mdyleaks – သဂျီး Final

index
သဂျောင်းအကြီး သဂျီးအကြောင်း

MDY Leaks
ဇွန်လ၂၉ ဒီပို့စ်တင်တာ ၁ဝရက်လောက်ရှိပြီ၊ မှတ်ချက်များလည်း ရတန်သလောက် ရပြီမို့ သဂျီးအကြောင်း သဂျောင်းအကြီး ပေါင်းစည်း မောင်းတီး ပါတော့မယ်။ မီညောင် မီညောင်……
အများစိတ်ဝင်စားတဲ့ သဂျီး အီရပ်ပြန်ဆိုတာ ဒီလိုပါ။ သူက တခုခုလုပ်ရင် ရိုုးအီသွားမှ ရပ်ပြီးပြန်ပါတယ်။ ဒါကြောင့် အီရပ်ပြန်လို့ နာမည်တွင်ပါတယ်။ အမေရိကန်ဝင်တိုက်တဲ့ အီရတ်နိုင်ငံ မဟုတ်တာ စာလုံးပေါင်း သတ်ပုံမှာ တွေ့နိုင်ပါတယ်။ ကျနော်က အီသွားရင် ရန်လုပ်ပြီးမှပြန်လို့ အီရန်ပြန်တွင်တာပါ။ စကားစပ်လို့ ပြောရရင် သဂျီးကတော်ကတော့ အီသွားရင် ဂျစ်ကြပြီးမှပြန်လို့ အီဂျစ်ပြန် ခေါ်ပါတယ်။ သဂျီးဦးခိုင်နဲ့ကျနော် အသက်ပေးချစ်ပုံက ဒီလိုပါ။ မြန်မာပြည်မှာရှိစဉ် အသက်ဆိုတဲ့ ဇယားမလေးကို အခကြေးငွေပေးပြီး ချစ်ကြပါတယ်။ (မှတ်ချက် – သဂျီးလူပြိုဘဝတုန်းကပါ၊ အခုတော့ အမဲမှ အသဲ ထင်ပါတော့တယ်) :opps:
၁၉၈၈ခုနှစ် အရေးအခင်း အစောပိုင်းကာလမှာ သဂျီးပါခဲ့တာက ကြောက်-ျီးပါ။ သူများစက်မှုကျောင်းသားတွေ တပ်ဦးရှေ့ဆုံးမှာ သွေးသံရဲရဲ သေကြေဒဏ်ရာရနေချိန်မှာ သဂျီးက ဗိုက်နာနေပါသတဲ့။ ဩဂုတ်လ ၂၈ရက်နေ့ မဆလခေတ် စစ်အုပ်ချုပ်ရေးရုပ်သိမ်းတော့မှ ဝမ်းသွားတာရပ်ပါတယ်။ စက်တင်ဘာာ ၁၈ရက်နေ့ကြတော့တခါ ဗိုက်ပြန်နာလို့ အိမ်အပြင်မထွက်နိုင်ဘူး ဆိုပါတယ်။ ဒါကြောင့်သူ ၈၈၈၈အရေးတော်ပုံမှာ သူဆန္ဒပြတဲ့ပုံတွေ ကြည့်လိုက်ရင် အပစ်အခတ်အဖမ်းအဆီး မရှိတဲ့ အချိန်တွေမှာ နဖူးစည်း၊ လက်မောင်းစည်းနဲ့ အလံကိုင်ပြီး ချီတက်နေတာပါ။ (ပြောရရင်တော့ သဂျီးတယောက်ထဲ မဟုတ်ပါဘူး။ ပြောစမှတ်တွင်သူ အခြားသုံးဦးလည်း ရွာထဲရှိပါသေးတယ်။ ကြုံလို့ဖေါ်ရရင် အန်တီဝေဆိုသူကျောင်းသူက အရေးအခင်းဖြစ်ကထဲက သူ့မြို့မှာ လူသူ လက်နက်စုဆောင်းမယ်ဆိုပြီး ပြန်သွားလိုက်တာ နောင်သုံးနှစ်အကြာ ကျောင်းပြန်ဖွင့်ချိန်အထိပါ။ သူ့ကိုဖမ်း စစ်တော့ ကျမဘာမှမလုပ်ပါ၊ အဝေးကနေပဲ စာသင်အံလေ့လာနေပါတယ်ဖြေပါတယ်။ သူ့ရဲ့ဖြေဆိုချက်ကို ဗိုလ်ချုပ်ခင်ညွှန့်က သဘောကျပြီး အဝေးသင်ပညာရေးစနစ် တီထွင်ပါတယ်။ အဝေးသင်တက္ကသိုလ် မိခင်ကြီး အန်တီဝေဖြစ်ပါတယ်။ ဦဖက်ဆိုသူရွာသားလည်း စက်မှုတက္ကသိုလ်ကျောင်းဆင်း တဦးပါ၊ သူ့ကိုစစ်ကြောရေး ဝင်တော့ တချိန်လုံး ရဲရဲဝံ့ဝံ့ဘူးခံငြင်းပါသတဲ့ ။ ဒီမိုကရေစီကို မထောက်ခံဘူးလို့ ငြင်းတာပါ။ နောက်ဆုံးတဦး ကတော့ မမ ဆိုသူပါ။ အရေးအခင်းတုန်းကတော့ ဆန္ဒပြရောင်ဆောင်ပြီး မြို့ပတ်ရထား အလာကား ……အဲ သူ့အကြောင်းတော့ မသိပါဘူး။ 🙄
သဂျီးကတော်နဲ့သဂျီး အပျို၊လူပျိုဘဝတုန်းက အိမ်မက်ဆိုတဲ့ စတိုးဆိုင်မှာဆုံပါတယ်။ အဲဒီတုန်းက မီးပျက် နေလို့ ဖယောင်းတိုင်မီးမှိန်ပျပျအောက်မှာ လူခြင်းမသဲကွဲခဲ့ပါဘူး။ သဂျီးကတော်က မုန့်ဝယ်နေစဉ် အနားက အရက်ဖြူဆိုင်မှာ အမြီးကုန်သွားလို့ မြေပဲလာဝယ်တဲ့ သဂျီးနဲ့ဆုံမိတာပါ။ နောက်တော့ သဂျီးနဲ့ မြို့ထဲမှာ ထပ်တွေ့ပြီး ကျားဆိုးကြီးရဲ့ မာယာကျော့ကွင်းမှာ ရွှေသမင်မလေး ကျဆင်းသွားပါတော့တယ်။ 😮
သဂျီးကတော် ခါးပတ်နက်ဝတ်ပုံကတော့ ထမီအထက်ဆင်အမဲ ခါးမှာပတ်ထားတာကို ကရာတေးသမား ခါးပတ်နက်တွေနဲ့ မှားတာလို့သိရပါတယ်။ သဂျီးကတော် အောင်ဆန်းကွင်းမှာ အေရိုးဗစ်သွားဆော့တော့ ဂျူဒိုသမားတွေနဲ့ အခန်းခြင်းကပ်လျက်ပါ။ အဲဒီမှာ အဝေးကမြင်သူက လူခြင်းရောသွားပုံရပါတယ်။ 😀
သဂျီးက မြန်မာထေရဝါဒ ကမ္မဗုဒ္ဓဝါဒကနေ ပစ္စုပ္ပန်ဗုဒ္ဓဝါဒကို ပြောင်းသွားသူတဦး ဖြစ်ပါတယ်။ သူရဲ့စာတွေ မှတ်ချက်တွေမှာ အတိအလင်းတွေ့နိုင်ပါတယ်။ သူနဲ့ကျနော် အတိတ်ဘဝမှာ ဆွေမျိုးတော်စပ်ကြောင်းကို ဗုဒ္ဓမြတ်စွာဘုရားက သံသရာမှာ သတ္တဝါတိုင်း မတော်စပ်ဘူးသူ မရှိလို့ ဟောထားလို့ ညီအကိုဖြစ်ခဲ့ကြောင်း ပြောရခြင်း ဖြစ်ပါတယ်။ စင်္ကာပူကိစ္စက ဒီလိုပါ။ ပုဇွန်တောင်မှာရှိတဲ့ စင်္ကာပူဘုန်းကြီးကျောင်းမှာ သဂျီးလောင်း ခလေးဘဝနဲ့ သင်္ကန်းစီးဖူးပါတယ်။ အဲဒီမှာ သင်္ကန်းတောင်း စာအံစာကျက်လုပ်ရပါတယ်။ :O:
သဂျီးအသားအရည် ဘယ်လိုရှိလည်း မသိရိုးအမှန်ပါ။ အတွင်းသတင်းအရ သဂျီးကတော်က သူ့ကိုချစ်စနိုးနဲ့ ဒါလင်ကျောက်ကျောလို့ နှစ်ကိုယ်ကြားခေါ်ကြောင်း မှတ်တမ်းတော့ရှိပါတယ်။ ကျောက်ကျောဆိုတာ အရောင် အမျိုးစုံရှိလို့ ဘာအရောင်လည် သိရန်ခက်ပါတယ်။ တချို့ကလည်း သဂျီးခဏခဏပြောတဲ့ ကံဆိုတာညာတာ တကယ်မရှိလို့ ပြောတာကို မသဲမကွဲနဲ့ အိုဘားမားအဖေဇာတိ ကင်ညာနိုင်ငံနဲ့ မှားပါတယ်။ 
ပါဝင်မှတ်ချက်ပေး ဖတ်ရှုသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း သဂျီးကိုယ်စား ပြောကြားပါရစေ။ ဒီပို့စ်မှာ ရေးတဲ့မှတ်ချက်တိုင်းကို သဂျီးက အပိုပွိုင့် ၅၀၀၊ ဝင်ရောက်ဖတ်ရှုသူတိုင်းကို အပိုပွိုင့် ၁၀ဝစီ ပေးထားကြောင်း သတင်းကောင်း လက်ဆင့်ကမ်းလိုပါတယ်။ အကယ်၍ site admin > cube point အောက်မှာ အပိုပွိုင့်တိုးထားတာမတွေ့ရင် သဂျီးထံ တင်ပြတောင်းခံနိုင်ကြောင်း အသိပေးအပ်ပါတယ်။

