သင်တို့ပျော်ရွှင်စရာ ဗဟုသုတကမ္ဘာ (၁)

နွယ်ပင်June 20, 20111min27125

ဒီတစ်ခါ ရွာသူရွာသားတွေအတွက် အပျင်းလဲပြေ ဉာဏ်လဲရွှင်စေပြီး ဘယ်လောက် မှတ်သားတားတယ် ဗဟုသုတတွေ ဘယ်လောက်ရှိနေတယ် ဆိုတာကိုပါ သိနိုင်မယ့် ကဏ္ဍာလေးကိုတင်ချင်ပါတယ် .. ဒီပိုစ့်လေးမှာ နွယ်ပင်က နွယ်ပင်သိထားတဲ့ ဗဟုသုတလေးတွေကို အမှား / အမှန် ပုံစံလေးနဲ့ ပြောပြထားပါတယ် မှန်တယ်လို့ထင်ရင် မှန် ကို ရွေးပေးပြီး မှားတယ်လို့ထင်ရင်တော့ မှား ကို ရွေးပေးကြပါနော် ။

၁ ။ ပင်လယ်ဂဏာန်း၏ သွားများသည် အစာအိမ်ထဲတွင်ရှိသည်။ (မှား /မှန်)

၂ ။ လင်းပိုင်တွင် သွား (96) ချောင်းရှိသောကြောင့် အစာများကို ဝါးစားနိုင်သည် ။ (မှား /မှန်)

၃ ။ ကီဝီငှက်၏ မျက်လုံးသည် အလွန်အားကောင်းသောကြောင့် ညအမှောင်ထဲတွင် ကောင်းစွာ ပျံသန်းနိုင်သည် ။ (မှား /မှန်)

၄ ။ သပိတ်လွယ်ငှက်သည် တီကောင်များ၏ သွားလာသံကိုပင်ကြားနိုင်လောက်အောင် နားပါသည့် ငှက်ဖြစ်သည် ။ (မှား /မှန်)

၅။ လိပ်ပြာတွင် လျှာမရှိပါ ။ (မှား /မှန်)

အဖြေလေးတွေဖြေပေးကြဦးနော် ။

25 comments

  • zaymdy

    June 20, 2011 at 7:19 am

    မှန်တယ်ဟာမှန်
    မှားတယ်ဟာ မှား 😛

  • နွယ်ပင်

    June 20, 2011 at 7:48 am

    မနောက်ပါနဲ့ zaymdy ရယ်
    အဲလိုတော့ ဘယ်ရမလဲ နံပါတ်စဉ်လေးတွေနဲ့ မှားလား မှန်လားဖြေပေးမှပေါ့ …

  • esz88

    June 20, 2011 at 7:55 am

    No.1 မှား
    No.2 မှား
    No.3 မှန်
    NO.4 မှန်
    NO.5 မှန်

  • ဆူး

    June 20, 2011 at 8:07 am

    မနောက်ပါဘူး မေးခွန်းတွေကို ဖြေဖို့ အချိန် ဘယ်လောက် ပေးမလဲဟင်..
    အခု ဖတ်လိုက်တဲ့ အချိန်မှာတော့ တော်တော် များများ မသိဘူး။

    လင်းပိုင်ကတော့ သွားရှိတယ် ဝါးစားတာ တခါမှ မမြင်ဘူးဘူး။

    တခြားဟာတွေကိုတော့ မသိပါဘူး။

  • နွယ်ပင်

    June 20, 2011 at 8:19 am

    ဆူးရေ အချိန်ကတော့ ဆူးလိုချင်သလောက်ပေါ့ အဖြေမှန်ကိုတော့ မနက်ဖြန်ကျမှ ပဲပြောပြမယ်လေ
    ကျန်တာတွေလဲ စဉ်းစားကြည့်ပါဦး တစ်ခါတစ်လေ ဒီလို အကြောင်း အရာ
    သေးသေးလေးတွေက ကိုယ်ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ တစ်ကြောင်းစ နှစ်ကြောင်းစ
    ပါတက်ပါတယ် .

    • esz88

      June 20, 2011 at 8:44 am

      အဖြေမှန်လေး ပြောပါဦး

  • နွယ်ပင်

    June 20, 2011 at 9:03 am

    မလောပါနဲ့ esz88 ရယ် မနက်ဖြန်ဆိုပြောပြမှာပါ
    အခုဟာက တစ်ခြားသူတွေဖြေပေးဖို့ ထားလိုက်ပါဦးလေ

  • cobra

    June 20, 2011 at 9:05 am

    မေးခွန်းတွေကနညမ်းနည်းလေးခက်နေသလားလို့…။

  • cobra

    June 20, 2011 at 9:15 am

    မေးခွန်းတွေကနညမ်းနည်းလေးခက်နေသလားလို့…။

  • etone

    June 20, 2011 at 9:30 am

    တစ်ခုမှလည်း သိတာမပါဘူး … နံကြားထောက်ပြီး ရမ်းရွှီးဦးမှ .. ။
    1. မှန်
    2.မှား
    3.မှန်
    4.မှား
    5.မှား

