ကြာဖူးကြပါသလား ။။။ ငေါင်း ။။။သတ္တဝါ

ကြာဖူးကြပါသလား ။။။  ငေါင်း ။။။သတ္တဝါ
ကျွန်တောလည်းမြန်မာ ပြည် ချောင်ကလောင်နေရာတွေ အစုံမဟုတ်တောင် တဝက်နီးပါးလောက်
ရောက်ဖူးပါတယ်။။။
ပဲခူးရိုးမတောနက်ကြီးထဲမှာ …အရွက်နှစ်ရွက်သာရှိပြီး ခန်းမှန်းတစ်လက်မ သာသာလောက်
လောက်အရွက်လေးတွေရယ် အမြင့်က လူတစ်မိုက်လောက်သာရှိပါတယ်။။။
အဲဒီအပင်ပေါက်ပုံစံ မျိုး  အပင်လေးတွေစုပြီးပေါက်နေတာပါ  လူသံတိတ်ဆိတ်နေတဲ့အခါမျိုး
မှာ ဘယ်ညာယိမ်းနွဲ့ကနေတတ်ပြီး လူသံ ခြေသံကြားတာနဲပုံမှန်သစ်ပင်လိုမျိုးငြိမ်သက်သွားတဲ့
အပင်မျိုးလေးတွေ တွေ့ဘူးပါတယ်  အတူပါသူတွေ အိမ်မှာပြန်စိုက်ဘို့ နှုတ်ယူလာပေမယ့် လမ်း
မှာတင်အပင်လေးတွေသေကုန်ပါတယ် ။ထူးထူးဆန်းဆန်းတွေ့ဘူးတာပါ။။
ရခိုင် ရိုးမ မှာတုန်းကတော့ အရိုးဆက်ပင် ကိုတွေဘူးပါတယ် ဒီအပင်ရဲအရွက်နဲ့ တောကောင်ရရင်ခုတ်ထစ်ပြီး
ထုပ်ယူလာရင်အိမ်ရောက်လို့ ဖြေကြည်ပါက အရိုးများအားလုံးပြန်ဆက်နေတတ်ပါတယ် ရခိုင်ဒေသမှာတော့လက်ကျိုးခြေးကျိုးရင်
ဒါနဲ့ပဲကုကြတယ်လို့ပြောပါတယ်  အိမ်မှာစိုက်ရင်တော့အိမ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ခြေကျိုး လက်ကျိုးဖြစ်တတ်ပါ
တယ်တဲ့။။ဒါကကျွန်တော်တွေ့ဖူးတာပါ။။။။။
အခုဆရာ မောင်ကြည်သန့် ရေးတဲ့ မြန်မာ့ဖြစ်ရပ်(100)စာအုပ်မှာဖတ်လိုက်ရတဲ  ငေါင်း သတ္တဝါ
အကြောင်းလေး သိသူများရှိရင်မေးကြည့်ခြင်လို့ပါ။။
ငေါင်းသတ္တဝါသည် ကိုယ်ခန္တာ ပြားချပ်၏၊ လက်နှစ်ဖက်ပါကာ လက်မောင်းများထွားကြိုင်း၏၊
အရပ်ငါးပေတစ်လက်မခန်ရှိသည်၊ဒူးဆစ်မရှိ ။ခြေတစ်ချောင်းသာပါ၏၊ခြေဖဝါးသည်အနောက်ဘက်သို့
လှည့်နေပြီးဖနှောင့်သည် အရှေ့တွင်ရှိသည်။ ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏၊
နဖူးသည်ခြောက်လက်မကျော်ကျယ်၍ပြောင်၏၊ မေးကောက်သည်၊ ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာ
အမောက်ပမာ အရိုးကြီးပါရှိသည်၊သစ်ပင်ထူထပ်သောတောနက်ကြီးမျာတွင်နေထိုင်တတ်သည်
သစ်ပင်တစ်ပင်မှ တစ်ပင် ကူးပြောင်းသွားလာတတ်၏ ဟု့လေလာတွေရှိချက်အား ကချင်ပြည်နယ် နန်းမွန်ရွာ
အမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်း ငှက်အမျိုးအနွယ်လဲမဟုတ် ပါ အတောင်မပါရှိပါ။
ကုန်းဘောင်းမင်ဆက်နန်းသုံး ဆေး ပုရပိုက်ဖြူတွင် ငေါင်းသတ္တဝါ နှင့်ပတ်သက်ပြီးဤသို့ ရေးသားဖူးကြောင်းတင်ပြထားပါတယ်
လူမျောက် ငရွှေမောင်၊ ကိန္ဒရာအသေခြောက်၊နဂါးဂဠုန်အသေခြောက်၊ရေသူမ၊နဂါးငါးကောင်၊ကျွန်ဖိုကျွန်းမပင်နှင့်
လူငေါင်းများပုံပါရှိကြောင်းနှင့်  ဘိုးတော်ဘုရားလက်ထက် တောင်ငူမြို့ မြတ်စောညီနောင်ဘုရား မှ လူငေါင်း မိလာ၍ တောင်ငူမြို့ဝန်က
ဆက်သဖူးကြောင်းနှင့်မျက်နှာမှာအမျိုးသမီးမျက်နှာနှင့် ဆံပင်မှာတိုတို ၊အသံမှာ ငှက်မည်သံ ဖြစ်ကြောင်း။
နာနာဘာဝအယောင်ဆောင်ထားခြင်းမဟုတ်ကြောင်း  အမျိုးတုန်းရှားပါသတ္တဝါ ဖြစ်ကြောင်း ရေးသားချက်အား ဖတ်ရှုရပါသည်။
ယင်းလူငေါင်းနှင်ပတ်သက်၍ နည်းနည်းထူးဆန်းပြီးတစ်ခါမျှ မကြားဖူးပါသဖြင်ဗဟုသုတအလိုငှာဖော်ပြရေးသားအပ်ပါတယ်
သိသူရှိပါကလည်း တင်ပြပေးကြပါလို့တောင်းဆိုပါတယ်။။
ဗဟုသုတရတာပေါ့။။။။။