 


ဇွန်လ၂၈
အခုဆို တဦးချင်းမှတ်ချက် ၄၈ဦးရှိပြီမို့ ၅ဝပြည့်ရန် ၂ဦးသာ လိုပါတော့တယ်။ ပြည့်ပြည့် မပြည့်ပြည့် မနက်ဖန် နောက်ဆုံး အပ်ဒိတ်ပို့စ် တင်ရန်ဆုံးဖြတ် လိုက်ပါပြီ။ ဘကြီးအောင်ပု ဖေါ်မယ်တကဲကဲ ကြိမ်းနေတာကြောင့် တကြောင်းပါ။ အကယ်၍ ၅ဝကျော်ခဲ့မယ်ဆိုရင် ကြောင်ကြီးဓာတ်ပုံ တပုံကိုပါ အပိုဆုအနေနဲ့ တင်ပါမယ်။
သဂျီးကတော်နဲ့ သဂျီးမှာ လူမသိသူမသိ ဇာတ်လမ်းလေး တပုဒ်ရှိပါတယ်။ သူတို့အချင်းချင်း အိမ်မက်ထဲမှာ စတွေ့ကြတာပါ။ အဲဒီတုန်းကထဲက သဂျီးဖြစ်မဲ့ကောင်လေးကို သဂျီးကတော်လောင်းလျာ ကောင်မလေးက တိတ်တခိုး စွဲလန်းခဲ့ပေမယ့် ဝိုးတဝါး အဝေးကနေ မြင်ရတဲ့ ပန်းချီကားလို ဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် ဖူးစာရှိတဲ့အတိုင်း အပြင်မှာ သဂျီးနဲ့ထပ်ဆုံပြီး မေတ္တာနှောင်ကြိုး ရစ်တွယ်မိတာပါ။
သဂျီး အာရ်အိုင်တီ စက်မှုကျောင်းဆင်း တဦးဆိုတာ သူကြွားတဲ့အခါ (ဆောရီးယောင်လို့) ရံဖန်ရံခါ သူမန်းတဲ့အခါ တွေ့ဖူးကြပါလိမ့်မယ်။ ၁၉၈၈ခုနှစ် မတ်လ ကိုဖုန်းမော် အရေးအခင်း၊ အင်းလျားကန်ဘောင် အဓိကရုဏ်းတွေဖြစ်တော့ သူပါခဲ့တာ ပြောစမှတ်ရှိပါတယ် to be continued !

 

ဇွန်လ၂၇ ကျနော့်ကို ပွိုင့်ရဖို့အတွက် လိမ်ညာနေတယ်နဲ့ ပြောဆိုကြတာတွေကို မြင်တွေ့နေရတော့ စိတ်မကောင်းပါဘူး။ ပြောလိုက်ပါမယ်၊ ငွေကြေး၊ ဓန၊ ဥစ္စာ၊ စည်းစိမ်၊ နာမည်၊ ဂုဏ်ဒြပ် စတဲ့ပကာသနတွေ မလိုချင်ပါဘူး။ ကြောင်ကြီးမက်တာ အမှန်တရားပါ။ တဦးချင်း မှတ်ချက်ပေးသူ ၄၅ဦးရှိပြီမို့ အချက်အလက် အသစ်တခုနဲ့ မေးခွန်းအချို့ကို ဖြေပါ့မယ်။
သဂျီးဦးခိုင်က ဘာသာပြောင်းထားသူ တဦးဖြစ်ပါတယ်။ ဘယ်ကနေ ဘယ်ကိုဆိုတာ တဦးချင်းမှတ်ချက် ၅ဝကျော်ရင် မကွယ်မဝှက် ပြောပါမယ်။
မHmee မေးတဲ့ သဂျီးကားမောင်းပြိုင်ပွဲ ကိစ္စမသိပါဘူး။ ဒါပေမဲ့ သူ့မှာ ပိုရှည်ဆိုတဲ့ ဟာကြီးရှိပါတယ်။ ပြိုင်ကားလား၊ ဒုံးပျံလား မသိပါဘူး။ သဂျီးနဲ့သဂျီးကတော် အတူစီးတာ သေချာပါတယ်။ လမ်းကြုံ အခြားသူကိုလည်း တင်ချင်တင်မှာပေါ့လေ။ ဒါသူ့ကဏ္ဍပါ။ ဝေဖန်စရာ မရှိ၊ မုဒိတာ ပွားပေးပါတယ်။
ဒေါ်မိုးသီတာမေးတဲ့ သဂျီးနဲ့ သမတ အိုဘားမား အမျိုးတော်မတော်ဆိုတာ နိုင်ငံတော် လျှို့ဝှက်ချက်ဖြစ်လို့ ပြောခွင့်မရှိပါဘူး။ ပြောနိုင်တာ ကံညာနဲ့သဂျီး အတော်နီးစပ်ပါတယ်။

ဇွန်လ၂၆ ဖြစ်သင့်တာ ၅၀။ ရထားတာ ၄၁၊ ပြောပြန်ရင်လည်း ကြောင်မင်းလွန်ရာကြမယ်၊ သဂျီးဆောက်တဲ့ အိမ်မှာနေ၊ သူကျွေးမွေးတာတော့ မျိုဆို့နေကြပြီး၊ သဂျီးအကြောင်းကြတော့ အားနာပါနာနဲ့တောင် စိတ်ဝင်စားဟန် မပြုကြဘူး။ ကိုယ်နဲ့မဆိုင်သလို နေရက်တဲ့ ရွာထဲက တကိုယ်ကောင်း ငါ့ဖို့သမားတွေကို ပြောပါတယ်။ သဂျီးကျေးဇူးသိတတ်သူများအတွက် တန်သလောက် ထပ်ပြောရရင် သဂျီးအရင်က စင်္ကာပူ ရောက်ဖူးပါတယ်။ တိတိကျကျပြောရရင် စာအံဖူးတာပါ။ ကိုယ်ရေးကိုယ်တာ နဲနဲဖွရရင် သဂျီးနဲ့ကျနော် အတိတ်ဘဝတုန်းက ညီအကိုတော်ပါတယ်။ အထောက်အထားလည်း ရှိပါတယ်။ ယုံကြည်မှုနဲ့တော့ ဆိုင်မှာပေါ့လေ။ သက်သေ အထောက်အထားများကိုတော့ တဦးချင်း မှတ်ချက်ပြုသူ ငါးဆယ်ကျော်မှ ထုတ်ဖေါ်ဝန်ခံ ပါရစေ။

