MG ရွာသို.လူဆိုးတွေဝင်ကြောင်း

ေရႊဘိုသားJune 20, 20111min21339

 

သူကြီးတပည်.ကျော်မောင်ဂျော်နီအောင်ပုအပြေးလေရောက်လာတော. သူကြီးကဘာဖြစ်လို.

အမောတကောပြေးလာတာလဲလို.မေးတော. ဂျော်နီက သူကြီး လူဆိုးဗိုလ်ကြောင်ကြီးတို.အဖွဲ.

ကျွန်တော်တို. MG ရွာရဲ.နံမည်နဲ.လိုက်အောင်လှတဲ.အလှဆုံးအချောဆုံး မနောဖြူလေး ဆိုတဲ.

ကောင်မလေးကို ညတုန်းကဖမ်းသွားတယ်တဲ.သူကြီး ဟေဟုတ်လား ဒါဆိုမောင်းထုပြီးလူစုကွာဂျော်နီ

ဟုတ်ကဲ.သူကြီးဆိုပြီး ဂျော်နီအောင်ပု မောင်းထုပြီးလူစုပြီး လူစုံတော. ရွာသား Bigcat ကထပြီး

သူကြီး လူဆိုးကြောင်ကြီးတို.အဖွဲ. မနောဖြူလေးကို ရွာနောက်ဖက်က တောအုပ်ထဲခေါ်သွားတယ်လို.

ထပြောတဲ.အခါ မင်းဘယ်လိုလုပ်သိလဲ Bigcat ဆိုတော.ကျွန်တော်ညက လယ်ထဲကရေယူပြီး ပြန်လာ

တော.လှမ်းမြင်မိတာပါ။ လူအုပ်တစု တောအုပ်ထဲဝင်သွားတာတွေ.မိတာပါဆိုတော. သူကြီးက

ရွာသားတို. အိမ်ပြန်ပြီး ရရာလက်နက်ယူခဲ.ကြပါ ပြီးရင်တောထဲကိုလိုက်ကြမယ်ဆိုတော.

ရွာသားတွေလည်း အိမ်ပြန်လက်နက်တွေယူကြပေါ. ကဲဂျော်နီ ငါ.နှစ်လုံးပြူး သေနတ် ယူခဲ.ဆိုတော.

သေနက်ကမတွေ.ဘူးဆရာ ဒါဆိုဘယ်ရောက်နေလဲကငါ.နှစ်လုံးပြူးကဆိုတော. သူကြီးကတော်ညက

ပွတ်တိုက်နေတယ်လေ သူကြီးနှစ်လုံးပြူး ဖုံတက်နေလို.ဆိုပြီးတော. ဒါဆိုသူ.ကိုမေးလိုက်ကွာဆိုတော.

ဂျော်နီက သူကြီးကတော် နှလုံးပြူးဘယ်နားထားလိုက်လဲလို.မေးတော. ဟိုကြားမှာလေ

ဘယ်ကြားလဲသူကြီးကတော်ရ သေတ္တာနှစ်လုံးကြားမှာဆိုတော.မှ ဂျော်နီသေနက်ထမ်းပြီး

ဆရာတပည်.နှစ်ယောက်လူစုတဲ.နေရာသွားပြီး လူစုံတော. မနောဖြူလေးအိမ်ကို အကျိုးအကြောင်းမေးရန်

သွားကြတော. မနောဖြူရဲ. အစ်ကို မောင်ပေါက်က အိမ်ရှေ.ကြမ်းပြင်ပေါ်မှာအိပ်နေတာမြင်တော.အကုုန်လုံး

ဒေါသထွက်ပြီး နှိုုးကြတာလည်း ကိုပေါက်ကမနိုးတော. သူ.အမေကိုနှိုးခိုင်တော. ကိုပေါက်ကိုသူ.အမေ

ဘယ်လောက်ချစ်လဲဆိုရင် နှိုးတာတောင် ရိုးရိုးမနှိုးဘူး သားလူလေး ထထ လုပ်စားမှာဆိုလည်း နေမြင်.ပြီ