15 comments

  • Shwe Tike Soe

    June 21, 2011 at 3:22 am

    အင်းအဲလို သတ္တဝါရှိလား ထူဆန်းတယ်နော်
    တစ်ခါမှမကြားဖူးဘူးဗျ.. ဒါပေမယ့် အခု ဒီစာကိုဖတ်ရတော့ အရိုးဆက်အပင်တို. ၊ ကတဲ့အပင်တို.အကြောင်းကိုသိလိုက်ရတယ်
    ကျေးဇူးတင်ပါတယ်..

  • xman

    June 21, 2011 at 3:52 am

    ခန္ဓာဗေဒ သဘောအားဖြင့်တော့ သတ္တဝါတစ်ခုဟာ အဲသည်လိုပုံစံမျိုး မရှိနိုင်ပါ။

    ဒါပေမယ့် လောကမှာ မဖြစ်နိုင်ဘူးဆိုတာတွေလဲ အများကြီးဖြစ်နေ တွေ့နေရတာပါပဲ။

  • chitpyae

    June 21, 2011 at 3:53 am

    အို အထူးအဆန်းတွေပါပဲလား ….. မသိတာတွေသိလိုက်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။
    အဲလို မျိုးတွေ လေ့လာဖို့က တော်တော် မလွယ်ဘူး ထင်တယ်နော်။
    ရွာသူ ရွာသား တွေထဲမှာ အဲလို ထူးထူးဆန်းဆန်း တွေ ကိုလေ့လာတတ်တဲ့ အဖွဲ့ လေး ဖွဲ့ပြီး
    လေ့လာရေး ခရီးတွေ ဘာတွေ များ မသွားချင်ကြဘူးလား ဗျို့ …. လိုက်ချင်လို့ပါ 🙂

