အဖိုးတန်သောမိန်းကလေးများ

chitpyaeJune 21, 20111min43942

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို
ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ
စစ်မှန်တဲ့
ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ
ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို
အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့
ပေးဆပ်တဲ့မိခင်လို
မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ
ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ
အသားအရည်ဝင်းပပြီး တည်ကြည်တယ်။
လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

42 comments

  • weiwei

    June 21, 2011 at 3:54 am

    ကိုယ်တိုင်ရေးဆိုရင်တော့ creative writing ကိုရွေးပါ .. ကူးတာဆိုရင်တော့ ဘယ်ကကူးတယ်ဆိုတာကို သေချာပြောပြပေးပါ … categories ကို copy/paste လုပ်ရင်တော့ သူကြီးဖျက်တဲ့အထဲ ပါသွားပါလိမ့်မယ် ….
    အသစ်ကလေးမို့လို့ ပြောပြတာပါ … ဆရာလုပ်တာမဟုတ်ပါ …

    • chitpyae

      June 21, 2011 at 3:58 am

      ဟုတ်ကဲ့ မသိလို့ပါ 🙂
      အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါသည် ။
      ကူးထားခြင်းဖြစ်ပါသည် … သူငယ်ချင်းတယောက်က ပို့ပေးထားတာပါ …
      ဘယ်ထဲက ဘာတွေကို ရွေးရမယ်ဆိုတာ မသိသေးလို့ပါ ။ ကိုယ်ဖတ်ပြီး ကြိုက်တဲ့အတွက် ရွာသူ ရွာသူ မောင်နှစ်မတွေကို လည်း ဖတ်စေချင်တဲ့သဘောလေးနဲ့ပါ …. ။

  • xman

    June 21, 2011 at 4:17 am

    အဲသလိုအချက်တွေအကုန်ရှိတဲ့ မိန်းကလေးမျိုး ရှိနိုင်ခဲ့ရင် –
    (၁) တွေ့ဘူးချင်တယ်
    (၂) ကိုယ့်သမီးကလေးကိုလဲ အဲသလိုဖြစ်စေချင်တယ်

    ဘာပဲဖြစ်ဖြစ် ဖတ်ရတာ အရမ်းကောင်းပါတယ်။

  • etone

    June 21, 2011 at 4:52 am

    အဲ့လို မိန်းကလေးမျိုးရှိတော့ ရှိတယ် ရှားတယ် ။ အခုထိ မတွေ ့ ဖူးသေးဘူး

    • nigimi77

      June 22, 2011 at 5:23 pm

      ဟုတ်ပ

      အီးဒုံးတောင်မှ အဲဒီလိုပဲ 🙂 အဲလိုပဲ ဆိုတာ စာထဲက လို မဟုတ်ဘူးလို ့ပြောတာ

      • etone

        June 23, 2011 at 4:13 am

        .အားလျှင် နောက်တီးနောက်တီးနဲ့ သူများ စိတ်တိုအောင်ပဲ ပြောတတ်တဲ့လူ …….ရှင်ပေါ်လာပြန်ပြီလား … :angry

      • etone

        June 23, 2011 at 4:20 am

        အားလျှင် နောက်တီးနောက်တီးနဲ့ သူများ စိတ်တိုအောင်ပဲ ပြောတတ်တဲ့လူ …….ရှင်ပေါ်လာပြန်ပြီလား … :angry