တောင်းစားမယ်ဆိုလည်းစောသေးတယ်ပြောတော. ငပေါက်ကလည်း စောသေးတယ်ဆိုပြီးပြန်အိပ်ပါလေရော

သူ.အမေက သားရွာလူကြီးရောက်နေတယ် ဆိုတော. ကိုလူချောက သူ.ညီမပျောက်တာမသိသေးပဲ

သူ.ကိုသူကြီးက ညကမူးပြီးဆူလို. လာဖမ်းတယ်ထင်ပြီး သူကြီး ကျွန်တော်အိပ်ရေးမဝသေးဘူးဗျ

ထိပ်တုံးခတ်မယ်ဆိုလည်းထိပ်တုံးယူလာပြီး အိပ်နေတုန်းခတ်သွားလိုက်ပါလို.ပြောတော.

သူကြီးကစိတ်တိုပြီး မင်းညီမကိုလူဆိုးတွေဖမ်းသွားလို.ဟဆိုမှထတော.တယ်

ဒါနဲ.လူစုံလို. တောအုပ်ကိုလိုက်သွားတော. မနောဖြူလေး တစ်ယောက်ထဲ

တောအုပ်ထဲမှာထိုင်နေတာတွေ.တောအကုန်လုံးဝမ်းသာတာပေါ. ဘာမှမဖြစ်တာကိုပဲတော်သေးတယ်ပေါ.

ဒါနဲ.သူကြီးလည်း မနောဖြူ နင်.ကို လူဆိုးတွေဒီတိုင်းထားခဲ.ကြတာလား လူကိုရန်မမူဘူးလားမေးတော.

ဘာမှရန်မမူပါဘူးသူကြီး ရွာသားတွေညက သူတို.ကိုလိုက်ဖမ်းရင်အကာကွယ်ရအောင်လို.ခေါ်တာလို.

ပြောပါတယ်။သူတို.က သူကြီးတို.ဆရာတပည်.ကို သတ်ချင်လို.ရွာထဲဝင်တာပါတဲ. သူကြီးက

လူဆိုးဗိုလ်ကြောင်ကြီး အရမ်းချစ်တဲ. မိဂျမ်းကိုလုယူသွားလို.ပါဆိုပြီးပြောတယ် ပြီးတော. မှာသွားသေးတယ်

နင်တို.ရွာ သူကြီးကိုပြောလိုက် နောက်နေ.မှရွာကိုလာပြီး မီးလောင်တိုက်သွင်းမယ်တဲ.သူကြီးဆိုပြိး

ရွာပြန်လာကြတယ်ပေါ.။

 

နောက်နေ.လည်းရောက်ရော သူကြီးနဲ.တပည်.ကျော် ဂျော်နီအောင်ပု ရွာမှလုံးဝကိုပျောက်သွားပါကြောင်း

သူကြီးကတော်လည်း သူကြီး၏နှစ်လုံးပြူး သေနက်ကိုကိုင်ပြီး လုပ်ကျွေးမဲ.လူမရှိတာနဲ.

မုဆိုးမလုပ်သွားပါကြောင်း။ MG ရွာကြီးလည်း သူကြီးမရှိမှ အေးအေးချမ်းချမ်း နေထိုင်၍ရပါကြောင်း

 

ရွာသားတစ်ချို.နာမည် များကိုသုံးထားတဲ.အတွက် တောင်းပန်ပါတယ်ခဗျာ

ုMG ရွာထဲမှာဆိုတော. ယုတ္တိရှိအောင်လို. ရွာထဲကလူတွေနာမည်ကိုယူသုံးထားတာပါ။

ဘာရယ်မဟုတ်ပါဘူး ဟာသ အနေနဲ.ရေးထားတာပါ။ သူကြီးကို ဖဲ.ထားတာမဟုတ်ပါဘူးဗျာ ပွိုင်.လေးတွေလည်းမနှုတ်လိုက်ပါနဲ.

ကြိုပြောထာရတာ နည်းနည်းပဲရှိတာမို.

