လူကုန်ကူးမှု ရဟန်း၊ သီလရှင်များကိုပါ ဆက်နွယ်လာ အသိပညာပေးမှုများ ဆောင်ရွက်သွားရန် အထူးလိုအပ်

klnMay 4, 20101min522

လူကုန်ကူးသူများသည် သာသနာ့ဝန်ထမ်းများကိုပါ ဆက်နွှယ်ထိပါးနေသဖြင့် သာသနာ့ဝန်ထမ်း၊ ရဟန်း၊ သီလရှင်များကိုပါထည့်သွင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အထူးလိုအပ်ကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်လျက်ရှိသော အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။ ယခုအခါတွင် လူကုန်ကူးသူများအနေနှင့် ရဟန်း၊ သံဃာတော်များကိုပါ လိမ်ညာလှည့်ဖျား၍ လူကုန်ကူးမှုဆန်ဆန်များ ကျူးလွန်နေကြသဖြင့် ယင်းသို့ပြောကြားရခြင်းဖြစ်ကြောင်း ပြည်တွင်းလူကုန်ကူးမှုနှင့်ပတ်သက်သော အင်န်ဂျီအိုအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။ “မိဘမဲ့ကလေးတွေ၊ “၀”တိုင်းရင်းသား၊ ပအိုဝ်းတို်င်းရင်းသားကလေးလေးတွေကို ကျောင်းထားပေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဖြစ်တယ်လို့တော့ သိရတယ်။ ကလေးလေးတွေက ဘုန်းကြီးကျောင်းသားတွေအနေနဲ့ အဲဒီဘုန်းကြီးကျောင်းမှာနေတော့ ကလေးများလာတော့ ဘုန်းကြီးကလည်း မတတ်နိုင်တော့ဘူး။ အဲဒီမှာ သီရိလင်္ကာက ဘုန်းကြီးကျောင်းတစ်ကျောင်းကလာခေါ်ကာ သာသနာပြန့်ပွားအောင် လုပ်မယ်ဆိုပြီးခေါ်သွားတာ့ ဘုန်းကြီးက ကလေးတွေတိုးတက်ရေးအတွက် ပေးလိုက်တယ်။ အဲဒီမှာပြဿနာက စတာပါ။ ခေါ်သွားတဲ့ကလေးတွေကို သီရိလင်္ကာဘုန်းကြီးက ခေါင်းတုံးတုံးပြီး နာဂစ်ဒေသကကလေးတွေ အလှူငွေထည့်ပါဆိုပြီး အလှူခံစားပါတယ်ဆိုပြီး အပြင်မှာ သတင်းထွက်နေတယ်”ဟု ယင်းကပြောသည်။ ကလေးများအား ကျောင်းဝေယျာဝေစ္စများခိုင်းစေခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်သည့်အတွက် လုပ်အားပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်းမျိုး ခံစားရခြင်းဖြစ်လာနေသည့်အတွက် လူကုန်ကူးမှုနှင့် ပတ်သက်သောအသိပညာများသည် သာသနာ့ဝန်ထမ်းများပါ ပို၍ သိနားလည်ထားသင့်ကြောင်း ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိတွင်လည်း အဆိုပါအဖွဲ့အနေဖြင့် ဧပြီ ၂၆ရက်က သာသနာ့နွယ်ဝင် သီလရှင်များပါဝင်သော လူကုန်ကူးမှုနှင့် ပတ်သက်သည့် သင်တန်းတစ်ခုအား ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၆ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။

2 comments

  • ဆူး

    September 2, 2010 at 4:56 am

    ရဟန်းသီလရှင် လူကုန်ကူးဆိုလို့ နယ်ဘက်က လာတဲ့ ဘုန်းကြီးတပါး လူတယောက် မယောင်မလည်ပုံပေါက်နေလားမသိဘူး လူတယောက်က ဦးဇင်း ဆွမ်းဘုန်းပေးပြီးပြီလား မပေးရသေးရင် ကပ်ချင်လို့ ဆိုပြီး ထမင်းဆိုင်ပင့်သွားတယ် ပြီးတော့ ဆွမ်းကပ်တယ် သူလည်း စားတယ် ပိုက်ဆံ မရှင်းဘဲ အိမ်သာဆိုပြီး လစ်သွားလိုက်တာ ဒကာ မလာ မလာနဲ့ ဒီလိုလည်း ခံရတဲ့ ဦးဇင်းတွေ ရှိတယ်လို့ ပြောတာ ကြားဘူးတယ် နောက် သင်္ကန်းဆိုင်တွေကိုလည်း သင်္ကန်းကပ်ချင်လို့ပါ ခေါ်သွားပြီး စကား အတိုင်အဖောက်ညီညီ ပြောပြီး သင်္ကန်းတွေ မသွားတယ် ဘုန်းကြီးကို ထားခဲ့လို့ ပြသနာ ပေါ်တာတွေ အများကြိးဘဲ အခုခေတ်တောင် ဘုန်းကြီးတွေ ခဏခဏ အလိမ်ခံနေရတယ် နောက်ရေးမယ်ဆို အများကြိးဘဲ

  • မန်း ရိပ်

    September 2, 2010 at 2:31 pm

    မှန်ပါတယ်
    လူယုတ်လူဆိုးတွေက ဘုရားတရားကိုသိတာမဟုတ်ဘူး
    သူတို့အတွက်ပဲသူတို့ကြည့်တာ

Leave a Reply