သံလမ်းမှတ်တိုင်တွင် ညောင်ပင်အမြစ်ကလဲ

manawphyulayJune 19, 20111min1187

ဒီကနေ့ နေ့လည် ၁ နာရီ ၄၅ ဝန်းကျင်တွင် သံလမ်းမှတ်တိုင်နားရှိ ညောင်ပင်ကြီးမှ အမြစ်ကနေ လှဲသွားရာ ဖြတ်သွားသော ကားပေါ်သို့ ပိကြကြောင်း မြင်ခဲ့ရပါတယ်။ ကင်မရာမပါသွားလို့ မရိုက်ခဲ့ရပါဘူး။ ကားတွေကလည်းကြပ်နေတော့ ကားပေါ်က ဆင်းပြီး ကြည့်ချင်တာတောင်မကြည့်ခဲ့ရဘူး။ ခဏနေတော့ ပိတဲ့ကားကကို အရင်ရှင်းလင်းပြီး ကရိန်းကားနဲ့အတူ ဆယ်ဘီးကားကြီးပေါ် ညောင်ပင်အမြစ်ဆုံကို မနည်းမပြီး တင်ရပါတယ်။ ညောင်ပင်ကလည်း ဘယ်လောက်ကြီးလည်းဆို ဆယ်ဘီးကားပေါ်မှာ အပြည့်ပါပဲ။ သေချာအနီးကပ်မြင်ခဲ့တဲ့သူရှိရင်လည်း ပြည့်ပြည့်စုံစုံပြောပြပေးပါဦး။ ကားပေါ်က ဆင်းလို့မရလို့ အနီးကပ်တော့ ဆင်းမကြည့်ခဲ့ဘူး။

7 comments

  • bigcat

    June 19, 2011 at 1:47 pm

    ဒီလောက်ကြီးတဲ့ သစ်ပင် အမြစ်တောင်မကျန် ပြိုလဲတယ်ဆိုမှတော့ တရုတ်ကြီးလက်ချက်ပေါ့ကွယ်….

  • Yin Nyine Nway

    June 19, 2011 at 2:22 pm

    ထင်တယ်…ဒီလိုပဲ ….နောက်တသိထားအုန်း နေတဲ့ အိမ်တွေပါ သူ့လက်ချက်မိနေမယ်နော်
    အမြစ်ပါမကျန်ယူမှာဆိုတော့
    တရုတ်စကားလေးဘာလေး သင်ထားရင ်ပို အဆင်ပြေမှာလေ
    ပြည်ထောင်စု တရုတ်သမ္မတ နိုင်ငံတော် ဖြစ်ရင်ဖြစ်တော့မယ်ထင်ပါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 19, 2011 at 5:33 pm

    ဟုတ်ဘူးလေ
    အမြစ်မခိုင်လို့လဲသွားတာကို
    ဘယ့်နှယ်ကြောင့်တရုပ်အတာချနေရတာလဲ
    ဒါကိုတော့
    ဆန့်ကျင်ပါတယ် 🙁 🙁 🙁

  • etone

    June 20, 2011 at 2:11 am

    ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင် အနီး အင်းစိန်လမ်းမဘေးရှိ လုံးပတ် ၁၅ ပေခန့် ရှိသော သက်တမ်းရင့် ညောင်ပင်ကြီး ပြိကျမှု ၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည်။

    ဖြစ်စဉ်မှာ နံနက် ၈ နာရီ ဝန်းကျင်ခန့်၌ လုံးပတ် ၁၅ ပေ ရှိသော သက်တမ်းရင့် ညောင်ပင်ကြီး ပြိုကျခဲ့ပြီး အင်းစိန်လမ်းပေါ်၌ ဖြတ်သန်း သွားလာလျက် ရှိသည့် ကိုယ်ပိုင်ကားနှစ်စင်းနှင့် ခရီးသည်တင်ကား၊ လမ်းဘေး၌ ရပ်နားထားသည့် ကိုယ်ပိုင်ကား သုံးစင်းပေါ်သို့ ပိကျခဲ့ကြောင်း သိရသည်။ ညောင်ပင်ကြီး ပိကျနေမှုကြောင့် ကားများ ပျက်စီးမှု အပြင် ခရီးသည်တင် ကားပေါ်ရှိ ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နီးစပ်ရာ ဆေးပေးခန်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ညောင်ပင် ပြိုကျမှု ဖြစ်စဉ်ကြောင့် လမ်းသွားလာမှု ခေတ္တ ရပ်ထားခဲ့ပြီး လမ်းရှင်းလင်းရေး ပြုလုပ်စဉ်တွင် လမ်းသွယ်များမှ သွားလာစေခဲ့ကြောင်း သိရသည်။