39 comments

  • cobra

    June 20, 2011 at 8:12 am

    တော်သေးတာပေါ့…
    လူဆိုးနေရာမှာငါမပါလို့..။

    • Yin Nyine Nway

      June 20, 2011 at 2:13 pm

      တော်သေးတယ်
      ယဉ်ငြိမ်းလည်း မပါလို့ဟီး…

  • ဆူး

    June 20, 2011 at 8:35 am

    ရွှေဘိုသားရေ ပုံပြင် ပြောတာ လူ အထာ မသိပဲ လျောက်ပြောနေတယ်.. ဒါက ရန်ပွဲ အစ ဖြစ်တော့မလားပဲ.. တွေးရင်းနဲ့ စိတ်တောင် ပူတယ်။
    နောက်တခါ ပုံပြင် ရေးမယ် ဆို နာမည်တွေ ကို လွယ်လွယ် ယူမသုံးနဲ့ ပြသနာ တက်သွားလိမ့်မယ်။
    ရွာသားတွေ ရိုက်ချက်ပြင်းတယ် အထာ မသိပဲ လျောက်ရေးလို့ အငိုက်မိပြီး ပြာကျသွားလိမ့်မယ်။
    သတိထားနော်။

  • usnczn

    June 20, 2011 at 9:02 am

    ဟုတ်ပါ့.. လူတွေက နံမယ်နဲ့ လုပ်စား…အဲ မဟုတ်သေးဘူး ..နာမည်နဲ့နေတာ..
    မင်းသားနေရာကဆို တော်သေးတာပေါ့… လူဆိုးနေရာတော့ဘယ်နေချင်မလဲ၊
    နောက်ဆို မင်းသားလေးတွေအကြောင်းဘဲ ရေးနော်….။

  • PaukPhaw

    June 20, 2011 at 9:11 am

    မသိရင် အညှိုးနဲ ့တွယ်နေသလားပဲ
    တဂျီးမရှိမှ အေးချမ်းတယ် ဆိုမှတော့ တေချာတယ် တဂျီးပွိုင့်နုတ်မှာ
    😛

  • ရွှေဘိုသား

    June 20, 2011 at 9:49 am

    အားလုံးကိုတောင်းပန်ပါကြောင်း
    နံမည်လေးတွေကို ကြိုက်လို.ယူသုံးမိပါကြောင်း
    အလှဆုံးဆိုတော. မနောဖြူလေး ဆိုတာနဲ.လိုက်လို.သုံးမိကြောင်း
    လူဆိုးဗိုလ်ဆိုတော. ကိုကြောင်ကြီးဆိုတဲ.နံမည်နဲ.လိုက်လို.သုံးမိကြောင်း
    အရက်သမားကတော. ကိုပေါက်ကအပြင်မှာလည်းဟုတ်တာပဲလေ
    နောက်နောင်ယူမသုံးတော.ပါကြောင်း
    သူကြီးကိုလည်းအနုညွတ်တောင်းပန်ပါကြောင်း

    ပို.စ်ထဲကသူကြီးက ကျွန်တော်တို.ရွှေဘိုကသူကြီးဖြစ်ကြောင်း
    သူ လူကြီးဖြစ်ပြီး ရွာမှာစပါးတွေအကုန်အသိမ်းခံရလို.ပါ

    • ဆူး

      June 20, 2011 at 1:20 pm

      မလျှော်ရာ မသင့်ရာ နာမည် ယူသုံးလို့ တိုင်စာတွေ ရပြီး ပိုစ်ဖျက်မယ်ဆို ပွိုင့် ၁၀၀ဝ နော်..
      သဂျီးက သူ့နာမည် တဲ့ အပြင် သေခိုင်းလို့ ပွိုင့် ၁သောင်း မရသေးရင်လည်း အကြွေးနဲ့ ဖြတ်မယ်လို့ ကြားထားတယ်။