    • etone

      June 23, 2011 at 3:53 am

      ငါပြောတာမှားလို့လား ဘယ်-မသားက dislike လာလုပ်တာလဲ ။

  • windtalker

    June 21, 2011 at 6:12 am

    တွေးကြည့်မယ် နော် ။ ဒီအပေါ ်က တင်ထားတာတော့ စာဆိုရိုး ဖြစ်ရင် ဖြစ်မှာပေါ့ ။ သို ့သော် လက်ရှိ ယနေ ့ရှင်သန် နေကြတဲ့ ဘဝ တွေ ထဲ မှာ ။ ။
    (၁)ဘဝ အမောတွေ ကြောင့် အေးဆေး တည်ငြိမ်မှု မရှိဘူး ။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် အမောတွေ ကြောင့် မျက်နှာက ကြည်လင် မနေ ဘူး ။ ဒါပေမယ့် နာလိုစိတ် မရှိဘူး ။
    (၂)…..
    (၃)စကားပြော မငြင်သာ အချိုးမပြေ ပြစ်ပေမယ့် စိတ်စေတနာ ကောင်းတယ်
    (၄) ရမ္မက်လောဘ မရှိပါဘူး ။ ရုပ်ကတော့ အမေမွေးတဲ့ ရုပ်နဲ ့ပေါ့ ။ မြင့်မြတ်ချင်ဟန် ပေါက်ချင်မှ ပေါက်မယ် ။
    (၅)…
    (၆)…
    (၇)…
    (၈) ဘယ်အလုပ် မဆို အာရုံ စိုက်လုပ်ပါတယ် ။ စိတ်ထဲ မှာ လဲ ရိုးရှင်းပါတယ် ။ အသားအရည် က တော့ မွေးကတဲ က ညိုညစ်ညစ် ရှိရင် ရှိမယ် ။ မဲရင် မဲမယ် ။
    ကျွန်တော် ရေးတာမျိုး ကြတော့ ရော အဖိုးတန်သော မိန်းကလေး များ လို ့ခေါင်းစဉ် တပ်လို ့ရမလား လို ့သိချင်တာပါ ။ သိချင်ရုံ သပ်သပ် ပါနော် ။ မှတ်တမ်း လို မျိုး ရေးထားတာလေး တွေ ့လို ့ပါ ။ မည်သူ ့ကိုမှ နစ်နာစေလို သော သဘော မဟုတ်ပါ ။ ဖြစ်ခွင့် ရှိသလား ဆိုတာလေး သိချင်ရုံပါ ။ ကျေးဇူး တင်ပါသည် ။

  • ဆူး

    June 21, 2011 at 6:23 am

    အဲလို မိန်းကလေးမျိုး တွေ့ဘူးချင်ရင် နာမည်ကြီး တဲ့ သီလရှင်ကျောင်းတွေမှာ လိုက်ရှာကြည့်ပါလား။ တယောက် တလေတော့ တွေ့နိုင်ကောင်းပါရဲ့။

  • နွယ်ပင်

    June 21, 2011 at 6:51 am

    ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ မိန်းကလေးက ရှိတော့ရှိမယ် တော်တော်လေးတော့ ရှားနေပြီထင်တယ် ။ အနည်းဆုံတော့ တစ်ချက်ချက်လောက်နဲ့ ကပ်ညှိနေတာမျိုး နှစ်ချက်လောက် လွဲနေတာမျိုးတွေတော့ ရှိနိုင်ပါတယ်

    • nigimi77

      June 22, 2011 at 5:25 pm

      သူလဲ ဒီစာရင်းထဲမှာ မပါရှာပေဘူး

      • နွယ်ပင်

        June 23, 2011 at 4:07 am

        ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ မိန်းကလေးကို nigimi77 ကတွေ့ဖူးထားတယ်ထင်တယ်
        ဟုတ်လား ဘယ်သူများပါလိမ့် …

        • etone

          June 23, 2011 at 4:22 am

          သူ့အမေလား ၊သူ့မိန်းမလား ၊ သူ့သမီးလား ၊ သူ ့ညီမလားပဲ ။

  • ရွှေဘိုသား

    June 21, 2011 at 7:10 am

    MG ကို တစ်ယောက်ထဲ
    ယောင်လည်လည် ရောက်လာတဲ.မချစ်ပြည်.ရေ
    သူကြီးကို အားကိုးရှာခိုင်းတော.
    ရွာသူကြီး စေပါးလို. ကျွန်တော် ရွှေဘိုသား ခစားပါတယ်
    အကျိုးအကြောင်း လျှောက်ရမယ်ဆို
    ရွှေဘိုသားလည်း မစွန်သေးတဲ. လူပျိုလေးပါပဲ

    အခုပို.စ်အတွက် မန်းရမယ်ဆိုရင်တော.
    ဒီရွာထဲက ရွာသူတွေထဲမှာ ရှိနိုင်ပါတယ်

  • kai

    June 21, 2011 at 7:50 am

    ဒါရိုက်တာဦးဝင်းဖေရိုက်တဲ့.. နှင်းဆီနီအိပ်မက် ဆိုတဲ့ရုပ်ရှင်ကားကြည့်ဘူးကြသလားတော့မသိ..။
    အကယ်ဒမီကားပေါ့..။
    အဲဒီမှာ.. ဆန့်ကျင်ဖက်.. ကာရိုက်တာ(အကျင့်စရိုက်)ရှိတဲ့.. မိန်းကလေး၂ယောက် ဘဝအကြောင်းပါတယ်..။ တယောက်ကဆိုးတယ်.တယောက်က.ကောင်းတယ်..ပေါ့နော..။
    အိမ်ထောင်ကျပြီး.. ကာရိုက်တာတွေ..ပြောင်းပြန်ဖြစ်သွားတယ်…။

