာတွေမရေးပဲ ဓာတ်ပုံတွေချည်း တင်နေပါလား။ လိုင်းပြောင်းတော့ မလို့လား။
    🙂

  • ရွှေဘိုသား

    June 21, 2011 at 8:30 am

    လယ်ကွင်းပြင်ကြီးမြင်တော.
    ရွာမှာ စာဥနဲ. လယ်ကန်ုသင်းမှာ
    ကုန်စွန်းရွက် တူတူခူးတာကို သတိရမိပါတယ်
    ကိုပေါက် လုပ်လို. ဒဏ်ရာပြန်ပေါ်လာတာ
    ခေါ်ပေး တော.

Leave a Reply