  • လင်းဝေကျော်

    June 21, 2011 at 4:12 am

    မကြားဖူးပါ။
    ကိန္ဒရာ အသေခြောက် ဆိုတာကလည်း ဘယ်လိုဟာတုန်း

  • evolution

    June 21, 2011 at 6:21 am

    ငယ်ငယ်က ဖတ်ဘူတဲ့လျှို့ဝှက်ဆန်းကျယ်တို့ ဂမ္ဘီရတို့မှာတို့သူ့အကြောင်းကိုထည့်ရေးတတ်တာဖတ်ဘူးပါတယ်။ တချို့ရှေးရိုးလူကြီးသူမတွေလည်းပြောတတ်တာကြားဘူးမိပါတယ်။ လက်ရှိကာလမှာမတွေ့ဘူးလို့ မရှိနိုင်ဘူးလို့တွက်လို့တော့မရပါဘူး။ ရှိခဲ့မယ်ဆိုရင်လည်း အင်မတန်ရှားပါးပြီးအနေကျစ်တဲ့ သတ္တမျိုးစိတ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဒီလိုပဲအစဉ်အဆက်ပြောစကားတွေကို အတည်ပြုလက်ထားတဲ့ တခြားသတ္တဝါတွေလည်းရှိသေးတာကိုပြန်စဉ်းစားကြည့်လို့ရပါတယ်။ တဘက်ကပြန်တွေးကြည်ပြန်ရင်လည်း တချို့ အစဉ်အဆက်ပြောစကားတွေကိုလက်တွေ အခြေအနေနဲ့ယုတ္တိကျကျ ကိုက်ညှိတွေးကြည့်လို့ရတာတွေရှိပါတယ်.။ ဥပမာ- နဂါး ဆိုရင်လည်း မြွေအကြီးစားကြီးတွေကိုတင်စားခေါ်ဝေါ်ခဲ့ခြင်းဖြစ်နိုင်ကြာင်း (အမောက်တွေအကွန့်တွေကတော့ပန်းချီဆရာတွေရဲ့ ကွန့်ချက်တွေပေါ်မှာမူတည်နိုင်ပါတယ်၊ တချို့မြွေကြီးတွေမှာလဲအမောက်လိုမျိုးတွေ့ရတက်ကြောင်းကြားဘူးပါတယ်) –
    ဂဋုန် ဆိုရင်လည်းမြွေကိုစားတက်တဲ့ ငှက်အကြီးစားကြီးတွေကို ဆိုလိုနိုင်ကြောင်း – အခုထိလည်းမြွေကိုစားတဲ့ငှက်တွေရှိပါသေးတယ် ငှက်သေးသေးက မြွေသေးသေးကိုစားနိုင်သလို ဟိုတစ်ချိန်ကရှိခဲ့တဲ့ ငှက်အကြီးကြီးတွေကလည်းမြွေအကြီးကြီး (နဂါး) တွေကိုစားနိုင်ကြမှာပါပဲ-
    ဘီလူးဆိုရင်လည်း အကောင်ထွားပြီး ကြမ်းတမ်းတဲ့လူတူမျိုးစိတ်တစ်ခုအဖြစ် (ဆရာချစ်ဦးညိုတွေးသလို) တွေးကြည့်လို့ရတာပါပဲ-
    အဲ.. အခုငေါင်းဆိုတဲ့သတ္တဝါကတော့ ဘယ်လိုသတ္တဝါဖြစ်နိုင်မလဲဆိုတာ ဆက်လက်လေ့လာ တွေးတောကြည့်မယ်ဆိုရင် ရုပ်လုံးပေါ်လာနိုင်ပါတယ်။
    ဘာဘဲပြောပြော ကျိန်းသေတာတစ်ခုပြောရမယ်ဆိုရင်တော့ CAMERA ကင်မရာ ပေါ်တာ တော်တော်နောက်ကျခဲ့တယ်ဆိုတာပါပဲ။