    ဆိုတော့…
    မိန်းကလေးတယောက်..အဖိုးတန်တယ်..မွန်မြတ်တယ်ဆိုတာ.. ပုံသေမဟုတ်ပါဘူး..။
    ရွာထဲက… ကာလသားတွေကို ..ပြောချင်တာက…
    အဲဒီလို မိန်းမမြတ်လေးတွေကို မရှာပါနဲ့..။
    နှလုံးသားနဲ့ ခံစားလို့ရရင်.. ချစ်သူဖြစ်အောင်ကြိုးစား… တူတူနေ..
    ပြီးမှ… ကိုယ်နဲ့စိတ်ကြိုက်.. အပေါ်က၈မျိုးတင်မက.. အမျိုး၈ဝလောက်ကောင်းတာတွေဖြစ်အောင်… ညှိပြင်ယူ…။ 🙂

    • shweminthar

      June 21, 2011 at 12:24 pm

      သဂျီးရေ……..
      ကျနော် သိချင်တာလေး တခုလောက် မေးပါရစေ….
      (နှလုံးသားနဲ့ ခံစားလို့ရရင်.. ချစ်သူဖြစ်အောင်ကြိုးစား… တူတူနေ..)
      ဆိုတော့ ဒါမျိုးတွေ က သူများနိုင်ငံတွေ မှာ မဆန်းပေမယ့် ဒီမှာ ကတော့ဆန်းနေတယ်။
      သူများတွေ ဆီမှာ ချစ်လို့ ကြိုက်လို့ အတူတူနေတယ် ဆိုတာ ချိန်းတွေ့ကြ ၊ ညအတူတူအိပ် ပြီးတော့ ပြန်။ ဒါမျိုးလား
      ရုပ်ရှင်တွေ ထဲမှာတော့ အိမ်ထောင်သည်နဲ့ သိပ်မထူးခြား တစ်အိမ် အတူတူနေပြီး လက်မထပ်သေးတာ လဲ တွေ့ရပါတယ။်
      ကျနော် သိရသလောက ် သူတို့ တွေ လက်မထပ်ခင်မှာ အတူတူ နေပြီး တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့ပုံစံတွေကို ညှိယူကြတယ် နားလည်မှု တည်ဆောက်ကြတယ်လို့ ဆိုကြပါတယ်။
      ကိုယ်လိုချင်တာ ဖြစ်ချင်တာတွေကို ညှိနှိမ်းကြတယ်။ ဆွေးနွေးကြတယ်။ လို့ အကြမ်းဖျဉ်း သိရပါတယ်။
      သူတို့တွေ လက်မထပ်ခင်မှာ ဆွေးနွေးကြ တိုင်ပင်ကြတာ က ဘာအကြောင်းအရာတွေကို အဓိက ထားပြီးတိုင်ပင်ကြတာလဲ……
      လက်မထပ်ခင် လင်မယားလို အတူတူနေ လာကြပြီး လက်ထပ်ဖို့ အတွက် ဘာတွေ ထပ် တိုင်ပင်ဆွေးနွေး ကြတာလဲ……
      ဆိုတာကို သိချင်ပါတယ်။

      • nature

        June 23, 2011 at 4:18 am

        မြန်မာ့ယဉ်ကျေးမှု နဲ့ဆိုရင် လက်မထပ်ခင် ၃နှစ်၃မိုး တယောက်နဲ့တယောက် လေ့လာကြတယ်လို့ ကြားဖူးပါခဲ့တယ်။

