သူကြီးထံသို့အပူကပ်ပြီး စတင်မိတ်ဆက်ခြင်း

chitpyaeJune 20, 20111min33531

Title ကိုဖတ်ပြီး တော့ သူကြီးကို အပူနဲ့ကပ်တယ်လို့ မထင်ပါနဲ့ရှင် …
ဒီအပူရဲ့ အဓိပ္ပါယ်က အကူအညီတောင်းခြင်းဖြစ်ပါတယ် … 🙂

ဒီရွာရဲ့ သတင်းကို တဆင့်စကား တဆင့်နားနဲ့ ကြားဖူး ခဲ့ပြီး တော့ … စိတ်ဝင်စားမိတော့ ရွာနားကို မယောင်မလည်နဲ့ ရောက်လာခဲ့ပါတယ် ။ ရွာသားတွေ ပြောနေကျ ဆိုနေကျတာတွေ … ရေးထားတာတွေ ဖတ်ရတော့ ဒီရွာကို တဖြေးဖြေး နဲ့ ပိုပိုပြီး စိတ်ဝင်စားလာမိတယ်လေ.. ။ ဒါနဲ့ပဲ ရွာသူ သစ်အဖြစ် ကို လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ ခံယူလိုက်မိပါတယ် ။ ဒါပေမဲ့ လည်း သူကြီးရယ် ဒီရွာသူ ဒီရွာသားတွေက စကားပြောတွေကလည်းကောင်း … ခင်ဖို့လည်း … စိတ်ထားတွေလည်း ကောင်း … ဆိုတော့ တနေ့တခြားနေရတာ အလွန်ပျော်လာတယ်လေ ။ ပြသာနာက အဲဒီ့မှာ စတာပါပဲ သူကြီးရယ် ။ ပြောချင်တာကတော့ ဒီရွာမှာပဲ အခြေချ ပြီး နေတော့မယ်လို့ ဆုံးဖြတ်လိုက်မိလို့ အားကိုးစရာတယောက်လောက်များ ရှာပေးပါလားလို့ …….. :):):)

31 comments

  • usnczn

    June 20, 2011 at 5:17 am

    ဟားဟား ရွာထဲကို သူလဲ ကိုယ့်လိုဘဲ အကြံနဲ့ လာတာကိုး…
    ရွာထဲရောက်မှတော့ ကုသိုလ် လဲရ ဝမ်းလဲဝ (စာပေ အတွေ့အကြုံလဲရ)
    ဖြစ်ပါစေ။
    ကျွန်တော်ကတော့ ကိုယ့်ကိုယ် အားမကိုးလောက်မှန်း သိတော့
    သင့်တော်ရာလေး တွေ့ရင်တော့ သတင်းပေးပါ့မယ်.. သူကြီးဆီကတောင်းယူပေါ့ …ဟိဟိ။

  • chitpyae

    June 20, 2011 at 5:27 am

    ကိုယ်ပြောချင်တာလေး ပြောပြီး တော့ ကိုယ့်ဘာ့သာပဲ မိတ်ဆက်လိုက်ပါတယ် ။
    ရွာသူ အသစ် chitpyae ပါ ။ အမြင်မတော်တာ ၊ ကောင်းတာ ဆိုးတာ အကုန်လုံး ဝေဖန်နိုင်ပါတယ်။
    ရွာသူကြီးကိုလည်း တခါထဲ ဂါရဝ ပြု သွားပါတယ်။ ရွာသူ ရွာသား အစ်ကို အစ်မ အားလုံးကိုလည်း ရိုသေစွာ မိတ်ဆက် လိုက်ပါတယ် ရှင် ….. 🙂

    • manawphyulay

      June 24, 2011 at 10:25 am

      ရွာသူကြီးကို ဂါရဝပြုတာနဲ့ မရပါဘူး။ ပူဇော်ပသမှ ရပါလိမ့်မယ်…….

  • meelay

    June 20, 2011 at 5:40 am

    ဘာမှ မပူနဲ့ ဦးကြောင်ကြီးရှိတယ် …. 😀

    • chitpyae

      June 20, 2011 at 5:44 am

      မမ မီးလေး ရေ … မသိတာလေး မေးပါရစေ။
      မမ မန့်ထားတဲ့အောက် က စာကို သွားနှိပ်မိတာ ဘာလို့ စိမ်းသွားတာလဲဟင် ?
      ရွာထဲက စည်းကမ်းလေးတွေ ကို သိပ်မသိသေးလို့ပါ 🙂