ဇွန်လ၂၅(၂) အထင်တော်မလွဲ ဆင်တော်မဆွဲကြပါနဲ့။ ကျနော်ကြောင်ကြီး တကယ်ကို မလိမ်ရဲပါဘူး။ အကုန်လုံး မခြွင်းမချန်ပြောဖို့ကတော့ ၅ဝနဲ့ အထက်ရှိမှ ဖြစ်မှာပါ။ အဲဒါကလည်း ပို့စတင်ကထဲက ပြောပြီးသားပါ။ မလည်ရှုပ်လုပ်ခြင်း မဟုတ်ရပါဘူး။ အခုဆိုရင် မှတ်ချက်စုစုပေါင်း ၈၁ခုမှာ တဦးချင်းအနေနဲ့ဆို ၄ဝ ပြည့်သွားလို့ ပြောသင့်ပြောထိုက်တာတွေ အမှန်အကန်ထပ်ပြောပါမယ်။ ဘောနပ်စ်အနေနဲ့ ကျနော်အကြောင်းပါ နဲနဲပြောပါမယ်။ ၅ဝကျော်သွားတာနဲ့ မရှင်းမရှင်း ရေးထားသမျှအားလုံးကို စိတ်ကျေနပ်အောင် ရှင်းပေးပါ့မယ်။
ဒီပို့စ်ကိုစရေးတော့ သဂျီးနဲ့ရင်းနှီးသူအချို့က ဒီကြောင်ဘာမိုလီု့ ရာရာစစ သဂျီးအကြောင်းကို ရေးရတာလဲနဲ့ မကျေမနပ်ဖြစ်ပါတယ်။ ရွာသားအချို့ကလည် ကြောင်ကြီးဂွင်ဖန်တယ် ထင်ပါတယ်။ သဂျီးအကြောင်းကို သူ့မိဘများ အသိဆုံးဖြစ်မှာပါ။ သူတို့ထက်ပိုသိသူကတော့ သဂျီးကတော်ဖြစ်ပါတယ်။ အားလုံးထက်ပိုသိသူကတော့ အသက်ပေးချစ်ကြသူများပါ။ ကျနော်က သာမညကြောင်ကြီးမဟုတ်ပါဘူး၊ အီရန်ပြန်ဖြစ်ပါတယ်။ သဂျီးကတော့ ပြောထားတဲ့အတိုင်း အီရပ်ပြန်ပါ။ ဒီလောက်ဆို ဘာအားကိုးနဲ့ သူ့အကြောင်းကို ပိုင်စိုးပိုင်နင်း ပြောရသလဲဆိုတာ နဲနဲတော့ ရိပ်စားမိဖို့ သင့်ပါပြီ။

ဇွန်လ၂၅ သဂျီးအကြောင်းပြောချင်တာလည်း ရင်ထဲမှာကားနေတာပဲ။ ရွာသားအများက စိတ်ဝင်စားမှု ထင်သလောက် မပြတော့ခက်တယ်။ မန်းသူစုစုပေါင်း ၇၂ဦးကို တဦးချင်းပြန်စစ်လိုက်ရင် ၃၆ဦးပဲ တကယ်ရှိတယ်။ လေးဆယ်မကျော်ဘဲနဲ့ အကုန်ဘယ်ပြောလို့ေ ကာင်းမလဲ။ ဘဝဆိုတာ အသက်လေးဆယ်ကျော်မှစတယ်ဆိုတဲ့ စကားလည်းရှိသားပဲ။ ဘာပဲဖြစ်ဖြစ် သဂျီးအကြောင်းကို စိတ်ရှည်ရှည် နားလည်မှုအပြည့်နဲ့ စောင့်မျှော်ပေးသူများကို အားလည်းနာတယ်၊ ခင်လည်းခင်တယ်။ စိတ်မပျက်သွားအောင် သိသင့်တာလေးတခု ထပ်ပြောပါ့မယ်။ လူမပြည့်သေးလို့ တစချင်းထုတ်ပြောရတာ ခွင့်လွှတ်ပေးကြပါ။
အမေရိကားကို မလာခင် သဂျီး စင်္ကာပူကိုလည်း ရောက်ဖူးပါတယ်။ သဂျီးကတော်ကတော့ မြန်မာပြည်မှာရှိစဉ် သိုင်းပညာဝါသနာထုံပုံရပြီး ခါးပတ်နက်ပတ်ထားတာ တွေ့သူများရှိကြောင်း သတင်းသိုးသိုးသန့်သန့်ကြားမိပါတယ်။ အတိအကျကိုတော့ ရုံလူပြည့်မှ ပြောပါရစေခင်ဗျား။

သတင်းလွတ်လပ်ခွင့် အမှန်တရား လိုလာသူ ပြည်သူ့သတင်းထောက် ဦးကြောင်ကြီး 😎

ဇွန်လ၂၄ ခွီးထဲမှပဲ၊ မှတ်ချက်ပေးသူများလာလို့ ဝမ်းသာအားရ ကြည့်မိပါတယ်၊ အဘဆွေကစလိုက်တဲ့ အပေါင်းအနှုတ်ကိစ္စတွေ မပြီးနိုင်တော့ဘူး။ သူများခြံထဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ လာမပွားကြပါနဲ့။ ပြောလို့မရရင် နောက်ထပ်ဒီကိစ္စဆက်ရှည်နေသူတွေကို အနှုတ်ပေးမည် ဖြစ်ပါသည်။
တဦးချင်းမှတ်ချက်ပေးသူ ၃၃ဦး ရှိပြီမို့ သဂျီးရဲ့ လျှို့ဝှက်ချက်တခုကို ပြောပါမယ်။ သဂျီးက နယ်နယ်ရရတော့ မဟုတ်ပါဘူး၊ အီရပ်ပြန်တဦးဖြစ်ပါတယ်။ အသေးစိတ်ကတော့ တဦးချင်းမှတ်ချက် ၄ဝကျော်မှ ပြောပါရစေ။ ဈေးကိုင်တယ် မယူဆစေလိုပါဘူး၊ သဂျီးရဲ့ ကိုယ်ရေးကိုယ်တာဖြစ်လို့ အများတောင်းဆိုမှုနဲ့ ဂုဏ်ပြုချင်လို့ပါ။
သဂျီးသမီးအကြောင်း သိလိုသူများအတွက် နဲနဲဆက်ပြောရရင် သဂျီးသမီးက အသားဖြူဖွေးနေပါတယ်။ မိဘတွေနဲ့ မတူပါဘူး၊ အထူးသဖြင့် သဂျီးနဲ့ပါ။ သူ့အသားအရည်နဲ့ အမှောင်ထုနဲ့ မကွဲလို့ လူအတိုက် ခဏခဏ ခံရပါတယ်။ ဒါကြောင့် ရုပ်ရှင်သွားကြည့်ရင် သဂျီးအတွက် သူ့သမီးက မပါမဖြစ် အရေးကြီးလှပါတယ်။