        • ဆူး

          June 23, 2011 at 3:08 pm

          ၃နှစ် ၃မိုး စောင့်လို့ မပြီးသေးဘူး မိန်းကလေးက ယောက္ခမ အိမ်မှာ ထမင်းဟင်းသွားချက်ပေးရတယ် အိမ်မှု ကိစ္စ ဘယ်လောက် နိုင်နင်းသလဲ ဆိုတာ အဘွားကြီးတွေကလည်း အလုပ် တကယ် လုပ်တတ်သလား မလုပ်တတ်သလား ဆိုတာ ငရုတ်သီး ထောင်းတာ ကြည့်တာနဲ့ သိတယ် ဆိုပဲ.. ကြားဖူးတာ ပြောပြတာ..
          ဟိုတလောက ရုပ်မြင်သံကြားမှာ လာတဲ့ စင်္ကာပူ ရုပ်ရှင် တကား က မြန်မာ တွေ အိမ်ထောင်ပြုဖို့ စမ်းသပ်တာနဲ့ ခပ်ဆင်ဆင်လို့ လူကြီးတွေ ပြောတာ ကြားဖူးတယ်။
          ဒီခေတ်တော့ အကုန်ကျမှာပါ။ တော်တော် များများ အလုပ် တဖက်နဲ့ ဘာမှ လှည့်တောင် မကြည့်အားကြဘူး။

  • ဆူး

    June 21, 2011 at 8:05 am

    သဂျီးကို အနုတ်ပေးသွားတယ်။
    ((((နှလုံးသားနဲ့ ခံစားလို့ရရင်.. ချစ်သူဖြစ်အောင်ကြိုးစား… တူတူနေ..)))
    ရေးထားတာ ဟုတ်တော့ မလိုလိုနဲ့ သူများ သမီးပျို အပျိုရည်ပျက်အောင် လိုက်မြှောက်ပေးနေတယ်။
    လူကြီးဖြစ်ပြီး ဘယ်လို လူကြီးလဲ မသိဘူး။

    သဂျီးကို ဝိုင်း အနုတ်ပေးပြီး ကန့်ကွက်ကြပါဗျို့.. (ကြောင်ကြီး လေသံ)

  • chitpyae

    June 21, 2011 at 8:40 am

    ဒီလို မိန်းကလေးတွေကို ရှာပါလို့ပြောတာမဟုတ်ရပါဘူး …
    ရှိချင်လည်း ရှိနိုင်ပါတယ် အပြင်လောကမှာ … မိန်းကလေး တိုင်းမှာ မတူတဲ့ အလှတမျိုးစီ ရှိတယ်လို့ တော့ ခံယူထားတယ်။ ကြည့်တဲ့သူရဲ့ စိတ်နေသဘောထားနဲ့ အမြင်ပေါ်မှာ မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
    သေချာတာတော့ မိန်းကလေးတိုင်း တယောက်တမျိုးစီ လှကြတယ်။
    သူကြီးပြောသလိုပဲ အဖိုးတန်တယ် မွန်မြတ်တယ်ဆိုတာကတော့ ပုံသေမဖြစ်နိုင်ပါဘူး ။
    ဒါပေမဲ့ နှလုံးသားနဲ့ ခံစားလို့ရရင် ချစ်သူဖြစ်အောင်ကြိုးစားပြီး တသက်လုံး အတူတူ နေနိုင်ဖို့ကြိုးစား ပြီး … ညှိပြီးပြင်ယူ ကြ ဆိုတဲ့ အမြင်လေးကိုတော့ အရမ်းသဘောကျပါတယ် 🙂

  • လင်းဝေကျော်

    June 21, 2011 at 8:49 am

    မိန်းမကောင်းဆိုတာ ယောကျာင်္းကောင်းတွေကြောင့်သာပိုမို ဖွံ့ဖြိုးရှင်သန်ရတယ်။
    ယောကျာင်္းဆိုတာကတော့ ဘယ်ခေတ်ရောက်ရောက် လက်တွဲဖော်ကို ဦးဆောင်နိုင်ရမယ်။
    လုံခြုံပျော်ရွှင်သော ဘဝကို ဖန်တီးပေးနိုင်ရမယ်။ ထိမ်းသိမ်းပေးနိုင်ရမယ်။

    • pan pan

      June 23, 2011 at 3:44 am

      အဲဒီလိုယောက်ျားကောင်းတွေရှိဖို့ ဖြစ်လာဖို့ မိန်းမတွေမှာ တာဝန်ရှိတယ်။ သားကောင်းမိခင်ဖြစ်မှ ကိုယ့်သားတွေကို ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေဖြစ်အောင် ပျိုးထောင်နိုင်လိမ့်မယ်။ ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေကမှ တဖန် မိမိရဲ့ မိသားစုကို ဦးဆောင်ဦးရွက် ပြုနိုင်မယ်။ အားလုံးဟာ တစ်ဦးကို တစ်ဦးဆက်နွယ်နေပါတယ်။

