Untitled 1…

lu ta loneMay 4, 20101min400

အောက်ခြေလွတ်နေတဲ့ ငါ…

ဘယ်အခါမှ (ဖုတ်ခနဲ) ပြုတ်ကျမယ် မသိ…

ပါးပါးလေး ချစ်မိတောင်

ဒီလောက်ထိလွတ်နေရင်…

များများလေးသာ ချစ်ခွင့်ရရင်

ဘယ်လောက်များ လွင့်ထွက်(မိ) မလဲ … ငါမသိ…

ကောင်မလေးရေ…

မင်းနဲ့ ဝေးကွာမှု    အသက်ရှုမှု ခဏရပ်

ဘယ်ဘက်မှာ ရပ်မလဲ… မမေးပါနဲ့

ငါ ဘယ်အကွက်ကို ရွေးမလဲ

မင်းသိပါတယ်…

ရင်နဲ့ ရင်းတဲ့   ချစ်ပျိုးပင်လေးကို

နှလုံးသွေးမြေဆီ   မျက်ရည်အာပေါဓာတ်

လိုအပ်ရင်   အသက်နဲ့ ခန်ဓာပေး

သူလေးသာဖြစ်ထွန်းရင်   ငါ..နစ်မွန်းပါစေတော့….