အိမ်အပြန်


မန်းလေးကို ပြန်ရောက်လို့ မန်းလေး နဲ့ ဆိုင်တဲ့ပုံလေး ရွေးပြီးတော့ တင်လိုက်ပါတယ်။

ကိုယ့်မြို့ကို ပြန်လာတာ တခဲနက် ကြိုဆိုကြလို့ ဘယ်လို ရှောင်ရမှန်းမသိအောင်ကို ဖြစ်သွားတယ်။
ကားပေါ်က မဆင်းခင်တည်းက ကားဘေးမှာလာပြီး လက်နှစ်ဖတ် ရှေ့တန်းပြပါတယ်။ အဲဒီ အဓိပါယ်က တော့ ဆိုင်ကယ် ဖြစ်ပါတယ်။
ကားပေါ်က ဆင်းမလို့ ကားတံခါးလဲ ဖွင့် ရော ကားပေါ် ပြေးမတက်လာရုံတမယ်ဘဲ ။ အောက်မှာ လာကြိုတဲ့ ပရိသတ် နဲ့ မူးမေ့လောက်ပါတယ်။ ကိုယ့်ကိုကိုယ် စတိတ်စဉ်ပေါ် ရောက်သွားလားလို့ တောင် ထင်ရလောက်တယ်။
အဲဒီမှာ ကားဂိတ်က ဂိတ်ဝတ်စုံ ဝတ်ထားတဲ့ တစ်ယောက် က ပြေးဝင်လာပြီး လမ်းကြောင်းရှင်းပေးရပါတယ်။ အဲတော့ မှ ဘဲ ကားပေါ်က ဆင်းဖို့ အဆင်ပြေသွားတော့တယ်။
မန်းလေးသားတွေ ဧည့်ဝတ်ကျေပုံကတော့ ကြောက်ခမန်းလိလိ ပါဘဲ။

8 comments

  • တညင်သား

    June 20, 2011 at 5:19 pm

    အိုးးးးးးးးးးးးးးး လှ လိုက်တဲ့ဓါတ်ပုံ ( ဓါတ်ပြဿနာက ဓါတ်ပုံမဟုတ်ပါ)
    နာမည်က ရွှေမင်းသားဆိုတော့ မမြင်ဘူးလို့ လာကြည့်တာထင်တယ်.. .. နိင်ချန်ဂါး က မင်းသားတွေကို သနားတာပေါ့နော်..:)

  • padonmar

    June 20, 2011 at 5:32 pm

    ကျုံးရေထဲက တိမ်တွေ လှလိုက်တာ

  • chitpyae

    June 21, 2011 at 1:19 am

    လှလိုက်တဲ့ မန်းလေး ရဲ့ ရူခင်းလေးပါလား ၊ မန်းလေးကို တောင် ထပြေးသွားချင်စိ်တ်ပေါက်လာ သလိုပဲ 🙂
    မန်းသူ မဟုတ်ပေမဲ့ တကယ်လွမ်းမိတယ် …..

  • weiwei

    June 21, 2011 at 3:40 am

    အရမ်းလှတယ် .. ဓါတ်ပုံကိုပြောတာ … 😛

  • Shwe Tike Soe

    June 21, 2011 at 3:41 am

    လှတယ် လွမ်းတယ်ဗျာ.. ဒီလိုပါပဲ ဆိုင်ကယ်တက်ခ်စီ သမားတွေက အရမ်းကိုများလာတာလေ.. မန္တလေး ကကြိုဆိုပါတယ်ဆိုတဲ့ အထိမ်းအမှတ်လေးပေါ့.. အော်ဒါနဲ. အခုပို.စ်တင်တဲ့သူ ကိုတောင်းဆိုပါရစေ.. မန္တလေးကပြန်ရင် မြို.အထွက်က နန်းတော် အဝိုင်းကြီးကို ဓာတ်ပုံလေးရိုက်ပြီး ပို.စ်တင်ပေးပါအုံးလို. နော်…
    အလွမ်းပြေလေး ပေါ့..
    ကျေးဇူးပါ..

  • ဆူး

    June 21, 2011 at 5:53 am

    ရန်ကုန်မှာ တုန်းကကော ရန်ကုန်သားတွေ မကြိုကြဘူးလား.. (အငှားကား တက္ကစီ သမားတွေ)

  • ဆူး

    June 21, 2011 at 5:56 am

    ကျွှဲဆယ်ကန် က ကြိုဆိုရေးသမားတွေကို အမှတ်တရ မှတ်တမ်း တင်ခဲ့ရမှာ..
    အခု တင်ထားတဲ့ ပုံလေးတော်တော် လှတယ်။ အချိန်ကောင်းကို စောင့်ပြီး ရိုက်ထားတာ ထင်တယ်။

  • etone

    June 21, 2011 at 7:43 am

    ဘာများလဲလို့ ရွှေမင်းသားက သူပြန်ရောက်ပြီလို့ အချက်ပေးတာပဲ ။ 🙂

Leave a Reply