      • kai

        June 20, 2011 at 8:47 am

        အဲဒီကော်မန့်ကို.. ကြိုက်နှစ်သက်ပါတယ်ဆိုပြီး…ရွေးလိုက်လို့ပါ..။

        ဆိုတော့…
        ကြိုဆိုပါတယ်..။
        ရွာထဲ.. မတူသောအတွေးနဲ့..ကိုယ်ပိုင်စာတွေ..ချရေးပါ..။
        Category ကိုလည်း..ကိုယ်တင်မဲ့..စာနဲ့ဆိုင်တာ. .ရွေးတင်ပါလို့..။

      • nature

        June 20, 2011 at 11:51 am

        အဲဒီ ကွန်မန့်ဟာ ကွန်မန့် အားလုံးထဲက တခုတည်းသော မှန်တဲ့ ကွန်မန့် ပါလို့ ဆိုလိုတာပါ။

  • windtalker

    June 20, 2011 at 5:48 am

    ရွာသူ အသစ်လေး က မင်္ဂလာရှိရှိနဲ ့ ဂါရဝ ပြု နေပြီ ဆိုတော့ လဲ ကျွန်တော် ကလဲ မင်္ဂလာပါ ပေါ့နော် တစ်ကယ် ပါ ဗျာ မင်္ဂလာရှိတဲ့ ၁ဝ ပါပဲ ။

  • ဆူး

    June 20, 2011 at 5:56 am

    ရွာသူ အသစ်တွေ ရွာသား အသစ်တွေ အတွက် သဂျီးရဲ့ ရွာသစ် တိုးချဲ့ စီမံကိန်း အရ ဗီဒို အာဏာ နဲ့ ရွာသား အဟောင်းကြီးတွေဆီက သိမ်းထားတဲ့ မြေတွေကို ဖဲ့ပြီး ပြန်ဝေ နေပါတယ်။
    အမြန်တန်းစီ ကာမှ တော်ကာကျမယ်။

  • တညင်သား

    June 20, 2011 at 6:13 am

    အခု လာတဲ့ လူသစ်တွေထဲမှာတော့ chitpyae က တော်တယ် .. မိတ်ဆက်ရင်း ပို့စ်တခု လဲ ရေးလိုက်တယ်.. ဒီကြားထဲ ကြော်ငြာက ဝင်လိုက်သေးတယ်.. စာအရေးအသားကောင်းမဲ့ပုံပဲ များများရေးနိင်ပါစေ ဗျာ..

  • weiwei

    June 20, 2011 at 7:06 am

    chitpyae က သေချာမိတ်ဆက်လာတယ်ဆိုတော့ ..
    မင်္ဂလာပါ .. ကြိုဆိုပါတယ် …
    မတူသောအတွေးနဲ့ စာများများ ရေးနိုင် ဆွေးနွေးနိုင်ပါစေလို့ မျှော်လင့်ပါတယ် …

  • captainamerica

    June 20, 2011 at 8:13 am

    ထပ်ပြီးတော့ကြော်ငြာဝင်ပါရစေ ကိုကြောင်ကြီးကရွာသူအသစ်တွေကိုကြိုဆိုတဲ့နေရာမှာအရမ်းနွေးထွေးတာ
    ပြောမယုံကြုံဖူးမှ သိဆိုသလိုပဲလက်တွေ.ကြုံမှသိလိမ့်မယ်။ ကဲ ကိုကြောင်ကြီးရေ ကျွန်တော်တော့ကြော်ငြာ
    ပြီးသာွးပီနော်…….. 😀 😀 😀 😀

  • king

    June 20, 2011 at 8:34 am

    chitpyae မင်္ဂလာဆောင်ပါဗျ
    အဲ မှားလို့
    မင်္ဂလာပါ
    မင်္ဂလာဆောင်ခို်င်းတယ်ဆိုတာလည်း အိမ်ထောင်ပြုခိုင်းတာမှ မင်္ဂလာဆောင်တာ မဟုတ်ပါဘူး
    မင်္ဂလာရှိတဲ့ကိစ္စတွေကို ဆောင်ရွက်ခိုင်းခြင်းဖြစ်ပါတယ် ….
    😛

  • cobra

    June 20, 2011 at 8:41 am

    ရွာထဲမှာလူတွေများလာပါလား…။
    ရွာကိုချဲ ့ရတော့မယ်သူကြီးရေ..။
    သူများနေရာကိုသူ ့နေရာတဲ့လာလုနေတယ်..။

  • PaukPhaw

    June 20, 2011 at 8:52 am

    ခုတလော မိတ်ဆက်ကြတာ တွေ တယ်များသကိုး..
    တဂျီတော့ အတစ်ကလေးတွေ များဂျီးပိုင်လာတယ်ဆိုတဲ့ တဘောပဲဂျ

    MG ကြီးအင်အားတောင့်လာတာ ကောင်းတဲ့လက္ခဏာပဲလို ့ထင်ပါတယ်
    😉

    ကဲကဲ…အသစ်ကလေးတို ့..အသစ်ကြီးကြီးတို ့
    Come on..Come on!