    • etone

      June 23, 2011 at 4:31 am

      မိန်းမကောင်းဆိုတာ ယောကျာင်္းကောင်းတွေကြောင့်သာပိုမို ဖွံ့ဖြိုးရှင်သန်ရတယ်။ တဲ့လား။
      ဒါတော့ ဦးလေး လင်းဝေကျော် လိုရာစွဲပြောတာပဲ … ။ ယောကျာ်းကောင်းတွေကြောင့်လို့ ပြောလိုက်တာ လုံးဝကန့်ကွက်ပါတယ်… ။
      ယောကျာ်းကောင်းတယောက်ရဲ့ ..သက်ရောက်မှူ အနည်းကျဉ်းသာ ရှိပေမဲ့… မိန်းမကောင်းဖြစ်ဖို့ရာ ထိုမိန်းမရဲ့ ပင်ကို စရိုက်၊စိတ်ဓါတ်နဲ့ပဲ တိုက်ရိုက်သတ်ဆိုင်ပါတယ်……။ ဘာလဲ…ရေမြင့်လို့ ကြာတင့်တယ်ဆိုပြီး ပနာဝင်ယူချင်လို့ လား ။

      • usnczn

        June 24, 2011 at 6:28 am

        မဟုတ်ဘူးဗျ။ကျွန်တော်တွေ့ဖူးတဲ့ အမျိုးသမီးတယောက်က အထက်ကပြောတဲ့ ၈ချက်
        အကုန်မဟုတ်တောင် အတော်လေး ပြည့်စုံပါတယ်။ သူ့မိဘတွေက သင့်တော်မယ်ထင်
        တဲ့လူနဲ့ ပေးစားခဲ့တယ်။ဒါပေမဲ့ ယောကျင်္ား က အကျင့် စာရိတ္တ မကောင်းတော့ .(.ယောကျင်္ားကောင်းမဟုတ်တော့) အခုချိန်မှာ လင်ဆိုးမယားတဖါးဖါး ပေါ့။
        ဒါ့ကြောင့် လင်ကောင်းရဖို့ လိုသလို..လင်ကံကောင်းဖို့လဲ လိုမယ်။

  • king

    June 21, 2011 at 1:47 pm

    မိန်းမကောင်းဆိုတာ
    ငါလည်း သိပ်မသိဘူး ငါလည်း ယောကျင်္ားကောင်း ဟုတ်ချင်မှ ဟုတ်မှာကိုး
    အဲဒီတော့ သိပ်လည်း မလေ့လာမိဘူးးး
    အချိန်တန်ရင် ကိုယ့်ပြုသည့်ကံ ကိုယ်ထံပြန်လာမှာ မလွဲမသွေ ဧကန်အမှန်စင်စစ်ဖြစ်သောကြောင့်
    ကိုယ့်စေတနာရှိသလောက် အကျိုးပေးမယ်ဆိုတေ့ာလည်း
    ………………………………….
    😀

  • nature

    June 21, 2011 at 3:46 pm

    အပေါ်ယံမျက်စိနဲ့ကြည့် ရင်တော့ ရုပ်ရည်ရူပကာ အလှက အဖိုးတန်ပါတယ်။ ပေါင်းသင်းဆက်ဆံကြည့်ရင်တော့ သီးခံခြင်း ခွင့်လွှတ်ခြင်း အလျှော့ပေးခြင်း နဲ့ ကိုယ်ခြင်းစာတရား ဆိုတဲ့ စိတ်အလှကအဖိုးတန်ပါတယ်။