  • KoNyeinChan

    June 20, 2011 at 9:58 am

    မြိုင်ရာဇာတွတ်ပီဇာတ်လမ်းဖတ်ရသလိုဘဲ..
    😀 😀 😀

  • king

    June 20, 2011 at 11:35 am

    ရွှေဘိုသားရေ
    မင်းရေးချင်တယ်ဆိုရင် မူပိုင်အဖြစ် ငါ့နာမည်ကို သုံးခွင့်ပေးကြောင်း
    လူဆိုးမကလို့ လူဆိုးတပည့်ပဲ ထည့်ရေးရေး ရေးချင်သလို ရေးနိုင်ကြောင်းနှင့်
    ကျွန်တော်က စိတ်မဆိုးတတ်ကြောင်းပါ အားလုံးသိအောင် ကြေညာလိုက်ပါတယ် …………
    မှတ်ချက်။ စိတ်ဆိုးမတတ်ပေမယ့် စိတ်တော့နာတတ်တယ်ဗျ ဟီးးးးးးးးးးးးး 😛

    • zawinaing

      June 20, 2011 at 3:41 pm

      ကိုကင်း ကမျက်နှာလေးတစ်ကွက်စာ လောက်ပါရရင်ကိုဘဲ အိတ်စိုက်ပြီး ရုပ်ရှင် ရိုက်မယ့်ပုံ ပေါက်တယ် ……
      ဖြတ်လျှောက်လောက်တော့ ရပါတယ် ….. 😛

      • king

        June 21, 2011 at 5:58 am

        အဲလိုပြောနဲ့ သူများတွေတိကုန်မယ်
        အမှန်က အဲလိုပဲ လုပ်စားနေကြဗျ
        နေ့တွက်ကလေးများ ရမလားဆိုပြီးတော့လေ
        😀

  • windtalker

    June 20, 2011 at 12:50 pm

    ဒါလေးဖတ်ကြည့်တော့ ကိုပေါက် က အရက်သမား ဖြစ်လိုက် ။ တောင်းစား တဲ့ သူဖြစ်လိုက် နဲ ့ပါလား ။ ဒါလေး ကို ဒေါ ်လာ ၂ဝ ပေးရင်တော့ ကိုပေါက် က ၁ဝ ရသင့်တယ်နော် ။

  • fatty

    June 20, 2011 at 3:24 pm

    ရွှေဘိုသားရေ … မင်းကတော့စိတ်ကူးတဲ့တာလေးတွေ ရေးလိုက်တာပါဘဲ ..။
    ဒါပေမဲ့ဥိးလေးပြောပြမယ် … မင်းရဲ့ ဒီဆိုဒ်မှာရေးသက်နုသေးတယ်။
    ဒါကြောင့် ဒီကလူတွေအကြောင်း သိပ်သိအုံးမယ်မထင်ဘူး …။
    အထူးသဖြင့်ကတော့ လူတွေရဲ့ နာမယ်တွေ ထည့်ရေးတာကို စိတ်တော့မဆိုးကြပါဘူး
    ဒါပေမဲ့ အယ်ဒီတာမရှိတဲ့ ဒီလို free ဖြစ်တဲ့ ဆိုဒ်မျိုး ဆိုတာ ပိုပြီး သတိထားရပါတယ်။
    ဒီမိုကရေစီနဲ့ပြောရရင် ဒီမိုကရေစီစံနစ် တကယ်ကျင့်သုံးရင် ကိုယ့်ကိုယ်ကို သိပ်ဂရုစိုက်ရပါလိမ့်မယ်။
    ဥပမာ … မင်းရေးလိုက်တဲ့ ငပေါက် ဆိုတဲ့ အသုံးအနှုန်းမျိုး .. စဉ်းစားပြီး ရေးပါ။
    ကိုပေါက်ဟာ ဦးလေးနဲ့ ရွယ်တူလောက် ရှိပြီ … အသက်မသိရင်တော့ ရိုင်းသွားတဲ့ အသုံးအနှုံး
    မျိုးမဖြစ်အောင် စေတနာနဲ့ သတိပေးတာပါ။

  • zawinaing

    June 20, 2011 at 3:43 pm

    ဦးဖက် က အသက်ဘယ်လောက်ရှိပြီလဲ ခင်ဗျ ….
    တကယ်သိချင်လို့ပါ ….

