နိုင်ငံတော်က ၂လုံး ၃လုံး ပပျောက်ရေး အတွက် ဒိုင်တွေကို ထိထိရောက်ရောက် ဖမ်းနေတယ်လို့ ကြားရပါတယ်။ ကျနော့်အတွေးကတော့ ဒါတွေကို ဖမ်းရုံနဲ့ အမြစ်ပြတ် ပပျောက်နိုင်ပါသလား။ မလွယ်ဘူးလို့ ထင်ပါတယ်။ ဒါဟာ အခြေခံကျတဲ့ အဓိကအချက်ကို ဖြေရှင်းတယ်လို့ မထင်ပါ။ သစ်ပင်တပင်ကို အမြစ်ပြတ် သတ်ချင်ရင် မြင်ရတဲ့ အကိုင်းအခက်တွေကို ပင်စည်တွေကို ခုတ်ပစ်ရုံနဲ့ ဒီသစ်ပင်ဟာ သေသွားမှာ မဟုတ်ပါ။ လောလောဆယ် အမြင် ရှင်းပြီး သေသလို ဖြစ်နေပေမဲ့ ရေသောက်မြစ်ရှင်သန်နေတဲ့ အတွက် မကြာမှီမှာ ပြန်လည် ရှင်သန်လာပါလိမ့်မယ်။

၂လုံး ၃လုံး ရဲ့ရေသောက်မြစ်ကရော ဘာလဲ။ ထိုးသားတွေရဲ့  ဆင်းရဲတွင်း လွယ်လွယ် လွတ်မြောက်စေနိုင် တယ်ဆိုတဲ့ အထင်နဲ့ ထိုးလိုတဲ့စိတ် ၊ အကျိုးအမြတ်ရှိလို့ ရောင်းချင်တဲ့ ဒိုင်တွေရဲ့ ဆန္ဒ လို့ထင်ပါတယ်။ ထိုးတဲ့သူကလည်း ထိုးချင်တယ် ၊ဒိုင်ကိုင်တဲ့သူကလည်း ကိုင်ချင်တယ်၊၊ သူတို့ ၂ဦး ရဲ့ သဘောတူညီချက်ကို တတိယ လူတယောက်က လုံးဝ ပပျောက်သွားအောင် ဘယ်လိုလုပ်မလဲ။ ဒိုင်တွေကို ဖမ်းတာကတော့ သစ်ကိုင်းတွေကို ခုတ်ပစ်တာနဲ့ တူတယ်လို့ ထင်ပါတယ်။ ခဏပဲ ညိမ်သွားမယ်လို့ ထင်ပါတယ်။ သူတို့ ၂ဦးရဲ့ ရင်ထဲကဆန္ဒ ဆိုတဲ့ ရေသောက်မြစ်ကတော့ ဆက်လက် ရှင်သန်နေမယ်ထင်ပါတယ်။

သူတို့ ၂ဦးရဲ့ ဆန္ဒဆိုတဲ့ ရေသောက်မြစ်လည်း အဆင်ပြေသွားအောင် နိုင်ငံတော်လည်း အကျိုးရှိအောင် ကျနော့်အမြင်ကိုအကြံပြု တင်ပြလိုပါတယ်။ ကျနော့်ရဲ့အမြင်ကို တင်ပြခြင်းသာဖြစ်လို့ အားနည်းချက်များ ကို ထောက်ပြ အကြံပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ (လက်သံပြောင်တဲ့ ရွာသားတွေကိုလည်း ကြောက်ပါတယ်။ :) )

မြန်မာနိုင်ငံမှာလည်း စင်္ကာပူ ထီ Toto,4D, လိုမျိုး ၁လ ၂ကြိမ်ဖွင့်သင့်ပါတယ်။ အဓိကကတော့ ချဲထီလို နံပါတ် ရွေးထိုးလို့ ရတာမျိုးပါ။ ၂လုံး ၃လုံး က နိုင်ငံခြားကဖွင့်တဲ့နံပါတ်ဖြစ်နေလို့ အဆင်မပြေပါ။ ဒိုင်ကိုင်မဲ့သူတွေကို အပေါင်နဲ့ ၁၀၀ ကွက် ၁၀၀၀ ကွက် limit နဲ့ တရားဝင် လိုင်စင်ချပေးပြီ ၁၀% အခွန်ကောက်ပါ။ ဒိုင်မလျှော်ရင်နိုင်ငံတော်က ဒိုင်ဆီက ယူထားတဲ့ အာမခံနဲ့ လျှော်ပါ။

ဒါဆိုရင် ထိုးချင်တဲ့သူလည်း ထိုးလို့ရ၊ ဒိုင်ကိုင်ချင်တဲ့သူလည်း ကိုင်လို့ရ၊ ဒိုင်ပြေးတဲ့ ပြဿာနာလည်း မရှိ။ နိုင်ငံတော်လည်း အခွန်ရ၊ အဆင်ပြေနိုင်သည်ဟု ထင်မြင်မိပါကြောင်း။ ရေသောက်မြစ်ကို ရှင်းလင်းနည်း ဖြစ်သည်ဟု ထင်မြင်မိပါကြောင်း။

သူကြီးရဲ့  ” ဒုစရိုက်မှုတွေ”  ပို့စ် ကိုဖတ်ပြီး စိတ်ကူးရသွားလို့ ရေးလိုက်တာပါ။

ရွာသားများရော ဘယ်လို မြင်ကြပါသလဲ။ အကြံပေးကြပါဦး။

 

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)