  • surf

    June 21, 2011 at 4:18 pm

    ုု့ကောင်းတာတွေကြီး ဘာလား

  • windtalker

    June 21, 2011 at 6:50 pm

    မိန်းမ ယူခါ နီး မှ ဒီစာသား တွေ နဲ ့မကိုက်ညီလို ့ဆိုပြီး ဘယ်သူ မှ ပစ်ပယ်မှာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် မိန်းမ တိုင်း ကို တော့ ဒီလို လိုက်တိုင်းနေလို ့ရမယ် မထင် ။ ဘယ်မိန်းမ မှ လည်း ကိုယ့်ကို ဘယ်အမျိုးအစား ထဲ ပါတယ် လို ့လာသတ်မှတ်ရင် လက်ခံ ခွင့်လွှတ်သည်းခံ နိုင် ကြမှာ မဟုတ်ဘူး လို ့ထင်ပါတယ် ။ ဥပမာ ဆိုရရင် အပနား ဆိုတဲ့ ကုလားမ တစ်ယောက် ဟာ ရိုးရိုးသားသား ဖြူဖြူ စင်စင်လေးနဲ ့ကွမ်းရောင်းစားနေသူ လေးပေါ့ ။ သူ ့ကို မွတ်တား ဆိုတဲ့ ကုလား တစ်ယောက် က လက်ထပ် ယူခါနီး မှ ။ မွတ်တားရေ မင်းက စာမတတ်တော့ မသိပေမယ့် ဒီလိုလေး ရှိတယ် လို ့များ သွားရှင်းပြ မိတဲ့ အခါ မွတ်တား က ဟင် အပနား မင်း ရဲ ့ အသားက လမို်က်ည လို ပဲ ။ ဆိုရိုးအတိုင်း မကိုက်ညီဘူး ။ ဒါကြောင့် မယူဘူး လို ့ဆိုရင် မလွယ်ကြပေဘူးလား ။ ထပ်ဆင့် ခံစားကြည့်မိတာပါ ။ ဒီလို မျိုး ဆိုလာရင် ဒါမျိုးလေး လည်း ထပ်ဆင့် တွေးလို ့ရတယ် ဆိုတာ ကိုပါ ။

  • captainamerica

    June 22, 2011 at 5:33 am

    ရှားပါးအမျိုးအစားဖြစ်သာွးပီဗျ..အဲလိုမိန်းကလေးမျိုးက ဒါပေမဲ့ချစ်ပြည့်ပြောတဲ့အချက်တွေတော်တော်များများပါတဲ့သူငယ်ချင်းတစ်ယောက်တော့
    တွေ.ဖူးတယ်… သူနဲ့ဟကားပြောမိရင်ကိုယ်ရဲ့ပူလောင်နေတဲ့စိတ်တွေတောင်အေးချမ်းသာွးတယ်

    • etone

      June 23, 2011 at 9:51 am

      သူကြိတ်ခိုက်နေတဲ့လူပဲ ဖြစ်ရမယ် 🙂

  • နီလေး

    June 23, 2011 at 7:03 am

    ရှိတော့ရှိမှာပါ မတွေ့ဖူးသေးဘူး စိတ်ထားကောင်းလေးရှိရင် မျက်နှာက လင်းနေတယ်ဆိုတာတော့ဟုတ်တယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 23, 2011 at 1:07 pm

    ဒါကြောင့်ခင်ဗျားတို့ကို ကျုပ်ပြောနေရတာ
    နေရာတကာ ကျုပ်မရှင်းရင် မပြီးဘူးဆိုတာ
    အဲ့သည် အကြောင်း ရှစ်ချက်ရှိတဲ့ မိန်းမဆိုတဲ့နေရာမှာ
    ( မိန်မ ) ဆိုတဲ့ ပညက်ကိုဖြုတ်လိုက်ရင်
    ရုပ်နာမ် ရှိတဲ့သတ္တဝါဆိုတာဘဲကျန်မယ်လေ
    (၁) နာလိုစိတ်မရှိတဲ့
    (၂) အမုန်းရန်ငြိုးမရှိတဲ့
    (၃) စကားပြော ညင်သာပျော့ပျောင်းတဲ့
    (၄) ရမ္မက်လောဘ ကင်းရှင်းတဲ့
    (၅) စိတ်ကြီးမဝင်တဲ့
    (၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက် ( မေတ္တာထားတာ ) တဲ့
    (၇) အလိုမကြီး၊ မငြီးတွားတဲ့
    (၈) ( လျောင်း၊ ထိုင် ၊ ရပ်၊ သွား ) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့
    ဒါက အရိယာတွေရဲ့ စရိုက်တွေလေဗျာ
    ဒါကိုများ ခင်ဗျားတို့လို
    နှစ်ယောက်ပေါင်း တစ်နေလှန်း ငါးကျပ်သားမပြည့်တဲ့ဟာတွေက
    ဘာလာပြီး ဆပ်စလူးလာထနေကြတာလဲ
    မိုးကြိုးပြစ်ပြီး မြေမျိုကုန်မယ်
    ဟင်းဟင်းဟင်း ။ ။ စိတ်ဆိုးသည် ။ ။ တော်တော်ဒေါသထွက်သည်။ ။ အစိမ်းစားပြစ်ခြင်သည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 23, 2011 at 1:11 pm