ဇွန်လ ၂၃ ပြောပြန်ရင်လည်း ကြောင်မင်းလွန်ရာကြမယ်…မန်းဂေဇက်မှာ ပုံမှန်ဝင်ရေးသူရာဂဏန်းနီးပါး၊ ပင်တိုင်ဖတ်သူထောင်ဂဏန်း၊ အဖွဲ့ဝင်ထောင်ပေါင်းများစွာရှိပေမဲ့ ကိုယ်ရပ်ရွာအကြီးအကဲ အကြောင်းကြတော့ စိတ်ဝင်စားသူ ၃ဝမပြည့်ဘူး။ အခုချိန်အထိ မှတ်ချက်ပေးသူ စုစုပေါင်း ၄၆ဦးရှိပေမဲ့ တဦးတမဲပြန်ခွဲလိုက်ရင် ၂၉ဦးပဲရှိတယ်။ ဘယ်နှယ်ဗှာ လျှော့ဈေးနဲ့ရောင်းရအောင် ဟင်ရွက်ကန်စွန်းလည်းမဟုတ်၊ မရောင်းပဲထားလို့ ပုပ်သိုးသွားမဲ့အစာလည်းမဟုတ်ဘူး။ ဒီတော့ များများပြောဖို့ သတ်မှတ်ဦးရေ၃ဝပြည့်ရန် ၁ဦးလိုနေသေးသမို့ ရုံဝင်လူစောင့်ရင်းနဲ့ နဲနဲလေးထပ်ပြောပါမယ်။ မေ့သွားမှာစိုးလို့ ထပ်ပြောရရင် လူ၃ဝပြည့်ရင်များများ၊ လူ၄ဝပြည့်ရင် အမှန်အကန်နဲ့ ၅ဝနင့်အထက်ဆိုရင် အကုန်ပြောမယ်ဖြစ်ပါတယ်။
သဂျီးသမီးအကြောင်းကတော့ တန်သလောက်ပြောပြီးသွားပြီဖြစ်လို့ စာဖတ်သူအချို့မေးတဲ့မေးခွန်းများကို ဖြေပါမယ်။
ဒေါ်ပဒုမ္မာမေးတဲ့ သဂျီးအိမ်တန်ဖိုးကိုဖြေရရင် ကြောင်ကြီးက အိမ်မြေအကျိုးဆောင်မဟုတ်လို့ မသိပါဘူး။
WINDTALKER မေးတဲ့ သဂျီးကို ဘယ်မှာမွေးတာလဲဖြေရရင် အင်္ဂါဂြိုလ်မှာမွေး၊ မြန်မာပြည်မှာပျက်၊ ဂျပန်ပြည်မှာပြင်၊ အမေရိကားမှာ ကြီးပွားပါတယ်။
အခြားသူများမေးတဲ့ သဂျီးသမီးအကြောင်း၊ သဂျီးအကြောင်း စတာတွေကို အပြည့်အစုံပြောဖို့ရာကိုတော့ ရုံဝင်လူမပြည့်သေးလို့ သီးညည်းခံကြပါအုံးလို့ တောင်းပန်ပါတယ်။
ဇွန်လ ၂၂၊ မနောက်ကြပါနဲ့ဗျာ။ ထောင်တန်တဲ့စကား ရယ်ရင်ပေါ့တဲ့၊ နောက်တယ် ထင်နေကြပါအုံးမယ်။ အခုအချိန်ထိစုစုပေါင်းမှတ်ချက် ၃၁ခုရှိပြီး ၂ခါပြန်၊ ၃ခါပြန် သမားတွေကို တခုစီထားတွက်လိုက်ရင် စုစုပေါင်း တောင်းဆိုသူ ၂၃ဦးရှိပါတယ်။ ဒီတော့ ကတိအတိုင်း နည်းနည်းထပ်ပြောပါမယ်။ ဒီလိုပါ ဒန်တန်တန်….
သဂျီးသမီးက သဂျီးနဲ့သဂျီးကတော်ကနေ မွေးတာပါ။ သူ့တက်နေတဲ့ကျောင်းက အသက်မပြည့်သေးလို့ ပြောခွင့်မရှိပါဘူး။ နာမည်ကိုလည်း အလားတူပါပဲ။ စိတ်မပျက်သွားကြပါနဲ ရွာကာလသားများ၊ ကျန်ပါသေးတယ်။ သူ့နာမည်ကတော့….. မသိပါဘူး။
သဂျီးစီးတဲ့ကားက နောက်ဆုံးပေါ်ပါတယ်။ ဘယ်လိုပေါ်သွားလည်းဆိုရင် သဂျီးကတော်ပိုက်ဆံနဲ့ စိုက်ဝယ်ပေးထားတာပါ။ သူတို့အချင်းချင်း ရန်ဖြစ်တဲ့အခါ အသံထွက်လာပါတယ်။ ဒီတော့ သဂျီးကတော်ကားလို့လည်း ပြောရင်မမှားပါဘူး၊ နှစ်ကုန်လို့ စိုက်ထားတဲ့ပိုက်ဆံ ပြန်မပေးနိုင်ရင် ကြွေးရှင်သဂျီးကတော်က သိမ်းမှာမိုလို့ပါ။
သဂျီးအလုပ်လုပ်တာတော့ ရုံးဌာနအကြီးကြီးတခုမှာပါ။ ဘယ်လောက်ကြီးလည်းဆို ဒိုင်နိုစော၊ ဂေါ်ဇီလာ၊ ကင်းကောင် သုံးကောင်ပေါင်းတောင် သူ့ရုံးကြီးကြယ်ပုံကို မမှီပါဘူး။ ဒါကြောင် သူဂျီးက အမြဲထောင်ထောင် ထောင်ထောင်ဖြစ်နေလို့ သဂျီးကတော်က မကြာခဏ ဆုံးမရပါတယ်။ အဲဒီအခါမျိုးဆိုရင် သဂျီးခင်မျာ ပင်ပန်းတယ် အကြောင်းပြပြီး အလုပ်ကနေ ခွင့်ယူနားနေရပါတယ်။ (စိတ်ကောက်ပြီး မနိုင်နိုင်ရာ မဲတဲ့သဘောပါ)။
၃ဝ မပြည့်သေးတော့ သဂျီးကတော်အကြောင်း၊ သဂျီးမင်းရဲ့ ရုပ်ရူပကာ၊ အကျင်စရိုက်၊ လူအများနဲ့ပေါင်းသင်းဆက်ဆံရေး စတာတွေ ပြောလို့မဖြစ်သေးဘူး။ သိပ်ပေါသွားမှာ စိုးလို့ပါ။ ရွေဥကြီးပေးပေးနေတဲ့ ဘဲငန်းကြီးကို တခါထဲနဲ့ ချက်မစားရက်ပါဘူး.. 😀

ဇွန်လ ၂၁၊ မှတ်ချက်ပြုတောင်းဆိုသူ အများကို ကျေးဇူးတင်ပါတယ်။ ယခုအချိန်ထိ ကွန်းမန့်ပေါင်း ၂၁ခုရရှိပြီး ကင်း၊ ဆူး၊ မဝေ၊ မမ လေးယောက်က နှစ်ခါစီ မန်းထားလို့ ခိုင်လုံတဲ့မဲ စုစုပေါင်း ၁ရခု ရပါတယ်။ (ဒီနေရာမှာတော့ ငါက ကြက်ဖွတ်အစိုးရထက် အပုံကြီး သမာသမတ်ရှိတယ်ကွ)။ ဒီတော့ ၂ဝမပြည့်လို့ ကတိအတိုင်း နည်းနည်းပြောပါမယ်။
သဂျီးနာမည်က တနင်္လာနဲ့ အင်္ဂါနံ ကျားနဲ့ခြင်္သေ့ပေါင်းစပ်ထားတာပါ။ Liger သို့မဟုတ် Tigress ကြောင်ကြီးမျိုးနွယ်အုပ်စုဝင် တဦးဖြစ်ပါတယ်။
နေရပ်ကတော့ ကယ်လီဖိုးနီးယားပြည်နယ် အာကားဒီးယားကောင်တီ ဟိုလမ်း အိမ်အမှတ် ဟိုဒင်းမှာပါ။
လူပြိုများအတွက် စိတ်ဝင်စားစရာ သတင်းကောင်းကတော့ သူမှာသမီးချောတယောက်ရှိပါတယ်။ အသက်က…..အင်း ရေးဖို့ တောင်းဆိုသူတွေကလည်း ထင်သလောက် မများဘူးဗျာ။ စိတ်မဝင်စားကြဘူးနဲ့တူတယ်။ သူများသမီးပျိုအကြောင်း ကျနာ်ပြောလို့ ပရိုက်ဗေစီ ချိုးဖောက်မှုနဲ့ တရားအစွဲခံရရင် ဒီပရိတ်သတ်နဲ့ တွက်ခြေမကိုက်သေးဘူး။ ပြောချင်တာတော့ ရင်ထဲအပြည့်ပါပဲ 😉
ဇွန်လ၂၀၊
ရွာသားများခင်မျာ…
ရွာအကြီးအကဲ အုပ်ရှောင် သဂျီးမင်းအကြောင်း မသိချင်ကြဘူးလား၊ သူက ကိုယ်ဖျောက်တာ တော်လွန်းတော့ နတ်လိုလို သိကြားလိုလို မှတ်သူတွေ မှတ်နေကြတယ်။ ကျနော် သူ့အကြောင်းသိထားပေမဲ့ စိတ်ဝင်စားသူ မရှိဘဲ ထုတ်ပြောရန် မသင့်လို့ ငိုချင်လျက်လက်တို့ ဖြစ်ချင်နေပါတယ်။ ကွန်းမန့်ပေး တောင်းဆိုသူ ဆယ်ဦးခန့်ရှိပါက နည်းနည်းပြောမယ်၊ နှစ်ဆယ်ပြည့်ပါက ပိုပြောပြမည်၊ သုံးဆယ်ရှိလျင် များများပြောမည်၊ လေးဆယ်ဆိုပါက အမှန်အကန်ပြောမည်၊ ငါးဆယ်နှင့်အထက်ဆိုလျင်တော့ အကုန်ပြောမည် ဖြစ်ပါသည်ခင်ဗျား…