  • ဆူး

    June 20, 2011 at 3:52 pm

    ကိုပေါက် မန်း
    fatty
    moethidasoe
    akswe (အဘဆွေ)
    မောင်မိုးညို
    ပဒုမ္မာ
    မမ
    အားလုံးက ၅ဝတန်းတွေကြီးပါပဲ

    တခြား လူတွေကတော့ ၄ဝတန်း
    ဆူး ကတော့ အသက် ၃ဝတန်း ထဲ ပါသလောက် ဖြစ်နေပြီ။

    • shweminthar

      June 20, 2011 at 4:18 pm

      ကျနော် အသက် က အခု မှ ၂ဝ ကျော်ဘဲ ရှိသေးတာပါ။
      ၄ဝ တန်းထဲ မပါ ပါဘူးခင်ဗျ။

      • ဆူး

        June 21, 2011 at 5:23 am

        တချို့များဆို.. ဆူး ထက် အသက်သာ ကြီးနေတာ ခပ်တည်တည် နဲ့ ၂ဝ ကျော်အော် သေးတယ်.. အမှန်တော့ ၂ဝ တန်း ကို ကျော် သွားတာပါ။

        • windtalker

          October 19, 2011 at 7:54 pm

          ရွာတော်ရှင် ကြီး က လဲ
          သူသုံးဆယ်နားတော်တော်ကြီးနီးကပ်နေပေမယ့်
          သူလဲပဲ ၂ဝတန်းကျော်ရုံပဲ လို ့ဆိုတိုတို

    • weiwei

      June 21, 2011 at 3:28 am

      ဒီရွာထဲမှာ ကြာကြာနေဖူးတဲ့သူဆိုရင် ဘယ်သူ အသက်ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ် …
      ဘယ်သူ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာလဲ သိနိုင်ပါတယ် …
      တစ်ခါပဲ မိတ်ဆက်ထားဖူးတဲ့ အဘဆွေကိုတောင် ကျွန်မတို့က အခုထိ သူ့အကြောင်း သတိရနေသေးတာ … အခွင့်ရတာနဲ့ အထုပ်ဖြေဖို့စောင့်နေကြတာ … 🙂
      အဘဆွေရဲ့ မယ်မင်းကြီးမကိုတောင် မမေ့သေးဘူး 🙂

      • akswe

        June 21, 2011 at 2:54 pm

        ဒီကလေးမတွေနဲ.တော. ခက် နေပါပြီ
        တစ်ခါလေး ပြောမိပါတယ် မှတ်ဉာဏ်တွေကကြောက်စရာပါကွယ် အဘလေးစားပါတယ်
        အဘရဲ့ အထုပ်ဖြေရင်တော. အစုတ်တွေထွက်ကျ လာမှာမို. ခွင်.လွတ်တော်မူကြပါ
        ဝေဝေကုလျံ လည်း စာရေးကျဲ နေတယ်နော် ပြန်အားထုတ်ပါဦး။

  • zawinaing

    June 20, 2011 at 4:02 pm

    တခြားလူတွေထဲမှာ ကျွန်တော်တော့မပါသေးဘူး … 🙂
    ကျွန်တော်က ၂ဝ ကျော်တန်း ….. 😛

    • king

      June 21, 2011 at 6:04 am

      ငါလည်းတူတူပဲ ဆိုတာပြောရင်း
      ဘာမဆိုညာမဆိုင် 10 ထပ်ယူတယ်ကွာ
      😛 😀 🙂

  • တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးလို့စတာ စိတ်ဆိုးစရာမဟုတ်ပါဘူး။
    တစ်ခုတော့ရှိပါသဗျာ ………
    ကိုယ်ကစထားလို့သူများပြန်စရင်တော့ စိတ်မဆိုးရဘူး
    ငြိမ်ခံပေးရတယ်။
    ဒါမှမျှတာလေ။
    ဟုတ်တယ်ဟုတ်?