  • kai

    June 21, 2011 at 7:08 am

    အဲဒီငေါင်းဆိုတဲ့ အကောင်မျိုး က စိတ်ကူးယဉ်ပုံဖေါ်ထားတာလို့ထင်ပါတယ်..။
    တကယ်တော့ ..နိုင်ငံတကာမှာ.. အဲဒီလို ထူးဆန်းတဲ့ အကောင်လိုလိုတွေကို ..ပြောနေကြတာအများကြီးပဲ..။
    ဒစ်စ်ကာဗာရီချာနယ်မှာတောင် ခဏခဏပြတယ်..။
    တချို ့များ အရုပ်တွေတောင်ဆွဲပြ..အရိုးလိုလိုတွေပြနဲ့…။
    သာမန်အားဖြင့်.. အဲဒီလို လူသိသူသိ သတ္တဝါမျိုးနွယ်တဲ့မပါတဲ့..ထူးဆန်းတဲ့အကောင်မျိုးက.. သေရက်ဖြစ်ဖြစ်..ရှင်ရက်ဖြစ်ဖြစ်..ရရင်ကို.. ဒေါ်လာသိန်းချီပေးဝယ်မယ့်သူတွေရှိပါတယ်..။

    ကိုရင်ဘီလူး(ogre ) ရေးထားတဲ့.. ဘယ်ညာယိမ်းတတ်တဲ့အပင်တို့.. အရိုးဆက်တဲ့အရွက်တို့ကို.. သေသေချာချာ သုတေသနပြုပြီး မှတ်တမ်းတင်သင့်တယ်..။
    ယူအက်စ်မှာ..O-1 Extraordinary Visa ဆိုတာရှိတယ်..။ သူတို့က..အဲဒီလိုသုတေသနပညာရှင်တွေကို.. တက္ကသိုလ်ခေါ်ပြီး.. ဒေါက်တာဘွဲ့တောင်ပေးတတ်ပါတယ်..။
    တကယ်စိတ်ဝင်စားရင်.. နက်နက်နဲနဲ..ရေမြေဆုံး..ပုံချလုပ်သင့်တယ်ထင်တာပါပဲ..။
    အသစ်တွေ့တာဆိုရင်.. ကမ္ဘာမှာ မြန်မာအမည်နဲ့.. မျိုးစိတ်တခုအမည်ရမှာပေါ့..။ အနည်းဆုံးတော့.. ရုတ်တရက်ကျိုးပဲ ့တဲ့သူတွေကို.. အရေးပေါ်ကုတဲ့..ဆေးထွက်လာမှာပဲ..။
    လူတွေအသက်အများကြီး ကယ်နိုင်မှာပါ…။

    နဂါးက… မြန်မာနဂါးက.. မြွေကလာတာဖြစ်နိုင်ပေနဲ့.. တခြားနိုင်ငံတကာက နဂါးတွေက.. ခြေထောက်နဲ့.. အတောင်ပံနဲ့မို ့… တခုခုတော့ မတူကွဲပြားနေတယ်ထင်မိတာပါပဲ..။
    ဆိုတော့.. မြန်မာ့ဒဏ္ဍာရီထဲက..နဂါးက…အရုပ်ထဲကပုံနဲ့.. တကယ့်အကောင် မဟုတ်လောက်ဘူးထင်မိပါရဲ့..။
    ဂဠုန်ကတော့… ရှေးခေတ်ဒိုင်နိုဆောအနွယ်..ငှက်ကြီးတကောင်ကောင်အရိုးတွေ့ပြီး မှန်းပြောသလားမသိ..။

    သိသလောက်မှတ်ဖူးသလောက် ဝင်ရေးတာပါ…။ 🙂
    ရွာသားတွေထဲက.. ဦးနေဝင်းကြိးတောင် ခံလိုက်ရတယ်ဆိုတဲ့.”ရေဆင်”အကြောင်း ပြောပြနိုင်တဲ့သူ ရှိမလားတော့မသိ..။
    နားထောင်ကြည့်ချင်သား…။
    =
    The O-1 Extraordinary Visa allows a foreign national who possesses “extraordinary ability” in the sciences, arts, education, business or athletics, to be employed temporarily in the United States.