သောက်ကျိုးနဲ့တော် တော်တီးတီးတော်ြသော ရွာသားအပေါင်း၏ ပြန်ကြားချက်ကို စောင့်မျှော်လျက်

သတင်းပေးကြောင်ကြီး

135 comments

  • weiwei

    June 20, 2011 at 3:56 am

    top secret တိုင်းက bottom open တာချည်းပဲ … 😛

  • natthamee

    June 20, 2011 at 4:22 am

    ဪ …. ဪ … သိချင်တဲ့သူတွေကို ကိုကြောင်ကြီးက ဈေးကိုင်တယ်ပေါ့ ……

  • king

    June 20, 2011 at 4:41 am

    ဈေးမကိုင်နဲ့
    ကိုဘတ်ကစ်
    ဈေးကိုင်ရင် ဘေးထိုင်နေရမယ်
    ကြောမှာ ကြောစမ်းပါဂျ
    တိချင်လှပီ ….
    😛 😀 🙂

  • shweminthar

    June 20, 2011 at 4:49 am

    သူကြီး၏ ကိုယ်တွင် မှဲ့ ဘယ်နှလုံး ရှိသည် ဆိုသည့် အကြောင်း ၊ အိပ်လျှင် ဘယ်ပုံစံ အိပ်တတ်သည် ဆိုသည့် အကြောင်း ၊ စကားပြောရာတွင် ကွမ်းဂျိုးတက်နေသော သွား ပေါ်အောင် ရီသည့် အကြောင်း ၊ စိတ်ဆိုးသော အခါတွင် နှခမ်း ရှေ့သို့ ဘယ်နှစ်လက်မခန့် ထွတ်လာသည် ဆိုသည့် အကြောင်း ၊ ခါးသို့ အမှတ်မထင် တို့လျှင် မည်သို့ ယောင်သည် ဆိုသည့် အကြောင်း ၊ သဂျီးကို အခု လို ချစ်ခင်စွာ ဖြင့် စနောက်မှုကို လဲ ဗွေမယူတတ်ကြောင်း စသည် တို့ကို ကိုကြောင်ကြီးက ဖေါက်သည် ချပါမည်။

  • usnczn

    June 20, 2011 at 4:54 am

    ဟားဟား….. တို့သူကြီးက ဟိုရုပ်ရှင် ချာလီ အိန်ဂျယ် ထဲက ချာလီ လို
    ကိုယ်ဖျောက် တော်တဲ့ မင်းသားကြီးလားဟင်…..
    ရုပ်ရှင်ထဲမှာတော့ မင်းသမီး ချောချော လေးတွေက လိုက်ရှာကြတာ..
    အပြင်မှာက မင်းသမီး နှစ်ယောက်ထဲ ရှာနေတာလား….ဟိဟိ..
    သူကြီး လုံအောင်ပုံးနော်…
    ငယ်ငယ်တုံးက ရွတ်သလို…
    တို့သကြီးရေ လုံအောင်ပုံး..ကြောင်ကြီးလိုက်ရှာပြီ….ဟာ..ဟ။

  • captainamerica

    June 20, 2011 at 5:00 am

    ကျုပ်ပါဆိုရင်ခြောက်ယောက်ရှိပြီ .. ကျန်တဲ့သူတွေလည်းထပ်မန်းကြအုန်းလေ။ ကိုကြောင်ကြီး ဂယ်နော်..
    ပြီးတော့မှ မလျှော်နဲ.. ကျုပ်တို.ကကိုယ်ရွာသူဂျီးအကြောင်းကိုသိထားသင့်တာပေါ့။ လုပ်ပါဗျ carry on 😀 😀

  • Shwe Tike Soe

    June 20, 2011 at 5:14 am

    ကိုယ်ရွာသူကြီးအကြောင်းသိထားသင့်တာပေါ့နော
    ပြီးတော့ အတုယူစရာရှိရင်လဲ ယူလို.ရတာပေါ့ဗျာ

  • windtalker

    June 20, 2011 at 5:57 am

    ဘာပဲ ဖြစ်ဖြစ် ကျုပ်တို ့အခုလို ရေးချင်တာ ရေး ။ နောက်ပြီး ဖတ်စရာ တွေ လဲ တင်လို ့ရ ။ အားလုံး ဂွတ်တဲ့ ဒီဆိုက်ကို တင်ထားပေး ။ ကျုပ်တို ့ကို ခွင့်ပြုပေးတဲ့ သူကြီး ကို တော့ ကျေးဇူး အရမ်းတင်မိတာ တော့ အမှန်ပဲ ။

  • ဆူး

    June 20, 2011 at 6:57 am

    သဂျီး အကြောင်း သဂျောင်း အကြီး…
    ဂျာနယ်တွေ ရမယ် ဂျာနယ်တွေ ရမယ်..
    သူများတွေ ၅၀ဝ နဲ့ ရောင်းတဲ့ ခေတ်မှာ ၂၀ဝ နဲ့ ရောင်းပေးနေတယ်နော်.. လာထား လာထား.. ခပ်ပေါပေါ ရောင်းပေမဲ့ သတင်းက မပေါဘူး။
    ဖုံးကွယ်ထားတဲ့ တိမ်မြုပ်နေတဲ့ ကိစ္စတွေ ပါတယ် သိချင်ရင် ဝယ်ဖတ်.. ၂၀ဝ တည်းနော်..

    • king

      June 20, 2011 at 11:53 am

      တို့ကတော့ တို့ကတော ……
      အဲ သီချင်းနဲ့ ရောသွားပီ
      အလိမ်ခံနိုင်ဝူးးးးးးဗျာ ဝယ်ဖတ်ဘူးးဗျ
      😛 လာလိမ်နဲ့ ရွာထဲမှာ နေတာကြာသွားပီ အသိအမြင်ထိုက်သင့်သလောက် သိနေပြီဗျ
      😀 😛 🙂

      • MaMa

        June 20, 2011 at 1:33 pm

        ရွာထဲမှာ နေတာကြာလို့ အကြားအမြင် ရနေပြီ ဆိုပါလား။ 🙂

    • PinkCandy

      June 21, 2011 at 4:25 am

      မမဆူး ကိုIntro ကြားသွားလို့ လာဝယ်နေဦးမယ် 😛

    • intro

      June 24, 2011 at 2:44 am

      နာ့ကို နောက်နေသလိုပဲနော်…. အန်တီဆူး 🙂

  • weiwei

    June 20, 2011 at 7:01 am

    intro က ၂၀ဝ တန် ဂျာနယ်တွေလိမ်တဲ့အကြောင်း ရေးထားပြီးပြီဆိုတော့ ဆူးက ကြော်ငြာလဲ မဝယ်ဖတ်ဘူး … ယုံဘူး … 😛

    • ဆူး

      June 20, 2011 at 1:15 pm

      ဒီလိုဆို ချက်ချင်း ဈေးတက်မယ် ၇၀ဝ နော်.. ၇၀၀.. အဖိုးနည်းတော့ အိုးကွဲတဲ့..
      အဖိုးတန် အမျိုးမှန်.. ဈေးမှန် ပစ္စည်းတန်.. အလန်းစား သတင်းတွေချည်းပဲ..
      ထိပ်တန်း ဆိုမှ ထိပ်တန်းကြီးပဲ.. တစွန်းတစတောင် မအော်ပေးနိုင်ဘူး.. အဖိုးတန် သတင်း မဝယ်သူကြား ပေါက်ကြားမှာ စိုးလို့နော်.. ၇၀ဝ ၇၀၀…

