အောက်ပါ အခြေအနေများ ဖြစ်လာပါက သင်၏အလုပ်က သင့်အပေါ် အကြီးအကျယ် ဖိအားဖြစ်နေပြီဟု ဆိုနိုင်သည်။

Yin Nyine NwayJune 19, 20111min1129

အောက်ပါ အခြေအနေများ ဖြစ်လာပါက သင်၏အလုပ်က သင့်အပေါ် အကြီးအကျယ် ဖိအားဖြစ်နေပြီဟု ဆိုနိုင်သည်။

  1. အမှုဆောင်အရာရှိ အစည်းအဝေးပြီးဆုံးခါနီးတွင် အိပ်ရာမှ နို်းလာခြင်း။
  2. ရုံးတွင် သန့်ရှင်းရေးလာလုပ်သူများကို အခွန်ဌာနမှ လူများဟု ထင်မြင်ခြင်း။
  3. တစ်ခုခုလုပ်ရန် စားပွဲမှ ထလိုက်သော်လည်း လုပ်ရမည့် အလုပ်ကို မေ့သွားခြင်း။
  4. ရုံးတွင် သင့်ကို မည်သူမျှ ပြုံးမပြခြင်း။
  5. ခေါင်းကိုက်ပျောက်ဆေးဝယ်ယူခြင်းကို ရုံးကုန်ကျစရိတ်ထဲ ထည့်သွင်းခြင်း။
  6. အလုပ်ထွက်လိုသော်လည်း အလုပ်ခွင်ဖိအားကို ဆေးစွဲသလို စွဲနေခြင်း။
  7. အလုပ်အတွက်စဉ်းစားရင်း ဘောပင်ကိုက်နေရမှ သွားပဲ့သွားခြင်း။
  8. ဝင်လာသောဖုန်းတိုင်းကို “အမေလားဟင်” ဟုမေးမြန်းခြင်း။
  9. သင်၏ဘော့စ်က သင့်ကို လူသားရင်းမြစ် ဖွံ့ဖြိုးရေးဝန်ဆောင်မှု တစ်ခုနှင့် တွေ့ပေးရန် ကြိုးစားနေခြင်း။

9 comments

  • ဆူး

    June 19, 2011 at 3:08 pm

    ကိုယ်တွေ့ကတော့ ညည ရွာလည် ထွက်ရင်း မနက် မနက် အလုပ်ရောက်တာနဲ့ စတင် ငိုက်မြည်းခြင်းပါပဲ။ လူလစ်ရင် ထိုင်အိပ်တယ်။

  • padonmar

    June 19, 2011 at 3:33 pm

    ဟုတ်ပါ့။ကော်ဖီနဲ့ လန်းဆန်းအောင်လုပ်နေရတယ်။အလုပ်တော့ပြုတ်တော့မယ်။
    ပြုတ်ရင် သဂျီးကို လျော်ကြေးပေးခိုင်းရမယ်။

  • pooch

    June 19, 2011 at 3:33 pm

    အနော်လည်း ညည ရွာလည်ထွက်တဲ့ ကျေးဇူးကြောင့် မနက် အစော ၆ နာရီ class ဆိုရင် တပည့် မသိအောင် ခိုးခိုးသန်းရတယ်။ ကိုယ်တိုင်က သူများကို သင်ပေး ရတာဆို တော့ အိပ်ငိုက်လို့တော့မရဘူး။ အခုဆို
    ည ၁၁ နာရီဝန်းကျင်လောက်ဆို ကွန်ပျူတာရှေ့ က ထနိုင်အောင် ကြိုးစားနေရတယ်။ 🙂

  • captainamerica

    June 19, 2011 at 5:02 pm

    အားလုံးနဲ.အတူတူပါပဲဗျို.။ ၁နာရီထိုးနေတာတောင်မထချင်သေးဝူး။ မနက်ကျရင်အလုပ်မှာအိပ်ငိုက်တာ
    တော်တော်ဆိုးတယ်။

  • chitpyae

    June 20, 2011 at 1:03 am

    ဟိဟိ ဒီတချက်တော့ ချစ် တို့က သာသွားပြီ 🙂
    သူများတွေလို ညဘက် ရွာလည်မထွက်ဘူး …. မနက် ရုံးရောက်ပြီလား ဆို ကော်ဖီ တခွက်ရှေ့ချပြီး … ရွာလည်ထွက်တဲ့အလုပ်စပါပီ ….. ကိုယ့်ဘာ့သာ ကိုယ့်မေးစစ်လိုက် … ရွာထဲ သွားလိုက်.. ကိုယ့် အလုပ်တွေ အကုန်ပြီး မှ ရုံးအလုပ်ကို စလုပ်ပါတယ် ။ အဲဒီ့ တော့ အပေါ်က အစ်ကို တွေ အစ်မတွေလို ရုံးမှာ မငိုက်ရတော့ပါဘူး … အိ်မ်မှာ အိပ်ချိန်ကို အပြည့်အဝအိပ်ပစ်တယ် 🙂