    • နွယ်ပင်

      June 20, 2011 at 9:45 am

      etone ကမဆိုးဘူးပဲ နံကြားထောက်ဖြေတာတောင် (2) ခုပဲ မှားဖြေတယ်

      • z @

        June 20, 2011 at 10:34 am

        ဘယ်နှစ်ခုမှန်လဲဘယ်ပြောပါနော်

      • etone

        June 21, 2011 at 7:03 am

        အဟီးတယ် ဟုတ်ပါလား ငါးခုမှာ နှစ်ခုမှားဆိုတော့ … ကံတရားက ခြောက်ဆယ်ရာခိုင်နှုန်းလောက် ကိုယ့်ဘက်မျာ ရှိတယ် 😀

  • စုံ စုံ

    June 20, 2011 at 9:37 am

    ဟိုးအရင်ထက်ထက်မိုးဦးနဲ့ကလေးလေးတယောက်
    ကြော်ငြာတဲ့Ve Ve အချိုရည်ထဲကလိုမျိုးလေသံနဲ့ဖြေလိုက်မယ်နော်

    ဘာ ဘာ ဘာမှတိဘူး……… 😀

  • Snowy

    June 20, 2011 at 11:59 am

    1. မှန် တယ်လို့ပြောလို့ရတယ်
    (They have tooth-like structures in their stomachs in a chamber called the gastric mill which performs food processing, just like the teeth in your mouth)
    2. မှား
    (Dolphins do not chew their food but rather swallow whole)
    3. မှား
    4. မှန်
    5. မှား

  • windtalker

    June 20, 2011 at 12:51 pm

    မှန်သည် မှားသည် ထို နှစ်လီ မောင်ပေ မသိပါ ။

  • pooch

    June 20, 2011 at 2:10 pm

    ၁။ မှန်
    ၂။မှား
    ၃။မှား
    ၄။မှန်
    ၅။မှား

  • zaw min

    June 20, 2011 at 2:40 pm

    မေးခွန်းအားလုံးမှားပါတယ်။ဟုပ်သောရှိ မဟုပ်သောရှိ လောလောဆယ်တော့ ၁ဝပွိုင့်ရသွားပါပီ။….

  • Yan Shin

    June 20, 2011 at 2:56 pm

    ဖြေကြည့်မယ်
    ၁။ မှား
    ၂။ မှား
    ၃။ မှန်
    ၄။ မှန်
    ၅။ မှား

    အားလုံးမှန်ရင် ဘာကြွေးမှာလဲ?

  • Yan Shin

    June 20, 2011 at 2:57 pm

    ဖြေကြည့်မယ်
    ၁။ မှား
    ၂။ မှား
    ၃။ မှန်
    ၄။ မှန်
    ၅။ မှား

    အားလုံးမှန်ရင် ဘာကြွေးမှာလဲ?

    ဘာပဲဖြစ်ဖြစ် (အပေါ်က) ကိုဇော်မင်း မှန်ပါတယ်။

  • king

    June 20, 2011 at 3:08 pm

    ငါလည်း အောင်မှတ်ယူလိုက်မယ်
    ၁။ မှား
    ၂။ မှား
    ၃။ မှား
    ၄။ မှား
    ၅။ မှန်

    မှန်/မှား မသိ ၁ဝ ရတာပဲ ငါသိ၏ … 😛

  • chitpyae

    June 21, 2011 at 12:42 am

    ဟင့် မမနွယ် ရဲ့ မေးခွန်းတွေက ခက်သလိုပဲ …..
    သေချာတယ် ဆပ်ပလီတော့ ထိမှာပဲ 🙂
    ဒါပေမဲ့ 10 မှတ် ပေါင်းထည့် ပေးရင်တော့ အောင်မှတ်နီးပါးပဲ 🙂

    • နွယ်ပင်

      June 21, 2011 at 2:56 am

      ၁။ ပင်လယ်ပင်လယ်ဂဏာန်း၏ သွားများသည် အစာအိမ်ထဲတကယ်ရှိပါသည် ။
      ၂။ လင်းပိုင်တွင် သွား (96) ချောင်းရှိသောလည်း အစာကိုတော့ ကိုက်ဖြတ်စားသောက်ခြင်း မပြု့ပဲ မျိုချတက်ပါတယ် ။
      ၃ ။ ကီဝီငှက်၏ သဘာဝအားဖြင့် မျက်လုံးအားနည်းသည့် ငှက်ဖြစ်ပါတယ် ။
      ၄ ။ သပိတ်လွယ်ငှက်သည် တီကောင်များ၏ သွားလာသံကိုပင်ကြားနိုင်လောက်အောင် တကယ်ပဲ နားပါသည့် ငှက်ဖြစ်သည် ။
      ၅ ။ လိပ်ပြာ၏ လျှာသည် သူ၏ ခန္ဒာကိုယ်အလျားနှင့် အတူတူပင်ဖြစ်သည် ။

      သည်တော့ အဖြေမှန်က
      ၁။ မှန်
      ၂။ မှား
      ၃။ မှား
      ၄။ မှန်
      ၅။ မှား

  • ဆူး

    June 21, 2011 at 6:04 am

    တခုတည်း ဖြေတာ တခုတည်း မှန်သွားတယ်။
    အဟေးး ပျော်လိုက်တာ..

  • Yan Shin

    June 21, 2011 at 3:25 pm

    ဒါပါပဲ

    ပညာရှိ သတိဖြစ်ခဲ ဆိုတာ…. တိမ်

Leave a Reply