      • meelay

        June 21, 2011 at 6:18 am

        ဆူး ရောင်းသော ဈေးကြီးကြီး ဂျာနယ်အား ဝယ်ဖတ်လိုက်ရာ မည်သည့်သတင်းထူးမှ မပါပဲ ဂျာနယ်မှာလဲ လွန်ခဲ့သော ၂ နှစ်ခန့်က ဂျာနယ်ဖြစ်နေကြောင်း တွေ့ရှိရပါသည် ….. 😀

        • ဆူး

          June 21, 2011 at 6:37 am

          ပိုက်ဆံ မပေးပဲ ခဏ တောင်းဖတ်လို့ အဟောင်းထိုးပေးလိုက်ကြောင်း
          ပိုက်ဆံ ပေးမှ သတင်းပေးမှာ ဖြစ်ကြောင်း။
          ခင်တယ် ဒါပေမဲ့ စီးပွားရေး မတူညီ တဲ့ အတွက်.. 🙂

  • MaMa

    June 20, 2011 at 8:55 am

    ရုရှားသမ္မတ ပူတင် တက်ခါစက တရုတ်ပြည် သွားလည်ပြီး အထက်တန်း ကျောင်းသားလေးတွေနဲ့ ဂျူဒိုကစားတော့ သူနိုင်ရဲ့သားနဲ့ သာသာလေး ကိုင်ပေါက်တာကို ခံလိုက်တယ်။ အဲဒါကို သတင်းသမားက ပူတင် ခေသူမဟုတ်ဆိုပြီး ဆောင်းပါးရေးတယ်။ သဂျီးသည်လည်း ထို့နည်းလည်းကောင်းပါ။ 🙂

  • zaw min

    June 20, 2011 at 10:35 am

    သူဂျီးက ဂျိမ်းဘွန်းနဲ့တူတယ်။သူ့အနားမှာ ရွာသူတွေဝိုင်းဝိုင်းလည်နေတယ်။သူ့ရဲ့ ကိုယ်ရန်တော်တွေက “စမော်လေးတွေပဲတဲ့” ဂရာဖီကို မျက်လုံးထဲမှာ မြင်ယောင်မိပါသည်။
    ဟုပ်ပါသလား…ကိုကြီးကြောင်…

  • pooch

    June 20, 2011 at 1:03 pm

    ့အနော် ကြားဖူးတဲ့ သဂျီးရဲ့ ပုံစံက
    “ဘန်ကီမွန်း လို အရပ်အမောင်း”
    “နယ်လ်ဆင်မင်ဒရဲလား လို ဥပဓိရုပ်”
    “အိုဘားမား လို အသားအရေ”
    “ဆမ်ဒမ်ဟူစိန် လို နှုတ်ခမ်းမွှေး စစ”
    “ဘင်လာဒင် လို ခေါင်းပေါင်း”
    “ဂျော်နီဒတ် ကိုင်တဲ့ နှလုံးပြူး သေနတ်ကိုင်ပြီး”
    “Twilight ဇာတ်ကားထဲက ရောဘတ်ပတ်တင်ဆန် လို အေးအေးစက်စက်အကြည့်တွေ” နဲ့ ရွာသားတွေကို
    အုပ်ချူပ်တတ်တယ်လို့ ကြားဖူးပါတယ်။
    ဟုတ်လားဟုတ်လားတော့ သိပါဘူး ။ ဦးကြီးကြောင်က ပြောပြမယ်ဆိုလို့ မေးကြည့်တာပါ။
    (မဟုတ်ရင်နော်.. သဂျီးနော်.. အနော့်ကို…. နော် စိတ်ဆိုးရဘူးနော် …ဒါပဲနော် …နော့်နော်နော်…) 🙂

  • fatty

    June 20, 2011 at 2:25 pm

    သူကြီးက ဘောင်းဘီရှည်ကြီးနဲ့ပါ ..။ ညအိပ်ရင်တော့ အတိုလေးနဲ့ ..။
    ပေါက်ဖေါ်ပါ။

  • Yan Shin

    June 20, 2011 at 3:09 pm

    ကိုဂျီးကက်
    ဂယ်နှော်
    ကော်ပီ ပေ့စ် ပြီး တွမ်တီး ကွန်မန့် ကို နှိပ်ရင်
    ၂၀ဝ ပွိုင့်ရယ်
    သဂျီး အတွင်းကြောင်းရယ်
    ဟီဟိ
    ိပုံလိုက်ပိုင် ပုံလိုက်ပိုင်

  • nature

    June 20, 2011 at 4:07 pm

    ၁၉ ခုပဲရှိလို့ ၂ဝပြည့်မှ ပိုပြောမယ်ဆိုလို့ဝင်လိုက်ဦးမယ်။ ညာရဘူးနော်။ အခုဝင်လာတဲ့ ၂ဝ က လက်ရွေးစင်သောက်ကျိုးနဲတော် တော်တီးတီးတော်သော ရွာသားအပေါင်း တော်တီးတော်ရွာသားတွေလား။

  • padonmar

    June 20, 2011 at 4:20 pm

    bigcat:ဟေ့ကောင်kaiရေ။ memberတွေကို pollလုပ်ကြည့်ရအောင်။မင်းအကြောင်းဘယ်လောက်စိတ်ဝင်စားသလဲလို့။
    kai :celebrity မှမဟုတ်ဘဲကွ၊စိတ်ဝင်စားမယ်မထင်ပါဘူး
    bigcat:မင်းနဲ့ငါလောင်းမလား။
    Kai:ဘာကြေးလဲ။
    Bigcat:10ဆိုGoebel
    20ဆို Schmidt’s
    30ဆို Bosch
    40ဆိုHenieken
    50နဲ့အထက်ဆို JohnyWalker Blue
    Kai: စမ်းကြည့်လေကွာ။
    mdyleak အစစ်ပါ။

  • PinkCandy

    June 21, 2011 at 4:28 am

    ကိုကြောင်ကြီး ညာရဘူးနော်
    ညာရင် ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါး တာထက် သာတဲ့နည်းနဲ့ ဝါးစားပြစ်လိုက်မယ်
    လာထား 😛

  • manawphyulay

    June 21, 2011 at 7:24 am

    သဂျီးအကြောင်း အပ်ဒိတ်ကလည်း မပြည့်စုံသေးဘူး။ သမီးပဲ ရှိတာလား သူ့ဆီမှာ….. နည်းနည်းစုံလင်စွာ တင်ပြပေးပါဦး။ သူက အိုစမာဘင်လာဒင်ထက် လျှိုဝှက်ချက်များနေတယ်ထင်တယ်။ 🙂

  • shweminthar

    June 21, 2011 at 11:57 am

    တနင်္လာ နဲ့ အင်္ဂါနံ ဆိုတော့
    ရှေ့စလုံးက ခိုင်ပေါ့ နောက် က အင်္ဂါနံက တော့ စိုးလား
    သကြီးနာမည် ကို ခိုင်စိုး လား ကို ကြောင်ကြီးရေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 21, 2011 at 1:08 pm

    ဘယ်ကလာဟုတ်ရမှာလည်း
    KAI ဆိုတာ
    KIA ရဲ့ အဆက်အနွယ်တွေ
    သဂျီးရဲ့ ထိပ်တန်း အတွင်းရေးတစ်ခုရှိတယ်
    အဲ့ဒါလည်း ဟိုက်တန် စီးကရစ်ဘဲ
    ( တိုးတိုးလေးပြောသည် ) သဂျီးဖင်မှာ ပွေးတွေနဲ့

  • padonmar

    June 21, 2011 at 4:30 pm

    နာမည်နောက်စာလုံးက စိုး ၊အိမ်အမှတ်က သုံးလုံးပေါင်းရင် ဘူ ၊အနောက်ထန်းပင်လမ်း၊ သုခဘုံရပ်ကွက်၊Los Angeles.CA91007. မလှမ်းမကမ်းမှာ နာမည်ကြီး အထက်တန်းကျောင်းရှိတယ်၊ဒီကျောင်းရှိလို့ ဒီရပ်ကွက်က အိမ်တွေဈေးကောင်းတယ်၊ တစ်ထပ်အိမ်၊(အိမ်တန်ဖိုးက 1 million ပတ်ဝန်းကျင်)
    မှန်သလား။