    • king

      June 20, 2011 at 2:57 pm

      အယ်
      အကြံတူ ရန်သူဖြစ်တော့မယ် … 😀
      ငါကတော့ မနက်မိုးလင်းကတည်းက ရုံးတက်ပြီး ညဉ့်နက်ခါနီးမှ အလုပ်ဆင်းတယ်
      တစ်ချိန်လုံးရွာထဲမှာရှိတယ် ….. ပေါက်ကရတွေလိုက်လုပ်တယ် …… 😛
      အဲ ကွန်နက်ရှင်ကျရင်တော့ ….
      🙁

  • bigcat

    June 20, 2011 at 1:27 am

    မနက်ရုံးတက်ပြီး မကြာခင် ထမင်းစားချိန်ရောက်မရောက် နာရီကြည့်နေခြင်း၊ နေ့လည်စာစားပြီးနောက် ရုံးဆင်းချိန် မျှော်နေခြင်း……

    • Yin Nyine Nway

      June 20, 2011 at 11:35 am

      ဟုတ်တယ်မဟုတ်လား..ကိုကြီးကြောင်

  • maungmoenyo

    June 20, 2011 at 1:32 am

    ညဥ့်နက်သန်းခေါင်ကျော်အောင်နေပြီး၊ နောက်တနေ့လာကြသူတွေ (အထူးသဖြင့်) ချာတိတ်အရွယ်) လူငယ်များအလုပ်ရောက်မှငိုက်မြည်းကြတာမမြင်ချင်အဆုံးပါ။ ပြောရခက်တာတခုကတော့ သူတို့တတွေက ဘာပြဿနာမှမပေါ်အောင် အခြေအနေကိုထိမ်းသိမ်းနိုင်တာ အံ့ဩစရာကောင်းသလို၊ နားမလည်နိုင်လောက်စရာဘဲ။ ဘယ်နေရာမှာလုပ်လုပ်အလုပ်ခွင် မှာ workplace politics နဲ့ ကင်းတဲ့နေရာ မကြားမတွေ့ဘူးသေပါဘူး။ ရောက်တဲ့နေရာမှာလုပ်ဖေါ်တွေနဲ့ အဆင်ပြေ ဆက်ဆံလုပ်ကိုင်ရတာ ဒုလ္လဘတရားကြီးပါ။ ပြည်ပရောက်ရွှေမြန်မာတွေ လုပ်ခွင်မှာ အဆင်ပြေပြသနာမဖြစ်နေနိုင်ကြဘို့ ကြိုးစားကြပါ။ ဘယ်သူနဲ့ဖြစ်ဖြစ် သိပ်အနီးကပ်မပေါင်းမိပါစေနဲ့။ သေခြာတာတခုကတော့ ပြဿနာမရှာတတ်သူတွေ နဲ့ ရိုးအသူတွေ တယ်အဆင်ပြေကြသကိုး။ ရိုးသားကြိုးစားမှုကပဓါနပါဘဲ။ အလုပ်တော်သူတွေ ကိုအလုပ်ရှင်တွေ အလွယ်တကူရနိုင်ပေမဲ့၊ အလုပ်ရိုးသားကြိုးစားသူတွေ ကိုငွေပေးဝယ်လို့မရတာ သူတို့ကောင်းကောင်းသိကြပါတယ်။ တခါတခါ အ, ချင်ယောင်ဆောင်ရတဲ့အခြေမျိုးတွေ ရှိပါတယ်။ ဒိလို အ,ပေမဲ့ အခြေ အနေမှန်ကို ရိပ်စားမိပြီး လိုက်လျောညီထွေနေတတ်ကြသူတွေကို အလုပ်ရှင်တွေ ကအထင်မသေးရဲပါဘူး။
    အလုပ်မှာအဆင်ပြေအောင် ကြံဖန်နေကြရင်း အငြိမ်းစားယူရမဲ့ရက်တွေ လက်ချိုးရေနေကြရတဲ့ ထောင်သောင်းပေါင်းများစွာသော ရွှေမြန်မာတွေ ထဲ မောင်မိုးညို တယောက်လဲ အပါအဝင်ဆိုတာဝင်ခံပါရစေ။

Leave a Reply