    • manawphyulay

      June 21, 2011 at 7:07 am

      အစ်ကို တော်ထားတာဆိုတော့ လေးပေါက်ရေ… မုန့်ဖိုးပေးဦးနော်… မုန့်ဝယ်စားဖို့ ပိုက်ပိုက်မရှိတော့ဘူး… အင်တာနက်သုံးဖို့လည်း ကုန်နေလို့… နော်… 😛

  • တညင်သား

    June 20, 2011 at 6:12 pm

    ၅ဝ တန်း ၄ဝတန်း ၃ဝတန်း …..ကျွန်တောက အထူးတန်း …….:P

  • akswe

    June 20, 2011 at 8:47 pm

    ဒီကောင်မကလေး ဆူး ဟာလေ လူကြားထဲရောက်ရင် အထုပ်ဖြေပြီ
    သူတို.ဘာသာမေ့ နေကြတာကို မသိချင်ယောင်ဆောင်နေတာ မဟုတ်ဘူး
    သေမင်းကြားသွားရင်လဲဒုက္ခ…
    တော်ပြီ..စာရေး ကောင်းလို. အလည်ပြန်လာရင် မုန်.ကျွေးမယ်. အစီအစဉ် ဖျက် တယ်

    ကတို ပတောက် ရေ ဟိုကျွန်တော်တို. ကွမ်ထားတဲ. အောင်မင်္ဂလာကန်အောက်ရထားတဲ့ အစိမ်းတုံးကြီး အောင်သွားရင်
    စာရေးကောင်းတဲ့ သူတွေကို အမ်ဂျီဗိမ္မာန်စာပေဆု ပေးမယ့် စာရင်းထဲက ဆူးမကို ဖယ်ထားမှဖြစ်မယ်…

    • ဆူး

      June 21, 2011 at 5:31 am

      အထုတ်ဖြေပါဘူးကွယ်.. အဘဆွေရယ် ခေါင်းထဲ ရုတ်တရက် ပေါ်လာတဲ့ အသက် ၅ဝတန်း ကို ရေးချ လိုက်တာပါ.. အမှန်တော့ ၅ဝကျော် တန်းတွေ အများကြီး ရှိပါသေးတယ်။
      ပုံကြည့်တာနဲ့ စိတ်ပျိုကိုယ်နုတယ်ဆိုတာ သိပါတယ် အဘ ဆွေက အခုဆို အနှီးတောင် မလွတ်သေးတဲ့ ကလေး ပုံလေးနဲ့ ဆိုတော့ စိတ်တွေ အရမ်းကို တက်ကြွ လန်းဆန်းနေမယ် ဆိုတာ ယုံပါတယ်။

      စာရင်းထဲ အမြန် ပြန်သွင်းစေချင်ကြောင်း ဦးတိုက် လျှောက်ထား အပ်ပါသည် ရှင့်။

      • akswe

        June 21, 2011 at 3:13 pm

        ရပါဒယ် ပြန်လည်လျာထားစာရင်းတွေ ကို နောက်မှ တင်ပေးလိုက်မယ်
        အလျှောက်ကောင်း လို့ ခွေးလွှတ် လိုက်ပြီ ပြေးပေတော့ မြေးမရေ…

  • ရွှေဘိုသား

    June 21, 2011 at 1:55 am

    ကိုပေါက် ရဲ.နာမည်ကို ငပေါက်လို. သုံးမိတာကိုအထူးတောင်းပန်ပါတယ်ခဗျာ
    ဦးဖတ်တီး ပြောသလို ကျွန်တော်ရိုင်းသွားတာဝန်ခံပါတယ်။
    အမှန်ပြောရရင် ကိုပေါက်တို. ဦးဖတ်တို.က ကျွန်တော. အဖေအရွယ်တွေပါပဲ
    ကျွန်တော်အခုမှ အသက် 19 နှစ်ပဲရှိပါသေးတယ်။
    စာအရေးနုသေးတာလည်းဟုတ်ပါတယ်။
    ဒါ.ကြောင်းတောင်းပန်ပါကြောင်း
    ကိုပေါက်ပြောသလိုကျွန်တော်.ကိုစရင်လည်းစိတ်မဆိုးပါကြောင်းပြောကြားလိုပါတယ်