  • etone

    June 20, 2011 at 10:24 am

    ငြင်းဖော်ငြင်ဖက် ရတယ်လို့ သဘောထားပါတယ် အဟဲ 😛
    ကြိုဆိုပါတယ်… ။

  • ရွှေဘိုသား

    June 20, 2011 at 10:47 am

    Chitpyae ရယ်မင်းထက်ငါကပိုဆိုးပါတယ်
    ရွှေဘိုကနေ ရန်ကုန်ကိုတစ်ယောက်ထဲမျက်စိသူငယ်နားသူငယ်နဲ.ရောက်လာတာ
    ရန်ကုန်ရောက်တော.လည်း MG ရွာထဲမျက်စိသူငယ်နားသူငယ်နဲ.
    မင်းနဲ.ငါ ဘဝတူတွေနော်

    လက်တွဲံလို.ရတယ် မင်းတွဲချင်ရင် ရွှေဘိုကမေမေ.ဆီဖုန်းဆက်ပြီးခွင်.တောင်းလိုက်လေ
    ဟဲံဟဲ

  • char too lan

    June 20, 2011 at 10:55 am

    400 400 400 နဲ့ကြားကြားနေတာ ဒီကမြည်တာကိုးးးးးးးးးး hahaa 🙂
    *Welcome!!*
    ( မသိတာရှိရင် ကိုကိုကြောင်ကိုမေး ရွာထဲမှာလက်ဝေ့အကျော်အမော် ဆူး ဆိုတာလဲရှိတယ် မန်းတလေးကကိုပေါက်ကတော့ ကိုကိုကြောင်ရဲ ့ဦးလေးပေါ့နော်
    ရွာထဲမှာ တစ်ခုခုဖြစ်ရင် ကိုကိုကြောင်ကို အရင်ဆုံးလာပြော လူရမ်းကား မိုက်ကယ်ဂျော်နီအောင်ပု ဆိုတာလဲရှိတယ် ချာတာတွေ ကွီးတာတွေနဲ့လဲ သိပ်မရောနဲ့ လူကောင်းတွေဟုတ်ဘူး ) bigcat ဆိုတဲ့ခပ်ချောချော ကြောင်တစ်ကောင် အဲ့လိုလာပြောလိမ့်မယ် ထင်တယ်………….သူပြောနေကျပဲ 😉

  • KoNyeinChan

    June 20, 2011 at 11:25 am

    ဟိုက်… သူကြီးထံသို ့ ပူးကပ်ပြီး အသစ်ရောက်လာတဲ့ “ရွာသူ” တဲ့
    ပုံပြင်တွေထဲကအတိုင်း ပြုစားတတ်၊ မပြုစားတတ်တော့ မသိသေးဘူး
    သူကြီးကိုတော့ ပူး ပြီ… ဟီး..ဟီး 😀 😀 😀

  • pooch

    June 20, 2011 at 1:40 pm

    ရွာထဲမှာ လေးပေါက်စာပေဆု ရှိတယ် ။ သူ့စာတွေက တစ်ယောက် သူ့ပုံတွေက တစ်ယောက်တဲ့ ။ အနော်က
    တော့ သူ့စနက်ရှော့တွေကို စိတ်ဝင်စားတယ်။ ဝါသနာပါရင် တန်းစီလို့ရတယ်။
    အော်မေ့လို့ လေးပေါက် က ရွာသူရွာသား တွေ ကို ပိုက်ဆံတွေဘာတွေ လည်းထုတ်ချေးတတ်ပါတယ်။ ဟီး
    🙂

  • Yin Nyine Nway

    June 20, 2011 at 2:07 pm

    ကြိုဆိုပါတယ်
    ဒါနဲ့ မန်ဘာဝင်တဲ့ အထိမ်းအမှတ် သူကြီးက ဘာကျွေးမှာလဲဟင်….

