ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဗုဒ္ဓမြတ်စွာဘုရားကျောင်းတော်ကြီးပါ

manawphyulayJune 19, 20111min1279

သူတို့ဆီမှာလည်း ဒီမှာလို ခေါင်းလောင်းလေးတွေဆွဲသလို မီးပုံးလေးတွေ ဆွဲချိတ်ထားပါတယ်။

9 comments

  • MaMa

    June 20, 2011 at 3:51 am

    တော်တော်ကြီးကျယ်တာပဲနော်။ ကိုရီးယားမှာလည်း ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားလာနေပြီလို့ ကြားနေရတယ်။

  • windtalker

    June 20, 2011 at 4:26 am

    သပ္ပာယ်လိုက်တာဗျာ ။ ကျေးဇူးတင်ပါတယ် မနောဖြူလေး ။ မမ ပြောသလိုသာ ဆိုရင် တော့ မင်္ဂလာ တစ်ပါး ပါပဲ နော် ။

  • ဆူး

    June 20, 2011 at 7:48 am

    မမ ရေ.. အဲဒါ ထေရဝါဒ ဗုဒ္ဓဆင်းတု မဟုတ်ပါဘူး။
    မဟာယန ဆင်းတု ဖြစ်ပါတယ်။
    ဘုရားကတော့ ဘုရားပါပဲ။
    သိတာလေး ဝင်ပြီး ပြောပြတာပါ.. ထေရဝါဒ ဗုဒ္ဓဆင်းတု ဆိုရင် သင်္ကန်း ရုံတဲ့ အနေအထားကို ကြည့်ရင် လုံခြုံပါတယ် ရင်ဘက်တခြမ်းပေါ်ပြီး နေတဲ့ပုံမျိုး မထုကြပါဘူး။
    ရဟန်းသံဃာများကိုပဲ ကြည့်ပါ သင်္ကန်း ဝတ်ရုံမယ် ဆိုရင် ပုခုံးပေါ် တင်ပြီး လွယ်လွယ် ရုံထားရင်တောင် တခြမ်းမပေါ်ဘူး။
    ကိုရီးယား နိုင်ငံမှာ ထေရဝါဒ လွမ်းမိုးနိုင်ဖို့ သိပ်တော့ မလွယ်ဘူးထင်ပါတယ်။

  • etone

    June 20, 2011 at 10:19 am

    မနောဘယ်တုန်းက ကိုရီးယားသွားလိုက်တာလဲ … ဒါကြောင့်ပျောက်နေတာဖြစ်မယ်…။
    တခြားနေရာလေးတွေလည်း တင်ပါဦး ။

  • manawphyulay

    June 20, 2011 at 10:32 am

    etone ရေ… မနော မသွားပါဘူးရှင်။ အိမ်က မမ သွားတာပါ။ သူတို့ကုမ္ပဏီက ကိုရီးယားကို အလည်အပတ် ပို့လို့ ရိုက်လာခဲ့တာပါရှင်။ ဗီယမ်နမ်လည်း ပို့ပေးပါသေးတယ်ရှင်။ ပုံတွေက ရိုက်လာထဲက ဆိုက်တွေက မတရားကြီးနေလို့ ကွန်နက်ရှင်ကြောင့် မတင်ပေးတာပါရှင်။ သူတို့နိုင်ငံရဲ့ နေရာစုံတော့ အကုန်လိုက်ပို့တဲ့အတွက် ရိုက်လာခဲ့ပါတယ် ပြခန်းတွေ၊ ရုပ်ရှင်တွေထဲမှာပါတဲ့ ဇာတ်ဝင်ခန်းဝတ်စုံတွေနဲ့ နိုင်ငံခြားသားတွေလာရင် ပြဖို့ အဆင်သင့်ထားတာတွေလည်း ရိုက်လာခဲ့ပါတယ်။ ကွန်နက်ရှင်ကောင်းရင် ထပ်မံတင်ပေးပါဦးမယ်ရှင်။

  • winkyawaung

    June 20, 2011 at 3:12 pm

    တော်တော် အားကျဂုဏ်ယူလောက်တဲ့ ကုသိုလ်ဒါနပါ။ သာဓု အနုမောဒနာ သုံးကြိမ်ခေါ်ဆိုလိုက်ရပါတယ်။

  • fatty

    June 20, 2011 at 3:45 pm

    မနောရေ ကျေးဇူးပါ ကျနော် ၁၉၉၅ က ကိုရီးယားမှာ ရှိခဲ့ဘူးတယ်။ သတိလဲရတယ် တခေါက်လောက်လဲပြန်
    သွားချင်စိတ်ပေါ်လာတယ်။ ပင်ပန်းလွန်းလို့မျက်ရည်တောင်ကျခဲ့ရတာလဲ မမေ့ဘူး ..။
    ဖြစ်နိုင်ရင် ဆက်တင်ပါအုံး။

  • တညင်သား

    June 20, 2011 at 5:54 pm

    သူငယ်ချင်းတယောက်က ပြော ပြတယ် …ဆိုလ်း မြို့မှာ သဌေး တဦးကပင့်လို့ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးကျောင်းရှိတယ်.. ကိုရီယားလူမျိုုးတွေကို တရားပြနေတာ ..အဲဒီမှာ ဆင်းတု နှစ်ဆူ ရှိတော့ သူက မေးတယ်. အရှင်ဘုရား ဆင်းတုနှစ်ဆူ ကဘယ်ကနေပင့်လာတာလဲလို့မေးတော့ တဆူက မြန်မာပြည်က ပင့်လာတာတဲ့ မြန်မာလူမျိုးတွေ ပူဆော်ရအောင်လို့တဲ့……..တဆူကတော့ ကိုရီးယားက တဲ့ ….ဘုန်းဘုန်း တိုကတော့ ဘုရားဆင်တုတော်ဆိုရင် ရှစ်ခိုးပူဆော် ပေမဲ့ ကိုရီယားတွေက သူတို့ ဘုရားမဟုတ်ရင် မကန်တော့ဘူးတဲ့ .. အင်းးးးး ဘုရားတောင်မှ သူ့ဘုရား ကိုယ့်ဘုရားခွဲနေသေး… သေသေချာချာ ကြည့်ရင် ဘုရားဆင်းတုတော်မှာ နုတ်ခမ်းမွေးပါတယ်……….အန်တီဆူူူး ပြောသလိုပါပဲ ထေရဝါဒ မပြောနဲ့ မဟာယန တောင် ပြောက်တော့မယ် ထင်တယ် ……

  • khinmintatthu

    June 20, 2011 at 8:35 pm

    အရမ်းကိုသပ္ပာယ်ဖို့ကောင်းပါတယ်…ကြည်ညိုဖို့လည်းကောင်းပါတယ်…

Leave a Reply