    ”သစ်ကိုင်း ကျိုးကျလာတယ်လို့ပဲ ထင်လိုက်တာပါ။ သစ်ပင်ကြီး ကျလာတော့ ဘယ်လိုမှ ရှောင်ချိန် မရတော့ပါဘူး။ ကားပေါ်မှာ ခရီးသည် အပြည့်ပါပါတယ်။ ကံကောင်းတာက ခရီးသည်တွေရော၊ ကျွန်တော်ပါ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး”ဟု ညောင်ပင်ကြီး ပိမှုခံခဲ့ရသည့် ယုဇန ဥယျာဉ်မြို့တော်နှင့် အနောက်ပိုင်း တက္ကသိုလ်သွား အမှတ်(၂၁၄) အထူးကား ယာဉ်မောင်းက ပြောပြခဲ့သည်။

    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ မြို့နယ် အုပ်ချုပ်ရေးနှင့် ရပ်ကွက် အုပ်ချုပ်ရေး စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညောင်ပင်ပြိုကျမှုကို ရှင်းလင်းခဲ့သည်။

    “ပိနေတဲ့ သစ်ပင်ကြီးကို ခုတ်ထွင် ရှင်းလင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဖြစ်ပွားပြီး နှစ်နာရီခန့် အကြာမှာ လမ်းတစ်ဖက်ကို ပြန်ဖွင့်ပေးနိုင်ခဲ့ပါတယ်”ဟု လှိုင်မြို့နယ်၊ ၉ ရပ်ကွက်၊ ရာအိမ်မှူး ဦးမောင်မောင်ညွှန့်က ဆိုသည်။
    copy from : http://www.news-eleven.com/index.php?option=com_content&view=article&id=9007:2011-06-19-19-30-11&catid=43:2009-11-10-07-39-09&Itemid=111

  • လင်းဝေကျော်

    June 20, 2011 at 10:14 am

    ၁၁မီး သတင်းကလည်း လျှော့ပြီးတင်တယ်။
    ဘာ ဖြစ်ပွားပြီး ၂နာရီအကြာမှာလမ်းပြန်ဖွင့်တယ်တုန်း။
    ပိတ်နေတာပဲ။ မနေ့က တိုက်တိုက်ဆိုင်ဆိုင် အဲဒီလမ်းကို သုံးရတယ်။ သွားလေ့မရှိပေမယ့်။
    မနက် ၁ဝး၄၅ လောက်မှာ ပထမအကြိမ် သုံးတော့ ပိတ်နေတုန်း။ တစ်ဘက်ခြမ်းကို မျှသုံးရတယ်။
    ၁၂နာရီလောက်မှာ အပြန်ကို ပိတ်နေတုန်းဆိုလို့ ဗဟိုလမ်းကို သုံးလိုက်ရတယ်။
    နောက် နေ့လည် ၂လောက် လှည်းတန်းဘက်ကနေ တစ်ခါပြန်သွားတော့ ဘူတာရုံလမ်းထိအောင်ပိတ်နေသေးတယ်။ အဲဒီကနေ ၃နာရီကျော်လောက်ပြန်ဖြတ်တော့လည်း ပိတ်ဆဲပါ။

    • ဆူး

      June 20, 2011 at 1:22 pm

      ဦးလေးက ပြိတ္တာ အဲ.. ပိတ်တာနဲ့ ပဲ တွေ့ခဲ့တာလား။

Leave a Reply