    • maythakhin

      June 21, 2011 at 4:41 pm

      မေက (၃၁)ယောက်မြောက် ကော်မန့် ပေးသူဆိုတော့ (၄၀) ပြည့်ဖို့ (၉)ယောက်ပဲလိုတော့တယ်။ အင်း…..(၄၀)ပြည့်ရင်တော့ အမှန်အကန်ပြောဖို့အဆင့်ရောက်လာတော့မှာပေါ့။ 😀 😀

  • meelay

    June 22, 2011 at 4:51 am

    ဦးကြောင်ကြီးရေ ကော်မန့်က သုံးဆယ်ကျော်ပြီဆိုတော့ လေးဆယ်ပြည့်တော့မှာပဲ … မပြည့်ခင် ပြောပြလိုက်လို့ ရဘူးလား ….သိချင်လှပြီ 😀

  • weiwei

    June 22, 2011 at 5:03 am

    ကွန်မန့် ဝင်ပေးပြန်တော့လဲ တစ်ယောက်ထဲက အများကြီးပေးထားရင် တစ်ခုပဲယူတယ်ဆိုတော့ အပိုဖြစ်နေတာပေါ့ …. 😛
    သူက မရေတွက်ပေမယ့် ၁ဝ ရတယ်ဆိုတော့ ထပ်မန်းပေးလိုက်တယ် … 🙂

  • windtalker

    June 22, 2011 at 5:43 am

    သူကြီး ကို ယူအက်စ် မှာ မွေးတာလား ။ သို ့မဟုတ် မြန်မာပြည်မှာ မွေးပြီး မှ ယူအက်စ် ကို ရောက်တာလား အကိုကြောင် အကောင်ကြို ။

  • akswe

    June 22, 2011 at 7:02 am

    ဘာမှ မန်းမလို.မဟုတ်ဘူး
    သက်သက် ဝင်လာတာ.. ကော်မန်းတွေ လျှောက်ဖတ်ပြီး ဘာမှမဟုတ်တာလဲ မရေးထား၊ ဘယ်သူ.မှလည်း မထိခိုက်၊အားလုံး
    ရယ်စရာ အပျော် ရေးထားတဲ့ ကော်မန်.တွေကို ဂျေဝင်ပြီး တစ်ယောက်ယောက်က အတော်များများကို လိုက်နီထားတယ်။
    ဥပမာ မမရဲ. ကော်မန်.လိုမျိုး ပူတင် ခေသူမဟုတ် ဆိုတာ ဘယ်သူ့မှမထိခိုက်ဘဲနဲ့ အကြောင်းမဲ.နီနေတယ်။
    အဲဒါ ေsါက်မြင်. ကပ်လို. အကုန်ဝင်ပြီးစိမ်းပြစ် လိုက် တယ်။
    ခုတစ်လော ဒါမျိုးတွေ တွေ့နေတာ သတိထားမိတာ များနေပြီ တမင် လိုက်လုပ်နေသလိုပဲ
    အောက်ဘက်ကကော်မန်.တွေကြည်. ကြပါဦး

    manawphyulay says:
    ဆာဗာတော့ မဟတ်လိုက်ပါနဲ့ ညီမလေးရာ… နေ့တိုင်း ဖတ်ချင်တဲ့သတင်းလေးတွေ မိုးလင်းတာနဲ့ ဖွင့်နေကျ မန်းဂေဇက်လေးကို မမြင်ရမှာဆိုလို့ပါနော်….

    June 21, 2011 11:58 am
    nature says:
    ဆူးရေ တစ်သိန်းပြည့်ခါနီးလို့ ကြယ်၂ပွင့်ဖြစ်သွားတာ ထင်တယ်။

    ဆူး says:
    မော်ဒရိတ်တာ မယူထားပါဘူး။
    ကွန်မန်းတွေ နဲ့ လေပေါလွန်းလို့ ကြယ်နှစ်လုံး ဖြစ်သွားတာပါ။

    nature says:
    အိ်မ် သာတော့ ဧည့်လာတာပေါ့။ (အိမ်သာ မဟုတ်ပါ)

    windtalker says:
    သူကြီး ခင်ဗျား ။ မသိတာလေး မေးချင်လို ့ဖြေပေးစေချင်ပါသည် ခင်ဗျား ။ 21.6.2011 ကျွန်တော် တင်တဲ့ ပို ့စ်မှာ edit ထဲ တွင် တော့ Word count: 984 လို ့ဖော်ပြ ထားပါတယ် ။ တစ်ကယ်တမ်း home page ကနေ ဝင်ကြည့်လိုက်တော့ has wrote 23 articles on this blog. လို ့ပဲ တွေ ့ရ ပါတယ် ။ အဲဒါ ဘယ်လို ကွာခြား သလဲ ဆိုတာလေး သိချင်ပါသဖြင့် ကျေးဇူးပြု ပြီး ဖြေပေးပါ ခင်ဗျား ။ ကျေးဇူး တင်ပါသည် ခင်ဗျာ ။

    ဒိလိုမျိုး ကော်မန်.တွေမှာ ဘာ များ like or dislike လုပ်စရာရှိလဲ အဲဒါတွေနီနေတယ်။ ရန်စရှိရင် လုပ်တာမျိုးလားမသိဘူး။
    အခု လဲ ဒီကော်မန်.နီဖို. သေချာတယ်။

    • weiwei

      June 22, 2011 at 7:10 am

      အဘဆွေကို အစိမ်းတစ်ခုပေးလိုက်ပါတယ် …

      • akswe

        June 22, 2011 at 8:18 am

        ရှဲရှဲ ပါ မဝေ .. အဲ ..မဝေရဲ့ကော်မန်.တွေလဲ ပါတယ် ဟို တစ်စုံတစ်ရာ တစ်ခုငါးဆယ် ဆိုတာ..နီနေတယ်
        ပြီးတော.
        mg ရ့ာသူ/သားများ မင်္ဂလာပါ ခင်ဗျာ( မျိုးဟန်ထွန်း) ပိုစ့်မှာ လည်း ကြိုဆိုတဲ.ကော်မန်.တွေ မှာ နီစရာမရှိပဲနဲ. ရဲပဒေါင်းခတ်နေတာပဲ ကိုပေါက်ရဲ.ကော်မန်.ပါ ပါတယ်။

        • PinkCandy

          June 22, 2011 at 9:34 am

          ရွာသူရွာသားအချင်းချင်း ရိုင်းပင်းကူညီနေလိုက်ကြတာ 🙂

    • MaMa

      June 22, 2011 at 10:53 am

      စေ့စေ့စပ်စပ်ဖတ်ပြီး ရွာထဲက မီးနီတွေကို ပျောက်သွားအောင် ကြိုးစားပေးတဲ့ (အများအခေါ်) အဘဆွေကို ကျေးဇူးအထူးပါ။ မီးနီနှိပ်တဲ့လူတွေကတော့ သီချင်းရေးဆရာ စောခူဆဲရဲ့ ဆွေတော်မျိုးတော်တွေပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဘယ်သူတွေဘယ်လို ရန်ငြိုးထားတယ် မသိနိုင်တာကြောင့် ဘယ်လို ပြုပြင်ရမလဲလည်း မသိပါ။ သို့ပါ၍ ရွာထဲမှာ စိတ်မထိန်းပဲ ဘာ့ကြောင့် မီးနီတွေ ပေးရတာလဲ လို့သာ မေးလိုက်ချင်ပါတော့တယ်။