    ကျန်သွားဒယ်
    အစိမ်းစားမယ်ဆိုရင်တော့
    ရေစင်အောင်ဆေးပြီးမှ………..
    မဟုတ်လို့ဂဒေါ့……….
    ……………….
    သဂျီးလေသံဖြင့်
    ဒန့်ဒန့်ဒန့် 😀 😀 😀

  • သူတို့တွေ လက်မထပ်ခင်မှာ ဆွေးနွေးကြ တိုင်ပင်ကြတာ က ဘာအကြောင်းအရာတွေကို အဓိက ထားပြီးတိုင်ပင်ကြတာလဲ……
    ရွှေမင်းသားရေ မြန်မာပြည်မှာတော့ လင်မယားကွဲရင်လက်ထက်ပွားတစ်ယောက်တစ်ဝက်
    နိုင်ငံခြားမှာတော့ လျော်ကြေးပေးရတာ ထက်ဝက်မကဘူးထင်ပါတယ်။
    အဲတော့ အဓိက ကတော့ အတူနေသူနဲ့များလက်ထပ်ပြီးမှကွဲရင်ဒီမိန်းမလျှော်ကြေးတောင်းမှာနည်းနည်းလား များများလားမေးမယ်ထင်ပါတယ်။
    သိပ်မတောင်းလောက်ဘူးဆိုရင်လက်ထပ် များများတောင်းမယ်ထင်ရင်ကန်ထုတ်ပေါ့။
    သူကြီး က တူတူနေဆိုတာဘယ်အဆင့်ထိစဉ်းစားလဲတော့မသိဘူး။
    ကျုပ်ကတော့ တူတူနေဆိုရင် ………………….
    ပြောချင်ပေါင် ကျုပ်တွေးတာ လူသိရင်ရှက်စရာကြီး……………………….

  • shweminthar

    June 24, 2011 at 12:48 am

    ကိုပေါက်ကလဲ ဒါရှက်စရာမဟုတ်ပါဘူး
    ကိုပေါက် က တရားသဘောနဲ့ ယှဉ်ပြီး တွေးမယ်ဆိုတာ သိပါတယ်။ ( လူအထင်ကြီးအောင် ဟဲဟဲ )
    သူကြီး က တူတူနေဆိုတာဘယ်အဆင့်ထိစဉ်းစားလဲတော့မသိဘူး။
    ဥပမာ- ကိုယ်ချစ်တဲ့ သူနဲ့ လက်မထပ်ခင်တည်းက အတူတူ နေမယ်ဆိုရင် တအိုးအအိမ် ခွဲပြီး ဘဝ တစ်ခု ကို နှစ်ဦးသဘောတူ အကျိူးတူ ပူပေါင်း တည်ဆောင်ကြတာလား
    ဒီလို နှစ်ဦးနှစ်ဖတ် အကျိုးတူ ပူးပေါင်းဆောင်ရွတ် ရုန်းကန်ကြရင်း ခြင်ထောင်ပြဲ ( မဟုုတ်ပါဘူး မှားသွားလို့ ) ပူးပေါင်းဆောင်ရွတ် ရုန်းကန်ကြရင်း သူ့အကြိုက် ကိုယ့်အကြိုက်တွေ ညှိကြတာလား
    အဲဒီတော့ သဂျီးတို့ဆီမှာ လက်မထပ်ခင်အတူတူ နေတယ် ဆိုတဲ့ အဆင့် က ဘယ်အဆင့်ထိလဲ… ဆိုတာ တွေးစရာ ဖြစ်လာရော…
    အဲလို လက်မထပ်ခင်မှာ ဘဲ ကိုယ့်အိုးကိုယ့်အိမ်နဲ့ အတူတူနေ နိုင်ကြတယ် ဆိုရင် …..
    ကျနော်က တော့ ချီးကျူးပါတယ်။ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ စဉ်းစားဉာဏ်မျိုး ရှိနေကြပြီ။
    ဒီမှာ လက်မထပ်ခင် အတူတူနေ တယ် ဆိုတာ ဟိုတယ် သွားနှပ်ရုံလောက် ခိုးစားရုံလောက် ပါဘဲ
    ရိုင်းသွားရင် ဆောရီးနော်
    နောက်ပြီး လက်မထပ်ခင် ကလေး ယူကြတာလဲ တွေ့ဖူးပါတယ် (ရုပ်ရှင်တွေ ထဲမှာ)
    အဲတော့ single mother တွေအထိ စဉ်းစာမယ်ဆိုရင် သူများတွေ ဆီက စင်ဂယ်မားသားတွေ နဲ့ ဒီက စင်ဂယ်မားသား နဲ့ လဲ နည်းနည်းကွဲသွားပြန်ရော……
    ချစ်လို့ ကြိုက်လို့ လက်မထပ်ခင်မှာ ကိုယ့်အိုးကိုယ့်အိမ်နဲ့ အတူတူနေကြည့် တာမျိုးတွေ ဒီမှာလဲ ဖြစ်လာမယ်ဆိုရင်… လူငယ်တွေ အလုပ်ပိုလုပ်လာကြမယ်ထင်တယ်။
    အခု လို ခိုးစားရုံလောက်ကတော့ အားမပေးပါဘူး။
    ဘဝတစ်ခုကို အချုပ်အနှောင် (စာချုပ်စာတမ်း ၊ တစ်ဦးကိုတစ်ဦး ချည်နှောင်မှုတွေ) မပါဘဲ တူနှစ်ကိုယ် လက်တွဲပြီး ဘဝ တစ်ခု ကိုတည်ဆောက်နိုင်ရင် တော့ အရမ်းကောင်းတဲ့ ဘဝ တစ်ခု ပြည့်စုံတဲ့ ဘဝ တစ်ခု ကို်သေချာပေါက် ပိုင်ဆိုင်ကြမှာပါ။