    • PinkCandy

      June 21, 2011 at 10:15 am

      ရေဆင်တော့မသိဘူး သူကြီး
      ရေခြင်တော့သိတယ်
      အဲဒီခြင်တွေက မကိုက်တတ်ဘူးလေ
      ရွာမှာဆို ညနေညနေထွက်လာတယ်
      ခြင်ပိန်ပိန်လေးတွေ။

    • ogre

      June 22, 2011 at 1:04 am

      သူကြီး..ရေဆင်ကတစ်ကယ်ရှိတယ်တဲဗျ
      ကျွန်တော်အခုရေးတဲ့ ဆရာမောင်ကြည်သန့်ရဲ့ မြန်မာဖြစ်ရပ်(၁၀၀)မှာပဲရေးထားတယ်ဗျ
      ကွန်းမကောင်းလို့မတင်နိုင်သေးဘူး

  • hokg

    June 21, 2011 at 9:14 am

    ကျန်တဲ့ဟာတွေတော့ မသိဘူး
    ဘယ်ညာယိမ်းတတ်တဲ့အပင်ကိုတော့ ငယ်ငယ်တုန်းကမြင်ဖူးတယ်
    ဆေးကမြင်းပင်လို့ခေါ်တယ် လူခြေတိတ်ချိန်ညဖက်တွေမှာ အရွက်တွေက လည်နေတတ်တယ်
    အနားကိုလူရောက်သွားရင် ရပ်သွားရော

  • fatty

    June 21, 2011 at 11:05 am

    ၁၉၉၄ ခုနှစ်က ရမ်းဗြဲကျွန်းပေါ်က ကျောက်နီမော်ဆိုတဲ့ရွာလေးမှာ အထက်တနးပြသွားလုပ်ဖူးတယ်
    အရိုးဆက်အပင်အကြောင်း ရပ်မိရပ်ဖတွေပြောတာနဲ့ လိုက်ရှာခဲ့သေးတယ် ။ ပြန်ခါနီးမှသိရတော့ အချိန်ကောင်းကောင်းမရခဲ့ပါဘူး။
    သူတို့ပြောတာကဒီလို …………. သူတို့ဆီကလူတယောက်တောထဲကို သွားရင်း တောကြက်တကောင်
    ဖမ်းမိတော့ ကြက်ကို အပင်နဲ့ရိုက်ပြီး မလှုပ်နိုင်တော့ ပြစ်ချထားတယ်။ ပြိးတော့ ကင်ဖို့ မီးမွှေးတယ်
    မီးလဲမွှေးပြိးရော ကြက်က ထပြီးလမ်းလျှောက်နေပြီ .. အဲဒီကြက်စားတဲ့အပင်ကိုမှတ်ထားပြီး
    အရိုးကုဆရာအနေနဲ့ လုပ်နေတယ်။
    သားစဉ်မြေးဆက်တော့ရှိပြီပေါ့။ သူ့မြေးတော်တဲ့ ကျောင်းက ဆရာတယောက်ပြောတာနဲ့သိခဲ့ရတယ်
    သူ့မြေးက ဝါသနာမပါဘူး။ ………………… အဲဒါပါဘဲ။
    ….. ငေါင်း ကတော့ရှိပါတယ် ခြေထောက်တချောင်းနဲ့ရပ်လေ့ရှိတယ်။ အမေလဲမြင်ဖူးတယ် ကျနော်လဲမြင်ဖူးတယ်။ ကျနော်က ငယ်တော့သိပ်မမှတ်မိဘူး။ အမေကတော့ပိုသိမှာပေါ့ ..။

