ကိုပေါက်သို.အထူးတောင်းပန်ပါ၏

ေရႊဘိုသားJune 21, 20111min13318

MG ရွာသို.လူဆိုးတွေဝင်ခြင်းဆိုတဲ. ဆောင်းပါးမှာ
ဦးပေါက် ရဲ.နာမည်ကို ငပေါက်လို. သုံးမိတာကိုအထူးတောင်းပန်ပါတယ်ခဗျာ
ဦးဖတ်တီး ပြောသလို ကျွန်တော်ရိုင်းသွားတာဝန်ခံပါတယ်။
အမှန်ပြောရရင် ကိုပေါက်တို. ဦးဖတ်တို.က ကျွန်တော. အဖေအရွယ်တွေပါပဲ
ကျွန်တော်အခုမှ အသက် 19 နှစ်ပဲရှိပါသေးတယ်။
စာအရေးနုသေးတာလည်းဟုတ်ပါတယ်။စာကိုဖတ်တဲ.သူနားလည်အောင်လည်းကောင်းကောင်းမရေး
တတ်သေးလို.ပါ။အထူးတောင်းပန်ပါတယ်နော်ဦးပေါက်

ဦးပေါက်ပြောသလိုကျွန်တော်.ကိုစရင်လည်းစိတ်မဆိုးပါကြောင်းပြောကြားလိုပါတယ်။

နောက်ပြီးအဲဒီပို.စ်ထဲမှာ ယူသုံးထားတဲ.

မမနောဖြူလေး

Bigcat

မိုက်ကယ်ဂျော်နီအောင်ပု

သူကြီး တို.ကိုလည်းအထူးတောင်းပန်ပါတယ်ခဗျာ

အခုလိုရေးပြီးပို.စ်တင်တာကလည်း ပွိုင်.လိုချင်လို.မဟုတ်ပါဘူး။ဒီလိုတင်ပါမှ ဝင်ဖတ်ကြမယ်လို.ထင်လို.ပါ။

အဲဒီပို.စ်တင်ပြီး ပြန်ဖတ်ကြည်.တော. စာရေးတာရိုင်းသွားတာကိုတွေ.ပါတယ် ဘယ်လိုမှပြင်လို.မရတော.လို.ပါ။

 

18 comments

  • bigcat

    June 21, 2011 at 3:59 am

    ရွှေဘိုသား
    လေခိုသွား
    အရှည်ကိုလား
    စေလိုရာထားပါခင်မျာ… 😀

  • windtalker

    June 21, 2011 at 5:26 am

    အမှားကို သိလို ့ဝန်ခံ တောင်းပန် ခြင်းဟာ မင်္ဂလာတစ်ပါး ပါပေပဲ ကိုကိုရွှေဘိုသားရေ ။ မင်္ဂလာပါ ။

  • ဆူး

    June 21, 2011 at 6:00 am

    ဒါနဲ့ စကားမစပ် မနောဖြူ ဆိုတာလည်း ရွှေဘိုသား အနေနဲ့ အန်တီ ခေါ်လောက်တဲ့ အရွယ်ပဲနော်..
    မနေ့ညက ပြောဖို့ ကျန်ခဲ့လို့ လာပြန်ပြောတာ။

    လူကြီးနဲ့ လူငယ် အမှားကို မှားမှန်း သိပြီး အမှန်ပြင်တတ်တာ မင်္ဂလာ တပါးပါ။

    နာမည်တွေနဲ့ နောက်ပြောင်ပြီး ရေးလို့ ရပါတယ် ဒါပေမဲ့ လူကြမ်းတော့ မပါစေနဲ့.. အားလုံး အကောင်းဖြစ်အောင်ရေး… ဒါဆို အဆင်ပြေသွားလိမ့်မယ်။

    • etone

      June 21, 2011 at 7:13 am

      နောက်ဆို အန်တီမနောလို့ ခေါ်မယ် အဟဲ 😛

      • windtalker

        October 19, 2011 at 7:50 pm

        ဒါ မင်္ဂလာတစ်ပါး ပဲပေါ့ ညီမငယ် အတုန်ရဲ ့
        ကိုယ့်ထက် ကြီးသူ ကို
        ရိုသေသမှု နဲ ့
        “ဒေါ်ကြီး” လို ့
        ရိုရိုသေသေ ခေါ်သင့်တာပေါ့