  • bigcat

    June 21, 2011 at 2:05 am

    ဟုတ်တယ် ရွှေဘိုသားရေ… ငါလည်းပြောမလို့ ဦးဖက်တီး ဦးသွားတယ်။ ဒါပေသိ သူကငါ့ထက် အများကြီးစီနီယာကြတော့ နောင်လည်းပိုစောသွားမဲ့အတူတူ အခွင့်အရေးပေးလိုက်ပါတယ်။
    မင်းရေးတဲ့ အချို့အသုံးအနှုန်းတွေက နည်းနည်းကြမ်းတယ်။ ဥပမာ – ငေ-ါက်၊ မုဆိုးမ၊ တောင်းစား
    စတာတွေက အပျက်ဖက်ကို ရောက်စေတယ်။ ဥပမာ ဦးဖက်ကို ဦးဝတုတ်၊ ဦးလူဝ စသဖြင့် ခေါ်ကောင်းပေမယ့် ပိုပျော်ချင်လို့ -က်ပုတ်လို့ခေါ်ရင် ရွယ်တူခြင်းတောင် မကောင်းတတ်ဘူး။ ကြောင်ကြီးကို ကြီးကြောင်လို့ ပြောလိုက်ရင် စတာထဲ့ ဆဲတဲ့ဖက်ကို ပိုရောက်တယ်။ မတည့်ရင် မကြိုက်ရင်တော့ ကိစ္စမရှိဘူးပေါ့ကွာ၊ စကထဲကိုက ရန်စတာပဲလေ။ ဟေ့ကောင် လီဘူး ငါကိုမင်း အဲဒီလိုခေါ်လို့ကတော့ မင်းက ဘလွတ်လို့ ပြန်ခေါ်မယ် :angry:
    ရေးထားတာလေးကြိုက်တယ်။ အထူးသဖြင့် နှစ်လုံးပြူးအကြောင်း တင်ဆက်ပုံပဲ။ အခုတော့ သဂျီးက နှစ်လုံးပြူးကို အမြောက်နဲ့ လဲလိုက်ပြီပြောတယ်။
    အပျော်လွန်သွားတာဆိုရင် ပြန်တောင်းပန်စာပိုစ် သို့မဟုတ် edit လုပ်ပြီး တခါထဲ စာထဲဖြစ်ဖြစ် မှတ်ချက် ဖြစ်ဖြစ်နဲ့ တောင်းပန်သင့်တယ်။ သူတို့ကိုလည်း အကြောင်းကြားလိုက်ပေါ့။ စေတနာနဲ့ ပြောတာပါ။ လုပ်တာမလုပ်တာ ကိုယ့်သဘော။

    • ogre

      June 21, 2011 at 3:09 am

      ကြောင်ကြီးရေ
      ငါအသက်ကတော့40ရှိပြီကွရွာသားတွေအသက်ပြောလို့
      ငါလည်းကိုယ့် အသက် လေးပြောကြည့်တာ။။။
      မင်းငါထက်ငယ်ရင် ်အေ့နမ (စကားဝှက်နဲ့ရေးလိုက်တယ်) ခေါ်ကွာ အဲမှားလို့…
      အကိုခေါ်ကွာ.. မင်းအတွက်
      ကြောင်ဋီကာဆိုပြီးရေးထားတယ် နောက်မှတင်ပေးလိုက်မယ်။။