    • ogre

      June 22, 2011 at 1:00 am

      ဦးဖက် ပြောတာ ငေါင်းတစ်ကယ်ရှိခဲ့တာပေါ့
      အခုလိုပြောပြပေးတာကျေးဇူးပါ
      အရိုးဆက်ပင်ကတော့ ကျွန်တော် ရခိုင်ပြည်နယ် အခုဆင်ဖြူတော် မိတယ်ဆိုတဲ့
      အထက်နန်းရာ ကျေးရွာနဲ့အောက်နန်းရာကျေးရွာတွေမှာနေခဲ့စဉ်က သိခဲ့မြင်ခဲ့ရတာပါ
      ရခိုင်ရိုးမတစ်လျှောက် သွားလာနေရင် ဆင်ဖြူတော်အကောင်ပေါက်လေးရှိတယ်လိုအရင်ထဲက
      သိခဲ့တာပါ….သူတို့က နည်းနည်းကြီးမှဖမ်းမိတာပါ။
      ခရိုင်ပြည်နယ်အတွေ့အကြုံလေးတွေအချိန်ရရင်သေချာရေးပါအုံးမယ်။။

  • nature

    June 21, 2011 at 3:01 pm

    ငေါင်းတော့မသိဘူး ၊ငုံး ပဲသိတယ်။

  • kai

    June 21, 2011 at 7:19 pm

    နှင်းလူ (Bigfoot) ဆိုတာတော့.. ဒီရက်ပိုင်းတွေ့ထားပုံပေါ်တယ်..။
    ထူးဆန်း…သတင်းထူးပါ..။

    http://weirdnews.aol.com/2011/06/16/bigfoot-dna-evidence-face-impression-body-hair_n_877718.html#s271012

    Bigfoot Investigators Hope DNA Test Will Confirm Existence Of Two Man-Beasts
    06/16/11 12:28 PM ET
    California Bigfoot investigators were shocked over Memorial Day weekend when they found strange markings and hair on their pickup truck windows.

    Now, they’re hoping DNA tests will prove once and for all the existence of the legendary man-beast.

    “On the passenger side window, when I first saw it, I almost threw up,” said Jeffrey Gonzalez, an AT&T electronics technician and founder of the Sanger Paranormal Society.

  • veryloveman

    February 16, 2015 at 3:15 pm

    ဗဟုသုတရစေပါတယ်

  • အလင်းဆက်

    February 17, 2015 at 7:19 am

    ကုန်ပေါ်မှာရှိတဲ့ သတ္တဝါတွေထက်
    ရေထဲမှာက သတ္တဝါ ပိုများပြီး ရှိနေတယ်လို့ကြားဖူးတယ်။

    နောက်ပြီး ကုန်းပေါ်မှာ ရှိတဲ့ သတ္တဝါတော်တော်များများနဲံ့ ဆင်တူတဲ့ ရေသတ္တဝါတွေလည်း ရှိသတဲ့။

    ရေဝက်တို့ ရေမြင်းတို့ ရေမျောက်တို့ စသည်ဖြင့်
    ရေမျောက်တော့ စားဖူးတယ်။
    ရေမြင်းတော့ မြင်ဖူးတယ်။

    ငေါင်းးးးဆိုတာတော့ မမြင်ဖူးဘူး။
    ဒါပေမယ့်ပေါ့လေ
    ကုန်းပေါ်မှာ မရှိလည်း ရေထဲမှာများ ရှိမလား
    ပုံစံမျိုးစုံနဲ့ ထူးဆန်းထွေလာ ငါးပဒေသာတော့ ပင်လယ်ထဲမှာ မြင်ဖူးတယ်

    😆

Leave a Reply