  • နိုးပလုံ ပလုံ…………
    ဟိုပိုစ်ထဲကလိုပေါက် ကရရေးလိုက်ရင်
    ကာယကံရှင်က ခွင့်လွှတ်တယ်ထား
    အခြားလူအမြင်မှာ……………………..
    တစ်မျိုးဖြစ်သွားတတ်ပါတယ်။
    မင်းပြောတာနဲ့ဘဲသတိရပြီးအရက်သမားတစ်ယောက်အကြောင်းရေးထားတယ် ညကျဖတ်နော်.
    တကယ်အဖြစ်အပျက်လေးကို ဆေးသုတ်ပေးလိုက်တာပါ။

    • nature

      June 23, 2011 at 3:42 am

      ခုတော့သိပြီ ၊ရွှေဘိုသားကို အချစ်ဆုံးမို့ ခွင့်လွှတ်လိုက်တာကိုး၊ ကောင်းလေစွ၊ ကောင်းလေစွ။

  • king

    June 21, 2011 at 6:16 am

    ကဲ တောင်းပန်တဲ့သူကလည်း တောင်းပန်
    ခွင့်လွှတ်တဲ့သူကလည်းခွင့်လွှတ်
    ဘယ်လောက်မင်္ဂလာရှိကြသလဲ
    ကျွန်တော်ကတော့ ဟိုလိုလို ဒီလိုလိုနဲ့ 10 ယူသွားကြောင်းပါ ..
    😛 😀 🙂

  • manawphyulay

    June 21, 2011 at 7:01 am

    ဆူးမရယ် သူလုပ်မှ ကိုယ့်ဘာသာ ပြန်သုံးသပ်မိတော့ အန်တီထက် အဘွားခေါ်သင့်တဲ့အရွယ်ရောက်နေပါပေါ့လား…….. အသက်ကြီးလာတော့ မျက်စိလည်းမကောင်းတော့ပါဘူးကွယ်… ဘယ်လိုပဲဖြစ်ဖြစ် မှားမှန်းသိလို့ အမှန်ပြင်တာ ဘဝတစ်လျှောက်လုံးအတွက် အကောင်းဆုံးပါပဲကွယ်… အိမ်း အိမ်း…. အဘွားပြန်တော့မယ်နော်… အသက်ကြီးလာတော့ လမ်းလျှောက်ရတာလည်းသိပ်မကောင်းတော့ပါဘူးကွယ်… 😛

  • kai

    June 21, 2011 at 7:39 am

    ဒီနေရာက.. တလတလ လူသောင်းသိန်းကြည့်နေကြတာ..။ ပါ့ဗလစ်..အများလူထု ကြည့်နိုင်မြင်နိုင်တဲ့နေရာပေါ့..။
    နှစ်တွေကြာလာရင်..သမိုင်းမှတ်တိုင်ဖြစ်သွားမှာပဲ..။

    ဆိုတော့.. တခုခု တယောက်ယောက်ကို မသင့်လျှော်တာ လုပ်ပြီး..ပြန်တောင်းပန်ထားတာက.. ကောင်းပါတယ်..။
    တတ်နိုင်ရင်တော့.. သူတပါးကို ပုဂိ္ဂုလ်ရေးနဲ့.. ရေးကိုမရေးတာအကောင်းဆုံး…။

    နောင် ၄-၅-၁၅နှစ်ကျရင်.. ၁၅-၂၀-၃ဝကျရင် ဆိုတာမျိုး… အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ချရေးသင့်တယ်..။

    ဆိုတော့…
    ကိုယ့်ခေါင်းထဲမှာပဲရှိပြီး.. ကိုယ်ကအဦးဆုံးတွေးမိတဲ့.. အတွေးဆန်းတွေကိုချရေးထားသင့်တယ်..။
    ယူအက်စ်က ဥပဒေစကားနဲ့ဆို… ဒီအိုင်ဒီယာ…ဘယ်သူကအရင်စခဲ့သလည်း အချိန်ခြေရာ… အထောက်အထားရှိတာပေါ့..။ 🙂

  • shwe ni

    June 21, 2011 at 9:01 am

    အဲဒီပိုစ် ဖတ်ပြီးရိုင်းလိုက်တာလို့တွေးနေမိတာ ။(၅)မည်ရမြိူ့သားလေး ပြန်တောင်းပန်ထားတာကောင်းလိုက်တာ .

