ကမော္ဘဇဘဏ်က မေလအတွင်း ဘဏ်ခွဲသုံးခု ဆက်လက်ဖွင့်လှစ်မည်

klnMay 4, 20101min682

ကမော္ဘဇဘဏ်လီမိတက်က ၂၀၁ဝပြည့်နှစ် မေလအတွင်း ရှမ်းပြည်နယ် အောင်ပန်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် ဘဏ်ခွဲများထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဘဏ်ခွဲများအပြင် ပြင်ဦးလွင်မြို့နှင့်ပြည်မြို့တို့တွင်လည်း ဘဏ်ခွဲများထပ်မံဖွင့်လှစ်သွားရန်ရှိကြောင်းသိရသည်။ ကမော္ဘဇဘဏ်လီမိတက်သည် မကြာမီက ဖွင့်လှစ်ခဲ့သည့် နေပြည်တော်ဘဏ်ရုံးချုပ်၊ အောက်မြန်မာပြည် ကမော္ဘဇဘဏ် ရန်ကုန်ရုံးချုပ်၊ အထက်မြန်မာပြည် ကမော္ဘဇဘဏ်မန္တလေးရုံးချုပ်နှင့် ဘဏ်ခွဲပေါင်း ၃၄ခုအထိ ဖွင့်လှစ်ထားပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ ကမော္ဘဇဘဏ်လီမိတက်အနေဖြင့် ဘဏ်အပ်ငွေလက်ခံခြင်း၊ အွန်လိုင်းအနေဖြင့် ငွေလွှဲပေးပို့ခြင်း၊ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးအပါအဝင် လုပ်ငန်းအမျိုးမျိုးအား ငွေထုတ်ချေးခြင်း၊ လုံခြုံမှုအာမခံသေတ္တာများထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး အလိုအလျှောက် ငွေထုတ်သွင်းနိုင်သော ATM စနစ်၊ Mobile Phone အသုံးပြု၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးသော Electronic Banking စနစ်တို့ကို ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် မကြာမီအဆင့် ဆင့်တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းသိရသည်။ ကမော္ဘဇဘဏ်လီမိတက်သည် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကိုရယူပြီး ပြည်ပဘဏ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်ပြင်ဆင်ထားကြောင်း ၂၀၁ဝခုနှစ် မေလ ၆ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • yannaingech

    May 4, 2010 at 6:23 am

    ATM နဲ့ E banking တွေဖြစ်လာမှာကို တော့ ကြိုဆိုတယ်ဗျာ။ နိုင်ငံတကာနဲ့ချိတ်ထားတဲ့ဘဏ်စနစ်တွေ မရှိတာတစ်ခုနဲ့တင်ကို ကျွန်တော်တို့ မြန်မာတွေ လူဖြစ်ရှုံးနေပြီ။

  • susunosuki

    June 15, 2010 at 5:46 am

    E Banking ဖြစ်မယ့်နေ့ကို စောင့်နေကြတယ်
    ကျွန်တော်တို့ ရဲ့ ငွေအကြွေကိစ္စ ၊ ငွေစက္ကူအများကြီးကို ဒုက္ခခံပြီး သယ်ရတဲ့ ဒုက္ခတွေ အဆုံးသတ်သင့်နေပြီ

Leave a Reply