  • padonmar

    June 20, 2011 at 2:39 pm

    ဒီရွာသူ ဒီရွာသားတွေက စကားပြောတွေကလည်းကောင်း … ခင်ဖို့လည်း … စိတ်ထားတွေလည်း ကောင်း … ဆိုတော့
    Chitpyae ရေ မှန်တာတွေဆိုတော့ များများသာပြောနော်။စိတ်မဆိုးဘူး။ 😀

  • (ပြောချင်တာကတော့ ဒီရွာမှာပဲ အခြေချ ပြီး နေတော့မယ်လို့ ဆုံးဖြတ်လိုက်မိလို့ အားကိုးစရာတယောက်လောက်များ ရှာပေးပါလားလို့ )
    ညည်းကသာဒီလိုရေးထားတာ ညည်းနာမယ်ကို ပြန်သရုပ်ခွဲကြည့်တော့
    chit=ချစ်+pyae=ပြေး=ချစ်ပြေး
    ချစ်ပြေး လို့ဖြစ်နေတတယ်။
    တော်ကြာညည်းနာမယ်ကိုဖတ်ပြီး သူတို့ကိုအတည်မကြံဘူးလို့ထင်ရင်ခက်မယ်နော်၊
    အကြံပေးကြည့်တာပါ။

  • akswe

    June 20, 2011 at 9:08 pm

    အဘား တို.ရဲ မန်းဒါးလေး ဂေးဇာတ် က ဂြိုဆိုး ဘာဒဲး
    ကန်းမဂလေး မန်းဘားဓွေများလေ ရွားဂျီး စည်းကားလေပေါ. ကောင်းဒယ်ရှိဒယ်နော်
    ဟရေး…… ဇကား မားစပ် တင်းထား တဲ.ပုံးက နဲနဲ ဆင်နေ တယ်
    မားပြောဂေါင်းပြောဂေါင်း အဘားနဲ့ ကန်မဂလေး အသက် အားတူတူလောက် ရှီးမလား မားသိဘူး…

  • chitpyae

    June 21, 2011 at 12:20 am

    ဟုတ်ကဲ့ အခုလို မျိုး နွေးထွေးစွာကြိုဆိုကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်ရှင် …..
    ကိုပေါက်ပြောသလို ချစ်ပြီးမှ ပြေးသွားမှာ မဟုတ်ပါဘူး …. ချစ်ပြည့် ဆိုတာ အချစ်တွေ အပြည့် အဝ ပေးနိုင်ပါတယ် လို့ ….. ရွာသူ ရွာသား အကုန်လုံး အပေါ်ပြောတာပါ နော် ….. 🙂

  • bigcat

    June 21, 2011 at 1:45 am

    အစစ်တွေ့ပြီ
    ချစ်ပြည့်တဲ့
    Kiss ဓလေ့နဲ့
    အလစ်ခွေ့မှ
    တော်ရာကြမယ်
    နှစ်မစေ့ခင် (တူနှစ်ကိုယ်)
    ခေတ်ရှေ့ထွင်စို့ကွယ်။ 😎

  • Shwe Tike Soe

    June 21, 2011 at 4:34 am

    အမလေးနော် ရွာသူအဖြစ်ခံယူတာ က ဘာမှမဖြစ်ပါဘူး… အခုတော့ ရွာသား တွေ စွေ.စွေ.ခုန်အောင် အားကိုရှာပေးဆိုတော့
    ဟဟဟဟဟဟဟဟ ….
    ရွာထဲက လူပျိုသိုးကြီးတွေတော့ အလုပ်ရှုပ်ကုန်တော့မယ်… ရွာသူအသစ်ကလေးရယ်… 🙂 🙂 😀 😀

    • akswe

      June 21, 2011 at 3:22 pm

      ကိုရွှေတိုက်စိုးရေ တတိယ အရွယ်၏ သတ္တမ ဝေဒနာကို မယူပါရစေနဲ့တော.ဗျာ
      ကလေးတွေ ကိုအခွင်.အရေးပေးလိုက်ပါ ပျော်ကြပါစေ….

  • PinkCandy

    June 21, 2011 at 4:43 am

    ကြိုဆိုပါတယ် ရွာသူအသစ်လေးရေ။ 🙂

  • pan pan

    June 24, 2011 at 7:58 am

    ကျွန်မက အကြာကြီးပေါ်မလာဘဲ ခုမှပြန်လာတာ။
    ခဏခဏဝင်ဝင်မန့်တယ်။ အဲဒါကြောင့် ရွာထဲကလူတွေ ဘယ်လိုမြင်မယ်မသိဘူး။
    ကျွန်မတော့ ရွာထဲမှာ အိမ်သေးသေးလေးနဲ့ပဲနေနေရတယ်။ 🙁
    သူများတွေလို ခြံကျယ်နဲ့ အိမ်ကြီးရခိုင်နဲ့ မနေနိုင်သေးပါရှင့်။ 😀

Leave a Reply