      • king

        June 24, 2011 at 4:24 am

        မီးပွိုင့်ပျက်နေလို့ဖြစ်ရမယ်
        တစ်ချိန်လုံး လိုက်နီနေတာဆိုတော့ …
        😀

    • nature

      June 22, 2011 at 2:13 pm

      akswe ရေ ကျနော်လည်းသတိထားမိတယ်။ ကျနော်လည်း ပုံမှန် comment အနီလေးတွေတွေ့ရင်စိမ်းပေးပါတယ်။ ရွာသားတွေစည်းလုံးညီညွတ်မှုကို စမ်းသပ်တာလဲ ဖြစ်နိုင်ပါတယ်။ တခုဖြစ်နိုင်တာကတော့ အပျော်ကဘော စရင်း နောက်ရင်း comment ပေးလိုက်တာ တယောက်သောသူရဲ့ အရှိုက်ကို မတော်တဆ သွားထိမိတာ ဖြစ်နိုင်ပါတယ်။ တဖက်လူကလေးလေးနက်နက် ရေးနေတာကို စနောက်မိရင် အင်မတန်အခံရ ခက်တတ်ပါတယ်။ ကျနော်ရေးသော comment သည် နစ်နာစေလိုသောဆန္ဒ မရှိပဲ ရွာသားတဦးတယောက် အား ထိခိုက်နစ်နာခဲ့ရင်သီးခံခွင်လွှတ်ပါရန် အနူးအညွတ်တောင်းပန်အပ်ပါတယ်။

    • pooch

      June 23, 2011 at 10:13 am

      အနော်လည်း အဘဆွေ ကို အစိမ်းတခု ပေးလိုက်ပြီ

  • shwe ni

    June 22, 2011 at 8:25 am

    ခုထိတော့ဘာမှ မပါသေးဘူနော် . အဖြေရစေရန်အလို့ငှာဝင်မန့်လိုက်ပြီ လတ်တလော (၁၀) ရပြီ

  • ရွှေဘိုသား

    June 22, 2011 at 11:28 am

    သူကြီးသမီးကို ပွဲထွက်ခိုင်းပါတော.ဗျို.
    ပရိတ်သတ်တွေ မျှော်နေပါပြီ

  • ကိုကိုကိုင် ဆိုတဲ့သူကြီး
    အပျိုတွေနဲ့ မြိုင်ချင်တဲ့ကြောင်ကြီး
    သိပ်ကို သူကြီးအကြောင်းသိချင်တဲ့ရွာထဲကလူများ
    ကဲအခု ပြေးပြီးမေးလိုက်ကြရအောင်
    ကဲသွားမယ်လေ……………..
    အကြားအမြင်ဆရာဆီကို

  • ချစ်စ/ဆ ရာ

    June 22, 2011 at 12:10 pm

    နှလုံးပျူးကြီးကို ပြောင်းပြန်ကြီးကိုင်၍သူကြီးထွက်လာသည်
    ( သေနတ်ကို ပြောင်းပြန်ကြီးလွယ်လာသည့်အတွက် ပြောင်းဝမှာ အောက်ဆိုက်နေသည်ကိုဆိုလိုပါသည် )
    ငါ့သမီးမရှိတော့ဘူး..ငါ့သမီးမရှိတော့ဘူး
    ဟို
    ရေမျောကမ်းတင် ဓာတ်တိုင်သေးပေါက်
    ဂျော်နီဝါကားပုလင်းအလွတ်ထည်းကို
    ထန်းရည်ထည့်သောက်တဲ့
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ကောင်
    သရဲမျက်နှာဖုံးတပ်ပြီး
    ငါ့သမီးကိုဘတ်သွားပြီ
    သရဲမျက်နှာနဲ့လူ
    သရေပေါ်အိပ် သရေနားစား
    အကြံပက်စက် ပတ်ကြားအက်လောက် ဇောက်မနက်တဲ့အကောင်
    ငါရေချိုးနေတုန်း
    ငါ့သမီးအမှတ်နဲ့ ဝင်ချောင်းရင်း
    ငါ့ဖင်မှာပွေးပေါက်နေတာတောင်ဒီကောင်သိသွားပြီ

  • ဆူး

    June 22, 2011 at 12:28 pm

    အနီ ကိစ္စတော့ စိတ်ထဲ မထားတော့ဘူး အဘဆွေ ရေ..
    အသံတိတ် လက်နက်လို ဖြစ်နေတဲ့ အနီ အမှတ်အသား ရသွားတာပါ။

  • မင်းပြည့်ရှိန်

    June 22, 2011 at 3:43 pm

    ဟရေး….
    တဂျီး အကြောင်းနော်…..တအား…..တိချင်ဒယ်နော်..
    တဂျီး တမီးအကြောင်းနော်.. ပိုပြီး…. တိချင်ဒယ်…..

    ကိုကျောင်ဂျီးနော်…. တအားနောက်တယ်..
    အရမ်း.. တိချင်တယ်နော်.. တဂျီး တမီးအကြောင်း…
    ပြောပြမယ် ပြောဒယ်နော်…
    ပြောမပြဘူး…
    တအားနော်.. စိတ်ဆင်းရဲဒယ်..

  • weiwei

    June 23, 2011 at 4:10 am

    ဦးကြောင်က တစ်နေ့တစ်ခါ update လုပ်ပြီး တစ်နေ့ ရွှေဥတစ်လုံးဥနေတယ်ဆိုတော့ …
    ဒီပို့စ်ထဲမှာ တစ်နေ့ ၁ဝ ဝင်ယူလိုက်တယ် ….

  • windtalker

    June 23, 2011 at 6:44 am

    akswe ပြောမှ ပဲ သိမိတော့တယ်ဗျာ ။ အဘယ်သို ့သော အကြောင်းကြောင့် မီးနီ ပြရသနည်း ဆိုတာလေး ကို မီးနီ ပြ တဲ့သူ က အောက်ကနေ ဖြေရှင်းချက်လေး ရေးပေးမယ် ဆိုရင် ပိုကောင်းမယ် ထင်ပါတယ် ။ ဒါမှ ဆင်ခြင်စရာ ဆိုရင် ဆင်ခြင် နိုင်တာပေါ့ နော် ။

  • antimoe

    June 23, 2011 at 9:52 am

    တို့များလည်း…သိချင်ပါတယ်။
    Kaiဆိုတာ…ဂျပန်လို
    ၁) ပင်လယ် လို့အနက်ရပါတယ်…=ဘယ်သူကပယ်ထားတဲ့…..ပါလဲ။
    ၂)အဝယ် လို့အနက်ရပါတယ်…=ဘယ်သူကအ…ပြီး …ဝယ်ထားတဲ့…..ပါလဲ။
    နောက်တာပါ။
    ဒီလောက်…တက်ကြွတဲ့အဖွဲ့ဝင်တွေကို….
    ဘယ်လိုနည်းနဲ့…adminလုပ်မလဲဆိုတာ..စဉ်းစားရလို့
    မနှစ်ကထက်တော့…ဆံဖြူတွေ…..ပွားနေတော့မှာပဲ..လို့..စိတ်ပူနေပါတယ်။

  • natthamee

    June 23, 2011 at 9:59 am

    ဟုတ်ပ ဆူးရေ၊ နတ်သမီးလဲ ဒီပို့စ်ထဲမှာ တစ်နေ့ ၁ဝ ဝင်ယူလိုက်ဦးမယ်နော် ….

  • Big Defender

    June 23, 2011 at 10:55 am

    မီးနီပြပါတာဆိုမှတော့ရပ်တော့ပေါ့
    မရပ်ရင်တော့ရွာတော်ပီကယ်နဲ့တွေ့မှာနော် ဟဲဟဲ

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 23, 2011 at 12:08 pm

      သေချာတာကတော့
      ကိုကြောင်ကြီးက
      ပွိုင့်ငါးဆယ်ပြည့်သွားပြီဖြစ်တဲ့အတွက်
      လန်းသွားပြီ

  • windtalker

    June 23, 2011 at 12:36 pm

    စော်ကား မော်ကား ရေးထားတာလည်း မဟုတ် ။ မိုက်ရိုင်းပြ ထားတာလည်း မဟုတ် ။ ဒီလို ကွန်မင့်မျိုး ကို ပို ့စ်မျိုး ကို မီးနီ ပြ ခံ ထားရမယ် ဆိုရင် တော့ မရပ်နိုင်ဘူး ကို ဘစ်ဒီဖက်ဒါ ရေ ။ ဥပမာ အခု ခင်ဗျား ကွန်မင့် ကို မီးနီ ပြ လိုက်ရင် ခင်ဗျား ဘယ်လို နေမလဲ ဗျ ။

Leave a Reply