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 21, 2011 at 12:01 pm

    ဟိုက်!!!!!!!!!!!!!!!!!!
    လူဒွေ သဘောထားဒွေ
    နူးညံ့ နေဒုန်း
    တရားဟောပြီး အလှူခံအုန်းမှ
    ……………………………….
    ……………………………….
    ဒီဃနိကာယ် သီလက္ခန်ပါဠိတော်
    ၅။ ရဟန်းတို့
    သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင်
    ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ် မကျေချမ်းခြင်း မဖြစ်စေသင်။
    ပြောကြရာ၌ သင်တို့သည်အမျက်ထွက် ကြလျှင် နှလုံးမသာကြလျှင် သင်တို့အား သာလျှင် အန္တရာယ် ဖြစ်ရာ၏။
    သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင်
    သင်တို့ သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော။
    အပြစ်ကို ပြောကြရာ၌ ဤစကားသည် ဤအကြောင်း ကြောင့် လည်း မဟုတ်၊
    ဤအကြောင်း ကြောင့်လည်း မမှန်၊
    စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု
    မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်။
    ၆။ ရဟန်းတို့
    သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ ဂုဏ်ကိုဖြစ်စေ ပြောကြလျှင်
    ထို (ပြောကြရာ) ၌
    သင်တို့သည် နှစ်သက်ခြင်း ဝမ်းသာခြင်း စိတ် တက်ြွကခြင်း မဖြစ်စေသင်။
    နှစ်သက်ကြလျှင် ဝမ်းသာကြလျှင် စိတ်တက်ကြွကြလျှင်
    သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။
    ပြောကြရာ၌
    ဤစကားသည် ဤအကြောင်းကြောင့်လည်း ဟုတ်ပေ၏၊
    ဤအကြောင်း ကြောင့် လည်း မှန်ပေ၏၊
    စင်စစ်အားဖြင့် ဤဂုဏ်သည် ငါတို့၌ ထင်ရှားရှိပေ၏ ဟု
    ဟုတ်မှန်သည်ကို ဟုတ်မှန်သည့်
    အတိုင်း သင်တို့ ဝန်ခံရမည်။

    • nature

      June 21, 2011 at 12:33 pm

      ကောင်းလိုက်တာကိုအောင်ပုရေ။

  • unclegyi1974

    June 21, 2011 at 3:11 pm

    ရွှေဘိုသား ကမယ်တော်တွေ မင်းသမီးတွေ နာမည်းကြီးအောင်လုပ်
    သလိုလုပ်သွားတာကိုး
    အိမ်းဘ တွေ့ဖူးတဲ့ရွှေဘိုသားတယောက်မှမညံ့ဖူး

  • maungmoenyo

    June 23, 2011 at 12:40 am

    သိမ်မွေ့တဲ့ အပြော
    လောကွတ် လို့ မမည်
    သည်ရွှေဘိုသား ရယ်က
    ငြမ်းဆင်လို့ ကမ်းကြိုလက် ဗျူဟာခင်းတယ်၊
    မိတ်ဘက်စုံသင်း…။

  • Saw Yan Naing

    June 27, 2011 at 9:06 am

    နူးညံ့ယဉ်ကျေးသိမ်မွေ့ နာလည် စာနာ နိုင်သော ရွာ ကြီး ဖြစ်ပါစေဗျာ

  • pan pan

    June 28, 2011 at 2:28 am

    မှားခဲ့ပေမယ့် မှားခဲ့ပါတယ်လို့ ဝန်ခံရဲတာ ချီးကျူးပါတယ်…
    တချို့ဆို မှားခဲ့ပြိးဝန်းမခံတဲ့အပြင် သူများကိုတောင် အပြစ်ပုံချတတ်တဲ့ လူတွေရှိတယ်…..

  • ရွှေဘိုသား

    October 19, 2011 at 7:38 pm

    အခုလို ကျနော်တောင်းပန်တာကို ပြေပြေလည်လည် ကျေအေးပေးတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ရွာထဲကလူတွေ တယ်ကို သဘောထားပြည့်ဝကြတာပါပဲ

Leave a Reply