      • bigcat

        June 21, 2011 at 4:57 am

        မသိလို့ပါ ဦးဘီလူးရယ်။ ဦးလေးရဲ့စာသားတွေ ဖတ်ကြည့်တော့ အသက်နှစ်ဆယ် လူငယ်လေးလို လန်းဆန်းတက်ကြွနေလို့ပါ။ ကျန်းမာရေးလည်း ဂရုစိုက်ပါအုံး။ ကျနော် မတွေ့လိုက်ရဘဲ ဖြစ်သွားမှာဆိုးလို့၊ မြန်မာပြည်မှာ လေးဆယ်နောက်ပိုင်းဆို ခေါက်ခနဲ့ နေ့မြင်ညပျောက် ဖြစ်တတ်ကြတယ်။ အငန်၊ အချို၊ အစပ်၊ အလေး၊ အဖန်၊ အဆီ၊ အဆိမ့်တွေရှောင်နော်၊ အခါးနဲ့အချဉ်ပဲစားပေါ့။ ကြက်မကြီးသည် လက်ကြီးတပါးဒဲ့။ ဘုရားတရားလည်း အမြဲသတိရပါ။ တော်သေးပြီ၊ ကျနော် နိုက်ကလပ်သွားပြီး ရွယ်တူ teen, twenties လေးတွေနဲ့ မြူးတူးကခုန်လိုက်အုံးမယ်။ လူငယ်တွေအတွက် ကျန်းမာရေး exercise ပေါ့ဗျာ။
        မှတ်ချက်၊ ဦးဘီလူးရဲ့ ကြောင်ဋီကာရရင် မောင်ကြောင်ကြီးရဲ့ ဘီလူးလေးချိုးကြီး ပို့လိုက်ပါမယ်။ 😮

  • PinkCandy

    June 21, 2011 at 4:11 am

    တော်သေးရဲ့ candy နာမည်မပါလို့ 😀

  • မောင်ဘလိူင်

    June 21, 2011 at 6:27 am

    ငါ့ညီ မင်းမှားမယ်နော် သူတို့မင်းကို ကြည့်နေတယ် ..
    မင်းလုပ်သမျှ အကုန်လုံးကို သိနေတယ်
    မင်း ဉာဏ်နဲရင် အားလုံးစုတ်ပြတ်ပြီးတော့ ဂိနေမယ်..
    ဂျေးမီ ရဲ ့ ပြတင်းပေါက် သီချင်းမှ

  • fatty

    June 21, 2011 at 6:46 am

    ရွှေဘိုသားရေ အဲလိုဘဲဖြစ်ရမှာပေါ့ … မှားမှန်းသိလို့ ဝန်ခံတာ အင်မတန်တန်ဘိုးရှိတဲ့
    လူ့ယဉ်ကျေးမှုပါ။ တော်ယုံလူ တချို့ မလုပ်ကြပါဘူး ..။ မင်း ကလောင်အမည်က
    ရွှေဘိုဆိုတဲ့မြို့ကိုတတ်ထားတော့ ..မြို့ရဲ့ဂုဏ်ကိုလဲထိမ်းရပါမယ်။ အတွေးလေးတွေနဲ့ဝါသနာပါရင်ရေးပါ
    အားပေးကြမှာပါ။ ငါလဲရွှေဘိုသားဘဲလေ။

  • intro

    June 21, 2011 at 7:38 am

    ရွာသူရွာသားအစုံအလင်နဲ့ စည်ကားနေပါလား….

  • ရွှေဘိုသား

    June 21, 2011 at 8:03 am

    ကျေးဇူးပါ ဦးဖတ်တီးရယ်
    နောက်နောင်ဆင်ဆင်ခြင်ခြင် ရေးပါ.မယ်။
    မြို.ဂုဏ် ကတော.ထိန်းရမှာပေါ. စာရေးတော်တဲ.လူတွေ
    မန္တလေးမှရှိတာမဟုတ်ဘူး ရွှေဘိုမှာလည်းရှိပါလားဆိုတာ ရွာသားတွေသိအောင်
    ဦးဖတ်တီး ပဲများများရေးပါလား
    ကျွန်တော် ဗဟုသုတ ပြန်ရှာလိုက်အုံးမယ် ရွှေဘိုကို ငယ်ချစ်လေး စာဥကိုလည်းလွမ်းလှပြီဗျ

  • meelay

    June 22, 2011 at 10:29 am

    ဒီရက်ပိုင်း ရွာထဲ မဝင်ဖြစ်တာနဲ့ ဘာတွေ ဖြစ်ကုန်ကျတာလဲ…….. 🙂

Leave a Reply