  • fatty

    June 24, 2011 at 3:35 am

    ကိုယ်လက်ထပ်မဲသူနဲ့ လက်မထပ်ခင် အတူနေသင့်မနေသင့် ဆိုလို့ ပြန်မှတ်မိတယ် ဆရာမကြီးဒေါ် စောမုံညှင်းလား … ဒေါ်ရီကြိန် လားတော့ သိတော့ဘူး
    အဲဒီဆရာမကြီးွကတော့ တူတူနေကြည့်သင့်တယ်လို့ ထောက်ခံသွားပါတယ်။ စာဖတ်စုံသူများမှတ်မိလို့ကြုံရင် သတိပြန်ဖေါ်ပေးကြပါ။

    • etone

      June 24, 2011 at 9:03 am

      လွတ်လပ်တဲ့ နိုင်ငံမှာတော့ ပြသနာမရှိပေမဲ့ … ဒီမှာက အတင်းဖျင်းပေါင်းစုံပြောနေတာဆိုတော့ … နှစ်ဦးသဘောတူ ကြည်ဖြူလို့ အတူနေမယ်ဆိုလျှင်တောင် လူမုန်းခံရနိုင်တာမို့ ……

  • etone

    June 24, 2011 at 9:29 am

    လွတ်လပ်တဲ့ နိုင်ငံမှာတော့ ပြသနာမရှိပေမဲ့ … ဒီမှာက အတင်းဖျင်းပေါင်းစုံပြောနေတာဆိုတော့ … နှစ်ဦးသဘောတူ ကြည်ဖြူလို့ အတူနေမယ်ဆိုလျှင်တောင် လူမုန်းခံရနိုင်တာမို့ …… မိန်းကလေးများ စိတ်အလိုကို မလိုက်ပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပါလို့ပဲ ပြောချင်တော့တယ်… ။

  • captainamerica

    June 26, 2011 at 3:12 pm

    ဖြစ်ရလေ မမ အီးတုန်းရယ်။ သူငယ်ချင်းအစစ်ပါ။ တကယ်အေးချမ်းတဲ့သူမို.လို.ပြောတာပါ။ကြုံတုန်းကြော်ငြာလေး
    ဝင်ပါရစေ။ ကြိုက်တဲ့မိန်းကလေးဒီအရွယ်ထိသေသေချာချာမကြုံဖူးသေးပါ…
    :D:D 🙂 🙂

Leave a Reply