တိမ်ရယ် တောင်ရယ် တဲအိမ်လေးရယ် နောက်ပြီးတော့………………..


အောင်ပင်လယ်……………..
ရှေးကတော့ရေပြင်ကျယ်
အခုတော့လယ်ကွင်း
အဝေးကရှမ်းရိုးမ
စိမ်းစိုမြလဲ့နေတဲ့ယာခင်းအလယ်မှာ တဲအိမ်လေးတစ်လုံး
တဲလေးပါတ်ပါတ်လည်မှာကရေပြင်
စိမ်းစိုတဲ့ကောက်ပင်
မြင်ရတာအေးချမ်းဟိုအဝေးက တိမ်တွေကဘော်ငွေဖြူ ပန်းပုလက်ရာလိုလို တိမ်ပန်းချီလိုလို
တောင်တွေကလဲ စိမ်းညို့ညို့
တဲအိမ်ကလေးကတော့အထဲဝင်နေချင်စရာ

အောင်ပင်လယ်က အဝေးကလှမ်းမြင်ရတဲ့ တဲလေးကိုမြင်တော့ နေချင်စိတ်ပေါက်သွားတာကြောင့်
စနက်ရှော့မဟုတ်တဲ့လက်ဆော့ကိုတင်ပေးလိုက်ပါတယ်။
ကြည့်ရင်းကြည်နူးမယ်ထင်ပါရဲ့။

7 comments

  • padonmar

    June 19, 2011 at 3:39 pm

    ၂ နဲ့ ၃ ကတစ်နေရာတည်းနဲ့ အလင်းအမှောင်ကွဲနေတယ်နော်။တစ်မျိုးစီလှတယ်။
    ၂ ထဲက ကောက်ပင်တွေ စိမ်းနေတာလေးကြိုက်တယ်။
    ဓာတ်ကြိုးတွေ မပါရင် ပိုလှမယ်ထင်တယ်။
    (လယ်စောင့်တဲလေးကတော့ ခြေတန်မရှည်ဘူးနော်)

  • pooch

    June 19, 2011 at 3:46 pm

    နောက်ဆုံးပုံ က အလှဆုံးပဲ လေးပေါက် 🙂

  • pooch

    June 19, 2011 at 4:10 pm

    တစ်ပုံ ၅ဝ ကျပ်ဆိုရင်တော့ ကြိုက်တဲ့ ပုံတွေရွေးဝယ်မယ်လေ 🙂

  • လက်ဖက်ရည်တစ်ခွက်ဘိုး၊
    ဒါမှမဟုတ် အင်တာနက်ဆိုင်ထိုင်ဘို့ တစ်နာရီစာလောက်တော့ပေးပါအေရယ်

  • နွယ်ပင်

    June 20, 2011 at 3:31 am

    လေးပေါက်ရဲ့ ရိုက်ချက်တွေကတော့ အံမခန်းပဲ
    ဓာတ်ပုံတွေကို ကြည့်ပြီး အဲ့နေရာလေးတွေကို ကိုယ်တိုင်သွားကြည့်ချင်စိတ်တောင် ပေါက်တယ်

  • hmee

    June 20, 2011 at 9:45 am

    အနောက်က တောင်တွေရယ် အလယ်ကတဲ အနားက လယ်ကွင်းစိမ်းစိမ်း။ မှီတို့ ရွာရှု့ခင်းနဲ့ အရမ်းတူတာမို့ အလွမ်းပေါ်အလွမ်းဆင့်ကာ အလွမ်းတွေကဲပါတော့တယ်။ ဦးပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့ လက်ဆော့ကို အားကျလို့ မှီလည်း တရက်က မြေထဲပင်လယ်ကြီးကို လက်ဆော့ခဲ့ပါသေးတယ်။ 🙂

Leave a Reply